text
stringlengths
0
808
မိန်ရာသီဖွားတွေဟာ စကားပြောပြေပြစ်ပြီး အများကို ကူညီဖို့အတွက်ဆို အမြဲတမ်းအဆင်သင့်ရှိနေတတ်ကြပါတယ်။
မိန်ရာသီဖွားတို့သည် တပါးသူရဲ့အခက်အခဲကို ကိုယ်အခက်အခဲလို့ နှလုံးသွင်းပြီး ဖြေရှင်းပေးလေ့ရှိပါတယ်။
မိန်ရာသီဖွားတို့သည် သည်းခံခွင့်လွှတ်တတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ရာသီဖွားတွေ ဖြစ်ကြပါတယ်။
မိန်ရာသီဖွားတွေဟာ တစ်ခါတစ်လေ သတ္တိနည်းပြီး သွေးကြောင်တတ်တာမျိုးလေးတွေနဲ့ ဂျီးများပြီး ဇီဇာကြောင်တတ်တာလေးတွေကိုတော့ ဆင်ခြင်သင့်ပါတယ်။
မိန်ရာသီဖွားတွေဟာ စာပေအရေးအသားတွေမှာလည်း ထူးချွန်ပြောင်မြောက်ကြပါတယ်။ သူတို့ဟာ အရာရာကိုလျှို့ဝှက်တတ်ပြီး သိုဝှက်တတ်တာကြောင့် သူတို့ရဲ့စိတ်နေသဘောထားကို ခန့်မှန်းဖို့ ခက်ကြပါတယ်။
မိန်ရာသီဖွားတွေဟာ သူတို့အကြောင်းကို အရင်းနှီးဆုံး သူငယ်ချင်းမိတ်ဆွေလောက်ကပဲ သိကြပါတယ်။ သူတို့မှာ မိတ်ဆွေသူငယ်ချင်းလည်း မများတတ်ဘဲ အပေါင်းအသင်းလည်း နည်းပါတယ်။
မိန်ရာသီဖွားတို့သည် စကားပြောနည်းပြီး ဘာပဲလုပ်လုပ်စိတ်နှစ်ခွဖြစ်တတ်ပြီး ဆုံးဖြတ်ချက်တစ်ခုကိုချရာမှာ ပြတ်ပြတ်သားသားချတဲ့နေရာမှာလည်း အားနည်းကြပါတယ်။
မိန်ရာသီဖွားတွေဟာ ဘာသာတရားအလွန်ကိုင်းရှိုင်းသူတွေဖြစ်ကြပြီး ဗေဒင်ကိန်းခန်းနဲ့ ဂမ္ဘီရပညာရပ်တွေမှာလည်း ဝါသနာပါကြပါတယ်။
မိန်ရာသီဖွားတွေဟာ စာပေရေးသားခြင်းလုပ်ငန်း၊ အနုပညာလုပ်ငန်းတွေမှာ အကျိုးပေးသလို ထီးလုပ်ငန်း၊ ထီလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ငါးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သ‌င်္ဘောသား၊ သင်္ဘောကပ္ပတိန်နဲ့ သုတေသနလုပ်ငန်းတွေမှာလည်း အကျိုးပေးကြပါတယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်ပြီး စကားကြွယ်သလို ဉာဏ်လည်းများတတ်ကြပါတယ်။
မိန်ရာသီဖွားတွေဟာ သူတို့မသိသေးတဲ့ကိစ္စဆိုတာ မရှိလောက်အောင် တခြားသူ‌အပေါ် အကင်းပါးလွန်းတာကြောင့် ချစ်သူနဲ့ပြဿနာဖြစ်လေ့ရှိပြီး သူတို့အပေါ်လိမ်ညာတာကို အလွန်မုန်းကြပါတယ်။
မိန်ရာသီဖွားတွေဟာ သူတို့ဟာ အချစ်ကိုထုတ်ဖော်ပြောရမှာ ဝန်လေးတတ်ကြပြီး မပြတ်သားခြင်း၊ တွေဝေခြင်း၊ ချိန်ဆမှုဝေဝါးခြင်းများနဲ့ ကြုံတတ်တာကြောင့် ချစ်ကံခေနေတတ်ပါတယ်။
ပြိဿရာသီဖွားတွေနဲ့ ကန်ရာသီဖွားတွေက မိန်ရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။
မိန်ရာသီဖွားတို့အတွက် အကျိုးပေးဂဏန်းတွေကတော့ ၃၊ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂၄ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ မရမ်းစေ့ရောင်၊ ခရမ်းရောင်နဲ့ စိမ်းပြရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်လေးကတော့ တန်ဖိုးရှိတဲ့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ခရမ်းစွဲ (Amethyst) ကျောက်လေးပဲ ဖြစ်ပါတယ်။
နိုဝင်ဘာလ (၂၂) ရက်နေ့ မှ ဒီဇင်ဘာလ (၂၁) ရက်နေ့အတွင်းမွေးဖွားသူတို့ကို ဓနုရာသီဖွား (Sagittarius) များ ဟုသတ်မှတ်နိုင်သည်။
ဓနုရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး ကြာသပတေးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၅)ဂဏန်း စွမ်းအားသက်ရောက်မှု ရှိသည်။
ဓနုရာသီဖွားတွေဟာ စိတ်ဓာတ်ပြင်းထန်ပြီး လျှင်မြန်သွက်လက်၍ ထက်မြက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ နက်နက်နဲနဲတွေးဆကြံစည်တတ်ပြီး ဘယ်အလုပ်ကိုမဆို ရဲဝံ့စွာ လုပ်ကိုင်တတ်ကြပါတယ်။ သူတို့ဟာ ဟန်ဆောင်မှုကင်းပြီး တည်ကြည်တဲ့သူတွေဖြစ်သလို စကားပြောဆိုရာမှာလည်း စိတ်ပါလက်ပါနဲ့ အခြားသူတွေနားလည်အောင် ပြောတတ်သူတွေ ဖြစ်ကြပါတယ်။
