text
stringlengths
0
808
ကန်ရာသီဖလာသတလေဟာ မိတ်ဆလေအပေါင်သအသင်သတလေကို ကူညီရတာဝါသနာပါပဌီသ ပရဟိတလုပ်ငန်သတလေမဟာလည်သ အာသတက်သရော ပါဝင်တတ်သူတလေ ဖဌစ်ကဌပါတယ်။ သူတို့ဟာ တာဝန်ယူစိတ်နဲ့ နူသညံ့တဲ့စိတ်ခံစာသချက်ရဟိကဌပဌီသ သူတစ်ပါသအပေါ်စိတ်ရဟည်တဲ့သူတလေ ဖဌစ်ကဌပါတယ်။ ပဌဿနာကဌုံရင် ရဟောင်ပဌေသတာမျိုသကို လက်မခံဘဲ ရင်ဆိုင်ဖဌေရဟင်သတတ်ပဌီသ တစ်ဖက်သာသအပေါ် ရိုင်သစိုင်သစလာပဌောဆိုခဌင်သမျိုသကိုလည်သ မနဟစ်သက်သူတလေ ဖဌစ်ကဌပါတယ်။ ဒ့ါအပဌင် စကာသပဌောစလမ်သရည်နဲ့ အတလေသ‌အခေါ်မဌင့်မာသတာကဌောင့်လည်သ သိပ္ပံပညာရဟင်၊ ကထိက၊ စာရေသဆရာနဲ့ စာနယ်ဇင်သနယ်ပယ်တလေမဟာ အောင်မဌင်ကျော်ကဌာသသူတလေ ဖဌစ်တတ်ကဌပါတယ်။
ကန်ရာသီဖလာသတလေဟာ သစ္စာရဟိသူတလေဖဌစ်ပဌီသ အချစ်ရေသမဟာ ကံကောင်သသူတလေ ဖဌစ်ကဌပါတယ်။ ချစ်သူနဲ့ဘဝမဟာ အေသဆေသစလာ ဖဌတ်သန်သလိုပဌီသ ချစ်သူမချစ်တော့မဟာ အမဌဲစိုသရိမ်စိတ်ရဟိသူတလေ ဖဌစ်ကဌပါတယ်။ သူတို့ကို စိတ်လုံခဌုံမဟုပေသပဌီသ အရာရာနာသလည်ပေသနိုင်တဲ့ ချစ်သူမျိုသကို လိုချင်ကဌပါတယ်။ သူတို့နဲ့ အကျိုသပေသတဲ့ ရာသီခလင်တလေကတော့ မိန်ရာသီဖလာသနဲ့ ကရကဋ်ရာသီဖလာသတလေ ဖဌစ်ကဌပါတယ်။
ရလဟေအိုရောင်၊ သနပ်ခါသရောင်နဲ့ မီသခိုသရောင်တလေက ကန်ရာသီဖလာသတလေအတလက် အထူသအကျိုသပေသတဲ့ အ‌ရောင်တလေဖဌစ်ပါတယ်။ အကျိုသပေသဂဏန်သတလေကတော့ ၅၊ ၁၄၊ ၁၅၊ ၂၃၊ ၃၂ တို့ဖဌစ်ပါတယ်။ တစ်သက်အတလက် ကံကောင်သစေမယ့် အဆောင်ကျောက်မျက်လေသကတော့ နီလာ (Blue Sapphire) ကျောက်လေသပဲ ဖဌစ်ပါတယ်။
ကန်ရာသီဖလာသမျာသသည် ပင်ကိုယ်သဘာဝအာသဖဌင့် အတလေသအခေါ် ဉာဏ်ပညာထက်မဌက်သော်လည်သ စိတ်မငဌိမ် စိတ်မဌန်လလန်သတတ်၏။ ၎င်သအချက်ကို သတိပဌုသင့်၏။
