text
stringlengths
4
318k
url
stringlengths
15
4.26k
Green Way - မြေဆွေးကန်နဲ့ ဝက်မွေးမြူခြင်း Photo - မွေးမြူမှုအများဆုံးနဲ့ လူကြိုက်အများဆုံးကတော့ ကွန်ကရစ်နဲ့ မွေးမြူခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဝက်မွေးမြူခြင်းနဲ့ ပတ်သက်ပြီး ဘယ်ဟာက အကောင်းဆုံးအဆင်ပြေဆုံးဖြစ်မလဲဆိုတာကို အခုချိန်ထိ ဆွေးနွေးနေကြတုန်းပါပဲ။ မွေးမြူမှုအများဆုံးနဲ့ လူကြိုက်အများဆုံးကတော့ ကွန်ကရစ်နဲ့ မွေးမြူခြင်းဖြစ်ပါတယ်။ ဒီစနစ်မှာဆိုရင် ဝက်မစင်တွေဆေးကြောရတာ၊ သန့်ရှင်းရေးလုပ်ရတာ၊ ရောဂါကူးစပ်မှုတားမြစ်ရတာတွေကို လွယ်ကူစေပါတယ်။ အခြားနည်းလမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် တရုတ်ပြည် မှာတော့ မြေဆွေးဖြင့် မွေးမြူခြင်း လို့ ခေါ်တဲ့ နည်းလမ်း တစ်ခုရှိပါသေးတယ်။ အဲဒီစနစ်မှာတော့ မွေးမြူသူတွေဟာ ဝက်ချည်းသက်သက်မွေးကြတာမဟုတ်ပါဘူး။ တစ်ပြိုင်နက်တည်းမှာ အသက်ရှင်နေတဲ့ ဝက်ခြံလေးကိုပါ ဖန်တီးထားပါတယ်။ ဝက်ခြံလေးက ဝက်ချေးတွေကို ရှင်းလင်းပေးရုံတင်မကပါဘူး မြေဆီလွှာကို ကောင်းမွန်စေတဲ့ မြေဆွေးတွေကိုပါ ပြုလုပ်ပေးပါတယ်။ ကျွန်တော်ယုံကြည်ပါတယ် ဒီစနစ်ဟာ ဝက်တွေကို နှိပ်စက်နေတဲ့အစား သူတို့ရဲ့ သဘာဝအမူအကျင့်တွေကိုပါ အားပေးနေပါတယ်။ အခုခေတ် ဝက်မွေးသူတွေအများစုကတော့ ရေရှည်ခံပြီး အကုန်အကျသက်သာတဲ့ ကွန်ကရစ်ဝက်ခြံတွေကို အသုံးပြုကြပါတယ်။ ကွန်ကရစ်နဲ့ မွေးမြူရာမှာ ဝက်တွေရဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေးပြုလုပ်ရတာ အရမ်းလွယ်ကူပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ပြသနာတွေ အများကြီးရှိနေပါတယ်။ ကွန်ကရစ်ရဲ့ မာကျောတဲ့ မျက်နှာပြင်တွေက ဝက်တွေရဲ့ သဘာဝအတိုင်းနေထိုင်မှု (မြေကြီးကို နှုတ်သီးနဲ့ ထိုးတတ်တဲ့အကျင့်) ကို တားဆီးထားပါတယ်။ အေးစက်မာကျောတဲ့ မျက်နှာပြင်က တိရိစ္ဆာန်တွေအတွက် သက်တောင့်သက်သာမဖြစ်စေပါဘူး။ ငြင်းချင်ရင် ငြင်းလို့ရမယ့် နောက်တစ်ချက်ကတော့ ကွန်ကရစ်စနစ်မှာ ရောဂါတွေကို ကာကွယ်တိုက်ခိုက်ပေးမယ့် အကျိုးပြုအဏုဇီဝတွေ နေထိုင်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုဖြစ်မနေပါဘူး။ ဝက်တွေကို ခြံခတ်ပြီး မွေးခြင်းရဲ့ ရိုးရှင်းသိသာတဲ့ အချက်ကတော့ အညစ်အကြေးတွေကို အလွယ်တကူ စုပြီး မြေဆွေးပြုလုပ်တာပါပဲ။ ဒါပေမယ့် ထူးဆန်းတာက ကျွန်တော်တို့ လေ့လာကြည့် သလောက် ဝက်ချေးတွေကို မြေဆွေးပြန် လုပ်တဲ့သူက မရှိသလောက်ပါပဲ။ ဝက်ခြံအများစုက ရေမြောင်းတွေနဲ့ ရေကန်တွေ၊ ရေအိုင်တွေနဲ့ မြစ်တွေဆီကို ဖောက်ထုတ် ပစ်လိုက်ကြတာပါပဲ။ ကျွန်တော်တို့ကတော့ ဝက်ချေးတွေကို သဘာဝ ကုန်ကြမ်းကောင်းတွေလို့ မြင်ပြီး ရေတွေကို ညစ်ညမ်းစေမယ့် အစား သဘာဝမြေသြဇာ ပြုလုပ်ဖို့ ရွေးချယ်မှာပါ။ မြေဆွေးကန်နဲ့ မွေးမြူတဲ့ စနစ်မှာ ကောင်းကျိုးများစွာရှိပါတယ်။ အဓိကအချက်တွေကတော့ အရမ်းရိုးရှင်းတာရယ် ဝက်ကျင်ကြီးနဲ့ ကျင်ငယ်တွေကို မြေဆွေးအဖြစ် အထိရောက်ဆုံး ပြောင်းလဲနိုင်တာရယ်ပါပဲ။ ဝက်မွေးကန်မှာ ထည့်မယ့် သြဂဲနစ်ပစ္စည်း(လွှစာ၊ ကောက်ရိုး၊ စပါးခွံ) တွေကို အကျိုးပြုအဏုဇီဝတွေရဲ့ အိမ်လေးတွေလို့ စိတ်ကူးကြည့်လိုက်ပါ။ ဒီ စုပ်ယူနိုင်စွမ်းရှိတဲ့ သြဂဲနစ်ပစ္စည်းတွေကိုသာ သေသေချာချာထည့်သွင်းထားရင် အနံ့အသက်တွေသက်သာစေတဲ့အပြင် ယင်ကောင်ပေါက်ဖွားမှုကိုပါ လျော့ကျသွားစေပါတယ်။ ဆောင်းရာသီလို အေးတဲ့ရာသီဥတုမျိုးမှာ အနွေးဓာတ်ကိုတောင် ပေးနိုင်စွမ်းရှိပါသေးတယ်။ ဒီနည်းလမ်းက အညစ်အကြေးတွေကို ကောင်းကောင်းထိန်းသိမ်းနိုင်ရုံတင်မကဘူး အဟာရကြွယ်ဝတဲ့ သဘာဝမြေသြဇာကိုပါ ရရှိစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရလာနိုင်တဲ့အကျိုးကျေးဇူးတွေကို ချရေးကြည့်ရအောင်လား။ အနွေးဓာတ်ပေးနိုင်ခြင်း သဘာဝအပြုအမူများကို အားပေးခြင်း ရောဂါပျံ့ပွားခြင်းမှ ကာကွယ်ပေးခြင်း ဝက်များ၏ ရောဂါဒဏ်ခံနိုင်ရည် မြှင့်တင်ပေးခြင်း ယင်ပေါက်ပွားမှု ထိန်းနိုင်ခြင်း အနံ့အသက် လျော့နည်းစေခြင်း သန့်ရှင်းရေးအလုပ် အလွန်နည်းပါခြင်း ရောဂါပိုးသတ်ခြင်း၊ ကာကွယ်ဆေးထိုးရခြင်းများ နည်းပါးစေခြင်း ကျင်ကြီး၊ ကျင်ငယ်ကို ကောင်းစွာ အသုံးချနိုင်ခြင်း ဝက်ခြံသန့်ရှင်းရေးပြုလုပ်ရာတွင် ရေသုံးစွဲမှုလျော့ချနိုင်ခြင်း လုပ်အားသက်သာခြင်း ပိုက်ဆံကုန်သက်သာခြင်း နည်းပညာလိုအပ်ချက် နည်းပါးခြင်း မြေဆွေးကန်နဲ့ မွေးမြူတဲ့စနစ်က အရမ်းရိုးရှင်းလှပါတယ်။ ပထမဆုံးအနေနဲ့ မြေကြီးကို အနက် ၂ပေခွဲလောက် တူးသည်ဖြစ်စေ၊ အထက်သို့ ဘောင်ခတ်၍ မြှင့်သည်ဖြစ်စေ သစ်သားစများ သို့မဟုတ် လွှစာထည့်ပေးရပါမယ်။လွှစာနဲ့ ပတ်သက်လို့ ဘယ်လိုသစ်မျိုးက ထွက်တဲ့လွှစာရယ်လို ခွဲခြားထားတာတော့ မရှိပါဘူး။ ဒါပေမယ့် အချို့ အဆီပါဝင်မှုမြင့်မားတဲ့ သစ်အမျိိုးအစားတွေဖြစ်တဲ့ ထင်းရူးပင်ကဲ့သို့သော သစ်တွေရဲ့ လွှစာတွေ ကတော့ ဆွေးမြေ့ ချိန်ပိုကြာလေ့ ရှိကြပါတယ်။ ကြိတ်သားတွေ၊ ဒါမှမဟုတ် ပိုးသတ်ဆေးရည်စီမံထားတဲ့ သစ်သားတွေကိုတော့ မသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ဆွေးမြေ့နိုင်တဲ့ သြဂဲနစ်ပစ္စည်းတွေဆိုတာ သစ်သားစတွေ၊ လွှစာတွေအပြင် ကောက်ရိုးတို့၊ စပါးခွံတို့ စသည်တို့ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ကျွန်တော်တို့ လေ့လာကြည့်သလောက်တော့ လွှစာက အကောင်းဆုံးပါပဲ။ မွေးမြူတဲ့သူတွေကိုလည်း ကိုယ့်ဒေသပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ ဆွေးမြေ့နိုင်တဲ့ သြဂဲနစ် ပစ္စည်းတွေနဲ့ စမ်းသပ်မွေးမြူစေချင်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ လွှစာထဲမှာ စပါးခွံ ၁၅%လောက်ရောပေးဖို့လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကာဗွန်၊နိုက်ထရိုဂျင် အချိုးကို ညှိလိုက်တာဖြစ်ပါတယ်။ သင့်တော် တဲ့ နိုက်ထရိုဂျင် အချိုးက ၄-၁၀ ကြားမှာ ရှိပါတယ်။ ဒါပေမယ့် နိုက်ထရိုဂျင် အချိုး ကိုတော့ ၁ အောက်ရောက် မသွားအောင် ဂရုစိုက် ပေးဖို့ လိုအပ်ပါတယ်။ အကျိုးပြုအဏုဇီဝရည်ဖြင့်မွေးမြူခြင်း မွေးမြူကန်ထဲမှာ အကျိုးပြုအဏုဇီဝရည် ထည့်ချင်တယ်ဆိုရင်တော့ ရေ ၈၀၀ လီတာမှာ အကျိုးပြုအဏုဇီဝရည် ၁ လီတာနှုန်းနဲ့ ထည့်ပေးရပါမယ်။ ရောထည့်တဲ့အခါမှာလည်း သြဂဲနစ်ပစ္စည်းတွေ အားလုံးနဲ့ ကောင်းစွာရောနှာ သွားဖို့ လိုအပ်ပါတယ်။ ရေနဲ့ ရောစပ်တဲ့အချိုးမှာ သိပ္ပံနည်းကျ စမ်းသပ်ချက်မရှိပါဘူး။ အကျိုးပြုအဏုဇီဝရည် များသွားလို့၊ အချိုးမမှန်တော့လို့ စိတ်ပူမနေပါနဲ့။ အကျိုးပြုအဏုဇီဝရည် နည်းသွားလည်း ဆွေးမြေ့ဖို့ ကြာသွားရုံပါပဲ။ အဓိက အချက်ကတော့ မွေးမြူကန်က အစိုမလွန်သွားဖို့ပါပဲ။ မွေးမြူကန်ကို အကျိုးပြုအဏုဇီဝရည် ပက်ဖြန်းပြီးသွားတဲ့နောက်မှာတော့ ၈-၁၀ ရက်ထိ စောင့်စေချင်ပါတယ်။ မွေးမြူကန်ရဲ့ အပူချိန်ကိုလည်း စောင့်ကြည့်စမ်းသပ်စေချင်ပါတယ်။ ကန်ထဲကို လက်နဲ့ထိုးထည့်လိုက်ပြီး အပူချိန်ကို စမ်းသပ်ကြည့်လိုက်ပါ။ အောက်နက်လေလေ အပူချိန်များလေလေဖြစ်နေပါလိမ့်မယ်။ ကန်က ဘယ်လိုအနံ့ထွက်နေသလဲဆိုတာကိုလည်း စမ်းသပ်ကြည့်လိုက်ပါ။ မွေးမြူဖို့ အချိန်သင့်မသင့် အဖြေသိလာပါလိမ့်မယ်။ စမ်းသပ် မှုတွေ က မျက်စိတင် မဟုတ်ဘဲ လက်နဲ့ နှာခေါင်းကိုလည်း အသုံးပြုရမှာ ဖြစ်ပါတယ်။ အကျိုးပြု အဏုဇီဝရည် အလွယ်တကူမရနိုင်ခဲ့ရင် ကိုယ့်ဒေသမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးတွေကို စုဆောင်းပြီး အသုံးပြုလို့ရပါတယ်။ ဒေသခံအဏုဇီဝစုဆောင်း ပြုလုပ်နည်းကို ဒေသခံအကျိုးပြုအဏုဇီဝပိုး မွေးမြူနည်းမှာ လေ့လာနိုင်ပါတယ်။ ဝက်စတင်မွေးမြူခြင်းနှင့် ထိန်းသိမ်းခြင်း ၈ ရက်လောက်ကြာပြီဆိုရင်တော့ မွေးမြူကန်ဟာ အသက်ရှိနေပြီလို့ မှတ်ယူလိုက်ပါ။ ဒီစနစ်ကို ပုံမှန် ဝက်မွေးကန်တွေရဲ့ ပိုးသတ်တဲ့ စနစ်ထက် ဘက်တီးရီးယားတွေ၊ အဏုဇီဝအဖွဲ့အစည်းလေးတွေ ဖန်းတီးတဲ့ စနစ်လို့ နားလည်ထားလိုက်ပါ။ ဒီအဏုဇီဝ အဖွဲ့အစည်းလေးက ရောဂါတွေ၊ ဆိုးတဲ့ ဘက်တီးရီးယားတွေ၊ အနံ့အသက်တွေနဲ့ ယင်ကောင်တွေကို တိုက်ခိုက်ပေးပါလိမ့်မယ်။ ဝက်တွေကို မွေးမြူကန်ထဲမှာ စထည့်လိုက်တာနဲ့ ဝက်တွေက သူတို့ရဲ့ နှုတ်သီးတွေ၊ လက်တွေခြေထောက်တွေနဲ့ တူးတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကိုတွေ့လို့ စိုးရိမ်မသွားပါနဲ့။ ဒါက သူတို့ရဲ့ သဘာဝပါ။ ဒီလိုလုပ်လိုက်ခြင်းက သူတို့ခန္ဓာကိုယ်ထဲကို အကျိုးပြု အဏုဇီဝတွေ ရောက် သွားစေပြီး ရောဂါဒဏ် ခံနိုင်ရည်တွေ မြင့်တက် လာစေ ပါတယ်။ အေးတဲ့နေ့တွေ ဆို ဝက်တွေက ကန်ထဲနက်နက် တူးပြီးနေတာကိုတွေပါ လိမ့်မယ်။ ဒါက သူတို့ကို နွေးထွေးစေတာကိုး။ ဒီစနစ်နဲ့ မွေးမြူထားတဲ့ကန်ရဲ့ ပတ်ဝန်းကျင်မှာ အနံ့အသက်တွေ၊ ယင်ကောင်တွေ လျော့နည်းနေတာကို သတိထားမိလာပါလိမ့်မယ်။ ဒါ့ထက် ပိုပြီး အနံ့အသက်နဲ့ ယင်ကောင်တွေ ကင်းချင်ရင် ကန်ကို အထက်အောက် လှန်ပေးဖို့ လိုအပ်ပါတယ်။ ဝက်တွေက အပေါ်ယံမျက်နှာပြင်မှာ မစင်စွန့်လိုက်တဲ့အတွက် သူ့မစင်တွေကယင်ကောင်တွေကို ဆွဲဆောင်နေတုန်းပါပဲ။ ဒါကြောင့် ကန်ကို အထက်အောက် အနည်းငယ်လှန်ပေးဖို့ လိုအပ်ပါတယ်။ မွေးမြူတဲ့ ဝက်အကောင်ရေနဲ့ မွေးမြူသူရဲ့ ဆန္ဒနဲ့ လိုက်ပြီး တစ်ပတ်ကို ၂-၃ ကြိမ် ဒါမှမဟုတ် တစ်နေ့တစ်ကြိမ် လှန်ပေးဖို့လိုအပ်ပါတယ်။ ဝက်မစင်တွေကို ကန်ထဲကို ရောမွှေမြုပ်ပစ်မှသာ အနံ့အသက်နဲ့ ယင်ကောင်တွေ လျော့ကျစေမှာဖြစ်ပါတယ်။ မွေးမြူကန်က ပုပ်နံ့မထွက်ရပါဘူး။ ပုပ်နံ့ရလာပြီ ဆိုရင်တော့ အဏုဇီဝရည် ပက်ဖျန်းခြင်း၊ အထက်အအောက်လှန်ခြင်းများ ပြုလုပ်ပေးရပါမယ်။ အစပိုင်းမှာတော့ တစ်လကို အဏုဇီဝရည် ၂ ကြိမ်လောက် ဖျန်းပေးသင့်ပါတယ်။ မွေးမြူကန်က စိုစွတ်လွန်းလို့ ပုပ်နဲ့ထွက်တဲ့ အခါမျိုးမှာတော့ လွှစာ ပြန်ရောထည့် ပေးရပါမယ်။ အချိန်ကြာလာတဲ့အမျှ မွေးမြူကန်ရဲ့အရောင်ဟာ နက်မှောင် လာပြီး လွှစာတွေက ဆွေးမြေ့လာပါလိမ့်မယ်။ အကျိုးပြုအဏုဇီဝ၊ အပူနဲ့ မစင်တွေက လွှစာရဲ့ ဆွေးမြေ့မှုကို ကူညီပေးနေကြပါတယ်။ ဒီဖြစ်စဉ်ကတော့ ဝက်အကောင်ရေနဲ့ နေရာအကျယ်အဝန်းပေါ်မူတည်ပြီး ၆လမှ ၂နှစ်ထိ ကြာနိုင်ပါတယ်။ အကျိုးပြုအဏုဇီဝ တွေအပြင် အပင်အဟာရ အပြည့်အဝပါဝင်တဲ့ မြေသြဇာကို အပင်စိုက်တဲ့ဆီမှာ ပြန်အသုံးနိုင်ပါတယ်။ မြေသြဇာကို ယူတဲ့အခါမှာတော့ အကုန်လုံးမယူစေချင်ပါဘူး။ မြေသြဇာတွေရဲ့ ၇၅-၈၀ ရာခိုင်နှုန်းသာယူပြီး အောက်ခြေလွှာကို နောက်တစ်ကြိမ် ထပ်မွေးမြူဖို့ရာအတွက် ချန်ထားစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် အစက ပြန်စနေရပါမယ်။ အဲဒီတော့ နောက်မွေးမြူကန်မှာ အဏုဇီဝတွေ ကျန်းမာသန်စွမ်းစေဖို့ သင့်တော်တဲ့ ပမာဏချန်ထားဖို့ လိုအပ်ပါတယ်။ ထဲထဲဝင်ဝင်လေ့လာခြင်း မွေးမြူကန်အပူချိန် မွေးမြူကန်ထဲက အဏုဇီဝပိုးမွှားတွေ ကောင်းကောင်း အလုပ်လုပ်လာတာနဲ့အမျှအပူချိန်ဟာ ၆၀ဒီဂရီ ဆဲလ်စီးရပ်စ် လောက်မြင့်တက်လာပါလိမ့်မယ်။ အပေါ်ယံမျက်နှာပြင်ပေါ်က အပူချိန်ကတော့ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်။တစ်ခါတစ်ရံ ပတ်ဝန်းကျင် အပူချိန်နဲ့ ညီနေတတ်ပါတယ်။ ဝက်တွေက သူတို့ရဲ့ အပူချိန်ကို မထိန်းညှိနိုင်ကြပါဘူး။ ပြီးတော့ ပူလွန်းတာကိုလည်း သည်းမခံနိုင်ကြပြန်ဘူး။ မွေးမြူသူအချို့က မွေးမြူကန်အပြင် အရမ်းပူတဲ့အချိန်တွေမှာ ဝက်တွေအေးမြစေဖို့ ကွန်ကရစ်ခင်းထားတဲ့ နေရာလေးတစ်ခု ပြုထားကြပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ အလယ်ပိုင်းဒေသတွေမှာ ကွန်ကရစ်မဟုတ်ဘဲ ရေအိုင်လေးတွေ ပြုလုပ်ပေးတာ တွေ့ရပါတယ် (ဘာသာပြန်သူ ဖြည့်စွက်ချက်)။ အချို့လယ်သမားတွေကတော့ ဒီလို အပူချိန်မြင့်တက်တဲ့ ပြဿနာ မတွေ့ရဘူးလို့ ငြင်းကြတယ်။ ဒီတော့ ကိုယ်တိုင်စဉ်းစားပြီး လုပ်ကြည့်စေချင်တယ်။ ပြီးရင်တော့ အခြေအနေလေး ပြန်အကြောင်းကြားပေးပါအုံးနော်။ ကန်အနက် ပျမ်းမျှ အနက် ၂ ပေ ခန့်ဟာ သင့်တော်ပေမယ့်လည်း မွေးမြူသူတွေကိုယ်တိုင် အနက်ဘယ်လောက်လဲဆိုတာ အတိုးအလျော့ လုပ်ကြည့်သင့်ပါတယ်။ တစ်ညီတစ်ညာ တည်း မဟုတ်ဘဲ မတူညီတဲ့ အနက်တွေနဲ့ လုပ်ထားမယ်ဆိုရင်လည်း အပူချိန်မတူညီနိုင်တဲ့အတွက် ဝက်တွေအတွက် ရွေးချယ်ပြီး နေလို့ရမယ့် ပတ်ဝန်းကျင်လေးတစ်ခုဖြစ်နေမယ်ထင်ပါတယ်။ ကန်ကို အထက်အောက်လှန်ပေးခြင်း တစ်ခုတည်းသော အပို လုပ်အား လိုအပ်တာကတော့ ကန်ကို အထက်အောက်လှန်ပေးပို့ပါပဲ။ ဒါပေမယ့် လိုအပ်ချက်လျော့နည်းစေမယ် နည်းလမ်းတွေရှိပါတယ်။ ပြောင်းဖူးရိုးတွေကို ကန်ထဲမှာ ထည့်မြုပ် လိုက်တာကလည်း ဝက်တွေကို သူတို့ကိုယ်တိုင် အထက်အောက်လှန်ဖို့ တွန်းအားပေးလိုက်သလိုပါပဲ။ အခြားနည်းအနေနဲ့ မြေကြီးထဲကို မြုပ်ထားလို့လည်းရမယ်၊ သူတို့ရဲ့အစာလည်းဖြစ်တဲ့ဟာမျိုးကို ကန်ထဲမှာ နက်နက်မြုပ်ထားလိုက်ရင် သူတို့တွေက အဲဒီအစာကို တူးဖော်စားသောက်ရင်း ကန်ကို အထက်အောက်လှန်တဲ့အလုပ်ကို သူတို့ကိုယ်တိုင် လုပ်သွားကြမှာပါပဲ။ သတိထားမိတာ တစ်ချက်ကတော့ ကန်ရဲ့ထောင့်တွေမှာ ဝက်မစင်တွေ စုပုံနေတတ်ကြပါတယ်။ ဒါက အထက်အောက်လှန်ပေးဖို့ လိုအပ်ချက်တစ်ခု ဖြစ်နေပါသေးတယ်။ ကန်ထဲ ထည့်လို့ရမယ့် ပစ္စည်းများ ဒီမွေးမြူနည်းစနစ်မှာတော့ စပါးခွံ ၁၅ ရာခိုင်နှုန်းလောက် ရောပြီး သစ်သားစတွေ ဒါမှမဟုတ် လွှစာတွေ အသုံးများပါတယ်။ ဒါပေမယ့်လည်း အခြားအသုံးပြုလို့ရမယ့် ပစ္စည်းတွေ ရှိနေအုန်းမှာပါ။ အစားထိုးအနေနဲ့ စပါးခွံ၊ ကောက်ရိုး နဲ့ မီးသွေး (သုံးမရတော့တဲ့ မီးသွေး၊ ထင်းမီးဖိုမှ ထွက်လာတဲ့ မီးသွေးခဲ) တွေလည်း သုံးလို့ရပါတယ်။ အခြားဟာတွေနဲ့လည်း စမ်းသပ်ကြည့်စေချင်ပါတယ် (ကာဗွန်၊ နိုင်ထရိုဂျင် အချိုးကိုတော့ ဂရုစိုက်ပါအုံးနော်)။ ပြီးရင်တော့ အဆင်ပြေလား မပြေဘူးလားဆိုတာတော့ အခြားသူတွေသိရအောင် ပြန်ပြောပြပါအုံး။ ကြက်မွေးမြူရေး ဒီစနစ်က ကြက်မွေးမြူရေးအတွက်လည်း အသုံးဝင်ပါတယ်။ လွှစာအစား သစ်သားစတွေကို အနက် ၅ လက်မ ၆ လက်မလောက် ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ ဖုန်မှုန့်တွေက ကြက်တွေက သိပ်မကြိုက်တဲ့အတွက် သစ်သားစလေးတွေကို သုံးစေချင်တာပါ။ အကျိုးပြု အဏုဇီဝရည်ကို ပိုဖျန်းပေးဖို့လိုသလို ကန်အနက်ကို လိုအပ်ရင် မြှင့်ပေးဖို့အတွက် သစ်စတွေလို အပိုစုထားဖို့လိုပါတယ်။ မြန်မြန်ဆွေးမြေ့ဖို့အတွက် အထက်အောက်လှန်တာတွေလည်း လုပ်ပေးဖို့လိုအပ်ပါတယ်။ REF: http://www.agrowingculture.org/2012/06/fermented-bed-technology/ ကို ဆီလျော်စွာ ပြန်ဆိုထားပါတယ်။
https://greenwaymyanmar.com/posts/fermented-bed-tech-pig