ဓနုရာသီဖွားအများစုဟာ သဘောထားကြီးပြီး စိတ်ကူးယဉ်ဆန်တတ်ပြီး ဖြတ်ထိုးဉာဏ်၊ ဟာသဉာဏ်ရွှင်သူတွေ ဖြစ်ကြပါတယ်။ ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေကို အစအနောက်တတ်ဆုံးသူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်ပြီး သမာရိုးကျ ရိုးရိုးအေးအေးပဲ ဘဝကို ဖြတ်သန်းတတ်ကြပါတယ်။ စိတ်ဓာတ်ခိုင်မာပေမဲ့ စိုးရိမ်စိတ်ကြီးတတ်သူတွေ ဖြစ်ကြပါတယ်။
ဓနုရာသီဖွားတွေဟာ ခရီးထွက်ရတာ အလွန်ဝါသနာပါတဲ့သူတွေ ဖြစ်ကြပါတယ်။ ဘာကိုပဲလုပ်လုပ် တခြားသူအပေါ်အလွန့်ငဲ့ညှာသနားတတ်ပြီး ကူညီတတ်ကြပါတယ်။ စိတ်မြန်တယ်၊ ဒေါသထွက်လွယ်တယ်ဆိုပေမဲ့ အရာရာကိုနှစ်ဖက်မျှတွေးပြီး အကောင်းမြင်တတ်တဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။
ဓနုရာသီဖွားတွေဟာ မထင်မှတ်ဘဲ ဘဝမှာ အပြောင်းအလဲများစွာ ကြုံရတတ်ပါတယ်။ တစ်စွတ်ထိုးလုပ်တတ်တဲ့ အကျင့်လေးကိုတော့ ဆင်ခြင်သင့်ပါတယ်။ သူတို့ဟာ ငွေပြင်းထန်စွာရှာတတ်ပြီး ရှာထားတဲ့ငွေကို အများသူတွေကို ကူညီရန် လှူဒါန်းရန်အတွက် အသုံးချတတ်သူတွေ ဖြစ်ကြပါတယ်။
ဓနုရာသီဖွားတွေဟာ အလွန်အဓိပ္ပါယ်ရှိတဲ့ ဘဝပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ မာနကြီးပေမဲ့ အခြားသူတွေအပေါ် သနားကြင်နာစွာ ကူညီတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပွဲစားလုပ်ငန်း၊ သတ္တုပစ္စည်းများတူးဖော်ရောင်းဝယ်ခြင်း၊ စက်ပစ္စည်း ယာဉ် ရထား ကားတည်ထောင်ခြင်း၊ ရှေ့နေအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ စက်ပြင်အလုပ်၊ အင်ဂျင်နီယာနှင့် ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။
ဓနုရာသီဖွားတွေဟာ အလွန်နူးညံသောနှလုံးသားကို ပိုင်ဆိုင်ကြပြီး အချစ်ရေးမှာ သနားလွယ်၊ ယုံလွယ်၊ စိတ်ညွှတ်လွယ်သူများ ဖြစ်ကြပါတယ်။ ချစ်သူရည်းစားများတတ်ပေမဲ့သော်လည်း အိမ်ထောင်ဖက်ကောင်းနှင့် လက်ထပ်ရတတ်ပါတယ်။ အိမ်ထောင်ဖက်အပေါ် ဩဇာလွှမ်းမိုးတတ်ကြပါတယ်။ အချစ်ရေးအိမ်ထောင်ရေးကို ဆုံးဖြတ်တဲ့အခါ ခေါင်းအေးအေးထားစဥ်းစားပြီး လူကြီးမိဘတွေရဲ့ အကြံဉာဏ်ယူပြီး ဆုံးဖြတ်သင့်ပါတယ်။ အရာရာကိုပွင့်လင်းစွာပြောဆိုဆက်ဆံတတ်ခြင်းက တပါးသူအပေါ်အခွင့်အရေးပေးသလို ဖြစ်တတ်ကြပါတယ်။ သူတို့ဟာ အခုတွေ့ အခုကြိုက် အခုယူသဘောမျိုးဖြင့် ဘေးလူဘယ်လိုတားတား ဂရုမစိုက်ဘဲ ဇွတ်လုပ်တတ်ကြပါတယ်။ အချစ်ကိုယုံပြီး ပုံအပ်တတ်သူဖြစ်ပြီး အချိန်လွန်မှ နောင်တရတတ်ကြပါတယ်။ မိသားစုအပေါ်သံဃောဇဉ်ကြီးတတ်ကြပေမယ့် အိမ်ထောင်ရေးမှာ ဒုတိယပေါ်လာတတ်တာမျိုးကိုတော့ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။
ဓနုရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ မေထုန်ရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၃၊ ၇၊ ၉၊ ၁၂၊ ၂၁ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အဖြူရောင်နဲ့ အပြာရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်အတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ စိမ်းပြာရောင်ကျောက်လို့ခေါ်တဲ့ (Turquoise) ကျောက်လေးပဲဖြစ်ပါတယ်။
ဓနုရာသီခွင်ဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် နဝမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် လေးနှင့်မြားကို ကိုင်ထားသော လေးသည်တော်သည် အပေါ်ပိုင်းတွင် လူ၏ခန္ဓာကိုယ်ရှိပြီး ခါးအောက်ပိုင်းတွင် ခြေလေးချောင်းနှင့် မြင်း၏ကိုယ်သဏ္ဍာန်ရှိသော လူမြင်းလေးသည်တော်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို ကြာသာပတေးဂြိုဟ်မှ စိုးမိုးထားသည်။
ဓနုရာသီခွင်ဟာ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။