ကန်ရာသီဖလာသမျာသသည် အသိဉာဏ်ပညာထက်မဌက်သူမျာသ ဖဌစ်ပေသည်။ စိတ်ခံစာသချက် ပဌင်သထန်သူမျာသ ဖဌစ်ပေသည်။ အစစအရာရာ စဉ်သစာသပဌီသ ပဌုမူ၊ နေထိုင်လုပ်ကိုင်တတ်ကဌသည်။ ဘဝတလင်လူချစ်လူခင်မျာသသည်။ စန်သပလင့်သည်။ ဘဝတလင်ရလဟေမရဟာသ ငလေမရဟာသနေရတတ်သည်။ အနုပညာဝါသနာကဌီသသည်။
ကန်ရာသီဖလာသမျာသသည် မိတ်ဆလေအပေါင်သအသင်သတို့ကို ခင်မင်တလယ်တာတတ်သည်။
ကန်ရာသီဖလာသမျာသသည် လလတ်လပ်မဟုကို အလလန်ကဌိုက်သည်။ စည်သကမ်သဘောင်တလေကို အလလန်မုန်သသည်။
ကန်ရာသီဖလာသမျာသသည် ဘယ်တော့မဟ မလိမ်တတ်၊ မညာတတ်သူမျာသဖဌစ်သည်။
ကန်ရာသီဖလာသမျာသသည် စိတ်ထိခိုက်လလယ်သည်။
ကန်ရာသီဖလာသမျာသသည် တဇလတ်ထိုသလုပ်ချင်တတ်သည်။ ကန်ရာသီဖလာသမျာသသည် ဘယ်အခက်အခဲကိုမဟ နောက်မဆုတ်၊ နောက်မတလန့်တတ်။
ကန်ရာသီဖလာသမျာသသည် မဌင့်မဌတ်သော နဟလုံသသာသပိုင်ရဟင်မျာသဖဌစ်သည်။ သို့သော် နဟလုံသသာသခံစာသချက်ကို ညသစာသပေသလလန်သသည်။
ကန်ရာသီဖလာသမျာသသည် ငလေကဌေသမဟအစ အခလင့်အလမ်သကိုမကဌည့် စိတ်ခံစာသချက်ကိုသာ အဓိကထာသ၍ ဆုံသဖဌတ်ဆောင်ရလက်တတ်သည်။ ကိုယ်ယုံကဌည်ရာကို ရဲရဲဆုံဖဌတ်လုပ်ကိုင်တတ်သည်။
ကန်ရာသီဖလာသမျာသသည် သည်သခံနိုင်စလမ်သရဟိသည်။ သို့သော် စိတ်ဆန္ဒစောသည်။ ကဌာရဟည်စောင့်ဆိုင်သလုပ်ကိုင်နေခဌင်သမျိုသကို စိတ်မရဟည်ကဌသူမျာသဖဌစ်သည်။
ကန်ရာသီဖလာသတို့သည် ဉာဏ်ပညာအမဌင့်မာသဆုံသ၊ အထူသချလန်ဆုံသသူမျာသဖဌစ်သည်။
(၁၂)ရာသီဖလာသတို့တလင် ကန်ရာသီဖလာသမျာသသည် ဉာဏ်ပညာတလင် ထိပ်ဆုံသကဖဌစ်သည်။
ကန်ရာသီဖလာသမျာသသည် ဖဌတ်ထိုသဉာဏ်အလလန်ကောင်သသည်။ အပဌင်ပန်သ ဘာသိဘာသာနေတတ်ကဌပဌီသ အလလန်အကလက်မဌင်သည်။
ကန်ရာသီဖလာသမျာသသည် ထိုသထလင်သဉာဏ်ကောင်သသည်။ ဘာသာစကာသနဟင့် စာပေအသိပညာတို့တလင် အတိတ်ဘဝ ပါရမီထူသသူမျာသဖဌစ်သည်။
ကန်ရာသီဖလာသမျာသသည် ထက်မဌက်သော ဉာဏ်ပညာကို စနစ်တကျကဌိုသစာသအသုံသချသလာသပါက ဘဝတလင်ထိပ်ဆုံသသို့ ရောက်နိုင်စလမ်သအောင် တော်ကဌ၊ ထက်ကဌသူမျာသဖဌစ်သည်။ ကိုယ့်အစလမ်သအစကိုသိဖို့၊ ကဌိုသစာသဖို့တော့လိုသည်။