DPN အဖွဲ့ကို UNFC ပြန်လည် ဖွဲ့စည်း၊ မပြေလည်သေးသော ၉ ချက် ဆက်ဆွေးနွေးမည် – Network Media Group DPN အဖွဲ့ကို UNFC ပြန်လည် ဖွဲ့စည်း၊ မပြေလည်သေးသော ၉ ချက် ဆက်ဆွေးနွေးမည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိုနိုင်းရေး အဖွဲ့ DPN ကို အသစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး မပြေလည်သေးသော အချက် ၉ ချက်အပေါ် အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောသည်။ ကျနော်တို့ DPN ကိုတော့ အဖွဲ့ဝင် ၉ ဦးနဲ့ ကျနော်တို့ ပြန်လည်ဖွဲ့စည်းတာပေါ့နော်၊ ကျနော်တို့ အဖွဲ့ဝင် ၅ ဖွဲ့ထဲက လိုအပ်သလို အချိုးတူ ပြန်လည်ဖွဲ့စည်းတာပေါ့၊ စုဖွဲ့မှု မှာကတော့ အဖွဲ့ခေါင်းဆောင် နှစ်ဦး ပဲ ကျနော်တို့ ထားပါတယ်။ ကျနော့်ကိုပဲ အဖွဲ့ခေါင်း ဆောင်အဖြစ် ပြန်ပြီးတော့ ထားပြီးတော့ ဒုအဖွဲ့ခေါင်းဆောင်ကိုတော့ ဆရာ နိုင်အောင်မငေး ကို ထားပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ် က ဦးဆောင်ပြီး ဒု အဖွဲ့ခေါင်းဆောင် အဖြစ် မွန်ပြည်သစ် ပါတီ NMSP အဖွဲ့က နိုင်အောင်မငေး၊ အဖွဲ့ဝင်တွေအဖြစ် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP အဖွဲ့က ဗိုလ်မှူးကြီး စေအွန်၊ NMSP အဖွဲ့က ဒေါက်တာ နိုင်ရွှေသိန်း၊ ရခိုင် အမျိုးသား ကောင်စီ ANC အဖွဲ့က ဗိုလ်မှူးကြီး မင်းထွန်း နဲ့ ဦးထွန်းဇော်၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ LDU အဖွဲ့က နာဗစ်ဘို၊ KNPP အဖွဲ့က ဗိုလ်မှူးကြီး ဘုန်းနိုင် နဲ့ အမည်စာရင်း မတင်သွင်းသေးတဲ့ SSPP အဖွဲ့က တစ်ယောက် ပါဝင်တဲ့ အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ UNFC အဖွဲ့မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် အဖွဲ့ဝင် သုံးဖွဲ့နှုတ်ထွက်သွားပြီးနောက်မှာ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကို ပြန်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း မပြေလည်သေးတဲ့ မူလ ဆွေးနွေးဆဲ အချက် ၉ ချက်ကိုပဲ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် က ပြောသည်။ “ကျနော်တို့ DPN ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ မူလတုန်းက အဆိုပြုချက် ၉ ချက်ကိုပဲ အဓိက ထားပြီးတော့ ဘယ်လိုဆက်လက်ညှိနှိုင်းဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စလေးပါ၊ ကျနော်တို့ ဒီ အရင်တုန်းက မူအားဖြင့် သဘောတူထားတဲ့ အခြေခံ အောက်မှာပဲ ဘယ်လို နည်းနာတွေနဲ့ ဆက်သွားမလဲပေါ့ အထူးသဖြင့်ကတော့ ကျနော်တို့Deed of Commitment (DOC_ နဲ့ သွားမယ်ဆိုတဲ့ ဖြစ်စဉ်အပေါ်မှာတော့ ကျနော်တို့ ဒီအတိုင်း ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်တယ်။” အစိုးရနှင့်အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ခူးဦးရယ် က ဆက်ပြောသည်။ အထူးသဖြင့် ကျနော်တို့ လိပ်ခဲတင်းလင်းနဲ့ အများဆုံး ညှိနှိုင်းနေရတာကတော့ ကျနော်တို့ JMC ကိစ္စ ပါပဲ၊ JMC မှာ ကျနော်တို့ တပ်နေရာချထားရေးနဲ့ ပတ်သက်တာရယ် နောက်ပြီးတော့ တပ်စခန်း တည်နေရာ သတ်မှတ်တဲ့ ကိစ္စတွေရယ်၊ နောက်ပြီးတော့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ ဘယ်လိုညှိနှိုင်းပြီးတော့ ဆွေးနွေးမလဲ ဆိုတဲ့ ကိစ္စက အသားမကျသေးဘူးပေါ့နော် အသေးစိတ် မသွားသေးဘူးပေါ့။” အပစ်အခတ်ရပ်စဲရေးကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စောင့်ကြည့်ဖို့ တိုင်းရင်းသားတွေ ဖက်က တောင်းဆိုချက်ကိုလည်း အစိုးရဖက်က သဘောတူညီမှု မရှိသေးကြောင်း ခူးဦးရယ်က ဆက်ပြောပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN ခေါင်းဆောင်များ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဇူလိုင်လ ဒုတိယအပတ်တွင် နှစ်ဘက် ထပ်မံတွေ့ဆုံကြရန် သဘောတူထားကြသည်။ တဖက်တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA ရေးထိုးထားသော ကရင့်အမျိုးသား အစည်းအရုံး KNU အပါအဝင် အဖွဲ့ ၈ ဖွဲ့က အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား သဘောတူညီချက်အပေါ် အဓိပ္ဗာယ် ဖွင့်ဆိုချက်တွေ ကွဲလွဲနေတာကြောင့် ပြန်လည် သုံးသပ်ဆွေးနွေးရန် လိုအပ်နေကြောင်း မကြာသေးမီက ကြေညာချက် ထုတ်ပြန်ထားသည်။
http://www.nmg-news.com/2017/07/03/2993
Amiodarone (အေမီရိုဒရုန်း) : ဘာအတွက်အသုံးပြုရတာလဲ။ ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ။ ကိုယ်ဝန်ဆောင်တွေရောသောက်လို့ရလား။ Hello Sayarwon Amiodarone ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။ Amiodarone ကို အလွန်ပြင်းထန်တဲ့ နှလုံးခုန်မမှန်မှု (ဥပမာ persistent ventricular fibrillation/tachycardia) ကို ကုသဖို့အတွက် အသုံးပြုပါတယ်။ သူ့ကို ပုံမှန်နှလုံးခုန်သံကို ပြန်ရောက်ဖို့နဲ့ ဆက်လက်ထိန်းသိမ်းဖို့ အသုံးပြုပါတယ်။ Amiodarone ကို နှလုံးခုန်မှန်ဆေးလို့ ခေါ်ပါတယ်။ သူဟာ နှလုံးခုန်မမှန်ခြင်းကို ဖြစ်စေတဲ့ နှလုံးအတွင်း လျှပ်စစ်လှိုင်းတွေကို ပိတ်ဆို့ပေးပါတယ်။ Amiodarone ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။ ဒီဆေးကို သောက်ဆေးအဖြစ် တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ် (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးသင့်ပါတယ်။ အစာနဲ့သော်လည်းကောင်း အစာမပါပဲသော်လည်းကောင်း သောက်နိုင်ပေမယ့် တစ်မျိုးတည်းကိုသာ ရွေးချယ်ပြီး အမြဲတမ်းသောက်သင့်ပါတယ်။ ဒီဆေးသောက်နေစဉ် Grapefruit စားခြင်း (သို့) Grapefruit ဖျော်ရည်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ Grapefruit ဟာ ဒီဆေးရဲ့ ပမာဏကို သွေးထဲမှာ များစေခြင်းကြောင့်ဖြစ်ပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးပမာဏဟာ သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုပေါ်မှာမူတည်ပါတယ်။ ဆိုးကျိုးတွေကို လျော့ကျစေဖို့ သင့်ဆရာဝန်က ဒီဆေးကို ပမာဏအနည်းဆုံးကနေ စပေးပြီး တဖြည်းဖြည်း တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ ဆရာဝန်ကို မတိုင်ပင်ပဲ ဆေးကိုရပ်လိုက်ခြင်း၊ ဆေးပမာဏပြောင်းလဲခြင်းတွေ မပြုလုပ်သင့်ပါဘူး။ Amiodarone ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။ Amiodarone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Amiodarone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Amiodarone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ Amiodarone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။ Amiodarone ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။ Amiodarone မသောက်ခင် အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ • Amiodarone (သို့) Iodine (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင် • အခြားဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ၊ herbal ထုတ်ကုန်တွေ သောက်နေတာ ရှိရင်။ အောက်ပါဆေးတွေသောက်နေတာရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ • စိတ်ကျရောဂါသက်သာဆေး။ ဥပမာ- trazodone • သွေးကျဲဆေး။ ဥပမာ- warfarin (coumadin) • အချို့အဆီကျဆေး။ ဥပမာ- atorvastatin (lipitor) ၊ cholestyramine (questran)၊ lovastatin (mevacor)၊ simvastatin (zocor) • cyclosporine (neoral, sandimmune) • fentanyl (actiq, duragesic) • hiv protease inhibitors such as indinavir (crixivan) ၊ ritonavir (norvir) • loratadine (alavert, claritin) • ဆီးချိုဆေး ၊ အတက်ကျဆေးများ • methotrexate (rheumatrex) • ဘိန်းပါသောအကိုက်အခဲပျောက်ဆေးများ • rifampin (rifadin, rimactane)။ အခြားဆေးတွေဟာလည်း ဒီဆေးနဲ့ ဓါတ်ပြုနိုင်တာကြောင့် သောက်နေတဲ့ဆေးတွေအကုန်ကို ပြောပြသင့်ပါတယ်။ ဆရာဝန်က ဆေးပမာဏပြောင်းလဲခြင်း (သို့) ဆိုးကျိုးတွေကို စောင့်ကြည့်ခြင်းတွေ ပြုလုပ်မှာဖြစ်ပါတယ်။ • အခြား တိုင်းရင်ဆေး အပင်ထုတ်ကုန်တွေ သောက်နေရင် (အထူးသဖြင့် st.John’s wort) • သွေးပေါင်ချိန်နဲ့ပတ်သက်ပြီးပြဿနာများရှိရင် • အသက် ၆၅ နှစ်နဲ့ အထက်ဖြစ်ရင် ဒီဆေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်သင့်ပါတယ်။ အသက်ကြီးသူတွေမှာ ဒီဆေးဟာ အခြားဆေးတွေလောက် လုံခြုံစိတ်ချမှုနဲ့ အာနိသင်မရှိတာကြောင့် မသောက်သုံးသင့်ပါဘူး။ • ခွဲစိတ်မှု နဲ့ သွားခွဲစိတ်ပြုလုပ်တော့မယ်ဆိုရင် • မလိုအပ်ပဲနေရောင်ခြည်နဲ့ အချိန်အကြာကြီး ထိတွေ့မှုကို ရှောင်ရှားသင့်ပြီး နေရောင်ခြည်ထံမှ ကာကွယ်ပေးနိုင်တဲ့ အဝတ်အစားတွေ၊ နေကာမျက်မှန်၊ နေပူခံလိမ်း ဆေးတွေကို အသုံးပြုသင့်ပါတယ်။ ဒီဆေးဟာ နေရောင်ကို ပိုမိုခံရနိုင်စေပါတယ်။ အရေပြားဟာ မီးခိုးပြာရောင်ဖြစ်သွားပြီး ဆေးရပ်လိုက်ရင်တောင် ပုံမှန်ပြန်မဖြစ်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ • ဒီဆေးဟာ ရာသက်ပန်မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးကုသနေစဉ် မျက်စိကိုပုံမှန်စစ်ဆေးဖို့ လိုပြီး မျက်စိက အလင်းရောင်ကို ခံနိုင်ရည်မရှိရင် (သို့) အလင်းကွင်းတွေ မြင်ရင် (သို့) အမြင်အာရုံဝါးရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ • ဆေးရပ်ပြီး လပေါင်းများစွာအထိ ဆေးဟာ ကိုယ်ခန္ဓါအတွင်းမှာ ကျန်ရှိနိုင်ပါတယ်။ ဆိုးကျိုးတွေကိုလည်း ဆက်လက်ခံစားရနိုင်ပါတယ်။ ဒီဆေးပေးတဲ့ ဆရာဝန်ကို ဆေးသောက်ရပ်လိုက်ရင် အခြားဆေးညွှန်းမလာဆိုတာကို မေးမြန်းသင့်ပါတယ်။ Amiodarone က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။ အောက်ဖေါ်ပြပါ လက္ခဏာတွေ ရှိရင် (သို့) ဆေးဖြတ်လိုက်ပြီး လပေါင်းများစွာအထိ ဒီအချက်တွေ ရှိနေရင် ဆရာဝန်ကို ချက်ချင်း အကြောင်းကြားသင့်ပါတယ်။ အသစ်ဖြစ်လာတဲ့ (သို့) ပိုဆိုးလာတဲ့ နှလုံးခုန် မမှန်ခြင်း နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း သတိလစ်တော့မလို ခံစားရခြင်း အသက်ရှူစဉ် အသံမြည်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သွေးအန်ခြင်း အမြင်အာရုံဝေဝါးခြင်း၊ ပျောက်ဆုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်ပိုင်း နာခြင်း၊ အန်ခြင်း မောခြင်း၊ ရောင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဆံပင်ပါးခြင်း၊ အပူ၊အအေးလွန်ကဲခြင်း၊ ချွေးထွက်များခြင်း၊ ရာသီ မမှန်ခြင်း၊ လည်ပင်းအတွင်း ရောင်ရမ်းခြင်း ခြေလက် ထုံကျဉ်ခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသား၊မျက်လုံးဝါခြင်း။ ခေါင်းမူးခြင်း၊ ပင်ပန်းခြင်း ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း အိပ်စက်မှု ဆိုင်ရာ ပြဿနာများ အားနည်းခြင်း၊ အရေပြားအောက်မှာ ပူခြင်း၊ ထုံကျဉ်ခြင်း၊ နီရဲခြင်း ဘယ်ဆေးဝါးတွေက Amiodarone နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။ Amiodarone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ စိတ်ကျရောဂါကုဆေး; သွေးကျဲဆေး ဥပမာ- warfarin (Coumadin); အင်ဆူလင် (သို့) ဆီးချိုကျဆေးသောက်ဆေး ဘိန်းပါသောအကိုက်အခဲပျောက်ဆေး; HIV / AIDS ကုသဆေးဝါး; ပိုးသတ်ဆေး- azithromycin (Zithromax), ciprofloxacin (Cipro), clarithromycin (Biaxin), erythromycin (E.E.S., eryped, Ery-Tab, Erythrocin), levofloxacin (Levaquin), rifampin (Rifadin, Rimactane, Rifater, Rifamate), telithromycin (Ketek) မှိုပိုးသတ်ဆေး – itraconazole (Sporanox) (သို့) ketoconazole (Nizoral); A beta-blocker such as atenolol (Tenormin), bisoprolol (Zebeta, Ziac), metoprolol (Lopressor, Toprol), propranolol (Inderal, innopran) နဲ့အခြား အဆီကျဆေး – cholestyramine (Prevalite, Questran), atorvastatin (Lipitor), simvastatin (Zocor), lovastatin (Mevacor), pravastatin (Pravachol), fluvastatin (Lescol); နှလုံးစည်းချက်မှန်စေသောဆေး- disopyramide (Norpace), quinidine (Quinaglute, Quinidex), or procainamide (Procan, Pronestyl); သွေးတိုးကျဆေး- diltiazem (Cardizem, Dilacor, Tiazac), nifedipine (Procardia, Adalat), verapamil (Calan, Covera, Isoptin, Verelan) နဲ့အခြား အတက်ရောဂါဆေး- carbamazepine (Carbatrol, Tegretol), phenytoin (Dilantin) နဲ့အခြား အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Amiodarone နဲ့ ဓါတ်ပြုနိုင်ပါသလား။ Amiodarone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ အထူးသဖြင့် grapefruit ဖျော်ရည် ဘယ်လိုကျန်းမာရေးအခြေအနေတွေက Amiodarone နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။ Amiodarone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် • AV block • အမြင်အာရုံ၊ အကြားအာရုံ ပြဿနာများ • နှလုံးခုန်နှုန်းဆိုင်ရာ ပြဿနာများ • သွေးအတွင်း potassium နည်းခြင်း • သွေးအတွင်း potassium များခြင်း • သွေးအတွင်း magnesium နည်းခြင်း • အဆုတ်ရောဂါ၊ အခြားအသက်ရှူလမ်းကြောင်းရောဂါများ • Thyroid ရောဂါများ အရွယ်ရောက်ပြီးသူတွေမှာ Amiodarone ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။ • နှလုံးခုန်မမှန်ခြင်း အတွက် လူကြီးတွေမှာအသုံးပြုရန် Initial dose: 1000 mg အကြောဆေးသွင်းခြင်းကို ပထမ ၂၄ နာရီအတွင်းတွင် အောက်ပါ ပုံစံနဲ့ပေးပါသည်။ ပထမ ၁၀ မိနစ် ကို 150 mg (15 mg/min) ထို့နောက် နောက် ၆ နာရီကို 360 mg (1 mg/min) Maintenance infusion: နောက်ကျန်တဲ့ ၁၈ နာရီကို 540 mg (0.5 mg/min) Initial dose: Loading doses 800 to 1600 mg/day သောက်ဆေးကို ဆေးကုသမှု တုံ့ပြန်သည်အထိ ပထမ ၁ ပတ်မှ ၃ ပတ်အတွက်လိုအပ်သည်။ (ကြာကောင်းလည်းကြာနိုင်သည်။) လုံလောက်တဲ့ နှလုံးစည်းချက်ကို ထိန်းသိမ်းသွားနိုင်ရင် (သို့) ဘေးထွက်ဆိုးကျိုးတွေ သိသိသာသာ ပေါ်လာရင် ဆေးပမာဏကို တစ်လ အတွက် 600 to 800 mg/day သို့ လျော့ချပြီး နောက် maintenance dose ကို အများအားဖြင့် 400 mg/dayနဲ့ ပေးသည်။ အချို့လူနာများသည် ဆေးပမာဏ 600 mg/day လိုအပ်နိုင်သည်။ Amiodarone ကို နေ့စဉ် တစ်ကြိမ်သာအသုံးပြုသင့်ပြီး အစာအိမ်အူလမ်းကြောင်းဆိုင်ရာ မခံနိုင်တဲ့ လူနာတွေမှာတော့ တစ်နေ့မှာ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ ကလေးငယ်တွေမှာ Amiodarone ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။ • Supraventricular Tachycardia အတွက် ကလေးသောက်ရန် ၁ လအောက်။ လုံလောက်သော အချက်အလက်များမရှိပါ။ သောက်ဆေး loading dose: 10 to 20 mg/kg/day သောက်ဆေး တစ်နေ့ကို ၂ ကြိမ်ခွဲ၍ ၇ ရက်မှ ၁၀ ရက်အထိပေးနိုင်သည်။ ထို့နောက်ဆေးပမာဏကို 5 to 10 mg/kg/day နေ့စဉ် တစ်ရက်တစ်ကြိမ်ထိလျော့ချနိုင်သည်။ ထို့နောက် ၂လမှ ၇လ အထိဆက်ပေးနိုင်သည်။ ဒီ protocol ကို တစ်နှစ်အောက်ကလေး အယောက် ၅၀ (၉လအောက်) နဲ့ တစ်လသား (အငယ်ဆုံးတစ်ရက်သားအထိ) တွင် အသုံးပြုခဲ့သည်။ အကြောဆေး loading dose: 5 mg/kg ၆၀ မိနစ်ကြာအောင်ပေးသည်။ မှတ်ချက်။ ညွှန်ကြားချက်မပါဘဲ Bolus infusion နှုန်းကို 0.25 mg/kg/minute ထက်ပိုမပေးရ။ လေ့လာမှုအများစုကတော့သွေးပေါင်ချိန်ကျဆင်းခြင်း မဖြစ်အောင် bolus infusion အချိန်ကို မိနစ် ၆၀ ကြာအောင်ပေးကြသည်။ initial loading dose ကို အများဆုံး total initial load: 10 mg/kg ထိပေးနိုင်သည်။ သို့သော် နေ့စဉ် စုစုပေါင်းပမာဏ bolus of 15 mg/kg/day ထက်တော့ပိုမပေးရ။ ၁ နှစ်အောက်။ Initial dose: 600 to 800 mg/1.73 m²/day သောက်ဆေး ၄ ရက်မှ ၁၄ ရက် ။ တစ်ရက်ကို ၁-၂ ကြိမ်ခွဲပေးနိုင်သည်။ Maintenance dose: 200 to 400 mg/1.73 m²/day သောက်ဆေး တစ်ရက်တစ်ကြိမ်ပေးနိုင်သည်။ ၁ နှစ်အထက်။ Initial dose: 10 to 15 mg/kg/day သောက်ဆေး ၄ ရက်မှ ၁၄ ရက် ။ တစ်ရက်ကိုဆေးပမာဏ ၁-၂ကြိမ် ခွဲပေးနိုင်သည်။ Maintenance dose: 5 to 10 mg/kg/day သောက်ဆေး တစ်ရက်တစ်ကြိမ် Amiodarone ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။ Amiodarone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။ သောက်ဆေးပြား: 200 mg. • အမြင်အာရုံဝေဝါးခြင်း • ရီဝေဝေ ဖြစ်ခြင်း Amiodarone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။ Amiodarone (Bulk). http://www.webmd.com/drugs/2/drug-94074/amiodarone-bulk/details. Accessed Amiodarone. https://www.drugs.com/amiodarone.html. Accessed Aug 15, 2016. Amiodarone (Oral Route). http://www.mayoclinic.org/drugs-supplements/amiodarone-oral-route/description/drg-20061854. Accessed Aug 15, 2016.