ဓနုရာသီဖွားတို့သည် အတွေးအခေါ်ကောင်းသူများဖြစ်၏။ စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။ လျင်မြန်သွက်လက်၍ ထက်မြက်ကြ၏။ ဘယ်အလုပ်ကိုမဆို ရဲရင့်စွာ ပြုလုပ်တတ်ကြ၏။ ဟန်ဆောင်မှုကင်း၏။ တည်ကြည်၏။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်၏။ တရားတော်ကို အလွန်ယုံကြည်လေးစား၏။
ဓနုရာသီဖွားတွေဟာ သမားရိုးကျဆန်ဆန် အရိုးခံ ပြုမူနေထိုင်တတ်၏။ ရှေ့ရေးကို ကြိုတင်မြော်မြင်နိုင်စွမ်းရှိ၏။ စိတ်ဓါတ်အလွန် ခိုင်မာ ထက်သန်၏။ သို့သော် တစ်ခါတစ်ရံ အငြိမ်မနေနိုင်လောက်အောင် စိုးရိမ်မှုကြီးနေတတ်ပြန်၏။ ပင်ကိုယ်ဗီဇ ထက်သလောက် တချို့ကိစ္စတို့တွင် ဝေခွဲရခက်ကာ စိတ်ဒွိဟဖြစ်နေတတ်ပြန်၏။
ဓနုရာသီဖွားတွေဟာ မေတ္တာ၊ ဂရုဏာတရားနှင့်ပြည့်စုံသလောက် စိတ်ကြီးပြီး ဒေါသကြီးတတ်ပြန်၏။စိတ်ရင်းစေတနာကောင်းစွာ တစ်ဖက်သားတို့အား အမြဲကူညီနေတတ်၏။ သို့သော် နှုတ်စလျှာစကြမ်းတမ်းသောကြောင့် အချို့သူများနှင့် ရန်သူသဖွယ် ဖြစ်သွားရတတ်၏။ မည်သူ့ကိုမဆို စိတ်ရိုးသဘောရိုးနှင့် ခင်မင်စွာ ဆက်ဆံလို၏။ မည်သူ့ကိုမဆို ကိုယ့်စိတ်နှင့်နှိုင်းပြီး စိတ်ရောကိုယ်ပါ ပေါင်းတတ်၏။
ဓနုရာသီဖွားတွေဟာ ကြီးပွားချမ်းသာလိုစိတ်ကြီးမားပြီး ရည်မှန်းချက်မြင့်မား၏။ အရာရာကို အလေးအနက်ထားပြီး အရှိန်အဟုန်ပြင်းစွာ လုပ်ကိုင်တတ်၏။ အရေးကြုံလာက သတ္တိအလွန်ကောင်းပြီး ဗြောင်လုပ်၊ ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်က မှန်သည်ထင်က မည်သည့်ကိစ္စမဆို လုပ်ရဲကိုင်ရဲသော အကျင့်ရှိ၏။ ဟန်ဆောင်မှုကို အလွန်မုန်း၏။ လိမ်ညာမှုကို အလွန်မုန်း၏။
ဓနုရာသီဖွားများသည် စိတ်ထိခိုက် လွယ်၏။ တစ်ခါတစ်ရံ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်ချင်၏။ ငွေကို ပြင်းထန်စွာရှာတတ်၏။ လုပ်သမျှကိစ္စတိုင်းကို စိတ်ပါဝင်စားစွာ လုပ်တတ်၏။
ဓနုရာသီဖွားတွေဟာ ဘယ်အခက်အခဲမှ နောက်မဆုတ်တတ်။ ထို့အတူ ဘယ်တော့မှမလိမ်တတ်။ မိတ်ဆွေဖွဲ့ကောင်း၏။ သဋ္ဌေးဖြစ် ခွေးဖြစ် ကြံတတ်၏။ ရွှေတစ်နေ့ ငွေတစ်နေ့သမားများ ဖြစ်၏။ စီးပွားရှာရာတွင် လောဘကြီး၏။ ငွေကို အထူးချွေတာသုံးစွဲတတ်သလောက် စိတ်ထဲထင်က လောင်းကစားဆန်ဆန် ပုံအော၍ စွန့်စားပြီးလုပ်တတ်၏။
ဓနုရာသီဖွားတွေဟာ ကုန်သွားလျှင်လည်း မနှမြောတတ်။ လွပ်လပ်စွာနေထိုင်ရခြင်း၊ လုပ်ကိုင်ရခြင်းကို အလွန်မက်မော၏။ ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်ရတတ်၏။ အမည်သတင်းကျော်စောတတ်၏။
အထူးသတိထားရန်မှာ ဓနုရာသီဖွားတွေဟာ စိတ်ဓါတ်ပြင်းထန်သလောက် စိတ်ဓါတ်ခက်ထန်ကြမ်းတမ်းသဖြင့် ဒေါသကြီးသောအခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင်လုပ်ဖို့၊ ဒုက္ခရောက်အောင်လုပ်ဖို့ ဝန်မလေးတတ်ကြချေ။ ဒေါသကို အထူးထိန်းဖို့လို၏။ ထက်မြက်သလောက် လိမ္မာပါးနပ်မှုရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ တွေးတတ်မြင်တတ်၏။ သီးသန့်နေလိုစိတ်ပြင်းထန်၏။ သို့သော် အခြွေအရံမိတ်သင်္ဂဟ ပေါများနေတတ်၏။
အထူးမှာ ဓနုရာသီဖွားတို့သည် အနာဂါတ်ကို ကြိုတင်သိနိုင်စွမ်းသော ပါရမီဓါတ်ခံရှိ၏။ အိပ်မက်ထူး၊ အတိတ်ထူး နိမိတ်ထူးတို့ဖြင့် အနာဂတ်ကို ကြိုတင်သိနိုင်စွမ်း ရှိကြလေ၏။ သမာဓိ ထူထောင်ပေးပါက အထူးထက်မြက်တတ်ကြ၏။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူးအတိုင်း လုပ်သဖြင့် သူတစ်ပါးတို့ထက် နှာတစ်ဖျားသာသော ဘဝကို ရရှိသွားတတ်၏။
ဓနုရာသီဖွားတွေဟာ ပင်ကိုယ်စိတ်ရင်းတွင် အလွန်ကြင်နာ သနားတတ်ပြီး သူတစ်ပါးတို့ကို ကူညီရန်၊ ဒုက္ခရောက်သူတို့ကို ကယ်တင်ရန် လူ့လောကသို့ ရောက်လာသူများဖြစ်၏။ သူတစ်ပါးအခက်အခဲကို မြင်တွေ့ရ မကူညီဘဲ မနေနိုင်ချေ။ ကိုယ့်တွင်ရှိသည်တို့ကိုလည်း မျှဝေပေးတတ်၏။ တစ်ခါတစ်ရံ ကိုယ်တိုင်စားရန်၊ သုံးရန်မရှိသည်ကိုပင် အငတ်ခံပြီး ပေးကမ်းကူညီတာ ပျော်ရွှင်နေတတ်၏။