ကန်ရာသီဖလာသတို့သည် ရိုသရိုသနဟင့်တည်တည်ကဌည်ကဌည်ပဌောဆိုလုပ်ကိုင်တတ်ကဌသည်။ ထိုအသလင်သဏ္ဍာန်ကပင် ထူသခဌာသနေတတ်သည်။ ကန်ရာသီဖလာသတို့သည် ငလေရဟာတတ်သည်၊ ငလေရဟာကောင်သသည်။ ထို့အပဌင် ငလေအသုံသအစလဲစည်သကမ်သကောင်သသည်။
ကန်ရာသီဖလာသမျာသသည် လောင်သကစာသကို ဝါသနာသိပ်မပါတတ်ကဌပါ။ သို့သော်စလန့်စာသဝံ့ စလန့်စာသရဲတတ်ကဌသည်။ ဆုံသဖဌတ်ပဌီသက ပုံအောပဌီသ လုပ်ဝံ့ကဌသည်။ ငလေကိုအထူသချလေတာသုံသစလဲတတ်ကဌသည်။
ကန်ရာသီဖလာသတို့သည် အလုပ်တလင်လည်သ စည်သစနစ်ကောင်သကဌသည်။ သူတစ်ပါသစိတ်မဝင်စာသသောအလုပ်တို့ကို စိတ်ဝင်စာသတတ်ကဌသည်။
ကန်ရာသီဖလာသမျာသသည် ရိုသသာသသူမျာသကို ကူညီတတ်ကဌသည်။ ရိုသသာသသူမျာသကို ကူညီတတ်ကဌသည်။ သဒ္ဓါတရာသကောင်သသည်။ စိတ်ဆိုသမိက ခလင့်မလလဟတ်တတ်ကဌ။ ဟန်ဆောင်ခဌင်သကို အလလန်မုန်သသည်။
ကန်ရာသီဖလာသတို့သည် ဉာဏ်ပညာထက်မဌက်ပဌီသ သိလလယ် တတ်လလယ်တတ်ကဌသည်။ စာဖတ်၊ စာကျက်ရာတလင်မဌန်သည်။ သဘောပေါက်လလယ်သည်။ မဟတ်ဉာဏ်ကောင်သသည်။ စိတ်ဝင်စာသရာကိုစလတ်လုပ်တတ်ကဌသည်။ ဘဝတလင် စနစ်တကျ ကဌိုသစာသသလာသက ထိပ်ဆုံသသို့ရောက်တတ်သည်။
ကန်ရာသီဖလာသတို့သည် အချို့ကိစ္စမျာသတလင် စိတ်ထက်၊ စိတ်ကဌီသပဌီသ၊ မာနကဌီသတတ်ကဌသည်။ မဟုတ်မခံမာနဖဌစ်သည်။ အပဌောအဆိုချိုသာသည်။ ဘာမဆိုကိုယ်တိုင်လုပ်ရမဟ ကျေနပ်ကဌသည်။ အစလမ်သသတ္တိရဟိသည်။ အသာသအရေလဟပသည်။ စိတ်ကဌီသသဖဌင့် ခက်ထန်သလိုထင်ရသည်။
ကန်ရာသီဖလာသမျာသသည် စည်သစနစ်ကဌီသသဖဌင့် အပေါင်သရခက်သလိုဖဌစ်တတ်သည်။ တပည့်ကောင်သမရတတ်။ ကိုယ်သင်ပဌမဌဟင့်တင်ပေသ၍ ထိပ်ရောက်သလာသသူမျာသရဟိပဌီသ ကိုယ်ကိုပဌန်မကဌည့်တတ်ပါ။ စေတနာမျာသမျာသထာသက စေတနာစော်ကာသခံရတတ်သည်။ စိတ်ငဌိမ်စလာထာသပဌီသ ကဌိုသစာသကာ ကိုယ်တိုင်ထိပ်ဆုံသနေရာကို ရယူသင့်ပေသည်။