https://hellosayarwon.com/drugs-az/amiodarone-%E1%80%B1%E1%80%A1%E1%80%99%E1%80%AE%E1%80%9B%E1%80%AD%E1%80%AF%E1%80%92%E1%80%9B%E1%80%AF%E1%80%94%E1%80%B9%E1%80%B8/
Metaverse အတွက် Digital Wallet ဖြစ်လာမယ့် Meta Pay ကို မိတ်ဆက်လိုက်ပြီ – MyTech Myanmar Metaverse အတွက် Digital Wallet ဖြစ်လာမယ့် Meta Pay ကို မိတ်ဆက်လိုက်ပြီ Facebook ကအပြင် တခြားသော Social Media Service အများအပြားကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ အခုအချိန်မှာ Meta Pay အမည်ရတဲ့ Digital Wallet အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Meta Pay ဟာ ယခင်တုန်းက Facebook Pay ကို နာမည်ပြောင်းလဲထားတာဖြစ်ပေမယ့် နည်းပညာအသစ်တွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ Meta ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Meta Pay အဖြစ်ပြောင်းလဲလိုက်တာဟာ အဓိကအနေနဲ့ အချက် ၂ ချက်ကို ဖြေရှင်းသွားနိုင်မယ်လို့ သိရပါတယ်။ ဒါကတော့ Metaverse အတွင်းမှာ Digital Goods တွေကို ဝယ်ယူမှုအတွက်နဲ့ ပိုင်ဆိုင်မှုကို သက်သေပြနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် Metaverse အတွင်းမှာ Meta Pay ကို အသုံးပြုပြီး ဝယ်ယူမှုတိုင်းဟာ တခြားသော Service တွေ၊ Platform တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အဆိုပါ Digital Item တွေမှာ တူညီတဲ့ Web3 အခြေခံထားတဲ့ Singular Digital Identity ရှိဖို့တော့ လိုအပ်မယ်လို့ သိရပါတယ်။ Mark Zuckerberg ကတော့ Metaverse အတွင်းမှာ Payment Method ကို တစ်ခုတည်းအနေနဲ့ Universal ထားရှိတာဟာ Content Creator တွေအပြင် Consumer တွေအတွက် ပိုပြီး အဆင်ပြေစေမယ်ဆိုပြီး ပြောကြားနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ မကြာသေးခင်ကလည်း Meta ဟာ Microsoft နဲ့ Epic Games အပါအဝင် နည်းပညာကုမ္ပဏီတွေနဲ့လည်း Metaverse အတွက် ပူးပေါင်းမှုတွေကို ဆောင်ရွက်ခဲ့ပါသေးတယ်။ Ref – News Bitcoin MyTech Myanmar2022-07-01T20:14:05+06:30June 27th, 2022|Blockchain, Cryptocurrency, News|
https://mytechmyanmar.com/meta-launches-meta-pay-a-metaverse-dedicated-digital-wallet/
ဆီမီးခွက်လှူသော အကျိုး (၃) ပါး ~ သရုပ်ပြ မာတိကာကျမ်း ၁။ အရောင်အဝါနှင့် ပြည့်စုံခြင်း။ ၂။ မြတ်သောအဖြစ်နှင့် ပြည့်စုံခြင်း။ ၃။ ပညာရှိခြင်း။
http://martikar.pikay.org/2012/05/blog-post_8024.html
Indian Railways က နိုင်ငံတွင်းမှာ lock down လုပ်တာမို့ ရထားခရီးစဉ် အတော်များများ ရပ်နားထားချိန်မှာ ရထားတွဲတွေကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ Covid-19 လူနာတွေကို သီခြားခွဲထားပြီး ကုသပေးနိုင်စေဖို့ ဖြစ်ပါတယ်။ ဦးစွာပထမ ရှေ့ပြေးပုံစံအနေဖြင့် ရထားတွဲအချို့ကို ဆေးရုံအဆောင်တစ်ခုစီအဖြစ် ပြောင်းလဲခဲ့ကြတယ်။ စံရည်စံသွေး စစ်ဆေးစမ်းသပ်မှုများ ပြုခဲ့ပါတယ်။ လေအေးပေးစက် မပါတဲ့ ရထားတွဲ ၉ တွဲမှာ အိမ်သာ ၄ ခန်းပါဝင်ပြီး ၂ ခန်းကို ရေချိုးခန်းအဖြစ် ပြောင်းလဲပါတယ်။ သီးခြားအခန်းများ ဖွဲ့ပြီး ၁၀ ခန်း ဖွဲ့တည်ပါတယ်။ တစ်ခန်းကို သူနာပြုအခန်းအဖြစ် ထားရှိပြီး ကျန်အခန်းတွေကို လူနာတွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။ သူနာပြုအခန်းက ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုရမယ့်အခန်း ဖြစ်ပါတယ်။ အခန်းတွေ ဖွဲ့တာမှာ အထက်သားနဲ့ အလုံကာရံပြီး ဝင်ထွက်ပေါက်ကိုတော့ ပလတ်စတစ်ခန်းဆီး တပ်ဆင်ပါတယ်။ ရထားတွဲတိုင်းကို လျှပ်စစ် ၂၂၀ ဗို့အား စီစဉ်ပေးထားမှာဖြစ်လို့ ဆေးကိရိယာများ သုံးစွဲဖု့ အဆင်ပြေမှာ ဖြစ်ပါတယ်။ အိပ်စင်တွဲတွေမှာတော့ ပုံမှန်အခြေအနေမှာ တစ်ခန်းလျှင် လူနာ တစ်ဦး ထားရှိမှာဖြစ်ပြီး မနိုင်မနင်း ဖြစ်လာချိန်ကျမှ တစ်ခန်းမှာ နှစ်ဦး ထားရှိမှာ ဖြစ်ပါတယ်။ ရထားတွဲ တစ်တွဲစီဟာ ဆေးရုံအဆောင်တစ်ခုနဲ့ အလားတူနေမှာ ဖြစ်ပြီး ပထမအဆင့်မှာ ဆေးရုံအဖြစ် ပြောင်းလဲပေးနေတဲ့ ရထားတွဲပေါင်း နှစ်သောင်းအထိ ရှိနိုင်ပြီး ရထားဆေးရုံတွေမှာ လူနာ သုံးသိန်းနှစ်သောင်းအထိ လက်ခံပေးဖု့ိ ကုတင်တွေ အသင့်ရှိနေအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ Written By Do Jay Sann ၂ ပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ထားသော နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ထိုင်ဝမ် ပိတ်ပင် COVID-19 ရောဂါပိုးတွေ့ရှိသူ အယောက် ၂၀ ထိရှိလာတဲ့ မြန်မာနိုင်ငံ အနံ့ အရသာ ပျောက်နေပြီဆို သတိထားပါ ရန်ကုန်လေးမြို့နယ်ကို ကန့်သတ်ချက်တွေ ဖြေလျှော့ပေးတော့မည်
https://www.healthproducts.com.mm/wuhan-virus/item/2510-indian-railways-makes-all-its-hospitals-available-to-central-government-employees.html
လမ်းခွဲရန်အချိန်ကျူး | နိုင်ငံတော်သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော် ၁ ဖန်ဆင်းခြင်း အချိန်ကတည်းက၊ နောက်ဆုံးသောကာလတွင် ငါသည် ငါ၏စိတ်နှင့် တစ်ညီတစ်ညွှတ်တည်းဖြစ်သော လူအုပ်စုတစ်စုကို ပြုလုပ်မည်ဟု ပရောဖက်ပြုပြီးဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ကမ္ဘာမြေပေါ်၌ စံတစ်ခုကို တည်ထောင်ပြီးနောက် ငါ၏ ဘုံဗိမာန်သို့ ပြန်မည်ဟု ငါဟောကိန်းထုတ်ပြီးဖြစ်သည်။ လူသားမျိုးနွယ်အားလုံးက ငါ့ကို အလိုပြည့်စေပြီးချိန်တွင်၊ ငါ၏ သတ်မှတ်ချက်များကို သူတို့ စွမ်းဆောင်ပြီးလိမ့်မည်ဖြစ်ပြီး ၎င်းတို့ထံမှ အဘယ်အရာမျှ ငါလိုအပ်တော့မည်မဟုတ်။ ယင်းအစား၊ လူသားမျိုးနွယ်နှင့် ငါသည် ငါတို့၏ အတိတ်က နေ့ရက်များ၏ ဇာတ်ကြောင်းများကို အချင်းချင်း ပြောဆိုကြမည်ဖြစ်ပြီး၊ ယင်းနောက်တွင် လမ်းခွဲကြပါလိမ့်မည်။ ငါတို့လမ်းခွဲပြီးနောက် လူသားတို့အနေဖြင့် ငါ၏ “အမွေဥစ္စာ” ကို ဆက်လက်လုပ်ဆောင်နိုင်ကြလိမ့်မည်ဟု ငါမျှော်လင့်၏၊ ထို့ပြင် ငါ၏အသက်တာတစ်လျှောက်တွင် ငါပေးခဲ့သော သွန်သင်ချက်များကို မေ့လျာ့ခြင်းမရှိကြရန်၊ ငါ၏နာမကို အသရေပျက်စေမည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြရန်နှင့် ငါ၏နှုတ်ကပတ်တော်ကို စိတ်ထဲတွင် စောင့်ထိန်းကြရန် ငါမျှော်လင့်၏။ ငါစွန့်ခွာပြီးချိန်တွင် လူသားမျိုးနွယ်သည် ငါ့အလိုကိုဖြည့်ရန် အကောင်းဆုံးကြိုးစာမည်ဟု ငါမျှော်လင့်သည်။ လူသားမျိုးနွယ်သည် ၎င်းတို့ ဘဝများ၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် ငါ၏နှုတ်ကပတ်တော်ကို အသုံးပြုကြလိမ့်မည်ဟု ငါမျှော်လင့်၏။ ငါ၏ စိတ်နှလုံးသည် လူသားမျိုးနွယ်အပေါ် အမြဲ စိုးရိမ်ပူပန်မှုရှိပြီး ငါသည် ၎င်းတို့အပေါ် ကို အမြဲသံယောဇဉ်ရှိခဲ့သောကြောင့် ငါ့ကို စိတ်မပျက်စေနှင့်။ ၂ တစ်ချိန်က လူသားမျိုးနွယ်နှင့် ငါသည် ကမ္ဘာမြေပေါ်တွင် အတူတကွစုဝေးပြီး ကောင်းကင်ဘုံ၌ရှိသည့် ထပ်တူကောင်းကြီးမင်္ဂလာများကို မြေကြီးပေါ်တွင် ခံစားခဲ့ကြရ၏။ ငါသည် လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်ပြီး ၎င်းတို့နှင့်အတူ နေထိုင်ခဲ့သည်၊ လူသားမျိုးနွယ်က ငါ့ကို အမြဲချစ်ခဲ့ပြီး ငါသည် ၎င်းတို့ကို အမြဲချစ်ခဲ့၏၊ ငါတို့သည် အချင်းချင်း စွဲလမ်းရင်းနှီးမှုရှိခဲ့ကြသည်။ လူသားမျိုးနွယ်နှင့်အတူရှိခဲ့သည့် ငါ၏အချိန်ကို ပြန်အမှတ်ရသောအခါ၊ ရယ်မောခြင်းနှင့် ဝမ်းမြောက်ခြင်းများ ပြည့်ခဲ့သည့် ငါတို့၏ နေ့ရက်များကို ပြန်သတိရမိသည်၊ သည့်အပြင် စကားများမှုများလည်း ရှိခဲ့ပေသည်။ မည်သို့ပင်ဆိုစေ၊ ငါတို့ကြားက ချစ်ခြင်းမေတ္တာသည် ဤအခြေခံအကြောင်းအရင်းအပေါ် တည်ခဲ့ပြီး ငါတို့၏ ဆက်ဆံရေးမှာ ဘယ်တော့အခါမျှ ပြတ်တောက်ခဲ့ခြင်း မရှိပေ။ အဆက်အသွယ်ရှိခဲ့သည့် ငါတို့၏ နှစ်များစွာအလယ်တွင်၊ လူသားမျိုးနွယ်က နက်ရှိုင်းသည့် ခံစားချက်တစ်ခု ငါ့အပေါ် ချန်ရစ်ခဲ့ပြီး လူသားမျိုးနွယ်တို့ မွေ့ပျော်ဖို့ အမှုအရာများစွာ ငါပေးခဲ့ကာ၊ ယင်းအတွက် လူသားမျိုးနွယ်က ကြီးမားသည့် ကျေးဇူးတင်ရှိမှုကို အမြဲဖော်ပြခဲ့ပေသည်။ ယခုတွင် ငါတို့၏ တွေ့ဆုံမှုသည် ယခင်နှင့် ဘာမျှတူညီခြင်းမရှိ၊ အဘယ်သူသည် ငါတို့၏ ဤခွဲခွာခြင်းအခိုက်အတန့်ကို လွမ်းဆွတ်နိုင်သနည်း။ လူသားမျိုးနွယ်သည် ငါ့အတွက် လေးနက်သည့် ချစ်ခင်မှုရှိပြီး၊ ငါသည် ၎င်းတို့အတွက် အဆုံးမဲ့ ချစ်ခြင်းမေတ္တာရှိ၏၊ သို့သော် ယင်းနှင့်ပတ်သက်၍ အဘယ်အရာ လုပ်ဆောင်ပြီးမြောက်နိုင်မည်နည်း။ ကောင်းကင်ဘုံ၌ ရှိသော ဖခမည်းတော်၏ သတ်မှတ်ချက်များကို အဘယ်သူ ဆန့်ကျင်ဝံ့လိမ့်မည်နည်း။ ၃ ငါသည် ငါ့အမှု၏ အခြားအစိတ်အပိုင်းကို ပြည့်စုံစေမည့်နေရာ ငါ၏ ဘုံဗိမာန်သို့ ငါပြန်မည်။ ပြန်လည်ဆုံတွေ့ဖို့ အခွင့်အလမ်းတစ်ခု ငါတို့ ရကောင်းရပါလိမ့်မည်။ လူသားမျိုးနွယ်အနေဖြင့် ပူဆွေးသောက လွန်စွာမခံစားဘဲ ကမ္ဘာမြေပေါ်တွင် ငါ့ကို အလိုဖြည့်ဆည်းပေးလိမ့်မည်ဟူသည်မှာ ငါ၏ မျှော်လင့်ချက်ဖြစ်သည်။ ကောင်းကင်ဘုံ၌ ရှိသော ငါ၏ ဝိညာဉ်သည် ၎င်းတို့အပေါ် မကြာခဏ ကျေးဇူးတရား အပ်နှင်းပါလိမ့်မည်။ ငါတို့ကြားက ဖြစ်ပျက်ခဲ့သော မနှစ်မြို့ဖွယ်သောအရာတို့သည် အတိတ်တွင် ရှိပါလေ့စေတော့၊ ငါတို့ကြားတွင် ချစ်ခြင်းမေတ္တာ အစဉ်အမြဲ ရှိပါစေ။ ငါသည် လူသားမျိုးနွယ်ကို ချစ်ခြင်းမေတ္တာများစွာ ပေးခဲ့ပြီးဖြစ်သလို လူသားမျိုးနွယ်သည် ငါ့ကို ချစ်ဖို့ရန် ထိုကဲ့သို့သော ကြီးမားသည့် အဖိုးအခတစ်ခုကို ပေးဆပ်ခဲ့ပြီးဖြစ်၏။ ငါတို့ ချစ်ခြင်းမေတ္တာသည် လူ့လောကတစ်ဝှမ်းလုံးဆီ တိုးချဲ့သွားပြီး ထာဝရ လက်ဆင့်ကမ်းဖို့အလို့ငှာ လူသားမျိုးနွယ်က ငါတို့ကြားက တမူထူးခြားပြီး ဖြူစင်သည့် ချစ်ခြင်းမေတ္တာကို တန်ဖိုးထားသည်ကို ငါမျှော်လင့်၏။ ငါတို့ ပြန်ဆုံချိန်တွင်၊ ငါတို့ ချစ်ခြင်းမေတ္တာသည် ထာဝရ ဆက်လက်တည်ရှိပြီး လူအားလုံးက ချီးကျူးထောမနာပြုကာ ပြောဆိုကြဖို့ရန်အလို့ငှာ ချစ်ခြင်းမေတ္တာ၌ ငါတို့ ဆက်လက်၍ ဆက်သွယ်လျက်ရှိကြပါစို့။ ဤအရာက ငါ့ကို အလိုပြည့်စေမည်ဖြစ်ပြီး ငါ၏အပြုံးမျက်နှာကို လူသားမျိုးနွယ်အား ငါပြသမည်။ ၎င်းတို့ကို ငါအပ်နှံခဲ့သည့် အရာအားလုံးကို လူသားမျိုးနွယ်သည် သတိရလိမ့်မည်ဟု ငါမျှော်လင့်ပါသည်။ ယခင်က:ဘုရားသခင် လူတိုင်းအတွက် တိတ်ဆိတ်စွာ ပေးနေ နောက်တစ်ခုသို့:ဘုရား၏အနှစ်သာရသည် ကိုယ်ကျိုးမငဲ့ပေကျူး
https://my.kingdomsalvation.org/time-to-part-ways-song.html
မိုးခေါင်မှုကြောင့် အီရတ်ဆည်တစ်ခုအတွင်းက သက်တမ်း နှစ်ပေါင်း ၃၄၀၀ခန့်ရှိ နန်းတော်ဟောင်း ပြန်ပေါ်လာခဲ့ - Thutazone အီရတ်နိုင်ငံမြောက်ပိုင်းမှာ မိုးခေါင်မှုကြောင့် ရေများခမ်းခြောက်သွားရာကနေ နန်းတော်အဆောက်အအုံပျက်တစ်ခုဟာ ပြန်ပေါ်လာခဲ့ပါတယ်။ ပညာရှင်တွေလေ့လာမှုအရ သက်တမ်း နှစ်ပေါင်း ၃၄၀၀ ခန့်ရှိတဲ့ ဒီနန်းတော်အဆောက်အအုံဟောင်းကို Kurdistan ဒေသ Tigris မြစ်ကမ်းပါးမှာရှိတဲ့ မိုဆူးလ်ဆည် ထဲကနေ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒီတွေ့ရှိမှုအတွက် သုတေသနပညာရှင်တွေ စိတ်လှုပ်ရှားနေကြပြီး အကြောင်းကတော့ ဒီအဆောက်အအုံပျက်ဟာ ရှေးဟောင်းအင်ပါယာတစ်ခုဖြစ်တဲ့ Mittani အင်ပါယာနဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။ Mittani အင်ပါယာဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဘီစီ ၁၅၀၀ ကနေ ၁၃၀၀ အတွင်း ပေါ်ထွန်းခဲ့ဖူးတဲ့ အင်ပါယာတစ်ခုဖြစ်ပါတယ်။ အင်ပါယာရဲ့ အအောင်မြင်ဆုံးအချိန်ဟာ ဘီစီ ၁၄ရာစုခန့်မှာဖြစ်ပြီး မြို့တော်ကတော့ ခိုင်ဘာမြစ်ကမ်းပေါ်က Washukanni မြို့ဖြစ်ပါတယ်။ ယူဖရေးတီး နှင့် တိုက်ဂရန် မြစ်နှစ်သွယ်ပေါင်းဆုံရာ အရပ်မှာ မင်းမူခဲ့တဲ့ Mittani အင်ပါယာဟာ ဟစ်တိုက်တွေနဲ့ အဆီးရီးယန်းတို့ရဲ့တိုက်ခိုက်မှုကြောင့် အင်အားလျော့လာခဲ့ပြီး နောက်ဆုံးမှာတော့ အလယ်ပိုင်းအဆီးရီးယန်းအင်ပါယာရဲ့နယ်မြေတစ်ခုအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရပါတယ်။ အခုပြန်လည်တွေ့ရတဲ့ ဒီနန်းတော်ဟောင်းဟာ အဲဒီ Mitani အင်ပါယာတန်ခိုးထွားစဉ်အခါက တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ နန်းတော်ပျက်အတွင်းမှာတော့ အနီ နဲ့ အပြာရောင်တွေနဲ့ ဆေးခြယ်ထားတဲ့ နံရံဆေးရေးပန်းချီများကို မပျက်မစီးသေးပဲ တွေ့ရှိရပါသေးတယ်။ ဒီနေရာမှာ နန်းတော်ရှိနေတယ်ဆိုတာကို ၂၀၁၀ခုနှစ်လောက်ကတည်းက သိရှိခဲ့ကြပေမယ့် ရေများရှိနေတဲ့အတွက်ကြောင့် လေ့လာခွင့်မရခဲ့ပဲ မိုးခေါင်ပြီး ဆည်ထဲကရေများလျှော့ကျသွားတဲ့ ယခုအခါမှ တူးဖော်လေ့လာခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ “အခုပြန်လည်တွေ့ရှိမှုဟာ ဒီဒေသရဲ့ရှာဖွေတွေ့ရှိမှုတွေထဲမှာ အရေးအကြီးဆုံးတွေ့ရှိမှုဖြစ်တယ် ” လို့ကာ့ဒ်ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ Hasan Ahmed Qasim က ဆိုပါတယ်။ နန်းတော်ဟောင်ကို မြစ်နဲ့ ၆၅ပေ သာ ကွာဝေးတဲ့နေရာမှာ တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ နံရံတွေကို ရွှံ့အုတ်တွေနဲ့ တည်ဆောက်ထားခဲ့တာဖြစ်ပြီး အဲဒီခေတ်ရဲ့ ဗိသုကာပညာရပ်တွေကို ပြန်လည်လေ့လာမှတ်တမ်းတင်ခွင့် ရခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံ Tübingen တက္ကသိုလ်က အရှေ့အလယ်ပိုင်းလေ့လာရေး သုတေသနပညာရှင် Ivana Puljiz ကတော့ ဒီနန်းတော်ရဲ့အမည်ဟာ Kemune ဖြစ်ကြောင်းနဲ့ နန်းတော်နံရံအထူကို ရွှံ့အုတ်များနဲ့ အထူ ၆.၆ပေ အထိ တည်ဆောက်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။ ကျန်ရှိနေတဲ့ နံရံတချို့ရဲ့အမြင့်ဟာလည်း ၇ပေနီးပါးရှိနေပြီး အခန်းပေါင်းများစွာကို ခွဲပြီးတည်ဆောက်ထားခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ရှေးခေတ်အဆီးရီးယန်းတို့ရဲ့ စာရေးနည်းဖြစ်တဲ့ ဖောင်းစာရေးနည်း cuneiform နဲ့ ရေးထားတဲ့ ရွံ့စေးပြား ၁၀ ချပ်ကိုလည်း တွေ့ရှိရပါသေးတယ်။ ဘာတွေရေးထားသလဲသိရဖို့ ရွံ့စေးပြားစာတွေကို ဓာတ်ပုံရိုက်ပြီး ဂျာမနီကိုပို့ကာ ဘာသာပြန်ခိုင်းထားတယ်လို့ သိရပါတယ်။ Mitani အင်ပါယာနဲ့ ပတ်သတ်တဲ့ ဗိသုကာ ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး စတဲ့ တစ်ခုခုကို ဒီစာတွေထဲကနေ တွေ့ရှိနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ လက်ရှိမှာတော့ သုတေသနပညာရှင်တွေဟာ ဒီနေရာကို အမြန်ဆုံး တူးဖော်လေ့လာရေးတွေကို လုပ်ဆောင်နေကြရပါတယ်။ အကြောင်းကတော့ ရေပြန်လည်တက်လာတဲ့အခါ နန်းတော်ဟောင်းရှိရာနေရာကို ပြန်လည်ဖုံးလွှမ်းသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ CNN : Ancient palace emerges from drought-hit Iraq reservoir
https://www.thutazone.net/%E1%80%99%E1%80%AF%E1%80%AD%E1%80%B8%E1%80%B1%E1%80%81%E1%80%AB%E1%80%84%E1%80%B9%E1%80%99%E1%82%88%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%AE%E1%80%9B%E1%80%90/
Pronuncia di ကျေးဇူးတင်ပါသည်: come pronunciare ကျေးဇူးတင်ပါသည် in Birmano Come pronunciare ကျေးဇူးတင်ပါသည် Pronuncia di ကျေးဇူးတင်ပါသည် in Birmano [my] Pronuncia di ကျေးဇူးတင်ပါသည် Pronunciato da novasaint (Donna, Birmania) Puoi fare di meglio? Con accento diverso? Pronuncia ကျေးဇူးတင်ပါသည် in Birmano Condividi la pronuncia di ကျေးဇူးတင်ပါသည် in Birmano: Traduzione di ကျေးဇူးတင်ပါသည် Parola casuale: mingalarbar, မန္တလေးမြို့, နေပြည်တော, maung, thein
https://it.forvo.com/word/%E1%80%80%E1%80%BB%E1%80%B1%E1%80%B8%E1%80%87%E1%80%B0%E1%80%B8%E1%80%90%E1%80%84%E1%80%BA%E1%80%95%E1%80%AB%E1%80%9E%E1%80%8A%E1%80%BA/
https://mydoctor.com.mm/how-to-repair-your-skin-after-going-to-beach/
Eindhoven နှင့်အမ်စတာဒမ်ရှိဥပဒေအကြံပေးကုမ္ပဏီ Law & More Eindhoven နှင့် Amsterdam ရှိဥပဒေကုမ္ပဏီ
https://lawandmore.cc/
စက်တင်ဘာ ၁၇၊ ၂၀၂၀M-Media ဘိုင်ယန်ကွင်းလယ်လူ သီယာဂိုကို လီဗာပူးလ်ခေါ်ယူ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂို အလ်ကန်တာရာကို ၄ နှစ်စာချုပ် ပေါင် ၂၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီချက် ရခဲ့ပါတယ်။ အသက် ၂၉[Read More…] စက်တင်ဘာ ၁၃၊ ၂၀၂၀ M-Media တိုက်စစ်မှူးဆာလာဟ်မှာ ထူးရှယ်ကစားသမားဟု ကလော့ပ်ပြော တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ထူးရှယ်ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်ကာလ အချိန်အတော်ကြာတဲ့အထိ ဒီအတိုင်း ရှိနေလိမ့်မယ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်ပါတယ်။ မနေ့က[Read More…] စက်တင်ဘာ ၁၂၊ ၂၀၂၀ M-Media ကွင်းအတွင်း ပရိသတ်ဝင်ခွင်ပြုရေး ပရီးမီးယားလိဂ်က ဗြိတိန်အစိုးရကို တောင်းဆို ဘောလုံးပွဲတွေမှာ ပရိတ်သတ်ဝင်ခွင့်ပြုရေး ကန့်သတ်မယ့် အစိုးရရဲ့အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့ ပရီးမီးယားလိဂ်က ဗြိတိန်အစိုးရကို စာပို့တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး[Read More…] ​စက်တင်ဘာ ၁၀၊ ၂၀၂၀ M-Media ပေါ့ဘာမှာ အလုပ်ပေါ်တွင် စိတ်နှစ်မြှုပ်မှုမရှိဟု ဂယ်ရီနဗီးလ်ပြော ကွင်းလယ်လူပေါ့ဘာဟာ ပါရမီရှိပေမယ့် စိတ်နှစ်မြှုပ်မှုအားနည်းတာကြောင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက် မဖြစ်တာလို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပေါင်[Read More…]
http://www.m-mediagroup.com/news/tag/epl2020-21/page/8
YEYINTNGE(CANADA): ဒီကားစီးခိုင္းပါ
http://yeyintnge.blogspot.com/2014/08/blog-post_17.html
ကမ္ဘာ့ကျန်းမာရေးနေ့ - ဝီကီပီးဒီးယား ကမ္ဘာ့ကျန်းမာရေးနေ့ ကို နှစ်စဉ်ဧပြီလ ၇ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ဦးဆောင်မှုဖြင့် ကျင်းပလေ့ရှိသည်။ ၁၉၄၈ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ပထမဆုံး ကမ္ဘာ့ကျန်းမာရေး ညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ၁၉၅၀ခုနှစ်မှစ၍ ကမ္ဘာ့ကျန်းမာရေးနေ့ ကို နှစ်စဉ် ဧပြီလ ၇ ရက်နေ့ တွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနေ့တွင်ကျင်းပခြင်းအားဖြင့် ကမ္ညာ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်သည့်နေ့ ကို အမှတ်ရစေရန်၊ ကမ္ဘာ့ကျန်းမာရေး၏အရေး ကြီးပုံကို လူထုက အာရုံစိုက်မှုကို ရရှိစေရန် ရည်ရွယ်၍ ကျင်းပသည်။ ၁ ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်များ ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်များ[ပြင်ဆင်ရန်] ၂၀၁၂ - သက်ကြီးသူတို့ ကျန်းမာဖို့ လူမှုဘဝမြှင့်တင်စို့ ၂၀၁၁ - ဆေးဝါးယဉ်ပါးမှု အန္တာရယ် ကာကွယ်ဖို့၊ အားလုံးပူးပေါင်း တိုက်ဖျက်ကြစို့ ၂၀၁၀ - မြို့ပြလူမှုဘဝ မြင့်မားရေး ကျန်းမာရေးကို မြှင့်တင်ပေး ၂၀၀၉ - ကျန်းမာရေးအတွက် အရေးကြုံက ကျော်လွှားနိုင်ရန် ပြင်ဆင်မှ အသက်ပေါင်းများစွာ ချမ်းသာရ ၂၀၀၈ - ရာသီဥတု ပြောင်းလဲမှု ကျန်းမာရေးအတွက် သတိပြု ဧပြီလ ၇ ရက်၊ ၂၀၁၂ ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေး၏ ဆောင်ပုဒ်မှာ သက်ကြီးသူတို့ ကျန်းမာဖို့ လူမှုဘဝမြှင့်တင်စို့ ဖြစ်သည်။ ယနေ့အချိန်တွင် သက်ကြီးရွယ်အိုများ တိုးပွားလာပြီး ကလေးငယ်များ လျော့နည်းလာပြီဟု ပညာရှင်များက အခိုင်အမာဆိုကြသည်။ ထိုတိုးပွားလာသည့် သက်ကြီးရွယ်အိုတို့အတွက် ကျန်းမာရေး စောင့်ရှောက်ပေးမှုမှာ ပို၍ပို၍ အရေးကြီးလာပေသည်။ သက်ကြီးရွယ်အိုတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တို့ကို မိသားစုဝင်များ၊ အိမ်နီးနားချင်းများ၊ ရပ်ကွက်လူကြီးများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတော်အစိုးရ အဆင့်အလိုက် စီစဉ်ပေးရန် တာဝန်ရှိကြောင်း လေးနက်စေလိုခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ ဆေးဝါးယဉ်ပါးမှု အန္တာရယ် ကာကွယ်ဖို့၊ အားလုံးပူးပေါင်း တိုက်ဖျက်ကြစို့ ဖြစ်သည်။ ရောဂါပိုးသတ်ဆေးများ အလွယ်တကူရရှိ အသုံးပြုခြင်း၊ လွဲမှားစွာ အသုံးချမှုများကြောင့် ဆေးယဉ်ပြီး ကုသရခက်သော ရောဂါပိုးများစွာ ပေါ်ပေါက်လာခြင်းကို ကာကွယ်၊ တားဆီးဖို့ ဖြစ်သည်။ World Health Day on English Wikipedia WHO Myanmar - Annual Events Archived 23 August 2011 at the Wayback Machine. မြန်မာ့အလင်းသတင်းစာ (ဧပြီလ ၇ ရက်၊ ၂၀၁၂ ထုတ်) "https://my.wikipedia.org/w/index.php?title=ကမ္ဘာ့ကျန်းမာရေးနေ့&oldid=638879" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%B1%E1%80%B7
ဖေ့စ်ဘွတ်ခ်သုံးတဲ့ကြာချိန်ကို ကိုယ်တိုင်ကန့်သတ်နိုင်တဲ့ “Your Time on Facebook” Feature – DigitalTimes အချိန်ကိုကောင်းကောင်းအသုံးချနိုင်ဖို့ Feature တစ်ခု ဖေ့စ်ဘွတ်ခ်ဆီရောက်လာပြီထင်ပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးတဲ့ကြာချိန်ကို User တွေဆီ ပြပေးမယ့် Feature သစ်တစ်ခုကို အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Jane Manchun Wong က သတိပြုမိခဲ့ပြီး TechCrunch ကနေ သတင်းကိုပထမဆုံးဖော်ပြပေးထားပါတယ်။ (Jane Manchun Wong’s Twitter Link) “Your Time On Facebook” လို့နာမည်ပေးထားပြီး Apple တို့ Google တို့က User တွေအနေနဲ့ သူတို့ဖုန်းတွေကွန်ပျူတာတွေကို အချိန်ဘယ်လောက်လောက်သုံးမိနေတယ်ဆိုတာ ပြပေးတဲ့ပုံစံအတိုင်း သွားထားပါတယ်။ လက်ရှိပုံစံမှာတော့ ဒီ Feature က ရက်သတ္တပတ်တစ်ပတ်အတွင်း တစ်ရက်ချင်းစီမှာ ဖေ့စ်ဘွတ်ခ်ကို ဘယ်နှစ်နှာရီသုံးခဲ့လဲဆိုတာပြပေးမှာဖြစ်ပြီး တစ်ရက်ကိုပျမ်းမျှဘယ်နှစ်နာရီလောက်သုံးတယ် ဆိုတာပါ ဖော်ပြပေးထားမှာပါ။ နောက်ပြီး နေ့စဉ်ဖေ့စ်ဘွတ်ခ်အသုံးပြုချိန်ဘယ်လောက်ဆိုတာကို ကိုယ်တိုင်ရွေးချယ်သတ်မှတ်နိုင်တဲ့အပြင် ဖေ့စ်ဘွတ်ခ် Notification ေတွကိုလည်း ပြောင်းလဲစီမံနိုင်တဲ့ လင့်ခ်တစ်ခုပေးထားပါသေးတယ်။ Facebook ကတော့ ဒီ Feature ဟာ စမ်းသပ်ဆဲအဆင့်မှာရှိနေတယ်လို့ အတည်ပြုထားပြီး ဘယ်အချိန်မှာထွက်လာမလဲ User တွေအားလုံးအတွက်ထွက်လာနိုင်ပါ့မလားဆိုတာတွေအတွက်တော့ ဘာသဲလွန်စမှမပေးခဲ့ပါဘူး။ Source: TheVerge, Ref: TechCrunch
https://digitaltimes.com.mm/35084/facebook-is-reportedly-working-on-a-your-time-on-facebook-feature/
About basic page testing (M3) Body တွင်အကြောင်းအရာများကို ပြင်ဆင်ပါ။ Language တွင် English ရွေးထားပါက English ဘာသာဖြင့်ဖြည့်ပါ။ Myanmar ရွေးထားပါက Myanmar 3 ဖြင့်ဖြည့်ပါ။ Zawgyi ရွေးထားပါက Zawgyi ဖြင့်ဖြည့်ပါ။