ဓနုရာသီဖွားတွေဟာ သူတစ်ပါးတို့အတွက် ဒုက္ခခံပြီး ကူညီပေးဆပ်နေတတ်၏။ ထို့အတူ လူ့ဘဝကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်လို၏။ အမှန်တရားကို အထူးမြတ်နိုးစွာ တန်ဖိုးထား၏။ ဆန့်ကျင်စရာရှိကလည်း ဆန့်ကျင်ရဲ၏။ အငြင်းသန်၏။ ဟာသနှော၍ ပျော်စေ၊ ပျက်စေ ပြောဆိုတတ်၏။ ဇဝနဉာဏ်ကြီးမား၏။ ကတ်သီးကတ်သတ် ရှာရှာဖွေဖွေနှင့် ထိမိစွာ ချက်ကျစွာ ပြောတတ်ဆိုတတ်၏။ အထူးသတိပြုရန်မှာ စိတ်ဓါတ်အလွန်ပြင်းထန်၏။ အရာရာကို လွန်လွန်ကဲကဲ လုပ်တတ်၏။
ဓနုရာသီဖွားတွေဟာ တစ်ခုခုဆုံးဖြတ်ပြီးက နာရီမဆိုင်း၊ မိနစ်မဆိုင်းလုပ်တတ်၏။ လွန်ကဲမှု၊ လောကြီးမှု၊ စိတ်မြန်မှုတို့ကြောင့် ဘဝတွင် မကြာခဏ အမှားကို ရင်ဆိုင်တွေ့ရတတ်၏။ ထူးခြားသည်မှာ အမှားကို ဝန်ခံရဲ၏။ အမှားမြင်က အမှန်ပြင်တတ်၏။ တဲ့တိုးပြောတတ်လွန်းခြင်း၊ ဘယ်အရာကိုမှ စိတ်ထဲမြုံမထားဘဲ ပွင့်လင်းစွာ ဗြောင်ပြောတတ်လွန်း၍ လူမုန်းများ၏။
ဓနုရာသီဖွားတွေဟာ သူတစ်ပါးကြိုက်သည်၊ မကြိုက်သည်မသိ ရိုးဖြောင့်စွာ ပြောဆိုတတ်၏။ အမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်၏။ လိမ်ညာမှုကို အလွန်မုန်း၏။ ထို့အပြင် ဘဝတွင် မဟုတ်မခံ မာနစိတ်ကြီးမား၏။ ထိုမာနကို လုံးဝအထိမခံတတ်ချေ။ ဤရာသီဖွားတို့သည် မွေးမြေကို စွန့်ခွာ၍ ရပ်ဝေးတွင် အောင်မြင်ကြီးပွားတတ်ကြ၏။
အောက်တိုဘာလ (၂၃) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ဗြိစ္ဆာရာသီဖွား (Scorpio) များဟု သတ်မှတ်နိုင်သည်။
ဗြိစ္ဆာရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး အင်္ဂါဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၉)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။
ဗြိစ္ဆာရာသီဖွားတွေဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး စိတ်လှုပ်ရှားလွယ်သူတွေ ဖြစ်ကြပါတယ်။ ခေါင်းမာတဲ့ရာသီခွင်တွေဖြစ်ပေမဲ့ သူငယ်ချင်းတွေအတွက်ဆို ဘာမဆိုအနစ်နာခံလေ့ရှိပြီး အလျော့ပေးတတ်တာကြောင့် သူငယ်ချင်းကောင်းတွေအဖြစ် လူချစ်လူခင်ပေါကြတဲ့ရာသီခွင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ နှုတ်လုံပြီး အကြောင်းအရာတွေကို တိုင်ပင်တဲ့အခါမှာ စိတ်ချရတတ်တာကြောင့် သူငယ်ချင်းတွေရဲ့ အတိုင်ပင်ခံတစ်ဦးဆိုလည်း မမှားပါဘူး။
ဗြိစ္ဆာရာသီဖွားအများစုဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတက်ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို မှားမှားမှန်မှန် ဇွတ်တိုးပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြပါတယ်။
ဗြိစ္ဆာရာသီဖွားတွေဟာ စကားပြောဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ခေါင်းမာတဲ့သူတွေဖြစ်တာကြောင့် အရာရာကို အားမနာစတမ်း ပြတ်ပြတ်သားသားလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ဟာ ငွေကြေးသုံးစွဲရာမှာလည်း စေ့စပ်စွာသုံးစွဲတတ်ပြီး အသုံးနဲ့အဖြုန်းကို ခွဲခြားသိသူတွေ ဖြစ်ကြပါတယ်။
ဗြိစ္ဆာရာသီဖွားတွေဟာ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး အရာရာမှာ ထောင့်စေ့တာကြောင့် လုပ်ငန်းခွင်နယ်ပယ်မှာ နေရာကောင်းရတတ်ကြပါတယ်။ သူတို့ဟာ ထောက်လှမ်းရေး၊ ကျောက်မျက်ရတနာ၊ တွင်းထွက်ပစ္စည်းမျိုးစုံ၊ လျှပ်စစ်ပစ္စည်း၊ ပန်းထိမ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အကျိုးပေးကြပါတယ်။
ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့ဟာ ဘာအလုပ်ကိုလုပ်လုပ် ဘာသာတရားကို ဦးထိပ်ပန်ပြီး သမာအာဇိဝလုပ်ကိုင်မယ်ဆို စီးပွားဖြစ်ထွန်းလွယ်ပါတယ်။
ကျန်းမာရေးမှာတော့ ဗြိစ္ဆာရာသီဖွားတွေဟာ ကူးစက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါနဲ့ အစာအိမ်ရောဂါတို့ကို သတိထားဖို့ လိုပါတယ်။