http://www.mpa.gov.mm/my/home/services
NGC 254 သည် Sculptor ကြယ်စုတန်းမှ lenticular ဂယ်လက်ဆီဖြစ်ပြီး ၁၈၃၄ ခုနှစ်တွင် ဂျွန် ဟာရှယ်ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။
https://my.wikipedia.org/wiki/NGC_254
ဒေတာများကိုတူးဖော်ခြင်းသည်ကွဲပြားခြားနားသောစက်သင်ခြင်းနည်းပညာများပါ ၀ င်သောအချက်အလက်အစုများ၏ပုံစံများကိုရှာဖွေတွေ့ရှိခြင်းဖြစ်စဉ်တစ်ခုဖြစ်သည်။ ဤနည်းစနစ်တွင်အချက်အလက်များကိုပုံစံအမျိုးမျိုးဖြင့်ထုတ်ယူပြီးအမျိုးမျိုးသောရည်ရွယ်ချက်များအတွက်အသုံးပြုသည်။ အချက်အလက်ရှာဖွေခြင်း၏ရည်မှန်းချက်မှာလိုချင်သော ၀ က်ဘ်ဆိုက်များမှသတင်းအချက်အလက်များကိုရယူရန်နှင့်၎င်းကိုထပ်မံအသုံးပြုရန်နားလည်နိုင်သောဖွဲ့စည်းတည်ဆောက်ပုံအဖြစ်ပြောင်းလဲရန်ဖြစ်သည်။ ရှုပ်ထွေးမှုထည့်သွင်းစဉ်းစားခြင်း၊ စိတ်ဝင်စားမှုမက်ထရစ်နှင့်ဒေတာစီမံခန့်ခွဲခြင်းစသည့်နည်းစနစ်အမျိုးမျိုးရှိသည်။ Web ခြစ်ခြင်းသည်သင်လိုချင်သော web စာမျက်နှာများမှအချက်အလက်များကိုထုတ်ယူခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ၎င်းကိုဒေတာထုတ်ယူခြင်းနှင့် web ရိတ်သိမ်းခြင်းဟုလည်းလူသိများသည်။ Scraping tools များနှင့် software များသည် World Wide Web ကို Hypertext Transfer Protocol ဖြင့် သုံး၍ အသုံး ၀ င်သောအချက်အလက်များကိုစုဆောင်းပြီးသင့်လိုအပ်ချက်များအတိုင်းရယူနိုင်သည်။ သတင်းအချက်အလက်များကိုဗဟိုဒေတာဘေ့စ်တစ်ခုတွင်သိမ်းဆည်းထားသည်သို့မဟုတ်နောက်ထပ်အသုံးပြုရန်အတွက်သင်၏ hard drive တွင်ဒေါင်းလုပ်လုပ်သည်။ ဒေတာအသုံးပြုမှု: ဒေတာတူးဖော်ခြင်းနှင့် ဝက်ဘ်ဖျက်ခြင်း တို့အကြားအဓိကကွာခြားချက်တစ်ခုမှာထိုနည်းစနစ်များကိုနေ့စဉ်ဘ ၀ တွင်မည်သို့အသုံးချသနည်း။ ဥပမာအားဖြင့်၊ အချက်အလက်တူးဖော်ခြင်းသည်ကွဲပြားခြားနားသော ၀ ဘ်ဆိုဒ်များနှင့်တစ်ခုနှင့်တစ်ခုမည်သို့ချိတ်ဆက်နေသည်ကိုကြည့်ရန်အသုံးပြုသည်။ Uber နှင့် Careem တို့သည်စက်ပစ္စည်းလေ့လာခြင်းနည်းပညာကို အသုံးပြု၍ သူတို့၏စီးနင်းမှုများအတွက် ETAs ကိုတွက်ချက်ရန်နှင့်တိကျသောရလဒ်များကိုရရှိခဲ့သည်။ ဝက်ဘ်ဖျက်ခြင်းသည်ဘဏ္financialာရေးနှင့်ပညာရေးဆိုင်ရာသုတေသနကဲ့သို့သောရည်ရွယ်ချက်အမျိုးမျိုးအတွက်အသုံးပြုသည်။ ကုမ္ပဏီတစ်ခုသို့မဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုသည်ဤနည်းစနစ်များကို အသုံးပြု၍ ၎င်းတို့၏ပြိုင်ဘက်များနှင့်ပတ်သက်သောအချက်အလက်များကိုစုဆောင်းရန်နှင့်သူတို့၏အရောင်းမြှင့်တင်ရန်အတွက်ဖြစ်နိုင်သည်။ ထို့အပြင်သူတို့သည်အင်တာနက်ပေါ်တွင် ဦး ဆောင်ခြင်းနှင့်ဖောက်သည်အမြောက်အများကိုပစ်မှတ်ထားခြင်းတို့တွင်အရေးပါသောအခန်းကဏ္ play မှပါ ၀ င်သည်။ ဤနည်းစနစ်များ၏အခြေခံများ ၀ က်ဘ်ဖျက်ခြင်းနှင့်အချက်အလက်ရှာဖွေခြင်းနှစ်ခုလုံးသည်တူညီသောအခြေခံအုတ်မြစ်မှဆွဲယူထားသော်လည်းဤနည်းစနစ်များသည်ကွဲပြားသောဘဝကဏ္differentများတွင်အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်၊ အချက်အလက်ရှာဖွေခြင်းကိုလက်ရှိ ၀ က်ဘ်ဆိုက်များမှသတင်းအချက်အလက်များကိုဆွဲယူ။ ဖတ်နိုင်သည့်အရွယ်အစားဖြင့်ပြောင်းပေးသည်။ သို့သော် web ဖိုင်များကို PDF ဖိုင်များ၊ HTML စာရွက်စာတမ်းများနှင့်တက်ကြွသောဆိုဒ်များမှ web အကြောင်းအရာနှင့်သတင်းအချက်အလက်များကိုထုတ်ယူရန်အသုံးပြုသည်။ ကျွန်ုပ်တို့သည်ဤနည်းစနစ်များကိုစျေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းနှင့်ကျွန်ုပ်တို့၏ကုန်အမှတ်တံဆိပ်များနှင့်လူမှုမီဒီယာများမြှင့်တင်ခြင်းအတွက်သင်၏ကုန်ပစ္စည်းများနှင့် ၀ န်ဆောင်မှုများကိုကြော်ငြာရန်အကောင်းဆုံးနေရာဖြစ်သည်။ ကျနော်တို့မိနစ်ပိုင်းအတွင်းတစ် ဦး အထိ 15,000 ဆောင်ထုတ်ပေးနိုင်ပါတယ်။ ဝက်ဘ်စာမျက်နှာများတွင်များစွာသောသတင်းအချက်အလက်နှင့်အချက်အလက်များကို Import.io နှင့် Kimono Labs ကဲ့သို့စိတ်ချရသောကိရိယာများဖြင့်သာဖျက်နိုင်သည်။ ၎င်းသည်အကြောင်းအရာများတူးဖော်ခြင်းသို့မဟုတ်ဝက်ဘ်ဖျက်ခြင်းအစီအစဉ်များတွင်အကောင်းဆုံးဖြစ်သည်။ Import.io သည်ယခုအချိန်အထိဝက်ဘ်စာမျက်နှာ ၆ သန်းအထိခြစ်ယူသည်ဟုကြေငြာခဲ့ပြီးအရေအတွက်သည်နေ့စဉ်တိုးပွားနေသည်။ ဤကိရိယာဖြင့်ကျွန်ုပ်တို့သည်အမျိုးမျိုးသောဆိုဒ်များမှအသုံး ၀ င်သောသတင်းအချက်အလက်များကိုစုဆောင်းနိုင်သည်၊ နှစ်သက်သောပုံစံဖြင့်ခြစ်ပြီးကျွန်ုပ်တို့၏ hard drives တွင်တိုက်ရိုက်ကူးယူနိုင်သည်။ အမေဇုံနှင့်ဂူဂဲလ်ကဲ့သို့သောကုမ္ပဏီများသည် ၀ က်ဘ်စာမျက်နှာများစွာကိုနေ့စဉ်အခြေခံထုတ်ယူရန် Import.io ကိုအသုံးပြုသည်။ Kimono Labs သည်နောက်ထပ်စိတ်ချရသော data mining and web scraping အစီအစဉ်ဖြစ်သည်။ ဒီဆော့ (ဖ်) ဝဲသည်သုံးစွဲသူအတွက်လွယ်ကူသောမျက်နှာပြင်ရှိပြီးသင်၏အချက်အလက်များကို CSV နှင့် JSON ပုံစံများအဖြစ်ပြောင်းလဲပေးပါတယ်။ သင်သည်ဤဝန်ဆောင်မှုနှင့်အတူ PDF ဖိုင်များနှင့် HTML စာရွက်စာတမ်းများကိုခြစ်နိုင်သည်။ စက်ပစ္စည်းသင်ယူမှုနည်းပညာသည် Kimono အားစီးပွားရေးလုပ်ငန်းများနှင့်ပရိုဂရမ်မာများအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်စေသည်။
http://my.daftar-pokeronline.com/
အမေရိကန် Honda ရဲ့ဇန်နဝါရီလမှာရောင်းချနိုင်မှုရလဒ် – AutoMyanmar အမေရိကန် Honda အနေနဲ့ ဇန်နဝါရီလအတွင်းရောင်းချနိုင်ခဲ့တဲ့ရလဒ်အခြေအနေကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကပဲကြေညာခဲ့တာဖြစ်ပါတယ်။ Honda နဲ့ Acura ၂ ခုလုံးရဲ့ ဇန်နဝါရီလအတွင်းရောင်းချနိုင်ခဲ့တဲ့ ရလဒ်ကိုကြေညာခဲ့တာပါ။ ၂၀၁၈ ဇန်နဝါရီလအတွင်းမှာပဲ Honda နဲ့ Acura တို့ဟာ ယာဉ်ပေါင်း ၁ သိန်း ၄ ထောင် ကျော်အထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလတုန်းက ၁ သိန်း ၆ ထောင်ကျော်ရောင်းချနိုင်ခဲ့တာကြောင့် ရာခိုင်နှုန်းနဲ့ကြည့်ရင်ဒီနှစ်ဟာ ၁.၇ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကိုတွေ့ရမှာပါ။ Honda ယာဉ်ကြီးပဲ ၉ သောင်းကျော်ရောင်းချနိုင်ခဲ့ပြီး Acura ယာဉ်တွေကိုတော့ ၈ ထောင်ကျော်သာရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလအတွက် Honda ရော Acura ရောတစ်ခုချင်းစီရဲ့ရောင်းအားဟာ အရင်နှစ် ဇန်နဝါရီလ ထက်အနည်းငယ်လျော့နည်းနေပါတယ်။ အရင်နှစ်ကထက်ရောင်းအားရာခိုင်နှုန်းနည်းနေတဲ့ယာဉ်တွေကတော့ Honda မှာဆိုရင် Accord, CR-Z, Fit, Insight, CR-V, ODYSSEY, RIDGELINE ဖြစ်ပြီး Acura မှာဆိုရင်တော့ ILX, NSX, MDX, RDX တို့ပဲဖြစ်ပါတယ်။ ဘယ်လောက်ရာခိုင်နှုန်းလိုက်ဖို့လိုအပ်သေးလဲဆိုတာကိုတော့ အောက်ပါဇယားကြည့်ခြင်းဖြင့်သိရှိနိုင်မှာပါ။ Honda America’s sales result ရောင်းအားအများဆုံးရရှိခဲ့တဲ့ TLX ကိုတော့ Acura ရဲ့ GM ဖြစ်သူ Jon Ikeda ကတော့ချီးမွမ်းလိုက်ပါပြီ။ ဒါ့အပြင် Acura ရဲ့ RDX ၂၀၁၉ ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာစတင်ကျင်းပမယ့် Chicago Auto Show မှာပြသမယ့်အကြောင်းကိုပါပြောကြားခဲ့ပါသေးတယ်။ Honda အနေနဲ့ နောက်ထပ် Model အသစ်တွေကိုချပြဖို့ အစီအစဉ်တွေရှိနေသေးတာကြောင့် နောက်လ ရောင်းအားကတော့တိုးတက်လာမှာအသေအချာပါပဲ။ American Honda Reports January Sales Results https://t.co/sbOgreZ1XO — Honda Parts Online (@HondaPartOnline) February 5, 2018 Acura, Honda, Month of Sales
https://automyanmar.net/article-american-hondas-january-sales-results-180205/
ဘေးကင်းလုံခြုံမှု ဆိုင်ရာ အချက်အလက်စာရွက်များ - | Yara Myanmar ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်စာရွက်များ ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်စာရွက်များကို သတင်းအချက်အလက်အတွက်သာ ပံ့ပိုးပေးခြင်းဖြစ်ပြီး ပြင်ဆင်ထားရှိပြီးသော နိုင်ငံများ၌သာလျင် အသုံးပြုကြသည်။ ထို့ကြောင့် အချက်အလက်စာရွက်တွင် ပါရှိသော အသုံးပြုမှုဆိုင်ရာ အချက်အလက်များနှင့် ထုတ်ကုန်အသုံးပြုမှု အခြေအနေများမှာ ယာရာ၏ထိန်းချုပ်မှု အောက်တွင်မရှိပဲ ထုတ်ကုန်ကို ဘေးကင်းလုံခြုံအောင် သုံးစွဲမှုအခြေအနေများအား ဆုံးဖြတ်ရန်နှင့် ထိန်းချုပ်ရန်တို့မှာ သုံးစွဲသူ၏ တာဝန်သာဖြစ်ပါသည်။ ဓာတ်မြေသြဇာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်စာရွက်များ
http://yara.com.mm/data-sheet/%E1%80%98%E1%80%B1%E1%80%B8%E1%80%80%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%81%E1%80%BC%E1%80%AF%E1%80%B6%E1%80%99%E1%80%BE%E1%80%AF-%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%A1%E1%80%9C%E1%80%80%E1%80%BA%E1%80%85%E1%80%AC%E1%80%9B%E1%80%BD%E1%80%80%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
- See Saw ပုံစံလှုပ်ပုခတ်ဖြစ်တဲ့အတွက် ကလေးငယ်များကို အချိန်တိုအတွင်းအိပ်​​ပျော်​နိုင်တဲ့အပြင် ချစ်စရာအရုပ်လေးများ ပါတဲ့အတွက် သားသားမီးမီးလေးတွေ နှစ်ခြိုက်စေမှာဖြစ်ပါတယ်။ - ကလေးထိုင်ခုံအဖြစ်အသုံးပြုချိန်တွင် အရုပ်လေးများကို ဖြုတ်ထားနိုင်ပြီး တီးလုံးသံလေးများလဲ ပါဝင်ပါသည်။ ကျောအမှီအား ၂ဆင့် adjustment လုပ်လို့ရပါသည်။ ပုခက်အောက်ထောက်လေးကို ဆွဲထုတ်လိုက်ပြီး ထိုင်ခုံ အငြိမ်ပုံစံအဖြစ်နဲ့လည်း အသုံးပြုလို့ရပါသည်။ Vibration လည်းပါဝင်ပါသည်။ - 8.5 cm × 39 cm × 54 cm - မွေးစမှ 18 kg ပေါင် ၄၀ ကလေးငယ်အထိအသုံးပြုနိုင်ပါသည်။ Code: KLPL68143 Bright Start Merry Sunshine Rocker 108,900 76,230 Ks 30% off Bright Starts Kelidoscope Safari Portable Swing
https://kyarlay.com/p/rocking-chair-green
Become a Member (BU) - ACT on Living Wages Home > Who we are (BU) > Become a Member (BU) အဖွဲ့၀င်တစ်ဉီး ဖြစ်ရန် အသင်း၀င်ခြင်းကို ကုမ္ပဏီအားလုံးအတွက် လမ်းဖွင့်ထားသည်။ ၁သင်၏ကုမ္ပဏီသည် အခြားအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ ACT ၏ရည်ရွယ်ချက်၊ မဟာဗျူဟာရည်မှန်း ချက် နှင့်အစီအစဉ်များကိုပံ့ပိုးရန် ကတိပြုရမည်။ ကုမ္ပဏီ၏ ရေရှည်စီးပွားရေးမျှော်မှန်းချက်များသည် ACT နှင့်ကိုက်ညီကြောင်း ဖော်ပြနိုင်ရမည်။ အထောက် အထားများအနေဖြင့် လူသိရှင်ကြားဖော်ပြထားသော ကတိကဝတ်များနှင့် မိသားစု အခြေခံစား၀တ်နေရေး ဖူလုံစေသည့် လုပ်ခလစာများထူထောင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကနဉီး လုပ်ဆောင်မှုအား ပံ့ပိုးပေးသောအလေ့အကျင့်များပါ ၀င်သင့်သည်။ သင်၏ကုမ္ပဏီသည် ACT နှင့်သက်ဆိုင်သော ပြင်ပသို့ ထုတ်ပြန်ချက်များအားလုံးအတွက် ACT ၏ဆက်သွယ်ရေးမဟာဗျူဟာနှင့် ကိုက်ညီရန် ကတိပြုသည်။ သင်၏ကုမ္ပဏီသည် IndustriALL Global Union နှင့်တိုက်ရိုက်ဆက်ဆံရေးဖြင့် ၀င်ရောက်နိုင်သည်။ ACT နားလည်မှုစာချွန်လွှာကို သင်၏အဖွဲ့အစည်းနှင့် IndustriALL တို့အကြား သင်၏အဖွဲ့အစည်း၏ CEO နှင့် IndustriALL ၏အထွေထွေအတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးမည်။ သင်၏ကုမ္ပဏီသည် ကုမ္ပဏီအုပ်စုတစ်ခု၏အစိတ်အပိုင်းတစ်ခုဖြစ်ပါက ACT (အထည်ချုပ်၊ အထည်အလိပ်၊ ခြေ၀တ် နှင့်အသုံးအဆောင်များ) ၏ဘောင်အတွင်းကျရောက်နေသောအုပ်စုအတွင်းရှိကုမ္ပဏီများအားလုံး ACT အဖွဲ့ဝင်ဖြစ်လာရန်လိုအပ်ပါသည်။ အဖွဲ့ဝင်အားလုံးသည် ACT အဖွဲ့ဝင်ကြေးဖွဲ့စည်းပုံအရ အဖွဲ့၀င်ကြေး နှင့် နှစ်စဉ်ကြေးများအား မပျက်မကွက် ပေးရမည်။ နှစ်စဉ်အသင်းဝင်ကြေးများကို အထည်ချုပ်၊ အထည်အလိပ်၊ ခြေ၀တ် နှင့်အသုံးအဆောင်လုပ်ငန်း ၏နှစ်စဉ် ၀င်ငွေအပေါ်တွင် တွက်ချက်သည်။
https://actonlivingwages.com/who-we-are-2/become-a-member/
Language and Regional (L/R) Conventions – MBC လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များ ၁။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kc BC) ၂။ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(Ky BC) ၃။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (CBC) ၄။ တီးတိန်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (TBC) ၅။ တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အနီးသာသနာအဖွဲ့ချုပ်(ရှမ်း/တောင်) (SSHMS) ၆။ နာဂနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (NBC) ၇။ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (PKBC) ၈။ မွန်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ် (MoBC) ၉။ ရှမ်းပြည်မြောက်ပိုင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(ရှမ်း/မြောက်) (NSSBC) ၁၀။ မြန်မာနိုင််ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ် (MBCU) ၁၁။ ရခိုင်ပြည်နယ်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ် (RBC) ၁၂။ ရှမ်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (အရှေ့ရှမ်း) (SBC-ES) ၁၃။ ရွှေလီရှမ်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (SSBMC) ၁၄။ လီဆူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (LiBC) ၁၅။ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (LaBC) ၁၆။ ၀နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (WBC) ၁၇။ အရှိုချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (AsBC) ၁၈။ အာခါနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (AkBC) ၁၉။ ယုဒသန်အသင်းတော် ၂၀။ ဧမာနွေလနှစ်ခြင်းအသင်းတော်
https://mbc-1813.org/l-r-convention/
00TTF965EN / Free size - Sold Out Item IDA : 00TTF965EN အပြာ၊အနီ၊အဝါ၊ပန်း၊အဖြူ၊ဗေဒါ။
https://natthameangel.com/products/%E1%80%90%E1%80%AE%E1%80%9B%E1%80%BE%E1%80%95%E1%80%BA%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF-37
Telegram မှာ Pop Up Notifications များကိုဖယ်ရှားခြင်း Telegram တွင်ပေါ်လာသည့်သတိပေးချက်များကိုဖယ်ရှားပစ်ရန် Telegram messenger သည် cloud အခြေခံ instant messaging app ဖြစ်ပြီး iOS, Android နှင့် PC များအတွက်ရရှိနိုင်သည်။ ပလက်ဖောင်းသည်ဘီလီယံနှင့်ချီသောမက်ဆေ့ခ်ျများနှင့်အချို့သောမက်ဆေ့ခ်ျများကိုတိမ်တိုက်ဆာဗာပေါ်တွင်မူကြမ်းများအဖြစ်သိမ်းဆည်းထားသည်ကိုတွေ့မြင်သည်။ ၎င်းသည်ပလက်ဖောင်းအတွက်အလွန်ကောင်းမွန်သည်၊ သို့သော်ကျွန်ုပ်တို့၏ကိရိယာတွင်ရာနှင့်ချီသောအကြောင်းကြားစာများကိုစတင်လက်ခံသောအခါပြtheနာစတင်သည်။ Telegram သည်သုံးစွဲသူများအားသူတို့၏သူငယ်ချင်းများ၊ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အလွယ်တကူဆက်သွယ်နိုင်သည်၊ လိုင်းများမှလိုင်းများသည်နှစ်သက်သူများသို့မဟုတ်ဂရုစိုက်သောအကြောင်းအရာများနှင့်အဆက်အသွယ်မပြတ်စေရန်ခွင့်ပြုသည်။ သို့သော်ဆက်သွယ်မှုများများလာပါကသတိပေးချက်များလာပါလိမ့်မည်။ ကျွန်ုပ်တို့အလုပ်ခွင်၌ရောက်ရှိနေသောအခါနှင့်ကျွန်ုပ်တို့၏စက်ပစ္စည်းတွင်အသိပေးချက်များစွာလက်ခံရရှိပါက၎င်းသည်အလွန်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ဒီသင်ခန်းစာမှာတော့ Telegram messenger ပေါ်ပေါ်လာတဲ့သတိပေးချက်တွေကိုဘယ်လိုပိတ်ရမလဲဆိုတာပြပေးပါလိမ့်မယ်။ 1 အဆင့်။ သင်၏စက်ကိရိယာပေါ်ရှိ Telegram messenger အက်ပ်ကိုဖွင့်ပါ (iOS, Android နှင့် PC ထောက်ပံ့ထား) ။ 2 အဆင့်။ အသာပုတ်ပါသတ်မှတ်ချက်များ'' menu ကို၏အောက်ခြေတွင်။ 3 အဆင့်။ ချိန်ညှိချက်များ ၀ င်းဒိုးတွင် 'ကိုနှိပ်ပါ။အသိပေးချက်များနှင့်အသံ'' ။ 4 အဆင့်။ သင်ကြိုက်နှစ်သက်ရာအရသတိပေးစနစ်ကိုပိတ်ထားပါ။ 5 အဆင့်။ သင်၏ Telegram အကောင့်အတွက်အသိပေးချက်များကိုယခုပိတ်လိမ့်မည်။ Telegram messenger သည်ရွေးချယ်ထားသောပြောဆိုမှုများကိုအသံတိတ်ရန်သင့်အားခွင့်ပြုသည်။ 1 အဆင့်။ သင်၏စက်ပစ္စည်းပေါ်ရှိ Telegram messenger အက်ပ်ကိုဖွင့်ပါ (iOS, Android, and PC Supported) ။ 2 အဆင့်။ စကားပြောဆိုမှုဝင်းဒိုး၏ထိပ်ပိုင်းညာဘက်ရှိသုံးကွက်မြင်ကွင်းပေါ်တွင်နှိပ်ပါ။ 3 အဆင့်။ 'ကိုနှိပ်ပါအသော'' option ကို။ 4 အဆင့်။ သင်စကားပြောရန်အသံတိတ်လိုသောကြာချိန်ကိုရွေးချယ်ပါ။ ထိုသတ်သတ်မှတ်မှတ်အဆက်အသွယ်မှသင်သတိပေးချက်များကိုလက်ခံရရှိတော့မည်မဟုတ်။ ယခင်ဆောင်းပါး iOS အတွက် Telegram App တွင်မည်သို့ရှာဖွေရမည်နည်း next ကိုဆောင်းပါး သင်၏စက်ကိုပြန်လည်စတင်လျှင်သင်၏ Telegram ဒေတာကိုသင်ဆုံးရှုံးပါသလား
https://my.techplugged.com/how-to-remove-pop-up-notifications-on-telegram/
https://sportsa2z2a.com/archives/12994
လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ - Hello Sayarwon လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ ဒီပြဿနာကို တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးသူတွေ Gym စဆော့လိုက်တဲ့အခါမျိုး၊ ပုံမှန်အားကစားတွေလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ရက်အနည်းငယ်နားလိုက်တယ်၊ ပြီးမှ ပြန်ဆော့ဖြစ်တဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။ ကိုယ်အဓိက ဆော့လိုက်တဲ့ ကြွက်သားနေရာများအပြင် ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး ညောင်းကိုက်နေတဲ့ ခံစားချက်မျိုးကို အဓိကတွေ့ရပါတယ်။ ပိန်တဲ့သူတွေ၊ ဝတဲ့သူတွေ၊ ကြွက်သားရှိခြင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်ဘဲ လူတိုင်းလိုလို ကြုံတွေ့ရတတ်ပါတယ်။ လူအများစုက ဒီလိုမျိုး နာနေတဲ့အချိန်အတွင်းမှာ လေ့ကျင့်ခန်းလုပ်တာကို လုံးဝရပ်ပစ်လိုက်တာမျိုး၊ ခဏနားလိုက်တာ၊ လေ့ကျင့်ခန်းကို အားစိုက်ပြီးမလုပ်တော့တာ၊ အစားစားချင်စိတ်နည်းသွားလို့ လိုအပ်သလောက် မစားဘဲနေလိုက်တာမျိုး လုပ်တတ်ပါတယ်။ ဘယ်လိုအချိန်မှာ တွေ့ရတတ်လဲ။ လေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ဆော့တာဖြစ်စေ၊ အချိန်တစ်ခုနားပြီးတော့မှ ပြန်ဆော့တာဖြစ်စေ ဒီလိုကြွက်သားနာကျင်ကိုက်ခဲမှုမျိုး ခံစားရပါတယ်။ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားနဲ့ အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး လေ့ကျင့်ခန်း စလုပ်တဲ့ရက်ကနေ ၃ရက်အတွင်း ကိုက်ခဲနာကျင်လာတတ်ပါတယ်။ တချို့အခြေအနေမှာ ကိုယ်ပုံမှန်လုပ်နေကျထက် လေ့ကျင့်ခန်းအချိန်ကို တိုးမြှင့်လိုက်တာ၊ အလေးတိုးဆော့တဲ့အခါမှာလည်း နာကျင်ကိုက်ခဲတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပဲလား။ ဟုတ်ကဲ့ ပုံမှန် လူတိုင်းမှာဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။ ကြွက်သားတွေအနေနဲ့ အလုပ်မပေးဘဲ ငြိမ်နေတာကြာရာကနေ ရုတ်တရက် အလေးအပင်တွေ မလိုက်တာ၊ လှုပ်ရှားလိုက်တဲ့အခါ အသားမကျသေးတဲ့အတွက် နာကျင်ကိုက်ခဲမှုဖြစ်ရတာပါ။ ဒီလိုနာကျင်ကိုက်ခဲနေစဉ်မှာ အနားယူဖို့ လိုအပ်လား။ လုံးဝအနားမယူသင့်ပါဘူး။ ဒီလိုနာကျင်ကိုက်ခဲမှုဖြစ်ပေါ်တာဟာ ကြွက်သားတွေအနေနဲ့ ပြင်ပက အားသက်ရောက်မှုနဲ့ အလုပ်လုပ်မှုကို အသားမကျသေးတာကြောင့် ဖြစ်ရတာပါ။ ကိုယ်က နေ့တိုင်းပုံမှန်လေး လေ့ကျင့်ခန်းလုပ်ပေးသွားတဲ့အခါမှသာ နာကျင်မှုက တဖြည်းဖြည်းနည်းသွားပြီး ပုံမှန်လိုပဲ ဆော့ကစားသွားနိုင်မှာပါ။ ဒါ့အပြင် ကိုယ်ဆော့နေတဲ့အလေးနဲ့ ဟန်ချက်ထိန်းနိုင်သွားပြီဆိုရင် အလေးတိုးဆော့ပေးခြင်းဖြင့် အဆီလောင်ကျွမ်းမှုနဲ့ ကြွက်သားထုတက်စေဖို့ကိုလည်း လျင်မြန်သွားစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုဟာ ဘယ်လောက်ထိ ကြာနိုင်လဲ။ အခြေအနေပေါ်မူတည်ပြီး ၃ရက်ကနေ ၅ရက်ထိသာ ကြာနိုင်ပါတယ်။ ဒီကြားထဲမှာ လေ့ကျင့်ခန်းကိုလည်း ပုံမှန်ဆော့ကစားပေးနေဖို့ အရေးကြီးပါတယ်။ ဒီတော့မှ နာကျင်ကိုက်ခဲတာ သက်သာသွားတဲ့အခါ ကိုယ်က အလေးကို ကောင်းကောင်းမပြီး ကစားပေးနိုင်မှာပါ။ အဲ့လို မဟုတ်ဘဲ နားလိုက်ရင် ပြန်ကစားတဲ့အခါ နဂိုအတိုင်း ဆက်ပြီးနာနေတော့မှာပါ။ ဘယ်လို ကုသလို့ ရမလဲ။ သက်သာအောင် လုပ်ပေးနိုင်မလဲ။ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမဟုတ်တဲ့အတွက် ကုသပေးစရာ မလိုပါဘူး။ အိမ်တွင်းနည်းလမ်းများနဲ့ ကိုယ့်ဘာသာ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ဘာတွေ လုပ်ပေးလို့ရမလဲဆိုရင် ရေအေးအေး လောင်းချိုးပါ နာကျင်ကိုက်ခဲနေတဲ့ နေရာကို ရေခဲဝတ်ကပ်ပေးပါ အကိုက်အခဲပျောက်ဆေးကို နီးစပ်ရာဆေးဆိုင်မှာ ဝယ်သောက်ပါ (အလွန်အမင်း နာကျင်ကိုက်ခဲတဲ့အချိန်မှသာ သောက်သင့်ပြီး တစ်ရက်၊ နှစ်ရက်ထက် ပိုမသောက်သင့်ပါဘူး) မိသားစုဝင်တစ်ဦးဦးကို နှိပ်နယ်ခိုင်းပါ နောက်ထပ် ဂရုပြုသင့်တဲ့အရာတွေကတော့ လေ့ကျင့်ခန်း လုပ်နေစဉ် ကာလတစ်လျှောက်လုံးမှာ နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ တစ်နေ့ကို ညအိပ်ချိန် ၇-၈နာရီ အနည်းဆုံးရှိဖို့ လိုအပ်ပါတယ်။ အစာအာဟာရကို မျှတစွာ စားသုံးပေးပါ။ ပရိုတင်းဓာတ်နဲ့ ကစီဓာတ်ကို များများစားပေးပြီး အဆီဓာတ်ကို ပါဝင်ရုံ စားပေးပါ။ လေ့ကျင့်ခန်းမလုပ်တဲ့ တခြားအချိန်တွေမှာလည်း တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။ နောက်ဆုံးအနေနဲ့ အကြံပေးလိုတာက လေ့ကျင့်ခန်း စစလုပ်ချင်းဖြစ်စေ၊ ပြန်ပြီး လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ ကြွက်သားနာကျင်ကိုက်ခဲမှုဆိုတာ ရှောင်လွဲလို့မရတဲ့ ပြဿနာပါ။ ဒါကြောင့် လုံးဝဇွဲလျှော့ပြီး ရပ်လိုက်တာမျိုးမလုပ်ဘဲ ၅ရက်၊ တစ်ပတ်လောက်ကို သေချာသည်းခံပြီး လုပ်ပေးကြပါနော်။ https://www.nhs.uk/live-well/exercise/pain-after-exercise/#:~:text=When%20muscles%20are%20required%20to,t%20involved%20in%20this%20process. လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ
https://hellosayarwon.com/health-fitness/exercise-safety-tips/%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%ba%e1%80%b8-%e1%80%85%e1%80%85%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba/
Inspiring the young – Voices of hope ကျွန်မတို့ရဲ့ ကလေးတွေကို၊ လူငယ်တွေကို အတွေးအခေါ်လွတ်လပ်မှုရဲ့ အရေးပါပုံကို သင်ကြားပေးဖို့ အင်မတန် အရေးကြီးပါတယ်။ … it is so important that we teach our children, our young people, the importance of freedom of thought.