ဗြိစ္ဆာရာသီဖွားတွေဟာ အများအားဖြင့် ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး စန်းပွင့်တတ်ကြပါတယ်။ နှလုံးသားရေးရာမှာတော့ ချစ်မိပြီဆို ဘဝကိုပုံပေးဖို့ ဝန်မလေးကြတဲ့ရာသီခွင်တွေ ဖြစ်ကြပါတယ်။
ဗြိစ္ဆာရာသီဖွားတွေဟာ ချစ်သူအပေါ်အလိုလိုက်ပြီး အပြန်အလှန်နားလည်မှုနဲ့ ဘဝကို လျှောက်လှမ်းချင်ကြပါတယ်။ ဒါပေမဲ့ အချစ်ကြီးတာကြောင့် ကိုယ့်ချစ်သလိုမချစ်ဘူးလို့ ခံစားမိရင်တော့ နောက်ဆုတ်ဖို့ ဝန်မလေးတက်ပဲ စိတ်အပြောင်းအလဲမြန်သူတွေဖြစ်ကြပါတယ်။ အချစ်ဦးနဲ့လွဲတတ်သူတွေလည်း ဖြစ်ကြပါတယ်။
ဗြိစ္ဆာရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ပြိဿရာသီဖွားတွေနဲ့ ကရကဋ်ရာသီဖွားတွေဖြစ်ပါတယ်။
ဗြိစ္ဆာရာသီဖွားတွေအတွက် အကျိုးပေးဂဏန်းတွေကတော့ ၈၊ ၁၁၊ ၁၈၊ ၂၂ ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ ကြက်သွေးရောင်၊ အနီရောင်နဲ့ သံချေးရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ မြပြကျောက်လို့ခေါ်တဲ့ (Aquamarine) ကျောက်လေးပဲ ဖြစ်ပါတယ်။
ဗြိစ္ဆာရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် အဌမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ကင်းမြီးကောက်တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။
ဗြိစ္ဆာရာသီခွင်ကို အင်္ဂါဂြိုဟ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ အာပေါဓါတ် (ရေဓါတ်) ကြီးစိုးသည်။
ဗြိစ္ဆာရာသီဖွားတို့သည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြ၏။ ဖြောင့်မတ်သော စိတ်ထားရှိ၏။ သို့သော်စိတ်ထဲ၌ အငြိုးအတေးထားတတ်ကြ၏။ ကိုယ့်အပေါ် ထိပါးစော်ကားသူတို့အား တစ်နည်းနည်းဖြင့် တုံ့ပြန်ကလဲ့စားချေတတ်ကြ၏။
ဗြိစ္ဆာရာသီဖွားတို့၏ စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်၏။ ထို့အတူ ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။
ဗြိစ္ဆာရာသီဖွားတွေဟာ ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ ခက်ခဲသည်ဆိုရာတွင် မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်း၏။
ဗြိစ္ဆာရာသီဖွားတွေဟာ အနစ်နာခံကြိုးစားရ၏။ သို့သော်အဖက်ဖက်မှ အခက်အခဲများကို ဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်သွားတတ်၏။
ဗြိစ္ဆာရာသီဖွားတို့၏ ဘဝတွင် မိမိအပေါ်နားလည်ပေးသူနည်း၏။ ထို့ကြောင့်လည်း တစ်ကိုယ်တည်းကျိတ်ပြီး ခံစားရသော ဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များ ထွက်ပေါ်လာရတတ်၏။
ဗြိစ္ဆာရာသီဖွားတို့သည် မိမိအပေါ် လွှမ်းမိုးခြင်းကို လုံးဝလက်မခံနိုင်ကြချေ။
ဗြိစ္ဆာရာသီဖွားတွေဟာ အထူးလွတ်လပ်ပေါ့ပါးစွာ၊ သန့်ရှင်းစွာ နေထိုင်ရှင်သန်လိုကြ၏။ သို့သော် သူတို့ဘဝတွင် အဘွား၊ အမေ၊ အစ်မ၊ အဒေါ် စသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသော သဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ) သက်ရောက်မှုရှိနေတတ်၏။
ဗြိစ္ဆာရာသီဖွားတို့သည် စိတ်အား၊ လူအားကောင်း၏။ ဘဝတွင်ကြီးမြင့် ထင်ပေါ်ချင်တတ်၏။ ဘဝ၏ အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြ၏။ အပင်ပန်းခံပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယူကြ၏။
ဗြိစ္ဆာရာသီဖွားတွေဟာ ဘဝအစတွင် ကျပ်တည်းသလောက် နောက်ဆုံးတွင် အောင်မြင်ကြရ၏။ အချိန်ကိုလည်း စောင့်ဆိုင်းလုပ်ကိုင်တတ်ကြ၏။ ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်ကြ၏။ စိတ်မြန်၏။ ဒေါသဖြစ်လွယ်၏။
ဗြိစ္ဆာရာသီဖွားတွေဟာ အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့် တဇွတ်ထိုးလုပ်မိတတ်ကြ၏။ အငြင်းလည်းသန်၏။ ကိုယ်ယုံကြည်ရာကို ခေါင်းမာစွာ ကိုင်စွဲထားတတ်၏။ ထို့အတွက် ငြင်းခုံရန်လည်း ဝန်မလေးချေ။ စိတ်မထိန်းချုပ်နိုင်ဘဲ ပျက်စီးနစ်နာတတ်၏။