https://hopeformyanmar.org/2021/05/01/inspiring-the-young/
ဆေး - ဝီကီပီးဒီးယား ကော်ဖီနှင့် အခြားအချိုယမကာများတွင် ပါဝင်သော ကေဖိန်းကို ကမ္ဘာတစ်ဝှမ်းတွင် စိတ်ကြွဆေးအဖြစ် အသုံးပြုကြသည်။ မြောက်အမေရိကန်ရှိ အရွယ်ရောက်သူ ၉၀% သည် နေ့စဉ်သုံးစွဲလျက်ရှိသည်။[၁] စီးကရက်တွင် ပါဝင်သော နီကိုတင်းသည် ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက်ရှိသော ဆေးဖြစ်သည်။[၂] ဆေး (drug) ဆိုသည်မှာ အစားအစာမှ လွဲ၍ ရှုရှိုက်နိုင်သော၊ ထိုးသွင်းနိုင်သော၊ အငွေ့ရှုနိုင်သော၊ စားသုံးနိုင်သော၊ အရေပြားမှတဆင့် စုပ်ယူနိုင်သော၊ သို့မဟုတ် လျှာအောက်မှတဆင့် ပျော်ဝင်နိုင်သော ပစ္စည်းတစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ်တွင် ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။[၃][၄] ဆေးဝါးဗေဒတွင် ဆေးဝါး (pharmaceutical drug သို့မဟုတ် medicine) ဆိုသည်မှာ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး ကုသရန်၊ ပျောက်ကင်းစေရန်၊ ကာကွယ်ရန်၊ ရောဂါရှာဖွေရန် သို့မဟုတ် ကျန်းမာရေးအခြေအနေ မြှင့်တင်ရန်တို့အတွက် အသုံးပြုသည်။[၃] ဆေးဝါးများကို နာတာရှည်ရောဂါများအတွက် မဟုတ်ပါက အချိန်အကန့်အသတ်ဖြင့်သာ အသုံးပြုသင့်သည်။[၅] စိတ်ကို ပြောင်းလဲစေသောဆေးများ (psychoactive drugs) သည် ဓာတုပစ္စည်းများဖြစ်ပြီး ဗဟိုအာရုံကြောစနစ်၏ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုရှိစေကာ အသိအမြင်များ၊ စိတ်ခံစားမှုများကို ပြောင်းလဲစေတတ်သည်။[၆] ယင်းတို့တွင် စိတ်ကျဆေး အရက်နှင့် စိတ်ကြွစေတတ်သော နီကိုတင်းနှင့် ကေဖိန်းတို့ ပါဝင်သည်။ ဤသုံးမျိုးကို ကမ္ဘာတစ်ဝှမ်းတွင် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများအဖြစ် ကျယ်ပြန့်စွာ သုံးစွဲနေကြပြီး[၇] ယင်းတို့ကို အပန်းဖြေစရာ ဆေးများအဖြစ် မှတ်ယူကြသည်။[၈] အခြားသော အပန်းဖြေဆေးများတွင် စိတ်ချောက်ချားဆေးများ (hallucinogen)၊ ဘိန်းပါသော ဆေးများ (opiates) နှင့် အမ်ဖတမင်း (amphetamine) တို့ဖြစ်သည်။ အချို့ဆေးများမှာ ဆေးစွဲခြင်းကို ဖြစ်စေတတ်ပြီး[၉] ထိုဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများ ရှိကြသည်။[၁၀] ↑ Richard Lovett (24 September 2005)။ Coffee: The demon drink?။ 2014-05-01 တွင် ပြန်စစ်ပြီး။ ↑ ၃.၀ ၃.၁ "Drug". Dictionary.com Unabridged. v 1.1. Random House. 20 September 2007 – via Dictionary.com. ↑ Drug Definition။ Stedman's Medical Dictionary။ 2014-05-01 တွင် ပြန်စစ်ပြီး။ ↑ "Drug". The American Heritage Science Dictionary. Houghton Mifflin Company. Retrieved 20 September 2007 – via dictionary.com. ↑ Homepage - Department of Health ↑ Crocq MA (June 2003). "Alcohol, nicotine, caffeine, and mental disorders". Dialogues Clin Neurosci. 5 (2): 175–185. ↑ Recreational Drug။ 16 March 2015 တွင် ပြန်စစ်ပြီး။ ↑ "The Destructive Capacity of Drug Abuse: An Overview Exploring the Harmful Potential of Drug Abuse Both to the Individual and to Society" (2013). ISRN Addiction 2013. doi:10.1155/2013/450348. Retrieved on 15 April 2015. "https://my.wikipedia.org/w/index.php?title=ဆေး&oldid=409640" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%B8
စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့ အတွက် နှီးနှောဖလှယ်ပွဲပြုလုပ် - Kantarawaddy Times စစ်ဘေးရှောင်ရှိရာစခန်းတွေကို အကူအညီပေးနိုင်ဖို့အတွက် စစ်ဘေးရှောင်ရေးရာ နှီးနှောဖလှယ်ပွဲကို ကရင်နီပြည် အနောက်ဘက်ခြမ်းတစ်နေရာမှာ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်းရေးရာ ကူညီပါဝင်သူတစ်ဦးက ပြောပါတယ်။ “တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကို တစ်လကို တစ်ကြိမ်၊ တစ်ကြိမ်တွေ့ဆုံဆွေးနွေးတဲ့ဟာပေါ့နော။ ဘယ်ဖက်ရောက်လဲ၊ ဘယ်ဖက်မရောက်လဲ။ ပစ္စည်းက နေရာတိုင်းရအောင် အဲ့လိုမျိုးပေါ့နော။ ပြီးတော့မှ အဆင်ပြေအောင် မထပ်အောင် အဲ့လိုမျိုးတွေပါတယ်ပေါ့နော။” လို့ စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့နဲ့ ၁၀ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူဦးရေ ၁၅၀ ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ပါတယ်။ စစ်ဘေးရှောင်ကူညီပေးနေတဲ့ NGO၊ CSO ၊ ဒေသအလိုက် စစ်ဘေးရှောင်ကူညီသူတွေ၊ စစ်ရှောင်စခန်းကော်မတီဝင်တို့ ပူးပေါင်းပြီး နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ မဟာဗျူဟာချမှတ်နိုင်ဖို့လည်း ဆွေးနွေးသွားတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးဖြစ်တဲ့ မူအဲလ်မာရီက ပြောပါတယ်။ “ဘာတွေပံ့ပိုးကူညီမလဲဆိုတဲ့ဟာတွေကို ပိုပြီးတော့ သိရှိဖို့အတွက်လည်းဖြစ်တယ်။ ရှေ့ဆက် စစ်ဘေးရှောင်ပံ့ပိုးကူညီတဲ့အဖွဲ့အစည်းအနေနဲ့ပေါ့နော။ လုပ်ငန်းမဟာဗျူဟာတွေ ပိုပြီး ချမှတ်နိုင်ပြီးတော့မှ စစ်ရှောင်ကြားအတွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အခြေအနေတွေကော လိုအပ်ချက်ရှိနေတဲ့အခြေအနေတွေကော သူတို့ရဲ့အသံပေါ့နော။ ဘုံသဘောတူညီချက်ထွက်လာဖို့အတွက်ကို ဒီဖိုရမ်ကို ကျင်းပပြုလုပ်ခြင်းဖြစ်တယ်ပေါ့နော။” လို့ မူအဲလ်မာရီက ပြောပါတယ်။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ပညာရေးပိုင်းမှာ အဓိကကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းမျိုးဆက်သစ်လူငယ်ဥက္ကဌ ခွန်းအားသိုက်က စစ်ရှောင်တွေမှာ စားနပ်ရိက္ခာမလုံလောက်ဘူးလို့ ပြောပါတယ်။ “အဓိကကတော့ စားနပ်ရိက္ခာမလုံလောက်မှုတွေ ရှိတယ်ပေါ့နော။ အရပ်ဖက်အဖွဲ့အစည်းတွေ ၊ အခြားအခြားသော အဖွဲ့အစည်းတွေ ကူညီတယ်ဆိုပေမယ့် လည်း သူတို့မှာလည်း ကူညီနိုင်တဲ့ အတိုင်းအတာလောက်ပဲ ကူညီတာဖြစ်တယ်။ ဥပမာအားဖြင့် တစ်လစာမျိုးပဲ ပေးနိုင်တာရှိတယ်ပေါ့နော။ လူဦးရေနဲ့ အိမ်ထောင်စုအပေါ်မူတည်ပြီးတော့ပေါ့။ ဆိုတော့ စားနပ်ရိက္ခာကတော့ လုံလောက်တဲ့ အခြေအနေမှာ မရှိဘူး။ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။” လို့ ခွန်းအားသိုက်က ပြောပါတယ်။ လက်ရှိ ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင် နှစ်သိန်းနှစ်ထောင်ကျော်ရှိနေပြီး ဒီးမော့ဆိုမြို့နယ်က ခုနှစ်သောင်းကျော်ပါဝင်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
https://www.kantarawaddytimes.org/%E1%80%85%E1%80%85%E1%80%BA%E1%80%98%E1%80%B1%E1%80%B8%E1%80%9B%E1%80%BE%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%BD%E1%80%B1%E1%80%9B%E1%80%B2%E1%80%B7-%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1/
ဝါခေါင်လ - ဝီကီပီးဒီးယား ဝါခေါင်လ ဝါခေါင်သည် မြန်မာပြက္ခဒိန်၏ ပဉ္စမမြောက် ဖြစ်သည်။ ဝါခေါင်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ ကျောက်စာတို့၌ ဝါခေါင်လအရေးအသားကိုတွေ့ရန် ခဲယဉ်း သည်။ ထို့ကြောင့် ဝါခေါင်လကို ယခုခေတ်သုံးစကားနှင့်ပင် ကြံဆ၍ ရနိုင်သည်။ ခေါင် ဟူသောဝေါဟာရသည် အထက်၊ အလယ်၊ ဗဟို၊ အတွင်း ဟူ၍ အဓိပ္ပာယ်ကောက်ယူနိုင်သည်။ ဝါခေါင်လသည် ဝါလယ်လပင်ဖြစ်သည်။လှေသင်းအတွင်းဝန်မင်းကမူ ခေါင် ကို မိုးခေါင်းသည် ဟူသောအနက်ကဲ့သို့ကောက်၍ ဝါခေါင်ဆိုသည်မှာ ဝါမဆို၊ ဝါမကပ်ဟူသောသဘောသို့သက်ရောက်သည်။ စင်စစ် ဝါခေါင်လပြည့်ကျော် တစ်ရက်နေနေ့၌ ရဟန်းတော်တို့သည် ပစ္ဆိပဝါကို ကပ်နိုင်သည်။ဝါခေါင်လကိုကျောက်စာ၌ နံကာဟုအရေးများသည်။ နံ ဟူသောပှဒ်အတိုင်းပင် အချိန်ကာလကိုပြသည်။ကာ ကိုကြံဆသောအခါ လယ်လုပ်ငန်းဟူ၍ပြဆိုသည်။ တို့ကြောင့် နံကာကား လယ်လုပ်ချိန် လယ်ထွန်ချိန်နှင့်ဆိုင်သောလဟု အဓိပ္ပယ်ရသည်။ ဝေါဟာရလိနတ္ထဒီပနီ၌ကား နံကာသည် နိက္ခမနိယဟူသော ပါဠိမှ လာသည်ဟုဆိုသည်။ အဓိပ္ပယ်မှာ နေသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်ခြင်းသည်။ မျက်မှောက်ခေတ်တွင် ဤကြံဆပုံ ကြံဆနည်းကို အတွေးခေါင်သည်ဟုဆိုကြလိမ့်မည်။ နံကာ (ဝါခေါင်) လမှာ ဇူလိုင်- ဩဂုတ်အတွင်းတွင် ကျရောက်ပါသည်။ 'နံ' မှာ 'အချိန်ကာလ အပိုင်းအခြား' ကို ဖော်ပြပြီး 'ကာ' က 'အလုပ်တာဝန်' ကို ရည်ညွှန်းသည်ဟု ထင်မြင်ယူဆကြပါသည်။ ထို့ကြောင့်နံနှင့်ကာကို ပေါင်းလိုက်သောအခါ လယ်သမားများအလုပ်ရှုပ်ကြသည့် အချိန်ဟုဆိုလိုကြောင်းထင်ရှားပေသည်။ ကောက်စိုက်သောအခါ အပင်ငယ်များဖြစ်ထွန်းအောင် အထူး ကြပ်မက်ဂရုစိုက်ရပြီး ရေကို လိုသလောက် သွင်းပေးရသကဲ့သို့ အပင်ငယ်များရေမမွန်းစေရန်အတွက် ရေပိုမရှိအောင် ချိန်ရသည်မှာလည်း မလွယ်ကူပေ။ အခုအခါတွင် ဝါခေါင်လဟု ခေါ်ဝေါ်နေကြခြင်းမှာ ဝါတွင်း သုံးလ၏အလယ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ အထိမ်းအမှတ်ပန်းက ခတ္တာပန်း (Crinumamoenum) ဖြစ်သည်။ ဝါခေါင်လသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ပဉ္စမလဖြစ်၏။ မိုးဥတုတွင် ပါဝင်သည်။ ဝါခေါင်လကို ရှေးအခါက နံကာလ ဟုလည်း ခေါ်ကြ၏။ ပုဂံခေတ် ကျောက်စာများတွင် ဝါခေါင်ဟူ၍လည်းကောင်း၊ နံကာလဟူ၍လည်းကောင်း အရေးအသားနှစ်မျိုးလုံးကို တွေ့ရ၏။ နံကာလအကြောင်းကို ဝေါဟာရလိနတ္ထ ဒီပနီကျမ်း၌- ထိုနံကာလ သဘောအဓိပ္ပာယ်ကို ကြံသော် အဘိဓာန်ကျမ်းတွင် သာဝဏော၊ နံကာလ၊ နိက္ခမနီယော၊ နံကာလဟူ၍ ပရိယာယ် နှစ်ပုဒ်ပြသည်။ အဘိဓာတ် ဋီကာတွင် အန္တော ဝီထိတော ဗဟိနိက္ခမတိ သူရိယော ဧတ္ထောတိ နိက္ခမနီယော၊ အဓိကရဏေ အနီယောဟူ၍ဖွင့်သည်။ အနက်ကား ဧတ္ထ၊ ဤကာလ၌။ သူရိယော၊ နေသည်။ အန္တော ဝီထိတော၊ အတွင်း ခရီးမှ။ ဗဟိဝီထိ၊ ပြင်ခရီးသို့။ နိက္ခမတိ၊ ထွက်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့် နိက္ခမနီယော၊ နိက္ခမ နီယမည်၏။ အဓိကရဏေ၊ အဓိကရဏ သာဓန၌၊ အနီယော၊ အနီယပစ္စည်းတည်း ဟူ၍ဆိုသည်။ နိက္ခမနီယ သဒ္ဒါ ရွေ့လျော၍ မြန်မာဘာသာ နံကာလဝေါဟာရဖြစ်သည် ယူရန်ရှိ၏ ဟူ၍ ဖော်ပြထားလေသည်။ နံကာလ၏ အနက်အဓိပ္ပာယ်ကို လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်၊ လယ်လုပ်ချိန်လ၊ ထွန်ထယ်ချိန်လ၊ စိုက်ပျိုးချိန်လ ဟူ၍ ယူဆသည်လည်းရှိ၏။ ဗေဒင်အခေါ်အားဖြင့် ဝါခေါင်လကို သိဟ်ရာသီဟုခေါ်၏။ ထိုရာသီတွင် သရဝဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှနက္ခတ်နှင့် နေမင်း ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ခြင်္သေ့ရုပ်ဖြစ်၏။ ရာသီပန်းမှာ ခတ္တာပန်းတည်း။ ဝါခေါင်လတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါက ရာသီပွဲတော် အဖြစ် စာရေးတံပွဲသဘင်ကို ဆင်ယင် ကျင်းပလေ့ရှိသည်။ ဤကိုရည် ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား ဝါခေါင်လဘွဲ့၌ - ရုတု ဝါခေါင်၊ တိမ်တောင်ပတ်ယှက်၊ သည်ရက်အခါ၊ မြတ်စွာထွတ်ထား၊ ရွှေစကားတွင်၊ ပွဲများခြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့်၊ မှူးကြီးမတ်ရာ၊ မြတ်သင်္ဃာတို့၊ ရတနာထွေပြား၊ အပါးပါးနှင့်၊ သကြား ကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီးရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ ညံမစဲသား၊ ပုလဲရွှေမြင်၊ ငါးအင် ကလျာ၊ မိုးသူဇာသို့၊ ဖလ်ပြာတကောင်း၊ ရှိစုံပေါင်း၍၊ ဝပ်ညောင်း ပန်ကြား၊ လျှောက်ဆိုထားသည်။ ။ ဟူ၍ စပ်ဆိုထား၏။ ထို့ပြင် ဝါခေါင်လသည် တောင်ပြုံးညီနောင် နတ်ပွဲများ ကျင်းပသောလဖြစ်သည်။ ထိုနတ်ပွဲအတွက် လှေပွဲများလည်း ပြုလုပ်သည်ဟုဆိုလေသည်။ ဤကိုရည်၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ဝါခေါင်လ ဘွဲ့၌- ဝါခေါင်လကား၊ ကျောင်းမှမကွာ၊ ထေရ်သံဃာတို့၊ သဒ္ဓါရွှင်လန်း၊ ဆွမ်းပန်းကျွေးဟန်၊ စာရေးတံနှင့် ကောင်းမွန်စီရင်၊ သဘင်ဒါန၊ လှူဒါန်းကြလျက်၊ ရှေးကထိမ်းမှတ်၊ ညီနောင်နတ်ကို၊ ရည်ညွတ်သောင်သဲ၊ တက်စမြဲနှင့်၊ လှေပွဲများစွာ၊ မြစ်ဧရာဝယ်၊ ကြော်ငြာသံကျူး၊ ပြိုင်ကြမြူးသည်။ ။ ဟူ၍ စပ်ဆိုထားလေသည်။ ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄ဝ ၌ နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့်နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်၍ ဦးယာက - တောင်လေသွဲ့၍၊ ရွာတဲ့မလို၊ ငွေသဲပျိုက၊ ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊ သည်မသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊ မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက်တည်း။ ။ ဟူ၍ စပ်ဆိုခဲ့၏။ ဝါခေါင်လမှာ ရက်မစုံ ကွယ်သောလဖြစ်သောကြောင့် ရက်ပေါင်း ၂၉ ရက်ရှိသည်။ ဝါခေါင်လတွင် ကြာသပတေးနှင့် စနေမှာ ပြဿဒါးနေ့များဖြစ်၍ ဗုဒ္ဓဟူးနှင့် သောကြာမှာ ရက်ရာဇာများဖြစ်ကြသည်။ [၁] "https://my.wikipedia.org/w/index.php?title=ဝါခေါင်လ&oldid=452876" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%9D%E1%80%AB%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%9C
အိ (ခန) - ဝီကီပီးဒီးယား ဟိရဂန တွင် い သို့မဟုတ် ခတခန တွင် イ (ရောမအက္ခရာဖြင့် i ဖြင့် မှတ်သားသည်။ ) သည် ဂျပန်ဘာသာစကား၏ ခနတစ်ခုဖြစ်ပြီး တစ်ခုချင်းစီသည် မိုရ တစ်ခုကို ကိုယ်စားပြုကြသည်။ い သည် ခန်ဂျိ 以 ၏ ဆိုးရှိုပုံစံပေါ်တွင် အခြေခံထားသည်။ イသည် ခန်ဂျိ 伊 ၏ ရင်းမြစ် (ဘယ်ဘက်အစိတ်အပိုင်း) မှ ဖြစ်ပေါ်လာသည်။ ခေတ်သစ်ဂျပန်အက္ခရာအစီအစဉ်တွင် ၎င်းသည် အက္ခရာများ၏ ဒုတိယနေရာကို ပိုင်ဆိုင်ထားသည်။ အ (あ) နှင့် အု (う) အကြားတွင် ဖြစ်သည်။ ထို့ပြင် ၎င်းသည် အိရိုဟတွင် တွင် ပထမဆုံးသော စာဖြစ်ပြီး ရို (ろမတိုင်ခင် တည်ရှိသည်။ အအိနုဘာသာစကား တွင် イ ကို ၎င်းတို့၏ လက်တင်ဘာသာကိုအခြေခံသည့်အက္ခရာ y အဖြစ်ရေးသားကြသည်။ အိအသေး ィသည် ခတခနတစ်ခု၏ နောက်တွင်ရှိပါက သရတွဲအသံ ဖြစ်သည်။ ī いい いー イイ Form (y-) (yi) (いぃ) (イィ) Stroke order in writing い Stroke order in writing イ The Hiragana い is made in two strokes: At the top left, a curved vertical stroke, ending with a hook at the bottom. At the top right, a shorter stroke, slightly curving in the opposite direction. The Katakana イ is made in two strokes: At the top, a curved diagonal line going from right to left. In the center of the last stroke, a vertical line going down. い / イ in Japanese Braille i いい / イー The Morse code for い or イ, is ・-. In Japanese phonetic alphabet, one would say "いろはのイ" (Iroha no I.) "https://my.wikipedia.org/w/index.php?title=အိ_(ခန)&oldid=443058" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AD_(%E1%80%81%E1%80%94)
ဒီ - ဝစ်ရှင်နရီ ဒီ(pron) သည်(pron) အနီးရှိ သက်ရှိသက်မဲ့နာမ်ပုဒ်အစားသုံးသောစကားလုံး။ ဒီကိုလာစမ်း၊ ပြောလိုက်ရင်ပေကပ်ကပ်နဲ့။ သည်,ဤ, (all pronouns) word indicating ""this place"" (in usage equivalent to the English adverb ""here""). ဒီ(adj) သည်(adj) အနီးရှိ သက်ရှိသက်မဲ့နာမ်ပုဒ်ကို အထူးပြုသောစကားလုံး။ ဒီအချိန်။ ဒီနေရာ။ ဒီကိစ္စ။ အစ်ကို ဒီစာကိုရေးနေလို့။ ထွက်။ ၃။ ဤ,သည်, (all adjectives) Mon-ဒီ ဒီ(n) Mon-ဒီ(n) လ၏ဆွဲငင်မှုကြောင့် ဖြစ်ပေါ်လာသော ပင်လယ်ရေအတက်အကျ။ ရေကြည်ဆားငန်၊ ဒီသံသဲသဲ၊ ဝဲတပြွတ်ပြွတ်။ ရာမ။ ၁၁၅၊ ဒီရေ(n) "https://my.wiktionary.org/w/index.php?title=ဒီ&oldid=753808" မှ ရယူရန်
https://my.wiktionary.org/wiki/%E1%80%92%E1%80%AE
China Cultural Stone-VNS-014BCB ကုန်ထုတ်လုပ်မှုနှင့်စက်ရုံ လန်ဆန် ၁။ Stone Thin Wall Panels များသည်ရှည်လျားသောကျောက်တုံးကျောက်တုံးများဖြစ်သည်။ သူတို့ကပိုကောင်းအပြင်ဘက်ဝတ်နှင့်မီးဖိုareaရိယာဖုံးအုပ်များအတွက်အသုံးပြုအတူတကွလျှက်ရှိကြောင်းနေကြသည်။ ကြွေပြားအစုတစ်ခုစီတွင်အခြေခံအရောင်ရောစပ်ခြင်းပါ ၀ င်သည်။ ၎င်းသည်စိတ် ၀ င်စားခြင်းအပြင်ထူးခြားသောသဘာ ၀ ကျောက်တုံးခံစားမှုကိုဖန်တီးစေသည်။ 2. ကျောက်တုံးနံရံများ၏ဒီဇိုင်းများကိုအိမ်တွင်းနှင့်အပြင်နှစ်ခုလုံးအတွက်ကွက်ကွက်ကွင်းကွင်းလျှောက်လွှာပေါ်တွင် မူတည်၍ ပြောင်းလဲနိုင်သည်။ အရောင်ရွေးချယ်မှုအမျိုးမျိုးနှင့်မတူညီသောဒီဇိုင်းများ၏လိုအပ်ချက်များကိုပိုမိုကောင်းမွန်စွာဖြည့်ဆည်းပေးနိုင်သည်။ သဘာဝကျောက်တုံးများတပ်ဆင်ခြင်းသည်အပြင်ပိုင်းနှင့်အတွင်းပိုင်းအတွက်အသုံးပြုရန်အကောင်းဆုံးဖြစ်သည်။ ၎င်းတို့သည် modular ပုံစံဖြင့်တပ်ဆင်ပြီးလျင်မြန်စွာတပ်ဆင်ရန်လွယ်ကူသည်။ ၎င်းတို့သည်အင်္ဂါရပ်နံရံများ၊ ရေကန်ပတ် ၀ န်းကျင်၊ ဝင်းခြံများ၊ ဖျော်ဖြေရေးနေရာများ၊ ၂။ သဘာဝအရောင်ကြောင့်အရောင်အနည်းငယ်ကွဲပြားနိုင်သည်ကို ကျေးဇူးပြု၍ နားလည်ပါ။ ကျွန်ုပ်တို့၏ထုတ်ကုန်များနှင့် ပတ်သက်၍ သင့်တွင်မေးခွန်းများရှိပါကအချိန်မရွေးဆက်သွယ်ပါ။ ကျေနပ်လောက်သောအဖြေပေးပါလိမ့်မည်။ ၀ န်ဆောင်မှုခံယူသူစိတ်ကျေနပ်မှုသည်ကျွန်ုပ်တို့၏ရည်မှန်းချက်ဖြစ်ပါစေ။ သင့်ရဲ့စုံစမ်းရေးကိုမျှော်လင့်နေပါတယ်။longshanshi@vip.126.com ရှေ့သို့ ဘိလပ်မြေကျောက်တုံး -VNS-1120CZ နောက်တစ်ခု: ယဉ်ကျေးမှုကျောက်ခေတ် -VNS-1308HWCB
http://my.longshanstones.com/cultural-stone-vns-014bcb-product/