ဗြိစ္ဆာရာသီဖွား အမျိုးသားများသည် အမျိုးသမီးနှင့်ပတ်သက်ပြီး ပျက်စီးနစ်နာတတ်၏။
ဗြိစ္ဆာရာသီဖွားတို့သည် အပြောချို၏။ တစ်ခါတစ်ရံ မာနကြီးတတ်၏။ စိတ်ထဲမထင်လျှင် ဘယ်လူကြီး လူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲ ဥပေက္ခာပြု နေနိုင်တတ်၏။ ဘယ်သူ့ကိုမှ ဂရုမစိုက်။ စိတ်အခန့်မသင့်က အငြိုးအတေးပင် ထားတတ်သေး၏။ အသက်ရှည်တတ်၏။ စီးပွားဥစ္စာ ချမ်းသာတတ်၏။ ရုပ်သန့်၏။ စကားပြောဆိုလျှင် စိတ်ပါလက်ပါ ပြောဆိုလာပါက ပြင်းထန်လာ၏။
ဗြိစ္ဆာရာသီဖွားတွေဟာ လူ့သဘာဝကို သဘောပေါက်ကာ ပရိယာယ်သဘောများလည်း တတ်ကျွမ်း၏။ အခြံအရံများ၏။ အဝတ်ကောင်း၊ အစားကောင်းများ ဝတ်ရတတ်၏။ မိဘနှင့် ဝေးကွာနေတတ်၏။ အချို့ပညာရပ်တို့တွင် တစ်ပိုင်းတစ်စ ဖြင့်ရပ်ထားရတတ်၏။
ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ၊ ဆေးလိပ်တို့ကို ကြိုက်နှစ်သက်တတ်၏။ တစ်ခါတစ်ရံ ကြမ်းတမ်းခက်ထန် ပြုမူမိတတ်၏။ တစ်ခါတစ်ရံ မိဘ၊ ဆရာသမား အကြီးအကဲတို့စကားကို နားမထောင်ဘဲ နေတတ်၏။ အထက်လူကြီး၊ မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာ ဘဝတွင်ကြီးပွားအောင်မြင်တတ်ကြလေ၏။
ဗြိစ္ဆာရာသီဖွားတို့သည် မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှ ပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့် စောင့်ရှောက်မှုကိုလည်း သိသာစွာ ခံရတတ်၏။
ဧပြီ (၂၀)ရက်မှ မေ (၂၀)ရက်အတွင်းမွေးဖွားသူများသည် ပြိဿရာသီဖွားများ ဖြစ်သည်။
ပြိဿရာသီသည် နက္ခတ်ရာသီ(၁၂)ပါးအနက် ဒုတိယမြောက် ရာသီခွင်ဖြစ်သည်။
ပြိဿရာသီသည် ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် နွားထီးရုပ်ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။
ပြိဿရာသီခွင်ကို သောကြာဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ ပထဝီဓါတ်(မြေဓါတ်) ကြီးစိုးသည်။
ပြိဿရာသီဖွားများသည် တည်ကြည်အေးဆေးသူများဖြစ်သည်။ ဖြောင့်မတ်၏။ အလွန်သစ္စာရှိ၏။ ထို့ပြင် အလွန်သံယောဇဉ်ကြီးမားတတ်ကြ၏။ အနုပညာပါရမီဓါတ်ခံကြီး၏။ အလွန် ညှို့ဓါတ်အားကောင်း၏။
ပြိဿရာသီဖွားများသည်တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်၏။ ဘေးလူတွေကချစ်ခင်၏။ စန်းပွင့်၏။ အလှအပ၊ အသန့်အပြန့်ကြိုက်၏။ စိတ်ကူးယဉ်တတ်၏။
ပြိဿရာသီဖွားများသည် ဘဝတွင် ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေအထားများကို များစွာကြုံခဲ့တတ်ကြပေ၏။ အလွမ်းဓါတ်ခံရှိ၏။ လူပေါင်းဆန့်၏။ အကောင်းကြိုက်၏။ ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏။ ငွေအသုံးကြမ်း၏။
ပြိဿရာသီဖွားများသည် ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်၏။ နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက် အောင် ကမူးရှူးထိုးလုပ်တတ်၏။ ရဲရင့်တည်ကြည်၍ ထက်မြက်၏။
ပြိဿရာသီဖွားများသည် နံနက်စော အရုဏ်ဦးအချိန်တွင် အသိဉာဏ်အထူးပွင့်တတ်၏။ ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်၏။
ပြိဿရာသီဖွားများသည် ခံစားချက်ပြင်းထန်၏။ ဘာမဆို အလေးအနက်ခံစားတတ်၏။ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးက နောက်မတွန့်တမ်းလုပ်တတ်၏။စည်းကမ်းတကျ စနစ်တကျလုပ်တတ်၏။ အချိန်နာရီ၊ ကတိသစ္စာကို အလွန်တန်ဖိုးထား၏။ ဖြောင့်မတ်၏။ ကတိပျက်က စိတ်ဆိုးတတ်၏။
ပြိဿရာသီဖွားများသည် စိတ်ဆိုးခဲသလောက် စိတ်ဆိုးလာက အသားတွေ တဆတ်ဆတ်တုန်လာကာ မျက်ရည်ပင်ကျလာတတ်၏။ အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝခွင့်မလွှတ်တတ်။ သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။