၆။ ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ရိုးသားသော လူများကို ဘုရားသခင် အဘယ်ကြောင့် ကြိုက်နှစ်သက်ပါသနည်း။ – အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဗွီဒီယိုများ / ဧဝံဂေလိတရားတော် အမေး နှင့် အဖြေ ဘုရားသခင်က ရိုးသားသူကိုနှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရရှိသဖြင့် သူ၏နှုတ်ကပတ်တော်ကို အမြဲယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်းဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ ကိုယ်နှုတ်အမူအရာတို့ကို မသန့်ရှင်းစေခြင်းမှ ရှောင်ရှား၍ ဘုရားသခင်ကိုဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။…တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန်မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” အထူးရှိပုံရသော်လည်း ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ဖီဆန်အာခံသွားကာ ထိန်းချုပ်ထားမှုများ ပယ်ပျောက်တော့သည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော်တစ်ဦးဖြစ်ပြီး ဆက်ဆံရေး အထူးကောင်းမွန်ပါက သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည်ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူတစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည်နိုင်လျှင်၊ သင်သည် မိမိအတွက်မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များ သည်လည်း လူ့အလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည်လည်း အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ငြိမ်းချမ်းစွာ နေထိုင်ကြသည်၊ စာတန်၏ တားဆီး နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွှတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူ့ အလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။ ရင်ထဲတွင် အခြားသူများအပေါ် သံသယမထားသည့် သူများကို ငါအလွန်သဘောကျသည်။ သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါအလွန်သဘောကျသည်။ ထိုသို့သောလူနှစ်မျိုးအပေါ် ငါအလွန်ဂရုစိုက်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ ငါ၏နိုင်ငံတော်သည် ရိုးသားသူတို့ကို လိုအပ်လေသည်၊ သူတော်ကောင်းယောင်ဆောင်သူတို့ကို မလိုအပ်၊ လိမ်လည်လှည့်ဖြားသူတို့ကို မလိုအပ်။ စိတ်သဘောထား မှန်ကန်သောသူ၊ ရိုးသားသောသူတို့သည် ကမ္ဘာပေါ်တွင် ရေပန်းမစားဘူး မဟုတ်လော။ ငါသည် ဆန့်ကျင်ဘက်သက်သက်သာ ဖြစ်သည်။ ရိုးသားသူတို့ ငါ့ထံသို့လာခြင်းကို လက်ခံနိုင်သည်၊ ထိုသို့သောသူမျိုးတွင် ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊ ထိုသို့သောသူမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျပင် ဖြစ်သည်။ လူတို့အား ရိုးသားကြရန် ဘုရားသခင်တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာကြောင်း၊ လိမ်လည်လှည့်ဖြားသောလူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖြားသောလူများကို ဘုရားသခင် မနှစ်သက်ရခြင်းမှာ သူသည် ၎င်းတို့၏ အပြုအမူများ၊ စိတ်သဘောထားနှင့် ၎င်းတို့၏ အရင်းခံအကြောင်းများကို မကြိုက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းဆိုသော် အမှုအရာများအား ၎င်းတို့ လုပ်ဆောင်ပုံကို ဘုရားသခင် မကြိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အကယ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်အားရစေရမည် ဆိုပါက၊ ငါတို့သည် ပထမဦးစွာ ငါတို့၏အပြုအမူများနှင့် ဘ၀ရပ်တည်မှုပုံစံကို ပထမဦးစွာ ပြောင်းလဲရမည်။ ယခင်က လူတို့အကြားတွင် အသက်ရှင်ရန် မုသားများနှင့် ဟန်ဆောင်ခြင်းတို့အပေါ် ငါတို့ မှီခိုကြ၏။ ဤအရာသည် ငါတို့၏ အရင်းအနှီးဖြစ်ပြီး၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖြစ်တည်မှုဆိုင်ရာ အခြေခံအကြောင်းရင်း၊ ဘဝနှင့် အခြေခံအုတ်မြစ် ဖြစ်ခဲ့ပြီး၊ ဘုရားသခင်က ထိုအရာအားလုံးကို စက်ဆုပ်ရွံရှာသည်။ လောကကြီး၏ မယုံကြည်သူများကြားတွင်၊ မည်သို့ ခြယ်လှယ်ရန် သို့မဟုတ် လှည့်ဖြားတတ်ရန် သင် မသိလျှင်၊ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သင့်အတွက် ခက်ခဲနိုင်သည်။ မုသားများကိုသာ သင်ပြောနိုင်လိမ့်မည်၊ လိမ်လည်လှည့်စားမှုကိုသာ လုပ်ဆောင်နိုင်ပြီး၊ ပိုမိုကောင်းမွန်သော ဘဝကို ရရှိဖို့ရန်အလို့ငှာ မိမိကိုယ်ကိုယ် ကာကွယ်ပြီး ဖုံးကွယ်ရန်အတွက် ဒုက္ခပေးတတ်ပြီး ခိုးကြောင်ခိုးဝှက် နည်းစနစ်များကိုသာ သင် သုံးနိုင်လိမ့်မည်။ ဘုရားသခင်၏ အိမ်တော်တွင်၊ အတိအကျ ဆန့်ကျင်ဘက်ဖြစ်၏- သင် ပိုမိုလှည့်ဖြားတတ်လေလေ၊ မိမိကိုယ်ကိုယ် ဟန်ဆောင်မှုပြုရန်နှင့် ပြရုပ်တင်ရန် ဆန်းပြားသော ကြိုးကိုင်ခြယ်လှယ်ခြင်းကို သင်အသုံးချလေလေဖြစ်ပြီး၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် သင် လျော့နည်းလေလေ ဖြစ်သည်၊ ထို့အပြင် ထိုသို့သော လူတို့ကို ဘုရားသခင် ပိုမို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လေလေ ဖြစ်သည်။ ရိုးသားသော လူတို့သာ ကောင်းကင်နိုင်ငံတော်တွင် ပါဝင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်ဖြစ်သည်ဟု ဘုရားသခင်က ရှေးမဆွက ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ သင် မရိုးသားလျှင်၊ ထို့အပြင် သင့်အသက်တာတွင် သင်၏ လက်တွေ့လုပ်ဆောင်မှုက ရိုးသားခြင်းဆီသို့ ဦးတည်ခြင်း မပြုသကဲ့သို့ သင်၏ ကိုယ်ပိုင်စရိုက်မှန်ကို သင် မထုတ်ဖော်လျှင်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိခြင်းနှင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခြင်း အခွင့်အရေးတစ်ခုကိုမျှ သင် ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။ ရိုးသားသော လူတစ်ဦးဖြစ်ဖို့ရန် ဆိုသည်မှာ အဘယ်အရာကို အမှန်တကယ် ဆိုလိုပါသနည်း။ ပထမဦးစွာ၊ ရိုးသားသောသူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်၊ ၎င်းတို့ စိတ်နှလုံးသားများထဲတွင် ဘုရားသခင်ကို ချီးမြှောက်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်နိုင်သည်ဟု ကျွန်ုပ်တို့ အသေအချာ ပြောနိုင်သည်။ ဒုတိယအနေဖြင့်၊ ရိုးသားသောသူက လက်တွေ့ကျပြီး ယထာဘူတကျကျ ပုံစံဖြင့် စကားပြောသည်။ ၎င်းတို့သည် အချက်အလက်များကို လိုရာဆွဲမပြောပါ၊ ၎င်းတို့သည် တရားသဖြင့် စကားပြောဆိုကြပြီး၊ အခြားသူများကို သင့်တင့်မျှတစွာ ဆက်ဆံကြသည်။ တတိယအနေဖြင့်၊ ရိုးသားသောသူက ဘုရားသခင်ကို ကြည်ညိုသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြပြီး၊ ဘုရားသခင်ကို နာခံကြသည်။ စတုတ္ထအနေဖြင့်၊ ရိုးသားသောသူသည် ၎င်းတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းရွက်ကြသည် ၎င်းတို့ လုပ်ဆောင်သမျှအရာတိုင်းတွင် ဘုရားသခင်ကို သစ္စာရှိကြသည်။ ပဥ္စမအနေဖြင့်၊ ရိုးသားသောလူတစ်ဦးက ၎င်း၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို ချစ်သည်။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့က ထည့်သွင်းစဉ်းစားနိုင်သည်။ ဆဋ္ဌမအနေဖြင့်၊ ရိုးသားသော လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ပြီး၊ ဘုရားသခင်ကို အမှန်တကယ် ဝတ်ပြုကိုးကွယ်နိုငသည်။ အထက်တွင် ဖော်ပြသည့် ထူးခြားသောလက္ခဏာများကို ပိုင်ဆိုင်သော တစ်ဦးတစ်ယောက်သည် ရိုးသားသောလူတစ်ဦး ဖြစ်သည်။ သူ၏ မျက်မှောက်တော်၌ ဤလူများ ရှင်သန်ကြသောအခါ ဘုရားသခင်က ကျေနပ်လေသည်။ ဤသည်မှာ ဘုရားသခင်က စုံလင်စေချင်သော လူပုဂ္ဂိုလ်မျိုး၊ ဘုရားသခင်က အမှန်တကယ် ရယူချင်သော လူပုဂ္ဂိုလ်မျိုးပင် အတိအကျ ဖြစ်သည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် ရိုးသားသောလူတစ်ဦး ဖြစ်သည်။ အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၅) တွင်ပါဝင်သော “ရိုးသားပွင့်လင်းသောသူတစ်ဦးဖြစ်ခြင်း- အကျဉ်းချုပ်” မှ ဘုရားသခင်သည် အဘယ်ကြောင့် ရိုးသားသောလူတို့ကို နှစ်သက်ပါသနည်း။ ပထမဦးစွာ ရိုးသားသောလူတို့သည် အခြားသူတို့နှင့် သင့်မြတ်စွာ အဆင်ပြေပြေနေနိုင်သည်။ သူတို့သည် အခြားသူများ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်နိုင်သည်။ သူတို့က သင့်ကို မလှည့်ဖြားဘဲ အမှန်တရားကို ပြောသည်။ ဤကဲ့သို့သောလူတို့နှင့် ဆက်ဆံရသောအခါ သင့်စိတ်က ရှင်းလင်းသည်။ စိတ်သက်သာပြီး အေးချမ်းနေသည်။ ဒုတိယအနေဖြင့် အရေးကြီးဆုံးအရာမှာ ရိုးသားသောလူများသည် ယုံကြည်စိတ်ချရပြီး အားထား၍ရနိုင်သည်။ သူတို့ကို တစ်စုံတစ်ရာ သင်အပ်နှံသောအခါ သို့မဟုတ် သူတို့က သင့်ကို ကူညီသောအခါ သူတို့ကို သင် စိတ်ချယုံကြည်နိုင်သည်။ ဤသည်မှာ ရိုးသားသောလူတို့နှင့် ဆက်ဆံရသောအခါ သင် စိတ်အေးလက်အေးဖြစ်ပြီး၊ သက်သောင့်သက်သာဖြစ်ကာ စိုးရိမ်မှုကင်းပြီး ငြိမ်းချမ်းစွာ ခံစားရသည့် အကြောင်းရင်းဖြစ်သည်။ ကိုယ်စိတ်ချမ်းသာခြင်းနှင့် ပျော်မွေ့မှုအသိကို သင်ခံစားရသည်။ ရိုးသားသောလူတို့သည်သာ အခြားသူများ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာနိုင်ပြီး အခြားသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိနိုင်သည်။ ထို့ကြောင့် ရိုးသားသော လူတစ်ဦးသည်သာ လူသားဖြစ်ခြင်း၏ စစ်မှန်သော ပုံသဏ္ဍာန်ဖြစ်သည်။ အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၇) တွင်ပါဝင်သော “သမ္မာတရားကို နားလည်ခြင်းနှင့် စာတန်၏ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားခြင်းသည်သာလျှင် ကယ်တင်ခြင်းဖြစ်၏” မှ ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်, ချီးမွမ်းခြင်း, ယုံကြည်သူ, အသက်
https://kingdomsalvationmy.wordpress.com/2019/12/27/what-is-an-honest-person/
အမျိုးသားတို့အတွက်ပိုပြီးသင့်လျော်တဲ့ metal မျက်မှန်တစ်လက်ဖြစ်ပါတယ်။ ပေါ့ပါးခိုင်ခံ့မှုကြောင့် နေ့စဥ်တပ်ဆင်ဖို့အတွက် အဆင်ပြေစေမှာပါ။ Frame Color - Matte dark gunmetal
https://www.zeekwek.com/products/polo-11
ဖခင်ရဲ့ အလိုအလျှောက်သိစိတ်ကြောင့် ကားထဲ နာရီ ၃၀ ကြာပိတ်မိနေတဲ့သားဖြစ်သူကို ရှာဖွေနိုင်ခဲ့ – Myanmar ဖခင်ရဲ့ အလိုအလျှောက်သိစိတ်ကြောင့် ကားထဲ နာရီ ၃၀ ကြာပိတ်မိနေတဲ့သားဖြစ်သူကို ရှာဖွေနိုင်ခဲ့ ဖခင်ရဲ့ အလိုအလျှောက်သိစိတ်ကြောင့် ပျက်စီးနေတဲ့ ကားအတွင်း ပိတ်မိနေတဲ့ သားဖြစ်သူကို အသက်ကယ်နိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ လက်ဘရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးဆောက်ဝေးလ်ပြည်နယ်မှာ ကားမောင်းနေတုန်း လမ်းဘေးကိုထိုးကျသွားခဲ့ပြီး ကားထဲမှာ နာရီ ၃၀ ကြာ ပိတ်မိနေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက လက်ဘရစ် ရောက်မလာလို့ ဆက်သွယ်ချိန်မှာ သူ့မိသားစုတွေ စိတ်ပူပြီး ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပါတယ်။ ဒီအချိန်မှာ လက်ဘရစ်ရဲ့ဖခင် တိုနီက လွန်ခဲ့တဲ့ ၅ နှစ်က သူတို့ဒေသမှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအကြောင်း သတိရသွားပါတယ်။ အဲဒီဖြစ်စဉ်မှာ ကားထဲ ပိတ်မိနေတဲ့ ယာဉ်မောင်းကို (၅)ရက်တိုင်တိုင် ရှာမတွေ့ခဲ့လို့ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ဖူးပါတယ်။ သူ့သားကို ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်တဲ့ ဖခင်က ရဟတ်ယာဉ် ငှားရမ်းခဲ့ပြီး သားဖြစ်သူကို လိုက်ရှာစေခဲ့ရာမှာ ၁၀ မိနစ်အတွင်း သားဖြစ်သူကို တွေ့ခဲ့ပါတယ်။ လက်ဘရစ်ဟာ ပျက်စီးနေတဲ့ကားရဲ့ ကားစက်ဖုံးအောက် ပိမိနေတာပါ။ သူ့ကို ဆွဲထုတ်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တစ်နာရီလောက် အချိန်ယူခဲ့ရပါတယ်။ လက်ဘရစ်ဟာ အရိုးကျိုး ဒဏ်ရာတွေကြောင့် ဆေးရုံတက်နေရပြီး အရေးပေါ်အခြေအနေ ရှိနေတယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။ လမ်းဘေးမှာ ဖျော်ဖြေတင်ဆက်မှုလုပ်နေတဲ့ သရုပ်ဆောင်ကို တကယ်ဒဏ်ရာရနေတယ်ထင်ပြီး ဝင်ကူညီပေးခဲ့တဲ့ ခွေးလေး (ရုပ်သံ)
https://dailycinews.com/archives/13444
မကောင်းဆိုးဝါးများ အပူးခံရခြင်း ဆိုသည်မှာ အဘယ်နည်း။ မကောင်းဆိုးဝါးများ အပူးခံရခြင်းကို မည်သို့ ပြပါသနည်း။ | နိုင်ငံတော်သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော် မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။...အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။ အချို့သောလူတို့သည် နတ်ဆိုးများ၏ စိုးမိုးမှုကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသည်။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်စားပြုသည့်အရာ၌ မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို အလေးမထားပါ။ သင့်ကိုယ်သင် မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် စွဲစွဲမြဲမြဲ ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ဆဲဖြစ်ပြီး၊ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူ တစ်ဦးဖြစ်သည်။...အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းမဖောက်နိုင်၊ သို့မဟုတ် ခေတ်ဟောင်းကို အဆုံးမသတ်နိုင်သည့်အပြင်၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ သို့မဟုတ် အသစ်သော အလုပ်ကို မပြုလုပ်နိုင်ပါက သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပါ။ နတ်ဆိုးများ ဝင်ပူးခံရသော လူတို့သည် ဝိညာဉ်ဆိုးများ၏ ကျူးကျော်ဝင်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရသူများ ဖြစ်သည်။ အဓိကသရုပ်သကန်မှာ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်း၊ သို့မဟုတ် တစ်ခါတစ်ရံ မကျန်းမာသောစိတ်ရှိခြင်း၊ ပုံမှန်အသိစိတ် လုံးဝဆုံးရှုံးခြင်း ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြသော်လည်း သမ္မာတရားကို လက်မခံနိုင်ကြသလို ဖျက်လိုဖျက်ဆီးလုပ်သော အခန်းကဏ္ဍ၌သာ ပါဝင်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ယုံကြည်သော်လည်း ကယ်တင်မခံရနိုင်ဘဲ နှင်ထုတ်ခြင်းခံရမည့် အကြောင်းရင်းဖြစ်သည်။ ဝိညာဉ်ဆိုးများ ဝင်ပူးခြင်းခံရသော လူအများစုသည် စာတန်၏ လက်ပါးစေများအဖြစ် ပြုမူကြပြီး ဘုရားသခင်၏အမှုတော်ကို နှောင့်ယှက်ကြလေသည်။ အဓိကသရုပ်သကန်ဆယ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်- ၁။ ဘုရားသခင်၊ သို့မဟုတ် ခရစ်တော်အဖြစ် ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။ ၂။ ကောင်းကင်တမန်တို့၏ ဝိညာဉ်များကို ပိုင်ဆိုင်သည်ဟု ဟန်ဆောင်ကြသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။ ၃။ အခြားသော လူ့ဇာတိခံ ဘုရားသခင်အဖြစ် ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။ ၄။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြစ်သည်ဟု ပြောသောသူများ၊ သို့မဟုတ် အခြားသူများအား ၎င်းတို့၏စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားစေသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။ ၅။ အခြားသူများက ၎င်းတို့နောက်လိုက်ပြီး ၎င်းတို့ကို နာခံကြစေဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသကဲ့သို့ ဟန်ဆောင်သောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။ ၆။ အခြားသော ဘာသာစကားဖြင့် မကြာခဏ ပြောဆိုပြီး အခြားသော ဘာသာစကားများကို အနက်ပြန်ကြသူများနှင့် သဘာဝလွန် ရူပါရုံမျိုးစုံကို မြင်နိုင်သောသူများ၊ သို့မဟုတ် အခြားသူများ၏ အပြစ်များကို မကြာခဏ ထောက်ပြကြသောသူအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသူများဖြစ်သည်။ ၇။ ဝိညာဉ်များ၏ သဘာဝလွန်အသံများကို မကြာခဏ ကြားရသူများ၊ သို့မဟုတ် သရဲတစ္ဆေများကို မကြာခဏ မြင်ရသူများနှင့် သိသာထင်ရှားစွာပင် ခေါင်းသိပ်မမှန်သောသူများအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရပြီးဖြစ်သည်။ ၈။ ပုံမှန်လူသား တွေးခေါ်မြော်မြင်မှုကို ဆုံးရှုံးသွားကြသူများ၊ စိတ်မနှံ့သော အသုံးအနှုန်းများဖြင့် မကြာခဏ စကားပြောကြသူများ၊ မိမိကိုယ်ကို မကြာခဏ စကားပြောကြသူများ၊ အဓိပ္ပာယ်မရှိသော စကားများကို ပြောကြသူများ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို သွန်သင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို တို့ထိသည်ဟု မကြာခဏ ပြောကြသောသူအားလုံးသည်လည်း ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရပြီး ဖြစ်သည်။ ၉။ တစ်ခါတစ်ခါ မူမမှန်သော အပြုအမူရှိကြသူများ၊ မိုက်မိုက်မဲမဲ ပြုမူကြသူများနှင့် တစ်ခါတစ်ရံ ရူးသွပ်ကြသူများ၊ ထို့အပြင် အခြားသူများနှင့် ပုံမှန်စကားစမြည် မပြောနိုင်သောသူများအားလုံးသည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားကြရသောသူများ ဖြစ်ပေသည်။ လိင်တူဆက်ဆံသူများအဖြစ် အမျိုးအစား သတ်မှတ်ခံထားရသူများအားလုံးသည် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသည့် လူအမျိုးအစားများဖြစ်ကြပြီး နှင်ထုတ်ခံကြရမည့်သူများကြားတွင် ရှိကြသည်။ ၁၀။ အချို့သော လူတို့သည် များသောအားဖြင့် အတော်အတန် ပုံမှန်ဖြစ်ကြသော်လည်း လအနည်းငယ်တစ်လျှောက်တွင်၊ သို့မဟုတ် တစ်နှစ်နှစ်နှစ်အတောအတွင်းတွင် နှိုးဆွခြင်းကို ခံရနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု ဖြစ်ပေါ်နိုင်ပေသည်။ စိတ်ဖောက်ပြန်ချိန်တွင် ၎င်းတို့သည် နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသော လူတို့နှင့် အတူတူပင်ဖြစ်လေသည်။ ဤလူတို့သည် တစ်ခါတစ်ရံတွင် ပုံမှန်ဖြစ်တတ်ကြသော်ငြား ၎င်းတို့ကိုလည်း ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံထားရသော သူများအဖြစ် အမျိုးအစား သတ်မှတ်ထားသည်။ (အကယ်၍ တစ်စုံတစ်ဦးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုရှိခဲ့သော်လည်း ထိုအရာပြီးနောက် နှစ်ပေါင်းများစွာ ကောင်းမွန်နေခဲ့လျှင်၊ ၎င်းတို့သည် ၎င်းတို့၏ယုံကြည်မှု၌ သမ္မာတရားကို နားလည်ပြီး လက်ခံနိုင်ကာ ပြောင်းလဲမှုအချို့ကို ကြုံထားရလျှင် ၎င်းတို့သည် ဝိညာဉ်များဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူများအဖြစ် အမျိုးအစားသတ်မှတ်ခံရလိမ့်မည် မဟုတ်ပါ)။ နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံရသောလူတစ်ဦးသည် စာတန်၏ လုံးဝနေရာယူပြီး ထိန်းချုပ်ခြင်းကို ခံရ၍ စာတန်နှင့် သက်ဆိုင်ပြီး ကျိန်ခြင်းခံရလေသည်။ အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “အသင်းတော်အလုပ်ကို ကောင်းစွာ ဆောင်ရွက်နိုင်ရန် လူအမျိုးအစားအချို့ကို ပိုင်းခြားသိမြင်တတ်ရန် လိုအပ်သည်” မှ လူကို ဆိုးညစ်သည့် ဝိညာဉ်များက လှည့်ဖြားသည့် အခြေအနေ နှစ်မျိုးသာ ရှိသည်- တစ်မျိုးမှာ ဝိညာဉ်ဆိုးများ၏ သဘာဝလွန် လုပ်ဆောင်ချက်ဖြစ်ပြီး အခြားတစ်ခုမှာ ဝိညာဉ်ဆိုးများက လူသားများအဖြစ် ဝင်စားခြင်းဖြစ်သည်။ အဆင်းနီသော နဂါးကြီးဖြစ်သည့် နတ်ဆိုးကဲ့သို့သော ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်သူများသည်လည်း ဆိုးညစ်သော ဝိညာဉ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ပိုမို၍ ချောင်းမြောင်းဖျက်ဆီး၊ ပိုမို၍ အငြိုးထားတတ်ကြ၏။ အချို့သော ဝိညာဉ်ဆိုးများက လူတို့၏ဘဝ တစ်ချိန်ချိန်၌ သူတို့၏ ခန္ဓာကိုယ်များကို ဝင်ပူးတတ်ကြသည်။ အချို့သော ဝိညာဉ်ဆိုးများမှာ နတ်ဆိုးများ၏ ဝင်စားခြင်းများ ဖြစ်သည်။ အပြင်ပန်းတွင် ဆိုးညစ်သော ဝိညာဉ်များ၏ သဘာဝလွန် လုပ်ဆောင်ချက် မရှိသလို မကောင်းဆိုးဝါးများ ဝင်ပူးခြင်း၏ မည်သည့်အရိပ်အယောင်မျှ သင် မတွေ့နိုင်သော်လည်း သူတို့က သမ္မာတရားကို သဲသဲမဲမဲ ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို သူတို့ သွေးရူးသွေးတန်း ဆန့်ကျင်ပြီး အာခံကြသည်။ လူဝင်စားသော နတ်ဆိုးများမှာ သဘာဝလွန်မဟုတ်ကြဘဲ သာမန်ဖြစ်သည်။ သို့သော် သမ္မာတရားကို သူတို့ ရန်လိုကြသည်မှာ သိသာလှပေသည်။ အဆင်းနီသော နဂါးကြီးမှာ လူဝင်စားသော နတ်ဆိုးများ အမျိုးအစားနှင့် သက်ဆိုင်ပြီး ဘုရားသခင်ကို အာခံသော နိုင်ငံရေးသမားများနှင့် အစိုးရခေါင်းဆောင်များသည်လည်း ပြန်လည်မွေးဖွားလာသော နတ်ဆိုးများဖြစ်သည်။ ဆိုးညစ်သော ဝိညာဉ်များ၏ လုပ်ဆောင်မှုရှိသောသူများသည်သာ နတ်ဆိုးဝင်ပူးခံရသူများဖြစ်ပြီး သူတို့ကိုယ်တိုင် နတ်ဆိုးများဖြစ်သည်ဟု ဆိုခြင်းမှာ လက်တွေ့အရှိတရားနှင့် ကိုက်ညီမှုမရှိပါ။ အချို့သော ဝိညာဉ်ဆိုးများက မိမိတို့ကိုယ်ကို ပိုမိုနက်ရှိုင်းစွာ ရုပ်ဖျက်ထားကြပြီး သူတို့ကို သင် မရိပ်စားမိနိုင်ပါ။ လူဝင်စားသော နတ်ဆိုးများအမျိုးအစားတွင် သူတို့ ပါဝင်သည်။ ယခင်က:သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် နတ်ဆိုးများ၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်များမှာ အဘယ်နည်း။ နောက်တစ်ခုသို့:၎င်းတို့ထဲတွင် နတ်ဆိုးများ၏ လုပ်ဆောင်ချက်များ ရှိကြသူများ သို့မဟုတ် မကောင်းဆိုးဝါးများ အပူးခံရသူများကို ဘုရားသခင် အဘယ်ကြောင့် မကယ်တင်သနည်း။
https://my.kingdomsalvation.org/what-is-possession-by-demons.html
Save The Library in Myanmar Save the Library ဆိုတာဘာလဲ? လူ ၁ ယောက် ၁ လ ၁ ထောင်ကျပ် စုပေါင်းထည့် ဝင်ငွေဖြင့် လစဉ်စာအုပ်ဝယ်ပြီး တက်ကြွလှုပ်ရှားနေသော စာကြည့်တိုက်များသို့ လစဉ်အလှည့်ကျ ငှားရမ်းပေးခြင်း၊ (၄) လပြည့်လျှင် အဟောင်းသိမ်း အသစ်ထပ်မံငှားရမ်းခြင်း၊ အခြားလိုအပ်သည့် အားနည်းချက် ရှိသည်များကို ဖြည့်ဆည်းပေးခြင်း (နည်းစနစ်၊ စာအုပ် အပိုင်လှူခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး လှုံ့ဆော်မှုများ ဆောင်ရွက်ပေးခြင်း) စသည်တို့ ဆောင်ရွက်ပေးမည့် ကွန်ယက် အဖွဲ့ဖြစ်ပါသည်။ "ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိရင် ကျုပ်တို့လည်း မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနှင့် မကင်းတဲ့အပြင် တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဒီလို တပ်ပျက်ဗိုလ်လုပ်ရတဲ့ အခြေအနေမျိုးဖြစ်နေတော့ ချွတ်ယွင်းချက်တွေ အမြောက်အများ ရှိတယ်ဆိုတာ ကျုပ်တို့ကိုယ်တိုင် သိတယ်၊ ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။" ref: ၁၉၄၇၊ ဇူလိုင် ၁၃၊ မြို့တော်ခန်းမ ဘယ်လိုစနစ်နဲ့ ဆောင်ရွက်လဲ ? 4 in 1 System နဲ့ ငှားရမ်းပေးပါမည်။ စာကြည့်တိုက်များ အနေနဲ့ မိမိဒေသအတွင်းနဲ့ ပတ်ဝန်ကျင်က စာကြည့်တိုက် (၄)တိုက်ပေါင်းပြီး တစ်အုပ်စု ဖွဲ့ရပါမည်။ ဖွဲ့ပြီးတာနဲ့ ဆက်သွယ်နိုင်ပါပြီ။ Save the Library ကနေ စာကြည့်တိုက် (၄) တိုက်ကို အညီအမျှ စာအုပ်များ ပေးပို့ပေးပါမည်။ အရှေ့ရွှေဂုံတိုင်ရပ်ကွက် ရွာသစ်ဖျ နတ်ကင်း အမှတ် (၁)ရပ်ကွက် သုံးပင်ကွင်းရပ်ကွက် မေတ္တာညွန့်ရပ်ကွက် စာကြည့်တိုက်တွေအတွက် ဘာထူးမှာလဲ ? မိမိတို့ စာကြည့်တိုက်တွေအတွက် အမှန်တကယ် လိုအပ်သော စာအုပ်များ ရရှိခြင်း။ စာဖတ်သူများသို့ တစ်လ (၁)ကြိမ် အသစ်များဖြင့် လဲလှယ် ငှားရမ်းပေးနိုင်ခြင်း စာကြည့်တိုက်အနေနှင့်ရော စာဖတ်သူများအနေနှင့်ပါ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အထကို ဖော်ဆောင်နိုင်ခြင်း။ စာကြည့်တိုက်နှင့် ပတ်သက်သည့် လှုပ်ရှားမှုများတွင် အခြားစာကြည့်တိုက်များနှင့်အတူ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာနိုင်ခြင်း။ Save the Library ကို တစ်လ တစ်ထောင် ဘယ်လိုထည့်မလဲ ? ကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊ Wave Money နဲ့ OK$ ရှိတဲ့ ဆိုင်များမှ ဖြစ်စေ၊ မိမိအကောင့်မှဖြစ်စေ Wave Money နဲ့ OK$ အကောင့်ဖွင့်ထားတဲ့ - ဦးဝင်းဆွေ - 09785175259 ကိုမောင်မောင်စိုး - 09798435623 ဖုန်းနံပါတ်များသို့ ပေးပို့လှူဒါန်းနိုင်ပါသည်။
https://savethelibrarymyanmar.org/
မာလီအမျိုးသမီးတစ်ဦးမှ ကလေးကိုးယောက်ကို တစ်ခါထဲ မွေးဖွားနိုင်ခဲ့တဲ့ ရှားပါးဖြစ်ရပ် - Myanmarload မာလီအမျိုးသမီးတစ်ဦးမှ ကလေးကိုးယောက်ကို တစ်ခါထဲ မွေးဖွားနိုင်ခဲ့တဲ့ ရှားပါးဖြစ်ရပ် Halima Cissé ဟာ Morocco မှာ ကလေး ကိုးယောက်ကို တစ်ခါထဲ မွေးဖွားနိုင်ခဲ့ပါတယ်။ မာလီသမ္မတဟာလည်း ဒီကိစ္စကြောင့် အထူးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပြီး သူကိုယ်တိုင် လာရောက်တွေ့ခဲ့ပါတယ်။ " ကျွန်တော်အရမ်းပျော်ပါတယ်၊ ကျွန်တော်မိန်းမရော ကလေးတွေပါ အဆင်ပြေကြပါတယ် " ဆိုပြီး ယောက်ျားဖြစ်သူက ပြောပြခဲ့ပါတယ်။ ကလေးတွေကတော့ မိန်းကလေး ၅ ယောက်ဖြစ်ပြီး ယောက်ျားလေး ၄ ယောက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက ကလေး ၈ ယောက် တစ်ခါထဲ မွေးခဲ့တဲ့ US က အမျိုးသမီးတစ်ယောက်ဟာ ကလေးမွေးစဉ် အများဆုံး မွေးဖွားနိုင်တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ကို တင်ထားနိုင်ခဲ့ပါတယ်။ ကလေးကိုးယောက်ကို တစ်ခါထဲ မွေးဖွားတဲ့ဖြစ်စဉ်ဟာ နှစ်ခုရှိခဲ့ပါတယ်။ တစ်ခုကတော့ ၁၉၇၁ ခုနှစ်က Australia ကအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နောက်တစိခုက ၁၉၉၉ တုန်းက Malaysia ကအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပဲ ရက်အနည်းငယ်လောက်သာ နေနိုင်ခဲ့ကြပါတယ်။ ကလေး၈ယောက်မွေးပြီး စံချိန်တင်ထားတဲ့ Nadya Suleman ရဲ့ ကလေးတွေဟာဆိုရင် ခုချိန်မှာ အသက် ၁၂နှစ်ရှိနေပြီဖြစ်ပါတယ်။ မာလီကျန်းမာရေး၀န်ကြီး Fanta Siby က "ပျော်ရွှင်စရာရလဒ်" အတွက်မာလီနှင့်မော်ရိုကိုရှိ ဆေးအဖွဲ့များကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ အင်မတန်ကိုမှ ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး မိသားစုဟာလည်း လူတိုင်းရဲ့ နွေးထွေးဆက်ဆံမှုကို ရရှိခဲ့ပါတယ်။ သမ္မတတောင်မှ သူတို့ကိုလာရောက်တွေ့ပေးခဲ့ပါတယ်။ ခုလိုကလေးအများကြီးကို တစ်ခါထဲ မွေးဖွားတဲ့ဖြစ်စဉ်ဟာ မိခင်ရော ကလေးတွေအတွက်ပါ စွန့်စားရာကျပါတယ်။ ခုလိုအဆင်ပြေပြေနဲ့ မွေးဖွားလာတယ်ဆိုတာ တကယ်ကံကောင်းလို့ပဲလို့ ဆရာ၀န်တစ်ယောက်က ပြောပြခဲ့ပါတယ်။ သတင်းအရင်းအမြစ်៖ BBC
https://www.mmload.com/article/92582
ခရီရေးတစ်ဖ် ကွန်မွန်း လိုင်စင် - ဝီကီပီးဒီးယား Creative Commons လိုင်စင်ကို ၂၀၀၁ ခုနှစ်တွင် Lawrence Lessig စတင်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလိုင်စင်အများစုရဲ့ ရည်ရွယ်ချက်မှာ အွန်လိုင်း Creative (ဖန်တီးမှု) နှင့်ပတ်သတ်၍ လွယ်ကူစွာဖတ်ရှုနိုင်ရန် အဓိကရည်ရွယ်ပါတယ်။ အဆိုပါ လိုင်စင်အုပ်စုများတွင် Some rights reserved ဟုသော စကားစုမှာပါဝင်လေ့ရှိပါသည်။ မတူညီကြတဲ့ Creative Commons လိုင်စင်ခြောက်မျိုးရှိပါတယ်။ အဆိုပါလိုင်စင်များဟာ အများဆုံးအသုံးပြုနေကြတဲ့ လိုင်စင်အမျိုးအစားများဖြစ်ကြပါတယ်။ အဆိုပါလိုင်စင်ကိုလည်း အချို့အချက်များဖြည့်စွက်၍သော်လည်ကောင်း ၊ ပြင်ဆင်၍သော်လည်းကောင်း လိုင်စင်အသစ်တစ်ခုအနေဖြင့် ပြုလုပ်ပိုင်ခွင့်ရှိပါသည်။ Creative Commons Licenses ကို တရားစီရင်ရာနေရာဒေသပေါ်မူတည်၍ ကွဲပြားခြားနားနိုင်သလို တကမ္ဘာလုံးမှာအတူတူလည်းဖြစ်နိုင်ပါတယ်။ အခြေခံ Creative Commons လိုင်စင်ကို CC attribution လို့ခေါ်ပါတယ်။ ကူးယူခြင်း ၊ ပြင်ဆင်ခြင်း နှင့် ပြန်လည်ထုတ်ဝေခြင်း (စီးပွားဖြစ်ဆိုရင်တောင်) ကို ခွင့်ပြုထားပါတယ်။ CC Attribution ရိုးရိုးလိုင်စင်ကို CC Attribution share-alike အဖြစ်ချဲ့ထွင်နိုင်ပါတယ်။ အထက်က သတ်မှတ်ချက်တွေနဲ့အကုန်တူတူပါပဲ။ ကွဲပြားခြားနားတာကတော့ အဆိုပါ work ကမှဆင်းသက်လာသော တနည်းအားဖြင့် အဆိုပါ work ကိုအမှီပြု၍ဆင်းသက်လာသော work များသည် မူရင်း share alike လိုင်စင်များကဲ့သို့ မူလဘူတ work ရဲ့ ဂုဏ်သတ္တိများကိုလိုက်နာရမည်ဖြစ်ပါသည်။ နာမည်ကျော်အွန်လိုင်းစွယ်စုံကျမ်း Wikipedia သည် ၎င်းရဲ့ content များကို အထက်ပါ လိုင်စင်ဖြင့်ပြဋ္ဌာန်းထားသည်။ ကျန်တဲ့လေးခုကတော့ ပြန်လည်မျှဝေခြင်းကိုခွင့်ပြုပါတယ်။ ထိုသို့ပြုလုပ်ရန်အတွက် မူရင်း ပိုင်ရှင်နာမည်ကို credit ပေးရမည်ဖြစ်သည်။ သို့သော် ပြန်လည်ပြင်ဆင်ခွင့်မရှိပါ။ အားလုံးကိုခွင့်ပြုထားပါတယ်။ သို့သော် စီးပွားရေးအရ အသုံးချတာမဖြစ်ရပါဘူး။ အပေါ်ကအတိုင်းပါပဲ။ သို့သော် ဆင်းသက်လာသော လိုင်စင်များသည် မူရင်းလိုင်စင်တွင်လိုက်နာသော အချက်များအားလုံးကိုလိုက်နာရမည်ဖြစ်သည်။ စီးပွားရေးအတွက်မဟုတ်သောအခါတွင် ပြန်လည်ဖြန့်ချိခြင်းကိုခွင့်ပြုပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ခွင့်မပြု။ အထက်ကဖော်ပြတဲ့အတိုင်း လိုင်စင်ခြောက်ခုလုံးမှာ တူညီတဲ့အချက်ကတော့ မူရင်းပိုင်ရှင်ကို credit သို့မဟုတ် attribution ပေးရမယ့်အချက်ပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ work ရဲ့နာမည် ၊ copyright အသိပေးစာ နှင့်လိုင်စင်နာမည်တို့ပါဝင်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အထက်က လိုင်စင် တွေအပြင် CC0 လို့ခေါ်တဲ့ owner တွေက လျှော့ပေါ့သတ်မှတ်ထားတဲ့ လိုင်စင်တွေလည်းရှိပါတယ်။ သူကတော့ public domain လိုပါပဲ။ သူအောက်မှာကတော့ “no rights reserved” လို့ရေးထားလေ့ရှိပါတယ်။ Creative Commons လိုင်စင်တွေဟာ ရှင်းလင်းပြီးဖတ်ရလွယ်ကူပါတယ်။ အထက်မှာဖော်ပြထားတဲ့အတိုင်း Wikipedia ဟာ ShareAlike လိုင်စင်ကိုသုံးပါတယ်။ နာမည်ကြီး images hosting တစ်ခုဖြစ်တဲ့ Flickr ကလည်း ဓာတ်ပုံတွေအတွက်ကို Creative Commons လိုင်စင်ကိုသုံးပါတယ်။သင်အနေနဲ့လည်း စိတ်သန့်သန့်နဲ့ Creative Commons လိုင်စင်အောက်ကဟာတွေကိုပဲအသုံးပြုချင်တယ် google ကနေတစ်ဆင့်ရှာချင်တယ်ဆိုရင် လည်း ဒီမှာဖြေထားတာရှိပါတယ်။ "https://my.wikipedia.org/w/index.php?title=ခရီရေးတစ်ဖ်_ကွန်မွန်း_လိုင်စင်&oldid=565026" မှ ရယူရန်
https://my.wikipedia.org/wiki?curid=16366
https://celemilo.xyz/archives/10663
ကော်ဖီ - ဝီကီပီးဒီးယား ဘလက်ကော်ဖီတစ်ခွက် အပူ သို့မဟုတ် အအေး ယီမင်နိုင်ငံ [၁] ခန့်မှန်းခြေ ၁၅ ရာစု အညိုရင့်၊ အညိုဖျော့၊ အနက်၊ ဝါညိုနုရောင် (၁၇) ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်း မသိခဲ့ကြပေ။ ထိုစဉ်က အက်ဗီဆီးနီးယား နိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ်တို့၌ ကော်ဖီကို မြိန်ရှက်စွာ သောက်သုံးနေကြပြီဖြစ်သော်လည်း မည်သည့်အချိန်က စတင် သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။ ၁ စတင် တွေ့ရှိပုံ ၂ ကော်ဖီပင် ပေါက်ရောက်ရာ ဒေသများ ၃ ကော်ဖီထုတ်လုပ်မှု ၄ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်း ၅ ကော်ဖီနှင့် ကျန်းမာရေး ၆ မြန်မာ့ကော်ဖီ စတင် တွေ့ရှိပုံ[ပြင်ဆင်ရန်] ချယ်ရီသီးနှင့် သဏ္ဌာန်တူသော ကာဖီသီးအမှည့်များ လှော်ထားသော ကော်ဖီစေ့ ကော်ဖီကို စတင်တွေ့ရှိပုံ အကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင် အမြောက်အမြားရှိသည်။ (၃) ရာစုနှစ် အကုန်လောက်တွင် အာရေဗျမှ ခရစ်ယာန် ဘုန်းတော်ကြီး တစ်စုသည် နှိပ်စက် ညှဉ်းပန်းမှု ဘေးရန်များကြောင့် အက်ဗီဆီးနီးယား နိုင်ငံရှိ တောတောင် ထူထပ်ရာ ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ တစ်ခါသော် ထိုဘုန်းတော်ကြီးများ မွေးမြူထားသည့် သိုးနှင့် ဆိတ်တို့သည် ညရောက်သော်လည်း အိပ်စက်ခြင်း မရှိပဲ မြူးထူး ခုန်ပေါက်၍ သွားလာနေကြသည်ကို တအံ့တဩ တွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ ဖြစ်နေသည့်အတွက် ဘုန်းတော်ကြီးများသည် သိုးနှင့် ဆိတ်တို့ စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှ အပင်တစ်မျိုး၏ အရွက်နှင့် အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင် ဖြစ်၍ ကော်ဖီရွက်နှင့် ကော်ဖီသီးများကို စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင် ဖြစ်ရသည်ဆို၏။ အခြားနာမည်ကျော်ဇာတ်လမ်းတစ်ပုဒ်သည် ဤသို့ဖြစ်၏ ။ အေဒီ (၉) ရာစုတွင် အီသီယိုးပီးယားနိုင်ငံမှ ဆိတ်ကျောင်းသား ကယ်(လ်)ဒီ (Kaldi) မှစတင်တွေ့ရှိခဲ့ကာ ဆိတ်ကျောင်းရင်း ဆိတ်များ အသီးတစ်မျိုးကို စားမိပြီး မြူးထူးခုံပေါက်နေသည်ကို သတိထားမိ၍ မိမိကိုယ်တိုင်မြည်းစမ်းကြည့်ရာမှ ကော်ဖီကိုစတင်သတိပြု သောက်သုံးခဲ့သည်ဟု ဆိုသည်။ ထိုပုံပြင်များသည် ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က မက္ကာမြို့သို့ ဘုရားဖူးသွားကြသော မွတ်စလင်တို့သည် ညဘက် တရားအားထုတ်ချိန်များ၌ အိပ်ငိုက်ပြေစေရန် ကော်ဖီစေ့ကို လှော်၍ အမှုန့်ကြိတ်ပြီးလျှင် ရေတွင်ဖျော်ကာ သောက်သုံးခဲ့ကြကြောင်း အထောက်အထားများ ရှိလေသည်။ နောင်သော် ကော်ဖီ သောက်ခြင်းအလေ့သည် တစ်စတစ်စ ပျံ့နှံ့လာပြီးလျှင် တရုတ် နိုင်ငံ၌ လက်ဖက်ရည်ကို ကြိုက်နှစ်သက်သကဲ့သို့ပင် အာရေဗျ ကျွန်းဆွယ်၌လည်း ကော်ဖီကို အထူး နှစ်သက်လာကြလေသည်။ ကော်ဖီပင် ပေါက်ရောက်ရာ ဒေသများ[ပြင်ဆင်ရန်] ကော်ဖီစိုက်ပျိုးသည့် နေရာဒေသများ ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှ ဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယ ကျွန်းစုတို့မှအပ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျာဗားကျွန်းနှင့် ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းများ ဖြစ်ကြသည်။ ကော်ဖီထုတ်လုပ်မှု[ပြင်ဆင်ရန်] ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု (၂၀⁠၀၅) နိုင်ငံ ထုတ်လုပ်မှု (မက်ထရစ်တန်) ဘရာဇီး ၁၇၈၁၆၈၄ ဗီယက်နမ် ၈၀၉၃၈၄ အင်ဒိုနီးရှား ၆၂⁠၂၉၈၆ ကိုလံဘီယာ ၅⁠၅၈၀၅၀ မက္ကဆီကို ၂၅၄၁၄၈ အိန္ဒိယ ၂⁠၂၄၈၂၉ အီသီယိုးပီးယား ၂၁၂၅၆၆ ဂွါတီမာလာ ၁၇⁠၇၀၈၄ ဟွန်ဒူးရပ်စ် ၁၅⁠၅၈၆၀ ယူဂန်းဒါး ၁၅၂၀၆⁠၆ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်း[ပြင်ဆင်ရန်] ကော်ဖီလုပ်ငန်းဌာနကြီးတစ်ခုရှိ ကာဖီ လှော်ကြိတ်ပေးသည့်စက် ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂ဝဝ နှင့် ပေ ၂ဝ⁠ဝဝ ကြား ရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင် ကလေးမျိုး ဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုးထားသော ခြံများတွင် အသီးများကို လွယ်လင့်တကူ ဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကို ချိုင်ပေးလေ့ ရှိကြသည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစု လိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်လာကြ၍ ၅ နှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင် အနှစ် ၂ဝမျှကြာအောင် သီးပွင့် လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။ ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထိုနောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများ ပြုလုပ် ကြသည်။ သို့သော် အသီး မှည့်တွင် အစေ့အပြင်ဘက်၌ အသားဖတ် ရှိနေရုံမက အစေ့ ပေါ်တွင်လည်း အမြှေး ခွံများ ၂ထပ်မျှ ကပ်နေသေးသည့် အတွက် အစေ့ချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့ များမှ အမြှေး စင်သွားအောင် လုပ်ရာတွင် အစေ့များကို တစ်နည်း⁠နည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး ၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲ ပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ကြသည်။ အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို သောက်သုံးနိုင်ရန် အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင် ရအောင် လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက် ပြုလုပ် ရန် လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြ သော်လည်း ယခုအခါ၌မူ ဤအလုပ်ကို ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသော အခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်းမကောင်းကို စမ်းသပ် ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှားရမ်းထား ကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက် နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။ ကော်ဖီတွင် ကက်ဖီအင်း(Caffeing)ခေါ် ဓာတ်တစ်မျိုး ပါဝင်သည်။ ထိုဓာတ်များ လက်ဖက်ခြောက်တွင် ပါဝင်သော သီးအင်းနှင့် အတူတူပင် ဖြစ်သော်လည်း သီးအင်းဓာတ်ထက် ပို၍ပြင်းသည်။ ကာဖီကို စွဲခြင်းမှာ ထိုဓာတ်ကြောင့်ပင် ဖြစ်၏။ ကော်ဖီကို အားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓာတ်ကို လိုသလောက် လျော့ချထားနိုင်သည်။ အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီခေါ် သစ်မြစ်တမျိုးကို အမှုန့်ကြိတ် ၍ ကာဖီနှင့် ရောစပ်ကာ ရောင်းချသောက်သုံးလေ့ရှိကြသည်။ အချို့ မရိုးဖြောင့်သော ကုန်သည်များသည် ချစ်ကိုရီသာမက အခြားသစ်မြစ် သစ်စေ့များနှင့် တမင်တကာ ရောစပ်၍ ရောင်းချသည့်အခါမျိုးလည်း ရှိသေးသည်။ ကော်ဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။ သို့သော် အာရေဘီးယန်းနှင့် လိုက်ဘေးရီးယန်းကော်ဖီပင် နှစ်မျိုးကိုသာ အများအပြား စိုက်ပျိုး လေ့ရှိကြပေသည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယကျွန်းစုတို့မှလွဲ၍ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကိုနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျားဗါးကျွန်းနှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများ ဖြစ်ကြသည်။ ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူ⁠ဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပာယ်ရသော ပြင်သစ်စကားဖြစ်သည်။ ကော်ဖီနှင့် ကျန်းမာရေး[ပြင်ဆင်ရန်] ကော်ဖီသည် ကျန်းမာရေးအတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုသည်။ ဥပမာ - အမျိုးသား ၄၆၀၀၀ ကျော်အား လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီ (၂-၃) ခွက် သောက်သူ အမျိုးသားများတွင် သည်းခြေအိတ် ကျောက်တည်ရောဂါဖြစ်နှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း၊ ၄ ခွက်ထက် ပိုသောက်လျှင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့သော ကျန်းမာရေးအကျိုးပြုမှုများ ကော်ဖီတွင် ပါရှိသည်။ သို့သော် ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးထိုက်ပါ။ ကော်ဖီတွင် ပါရှိသော ကဖိန်းဓာတ်သည် အလွန်အကျွံသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ များများသောက်လျှင် သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရသည်။ ထို့ကြောင့်ပင် အထက်တွင်ဖော်ပြခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဆိုးကျိုးများရှိသဖြင့် ကျောက်တည်ရောဂါကာကွယ်ရန် အသုံးပြုဖို့ မထောက်ခံကြောင်း ဆက်လက်တင်ပြထားသည်။[၂] မြန်မာ့ကော်ဖီ[ပြင်ဆင်ရန်] မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အကြား ဧကနှစ်သိန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ခန့်မှန်းတွက်ချက်ထားသခဲ့သို့ မြန်မာနိုင်ငံ၏ ကော်ဖီ စိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိ ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့် မြန်မာကော်ဖီသည် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိသည်။ လက်ရှိချိန်၌ မြန်မာနိုင်ငံ၏ နှစ်စဉ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၇၀၀၀ ခန့်ရှိ၍ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။[၃] ↑ Topik၊ Steven။ The World That Trade Created။ Routledge။ January 27, 2016 တွင် ပြန်စစ်ပြီး။ ↑ သက်ရှည်ကျန်းမာ မြန်မာ့အစာ (ဒေါက်တာမြင့်မြင့်ခင်) ↑ "ကော်ဖီ (သို့မဟုတ်) အလားအလာကောင်းသော မြန်မာ့ပို့ကုန် အမယ်သစ်"၊ မြန်မာ့အလင်းသတင်းစာ၊ May 30, 2018။ "https://my.wikipedia.org/w/index.php?title=ကော်ဖီ&oldid=706873" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%96%E1%80%AE