ပြိဿရာသီဖွားများသည် စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်၏။ စကားလုံးများဖြင့်နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်း၏။ တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကတ်တိကတ်ဖဲ့နိုင်၏။ သို့သော် ပြိဿရာသီဖွားတို့သည် အပေါ်ယံအားဖြင့် မာကျောသယောင်ရှိသော်လည်း အတွင်းစိတ်နူးညံ့၏။ ကိုယ့်အပေါ် သိမ်သိမ်မွေ့မွေ့ဆက်ဆံလာက အရာရာကို ခွင့်လွှတ်နိုင်တတ်၏။
ပြိဿရာသီဖွားများသည် အများအတွက်အနစ်နာခံတတ်၏။ အများကောင်းကျိုး ဆောင်ရွက်လို၏။ လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်၏။ အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်၏။ ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ဝင်မစွတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်။ သို့သော် မိသားစု သံယောဇဉ်ကြီးမားကြ၏။ သွေးရင်းသားရင်း၊ မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်၏။ အနစ်နာခံနေတတ်၏။
ပြိဿရာသီဖွားများသည် တစ်ခါတစ်ရံ ဆင်ခြင်ဉာဏ်ကင်းစွာ မာန်မာနနှင့် ပြုမူမိတတ်၏။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး တဇွတ်ထိုးလုပ်မိတတ်၏။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိုက်ရူးရဲလုပ်မိတတ်၏။ မည်သို့ပင်ဖြစ်စေ ပြိဿရာသီဖွားတို့သည် ဝီရိယကြီးခြင်း၊ တိုးတက်ကြီးပွားရန်အမြဲကြံစည်နေတတ်ခြင်း၊ လူချစ်လူခင်များခြင်း၊ ကိုယ့်ကိုယ်ကို ရိုသေစွာ သန့်သန့်ခန့်ခန့် နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများ ဖြစ်တတ်ပေ၏။
ပြိဿရာသီဖွားတွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်းအရှိဆုံးရာသီဖွားတွေ ဖြစ်ကြပါတယ်။ လက်တွေ့ကျကျလုပ်ကိုင်ဆောင်တတ်သူတွေဖြစ်တဲ့အပြင် သစ္စာတရားကို လက်ကိုင်ထားကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ တာဝန်သိစိတ်ရှိပြီး အခက်အခဲတွေ ရင်ဆိုင်ရင်လည်း တည်ငြိမ်စွာစဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။
ပြိဿရာသီဖွားတွေဟာ အရာရာကို စေ့စပ်သေချာစွာ လုပ်တတ်သလို တစ်ခါတစ်ရံမှာ ခေါင်းမာပြီး၊ မခံချင်စိတ်လည်း ရှိတတ်ကြပါတယ်။ သူတို့ဟာ အခြားသူတွေရဲ့ ယုံကြည်အားကိုးခြင်းခံရတဲ့ရာသီဖွားတွေလည်း ဖြစ်ပါတယ်။ ပြိဿရာသီဖွားတွေဟာ နှလုံးသားနူးညံသိမ်မွေ့ပြီး ဂီတသံစဉ်တွေနားဆင်ရတာကို အလွန်နှစ်သက်သူတွေ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တတ်တာကြောင့် အနုပညာလုပ်ငန်း၊ ပန်းချီ၊ ပန်းပုနဲ့ တေးရေး တေးဆို စတဲ့ အနုပညာအလုပ်တွေမှာ အောင်မြင်ကျော်ကြားလေ့ရှိပါတယ်။
ပြိဿရာသီဖွားတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး မိမိကိုယ်ကိုအကောင်းဆုံးလို့ ခံယူထားတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ပျော်ပျော်နေတတ်တာကြောင့် စိတ်ဖိစီးမှု၊ စိတ်ရှုပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သူတို့ဟာ အရာရာကို လေ့လာမှုအားကောင်းပြီး ရှေးရိုးစွဲအယူဝါဒတွေကိုလည်း လက်ခံနိုင်ကြသူတွေ ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းနည်းပြီး တကယ်ခင်တဲ့သူတွေကိုပဲ အပေါင်းအသင်းလုပ်လေ့ ရှိကြပါတယ်။ သူတို့ဟာဖြတ်ထိုးဉာဏ်ကောင်းကြပြီး အတွေးအခေါ်တွေလည်း အများနဲ့ မတူဘဲထူးခြားတာကြောင့် လူထူးလူဆန်းတွေလို့တောင် အချို့က သတ်မှတ်ကြပါတယ်။ အသစ်သစ်တွေကို ဖန်တီးရတာနှစ်သက်ပြီး လူအများလေးစားအားကျရတဲ့ ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ ဝတ်စားဆင်ယင်မှုမှာလည်း အမြဲစမတ်ကျနေကြသူတွေ ဖြစ်ပါတယ်။
ပြိဿရာသီဖွားတွေဟာ အချစ်ရေးမှာတော့ ခန့်မှန်းရခက်တဲ့သူမျိုးတွေ ဖြစ်ကြပါတယ်။ ဖွင့်ပြောဖို့ကို တွေဝေတတ်တာကြောင့် နောက်ကျကျန်လေ့ရှိပြီး အချစ်ကံခေတတ်ကြပါတယ်။ ချစ်မိပြီဆိုရင်တော့ အရူးအမူးချစ်တတ်ပြီး အိမ်ထောင်ရေးကံကောင်းကြသူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ချစ်ရတဲ့ချစ်သူကို အမြဲစိတ်ချမ်းသာအောင်ထားတတ်တဲ့ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ အယုအယကြိုက်ပြီး သစ္စာရှိမှုကို လိုလားကြသူတွေလည်း ဖြစ်ပါတယ်။ ကံစပ်တဲ့ရာသီခွင်တွေကတော့ ဗြိစ္ဆာရာသီဖွားနှင့် ကရကဋ်ရာသီဖွားတွေ ဖြစ်ကြပါတယ်။
ပြိဿရာသီဖွားတွေဟာ ပရိဘောဂ၊ ပန်းချီ၊ ပန်းပု၊ ကုန်သွယ်ရေး၊ သစ်လုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတို့မှာ အထူးအကျိုးပေးကြပြီး ကံကောင်းစေတဲ့‌အရောင်ကတော့ အစိမ်းနဲ့ပန်းရောင်တို့ ဖြစ်ပါတယ်။ အကျိုးဂဏန်းတွေကတော့ ၂၊ ၆၊ ၉၊ ၁၂၊ ၂၄ တို့ဖြစ်ပြီး တစ်သက်တာအတွက်အကျိုးပေးတဲ့အဆောင်ကျောက်ကတော့ Amber လို့ခေါ်တဲ့ ပယင်းကျောက်လေးပဲ ဖြစ်ပါတယ်။
ပြိဿရာသီဖွား အမျိုးသမီးတွေဟာ Project Manager လို ရာထူးမျိုးတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ပြိဿတွေဟာ ရေရှည်အစီအစဉ်တွေချမှတ်လုပ်ဆောင်ရာမှာ ထူးချွန်ကြပြီး ဖြည်းဖြည်းမှန်မှန်နဲ့ အောင်မြင်မှုဆီ ချီတက်တတ်တဲ့ သူတွေ၊ ခေါင်းအေးအေးထားတတ်ကြတဲ့ သူတွေပေါ့။ ငွေကြေးရှာဖွေထိန်းသိမ်းတဲ့ နေရာမှာလည်း ကျွမ်းကျင်တော့ သူတိုအတွက် သင့်တော်တဲ့ နေရာက Finance Section လိုနေရာမျိုးပါ။ ဒါမှ မဟုတ်ရင်လည်း ရိုးရှင်းအေးဆေးပြီး လှပတဲ့ အရာတွေ ဖန်တီးရတာမျိုးမှာ သင့်တော်တတ်ပါတယ်။ (ဥပမာ- Interior Design တို ဘာတိုပေါ့)
အင်မတန်ခေါင်းမာပြီး ပစိပစပ်များ ဗျစ်တောက်ဗျစ်တောက်ပြောတတ်တဲ့ ပြိဿရာသီဖွားတွေက တကယ်ချစ်ရင် အကုန်သည်းခံရှာပါတယ် အအိပ်အရမ်းမက်တာကိုတောင် အိပ်ရေးအပျက်ခံ အကုန်ဘာလိုလို လုပ်ပေးရှာပါတယ်။
ပြိဿရာသီဖွားတွေရဲ့ အားသာချက်ကတော့ စိတ်ရှည်သည်းခံတတ်တယ်၊ လက်တွေ့ဆန်တာတွေကိုပဲ ယုံတတ်တယ်၊ သူများအတွက် တာဝန်ယူတာဝန်ခံတဲ့စိတ်မျိုးရှိတယ်၊ အများစုက တည်တည်ငြိမ်ငြိမ်ရှိကြတယ်၊ အလုပ်တစ်ခုလုပ်ရင် သေချာစိတ်နှစ်ပြီးလုပ်တတ်ကြတယ်။
ပြိဿရာသီဖွားတွေရဲ့ အားနည်းချက်ကတော့ ခေါင်းအရမ်းမာတယ်၊ ပိုင်ဆိုင်ချင်တာဆိုတော်ရုံနဲ့လက်မလျော့တတ်ဘူး၊ တော်ရုံအဆင်မပြေတဲ့သူနဲ့ညှိနှိင်းရတဲ့ကိစ္စမျိုးတွေဆိုလက်မခံတတ်ဘူး။
ဩဂုတ်လ (၂၃) ရက်နေ့မှ စက်တင်ဘာလ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကန်ရာသီဖွား (Virgo) များဟု သတ်မှတ်နိုင်သည်။
ကန်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး ဗုဒ္ဓဟူးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၁)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။ ကန်ရာသီဖွားတွေဟာ ရာသီခွင် (၁၂) ခုထဲမှ ဉာဏ်ရည်အမြင့်ဆုံးရာသီခွင်တွေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်ကိုယ်ကို အမြဲလေ့လာဆန်းစစ်နေတတ်ပြီး အားမလိုအားမရဖြစ်နေတတ်သူတွေလည်း ဖြစ်ပါတယ်။
ကန်ရာသီဖွားတွေဟာ စိတ်ခံစားချက်ပြင်းထန်သူတွေ ဖြစ်ပါတယ်။ ဒေါသဖြစ်လွယ်ပေမယ့် စိတ်သဘောထားကတော့ နူးညံသိမ်မွေ့သူတွေပါ။ သူတို့ဟာကြိုးစားအားထုတ်မှုတော့ ထိပ်ဆုံးမှာရှိနေပြီး အမြဲလေ့လာနေတတ်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောကောင်းတာကြောင့် လူချစ်လူခင်ပေါများသူတွေ ဖြစ်ပါတယ်။ ဒ့ါအပြင် ကိုယ်သိထားတဲ့အကြောင်းအရာတွေကို အခြားသူတွေအပေါ် မျှဝေပေးရတာကိုလည်းနှစ်သက်ကြပါတယ်။
ကန်ရာသီဖွားတွေဟာ စာဖတ်ခြင်းကို အထူးနှစ်သက်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသူတွေ ဖြစ်ပါတယ်။ စူးစမ်းလေ့လာမှုတွေအပြင် ဗဟုသုတကြွယ်ဝခြင်းတွေကြောင့်လည်း အများရဲ့စံထားခြင်းကို ခံရသူတွေ ဖြစ်ကြပါတယ်။
ပညာရေးဘက်မှ ထူးချွန်သလို အရာရာကို ဝေဖန်ဆုံးဖြတ်နိုင်စွမ်းတွေကလည်း ကန်ရာသီဖွားတွေရဲ့အားသာချက် ဖြစ်ပါတယ်။