 ကုန်ပစ္စည်းဖြန့်ဖြူးသူနှင့်စက်ရုံမှ Mate N Lok Connector မှအရည်အသွေးမြင့် Mate N Lok Connector ကိုဘယ်လိုရှာရမလဲ။ ဤနှစ်, Wins-Fulljet Electronics Co., Ltd ၏ထုတ်လုပ်ခြင်းနှင့်ပို့ကုန်မျိုး Mate N Lok Connector တိုးမြှင့်ခြင်းနှင့်တဖြည်းဖြည်းသွင်းကုန်နှင့်ပို့ကုန်မြင့်တက်စုစုပေါင်းဝင်ငွေနှစ်စဉ်နှစ်တိုင်းကြသည်။ အဆိုပါထုတ်ကုန်မြင့်မားသောကြောင့်အရည်အသွေးနှင့်ကောင်းစွာပြီးနောက်-ရောင်းချခြင်းန်ဆောင်မှုကောင်းသောတုံ့ပြန်ချက်များကိုလက်ခံရရှိသည်။ ထို့အပြင်, အရည်အသွေးတည်ငြိမ်နှင့်စျေးနှုန်းသင့်လျော်သည်။ ပုံစံ - MATE-N-LOK 770579-1 10PIN MATE-ဎ-LOK 10P Connector Cable စည်းဝေးပွဲ လျှောက်လွှာ:မော်တော်ယာဥ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ,board to board,ကြိုးမှ board နှင့် ဝါယာသို့ ဝါယာကြိုး ဆက်သွယ်မှု.လုံခြုံသောသော့ခတ်လုပ်ဆောင်ချက်နှင့်အတူ,ချိတ်ဆက်မှုသည် လုံခြုံပြီး ယုံကြည်စိတ်ချရသည်။. ပစ္စည်း:UL20327 26AWG ကြိုး,အင်္ကျီ TPE. 999999999 http://schema.org/InStock USD 2020-12-31 https://www.adapter-cable.com/my/mate-n-lok-connector.html
https://www.adapter-cable.com/my/mate-n-lok-connector.html
မြန်မာအိမ်အကူကို နှိပ်စက်သည့် စင်ကာပူအိမ်ရှင်မကို အပြစ်ရှိကြောင်း စီရင်ချက်ချ | Mizzima Myanmar News and Insight စင်ကာပူ၊ ဇန်နဝါရီ ၁၈ ။ ။ မြန်မာအိမ်အကူတစ်ဦးကို ရေနွေးပူလောင်အောင် လုပ်ခြင်း၊ ကြမ်းတိုက်အဝတ်မှ စိုနေတဲ့ ရေကို သောက်ခိုင်းခြင်းတွေ အပါအဝင် နိုင်ထက်စီးနင်းပြုမှုတဲ့ စင်ကာပူအိမ်ရှင်မတစ်ဦးကို တရားရုံးက အပြစ်ရှိတယ်လို့ သောကြာနေ့မှာ စီရင်ချက် ချကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။ အိမ်အကူ မဖြူဖြူမာကို နိုင်ထက်စီးနင်းပြုကျင့်တာဟာ ၂၀၁၆ သြဂုတ်လကနေ အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားတာဖြစ်ပြီး သူ့ကို ငှားထားတဲ့ စင်ကာပူအိမ်ထောင်သည်စုံတွဲရဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာလို့ တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။ အိမ်အကူ မဖြူဖြူမာကို ကိုယ်ကိုကို ရေနွေးပူလောင်အောင် လုပ်ဆောင်စေမှုအပါအဝင် စွဲဆိုချက် ခြောက်ရပ်နဲ့ အိမ်ရှင်ဖြစ်တဲ့ အမျိုးသမီး လင်ဒါဆတ်ကို အပြစ်ရှိကြောင်း တရားရုံးက စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်သူ လင်ဒါဆတ်ရဲ့ အတင်းအကြပ် လုပ်ဆောင်တာကြောင့် မဖြူဖြူမာဟာ ကိုယ့် ဘယ်ပုခုံးကို ကိုယ်ဘာသာ ရေနွေးပူ လောင်းချရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အသက် ၃၉ နှစ်ရှိတဲ့ လင်ဒါဆတ်ဟာ မဖြူဖြူမာက အိမ်မှုဝေယျာဝစ္စတွေကို အကုန်ပြီးအောင် လုပ်ရာမှာ နှေးကွေးတယ်ဆိုပြီး စိတ်တိုင်းမကျ ဖြစ်နေခဲ့ကြောင်း Straits Times သတင်းက ဖော်ပြပါတယ်။ မဖြူဖြူမာမှာ အပူလောင်ဒဏ်ရာနဲ့ ရေနွေးပူလောင် အရည်ကြည်ဖုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လင်ဒါဆတ်ဟာ သူ့ကို ဆရာန်ဆီ ပို့ပေးရမယ့်အစား အရည်ကြည်ဖုတွေကို ဖောက်ပစ်ဖို့ အပ်တစ်ချောင်းပဲ ပေးခဲ့တယ်လို့ သတင်းစာက ဖော်ပြပါတယ်။ နောက်ထပ်စွဲချက်မှာတော့ ဆတ်ဟာ မဖြူဖြူမာကို ကြမ်းကို ခေါင်းနဲ့ ကိုယ်ဘာသာ ဆောင့်ပြီး ကိုယ်ကိုကို အနာရအောင်လုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင်လည်း နောက်စွဲချက်တစ်ခုအရ အိမ်ရှင်မဖြစ်သူ လင်ဒါဆတ်က ကြမ်းတိုက်အဝတ်မှာ ရှိနေတဲ့ ရေကို မဖြူဖြူမာကို အတင်းသောက်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ စက်တင်ဘာနှောင်းပိုင်းမှာ ဆတ်ဟာ မဖြူဖြူမာကို ဆံပင် ဆောင့်ဆွဲပြီး ပတ်ရမ်းပတ်တာကြောင့် ဆံပင်တော်တော်များများ ကျွတ်ထွက်တဲ့အထိ နိုင်ထက်စီးနင်း ပြုခဲ့ကြောင်း နောက်ထပ်စွဲချက်တစ်ခုအဖြစ် အပြစ်ရှိကြောင်း စီရင်ချက် ချခံရတာ ဖြစ်ပါတယ်။ နောက်ပိုင်း တစ်လအကြာမှာ ဆတ်ဟာ မဖြူဖြူမာရဲ့ နဖူးကို မိုဘိုင်းဖုန်းနဲ့ အကြိမ်ကြိမ် ထုခဲ့တယ်လို့လည်း သိရပါတယ်။ အိမ်ရှင်အမျိုးသားဖြစ်သူ အသက် ၄၄ နှစ်ရှိ လင်သွန်းလန်းကိုတော့ အိမ်အကူ မဖြူဖြူမာရဲ့ နဖူးကို လက်သီးနဲ့ ထိုးမှုနဲ့ စွဲဆိုထားပါတယ်။ စွပ်စွဲခံရတဲ့ အိမ်ရှင်လင်မယားဟာ စွဲချက်တွေကို ကျူးလွန်တဲ့ အပြစ်ရှိတယ်လို့ တရားရုံးက သောကြာနေ့မှာ စီရင်ချက်ချ ဆုံးဖြတ်ကြောင်း တရားရုံးတာဝန်ရှိသူတွေက ပြောပါတယ်။ ပြစ်ဒဏ်စီရင်ချက်ကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ချမှတ်မှာ ဖြစ်ပါတယ်။ မြန်မာအိမ်အကူကို ရေနွေးပူလောင်းပြီး လူမဆန်စွာနှိပ်စက်ခဲ့တဲ့ စင်... မြန်မာအိမ်အကူအမျိုးသမီးစင်ကာပူအိမ်ရှင်မတစ်ဦး
http://mizzimaburmese.com/article/54049
မြန်မာနိုင်ငံမှာ နှစ်စဉ်တီဘီလူနာသစ် နှစ်သိန်းခန့် ရှိနေ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ တီဘီရောဂါဖြစ်ပွားနေတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်တီဘီလူနာသစ် နှစ်သိန်းခန့် ဖြစ်ပွားနေပြီး ၂၀၁၆ နှစ်ချုပ် အစီရင်ခံစာအရ လူနာတစ်သိန်းခွဲခန့်ကိုသာ ရှာဖွေကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ တီဘီရောဂါဖြစ်ပွားနေပြီး လူနာ ၁၀ ဒသမ ၄ သန်းခန့်မှာ ၁ ဒသမ ၈ သန်းခန့် သေဆုံးနေကြောင်း မတ်လ ၂၄ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားတာ ဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ ‘‘မြန်မာနိုင်ငံမှာလည်း တီဘီ၊ အိတ်ချ်အိုင်ဗီနဲ့ ဆေးယဉ်ပါး တီဘီရောဂါတွေဟာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်’ လို့ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားတာ ဖြစ်ပါတယ်။ တီဘီရောဂါဖြစ်ပွားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် (၁၅) နှစ်မှ (၅၄) နှစ်အရွယ်တွေဖြစ်တာကြောင့် အဆိုပါအသက်အပိုင်းအခြားဟာ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအား အပေးနိုင်ဆုံးအုပ်စုအဖြစ် သတ်မှတ်ထားကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၄ တီဘီနဲ့ အိတ်ချ်အိုင်ဗီရောဂါ စစ်တမ်းတွေအရ တီဘီလူနာသစ်တွေရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းဟာ အိတ်ချ်အိုင်ဗီ ကူးစက်နေကြောင်းနဲ့ ၂၀၁၂-၁၃ မှာ ကောက်ယူခဲ့တဲ့ တတိယအကြိမ် ဆေးယဉ်ပါး တီဘီစစ်တမ်းအရ လူနာသစ်တွေရဲ့ ၅ ရာခိုင်နှုန်းဟာ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနေကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။ ဆေးယဉ်ပါး တီဘီလူနာတွေရဲ့၂၀၁၃ အတွင်း ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၃ ရာခိုင်နှုန်း အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ 'End TB Strategy' ကို အခြေခံကာ အမျိုး သားတီဘီရောဂါတိုက်ဖျက်ရေး ငါးနှစ်စီမံကိန်း National Strategic Plan (2016-2020) ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိတာ ဖြစ်ပါတယ်။ (သင်စိတ်ဝင်စားနိုင်တဲ့ သတင်း -လှိုင်သာယာမှာ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှုဖြစ်ပွား ) Source: 7Day Daily Photos: msfmyanmar.org, unops.org
https://www.duwun.com.mm/lifestyle/health/6430219
ကားလ် အယ်လ်ဘရက်ချ် - ဝီကီပီးဒီးယား မွေးသက္ကရာဇ် ၂၀ ဖေဖော်ဝါရီ ၁၉၂၀ အလုပ်အကိုင် စွန့်ဦးတီထွင်သူ Aldi Süd ကိုပိုင်ဆိုင်သည်။ ၁၉၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ တွင် မွေးဖွားသော ကားလ် ဟန်းစ် အယ်လ်ဘရက်ချ် သည် ဂျာမန် စွန့်ဦး စီးပွားတီထွင် သူတစ်ဦးဖြစ်ပြီး၊ Aldi ခေါ် လျှော့ဈေးဖြင့်ရောင်းချသော စူပါမားကတ် ဆိုင်ခွဲများ ကို အစ်ကို ဖြစ်သူ သီရို (Theo) နှင့်အတူ တည်ထောင်ခဲ့သည်။ ကားလ် နှင့် သီရို သည် ဂျာမနီ နိုင်ငံ၊ အီဆန်မြို့ရှိ သာမန် အလယ် အလတ်တန်းစား မိသားစုမှ ကြီးပြင်းခဲ့ကြသည်။ သူတို့၏ ဖခင်မှာ ဓာတ်သတ္တုတူးဖော်ရေး အလုပ်သမားတစ်ယောက်ဖြစ်ပြီး၊ နောင်တွင် မုန့်ဖုတ်အကူ ဝင်လုပ်ခဲ့သည်။ မိခင်လုပ်သူမှာ အီဆန်မြို့စွန် အလုပ်သမား လူတန်းစားများရပ်ကွက် (quarter of Schonnebeck) အတွင်း၌ အိမ်သုံးပစ္စည်း နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ငယ်လေး တစ်ခု ဖွင့်လှစ်ခဲ့သည်။ သီရို သည် ရောင်းဝယ်ရေး လုပ်ငန်းများအကြောင်းကို သူ့အမေ ၏ ဆိုင်ကလေးမှ လက်တွေ့ သင်ယူလေ့လာခဲ့ပြီး၊ ကားလ် မှာ ရယ်ဒီမိတ် အစားအသောက်များ ရောင်းချသော ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ ကားလ်သည် ဒုတိယ ကမ္ဘာ စစ်အတွင်း၌ ဂျာမနီ စစ်တပ်တွင် ဝင်ရောက် အမှုထမ်းခဲ့သေးသည်။ စစ်ကြီးပြီးသွားသောအခါ မိခင်၏ လုပ်ငန်းကို ညီအစ်ကို နှစ်ယောက် လွှဲပြောင်းရယူ လိုက်ကြသည်။ ပထမဆုံး Aldi ခေါ် ( အလ်ဘရက်ချ် လျှော့ဈေး ) ကို ၁၉၆၁ တွင် စတင်ဖွင့်လှစ် ခဲ့သည်။ နောက်ပိုင်းတွင် Aldi လုပ်ငန်းများကို ညီအစ်ကို နှစ်ယောက် ခွဲဝေ လုပ်ကိုင်ခဲ့ကြသည်။ ကားလ် ကအမြတ် ပိုရနိုင်သည့် Aldi Süd(South) အလ်ဒီ တောင်ပိုင်း အခြမ်း နှင့် သီရို က Aldi Nord (North).မြောက်ပိုင်းအခြမ်းကို တာဝန်ယူ လုပ်ဆောင်ခဲ့ကြသည်။ ကားလ်သည် လူသိများထင်ရှားသော ဘဝကို စွန့်လွှတ်ခဲ့သောကြောင့် လူအနည်းငယ်သာလျှင် သူ၏ အကြောင်းကို သိပြီး၊ Forbes မဂ္ဂဇင်းမှ ကားလ်၌ သားသမီးနှစ်ယောက်ရှိကြောင်း နှင့် နှစ်ယောက်လုံး Aldi လုပ်ငန်း ၌ မပါဝင်ကြကြောင်း ကို ဖော်ပြပေးခဲ့သည်။ ကြားသိရသော သတင်းများအရ အစ်ကိုဖြစ်သူ သီအို ကွယ်လွန်သည့် အချိန်အထိ နေထိုင်သွားခဲ့သော အီဆန် မြို့၌ပင် ကားလ် သည် နေထိုင်လျှက်ရှိသည်။ သူသည် ဂေါက်သီးရိုက် ဝါသနာ ပါပြီး၊ ၁၉၇၆ ခုနှစ်တွင် ကားလ် ကိုယ်ပိုင် ဆောက်လုပ်ခဲ့သော Öschberghof အမည်ရှိ ဂေါက်ကွင်း၌ပင် အမြဲ ကစားတတ်သည်။ ကားလ်သည် သစ်ခွများလည်း စိုက်ပျိုးတတ်သေးသည်။ လက်နှိပ်စက် အဟောင်းများ စုဆောင်းတတ်သည် ဟု ကောလာဟလ သတင်းများအရလည်း သိရှိရသည်။ ၁၉၉၄ ခုနှစ်တွင် ကားလ် အာလ်ဘရက်ချ် သည် Aldi Süd ၏ နေ့စဉ် လုပ်ငန်းများမှ ရပ်နားပြီး၊ အုပ်ချူပ်ရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ နေရာ၌သာ နေတော့သည်။ ၂၀၀၂ အစပိုင်းတွင် သူ၏ နေရာမှ နုတ်ထွက်ပြီး၊ နောက်ပိုင်းတွင် လုပ်ငန်း၏ အုပ်ချူပ်ရေးမှ အပြီးအပိုင် စွန့်ခွာခဲ့သည်။ ယနေ့အချိန်တွင် Aldi လုပ်ငန်းသည် ကားလ် မိသားစု၏ လုပ်ငန်း မဟုတ်တော့ပေ။ Forbes topic page on Karl Albrecht "https://my.wikipedia.org/w/index.php?title=ကားလ်_အယ်လ်ဘရက်ချ်&oldid=456768" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%80%E1%80%AC%E1%80%B8%E1%80%9C%E1%80%BA_%E1%80%A1%E1%80%9A%E1%80%BA%E1%80%9C%E1%80%BA%E1%80%98%E1%80%9B%E1%80%80%E1%80%BA%E1%80%81%E1%80%BB%E1%80%BA
join pain Archives | MyHealth Myanmar အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနဲ့ စားသုံးသင့်တဲ့အစားအစာများ
https://myhealthmyanmar.com/category/join-pain/
Crimes Archives | People Power Myanmar Home Category News Crimes လက်နက်တပ်ဆင်လေ့ကျင့်ပေးနေသော်လည်း ၎င်းတို့လက်အောက်ခံမဟုတ်ဟု တပ်မတော်ဖြေကြား နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် ပြည်သူ့စစ်အဖွဲ့များ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များကို မည်သူ တာဝန်ခံမည်နည်းဟု NLD အမတ်တစ်ဦးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်။ မေးခွန်းထုတ်သူမှာ ပေါင်မဲဆန္ဒနယ်မှ မိကွန်ချမ်းဖြစ်ပြီး... “ကိုကိုအငယ်၊ကိုကိုအကြီး လုပ်တာ“ဟု ဗစ်တိုးရီးယားလေး တရားခွင်တွင် ထွက်ဆို ဆရာမနှင်းနု ရေဆေးပေးသည့်အကြောင်းပါ ထည့်သွင်း ထွက်ဆိုသွား နေပြည်တော်၊စက်တင်ဘာ ၁၁ရက် “ကိုကိုအငယ်၊ကိုကိုအကြီး လုပ်တာ“ဟု ဗစ်တိုးရီးယားလေး က ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။ ဗစ်တိုးရီးယားလေးကို ကျူးလွန်ခဲ့သူ မည်သူဖြစ်ကြောင်း ရုံးတော်က မေးမြန်းရာ၊ဗစ်တိုးရီးယားလေးက အထက်ပါ... PP001 ရန်ကုန်၊စက်တင်ဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စီစစ်ရေးကော်မတီက ဇွန်လအတွင်းပြုလုပ်ခဲ့သော အစည်းအဝေးများတွင် ဗိုလ်တစ်ထောင်မြို့နယ်အတွင်း BOAD ၊AODဝင်းမြေနေရာများမှာ ၁၉၈၈ ခုနှစ်ရှေ့ပိုင်းသိမ်းဆည်းခဲ့ခြင်းဖြစ်၍ အမှုပိတ်သိမ်းရန်ဟု ဆုံးဖြတ်ခြင်းမှာ မမှန်ကန်ကြောင်း မြေပိုင်ရှင်များက ပြောဆိုလိုက်သည်။ စက်တင်ဘာ...
https://peoplepowermyanmar.com/category/news/crimes/
https://90minutesjournal.com/%E1%80%92%E1%80%8F%E1%80%BA%E1%80%9B%E1%80%AC%E1%80%95%E1%80%BC%E1%80%9E%E1%80%94%E1%80%AC%E1%80%90%E1%80%BD%E1%80%B1%E1%80%80%E1%80%AD%E1%80%AF-%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AD/
Excavator အတွက် Crusher Bucket - Yichen Environmental Technology Co.,Ltd အိမ် > ဖြေရှင်းချက်များ>Excavator အတွက် Crusher Bucket
https://my.ycequip.com/download-9608.html
ကရာတေးဖွင့်ပွဲနှင့်သရုပ်ပြပွဲ - Mandalay University of Foreign Languages
http://mufl.edu.mm/news-and-events/news/392-news9.html
ဂန္စတိုင်မီးဖိုချောင်၏ဓါတ်ပုံများ အနုပညာအာရုံ - အိမ်နှင့်ဥယျာဉ်အတွက်စိတ်ကူးများ ဂန္မီးဖိုချောင်၏ဓါတ်ပုံများ ဤတွင်အနည်းငယ်ဂန္ဂန္ထဝင်စတိုင်မီးဖိုချောင်စိတ်ကူးများရှိပါသည်။ ဤမီးဖိုချောင်အမျိုးအစား၏ထူးခြားချက်မှာသဘာ ၀ သစ်သားလက်ရာနှင့်အလှဆင်ထားသည့်ဂန္ထဝင်အဆင်တန်ဆာများဖြစ်သော်လည်းအမြဲတမ်းတော့မလိုအပ်ပါ။ ဂန္ထဝင်အစားအစာများကိုတုပရန်မကြာခဏပစ္စည်းသည်ခေတ်ပြိုင်ဖြစ်ပြီးအသွင်အပြင်သည်ထိုစတိုင်နှင့်ဆင်တူသည်။ ဘာပဲဖြစ်ဖြစ်အရေးကြီးတာကရွေးချယ်မှုတစ်ခုရှိဖို့ပဲ။ ဂန္ထဝင်စတိုင်မီးဖိုချောင်ဆိုင်ရာအကြံဥာဏ်များ -
https://art.satto.org/my/%E1%80%95%E1%80%BC%E1%80%81%E1%80%94%E1%80%BA%E1%80%B8/kuhnnq-v-%E1%80%82%E1%80%94%E1%80%B9%E1%80%91%E1%80%9D%E1%80%84%E1%80%BA%E1%80%85%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%A1%E1%80%95%E1%80%B1%E1%80%AB%E1%80%BA%E1%80%80%E1%80%9C%E1%80%85%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/
ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားပြီးလျှင် ယောဘကို ခြေဖဝါးမှ ဦးခေါင်းထိပ်ထိတိုင် အနာဆိုးပေါက်စေပြီး လုပ်ကြံလေ သည်၊ သူသည် ကိုယ်ကို ခြစ်ဖို့ အိုးခြမ်းကို ယူပြီးလျှင် မီးဖိုပြာထဲတွင် ထိုင်လေ၏။” ဤသည်မှာ ယောဘ၏ ကိုယ်ခန္ဓာပေါ်၌ ဆိုးသောအနာစိမ်းများ ပေါက်ခဲ့ချိန်တွင် သူ၏အပြုအမူနှင့် သက်ဆိုင်သည့် ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဤအကြိမ်တွင်၊ ယောဘသည် နာကျင်မှုဝေဒနာကို သည်းခံသည်နှင့်အမျှ ပြာထဲ၌ ထိုင်ခဲ့ရသည်။ မည်သူမျှ သူ့အား မကုသပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာ သက်သာစေရန် သူ့အား မည်သူမျှ မကူညီခဲ့ပေ။ ယင်းအစား သူသည် ဆိုးသောအနာစိမ်းများ၏ အပေါ်ယံလွှာကို ခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို အသုံးပြုခဲ့သည်။ အပေါ်ယံအားဖြင့် ယောဘသည် ဤအကြိမ်တွင် သူ၏ စိတ်နေစိတ်ထားနှင့် အမြင်များကို ဖော်ပြရန် မည်သည့်စကားမျှ မပြောခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘ၏ အကြီးအကျယ် ဒုက္ခရောက်ခြင်းထဲက အဆင့်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဆက်နွှယ်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ယောဘ၏ လုပ်ရပ်များနှင့် သူ၏ အပြုအမူတို့သည် သူ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် စစ်မှန်သည့် ဖော်ပြချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ယခင် အခန်းကြီး၏ မှတ်တမ်းတွင်၊ ယောဘသည် အရှေ့အရပ်မှ လူသားများ အားလုံးထဲတွင် အကြီးမြတ်ဆုံး ဖြစ်ခဲ့ကြောင်းကို ငါတို့ ဖတ်ခဲ့ကြရသည်။ ထိုအတောအတွင်းတွင် ဒုတိယ အခန်းကြီးမှ ဤစာပိုဒ်က အရှေ့အရပ်၏ ဤကြီးမြတ်သော လူသည် ပြာများအလယ် ထိုင်နေစဉ် သူ့ကိုယ်သူ ခြစ်ရန် အိုးခြမ်းပဲ့တစ်ခုကို အမှန်တကယ် ယူခဲ့သည်ကို ငါတို့အား ပြသသည်။ ဤဖော်ပြချက် နှစ်ခုအကြားတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ယင်းမှာ ငါတို့အား ယောဘ၏ စစ်မှန်သော ဇာတိကိုပြသည့် ခြားနားချက် တစ်ခု ဖြစ်သည်- သူ၏ ဂုဏ်သတင်းကြီးသော အဆင့်အတန်းနှင့် ဂုဏ်များရှိသော်လည်း၊ သူသည် ဤအရာများကို မည်သည့်အခါမျှ မချစ်ခဲ့ဖူးသကဲ့သို့ မည်သည့်အာရုံမျှလည်း မစိုက်ခဲ့ဖူးပေ။ သူ၏အဆင့်အတန်းကို အခြားသူများ မည်ကဲ့သို့ ရှုမြင်ခဲ့သည်ကို သူဂရုမစိုက်ခဲ့သကဲ့သို့၊ သူ၏ လုပ်ရပ်များ သို့မဟုတ် အပြုအမူတို့သည် သူ၏အဆင့်အတန်းအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှု တစ်ခုတစ်လေရှိမည်၊ မရှိမည်ကို သူပူပန်ခဲ့ခြင်းလည်း မရှိပေ။ သူသည် ဂုဏ်နှင့် သက်ဆိုင်သည့် ကောင်းချီးမင်္ဂလာများထဲတွင် သူမွေ့လျော်ခဲ့ခြင်း မရှိသကဲ့သို့၊ ဂုဏ်နှင့် အဆင့်အတန်းတို့နှင် အတူ ပါရှိလာသည့် ထင်ပေါ်ကျော်ကြားမှုတွင်လည်း မပျော်မွေ့ခဲ့ပေ။ သူသည် ယေဟောဝါဘုရားသခင်၏ အမြင်တွင် သူ၏ ရှင်သန်ခြင်း တန်ဖိုးနှင့် အရေးပါမှုကိုသာ ဂရုစိုက်ခဲ့သည်။ ယောဘ၏ စစ်မှန်သော ဇာတိမှာ သူ၏ တကယ့် အနှစ်သာရ ဖြစ်ခဲ့သည်- သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို မချစ်ခဲ့သကဲ့သို့၊ ကျော်ကြားမှုနှင့် အခွင့်အလမ်း အတွက် အသက်မရှင်ခဲ့ပေ။ သူသည် မှန်ကန်ပြီး ဖြူစင်ကာ လိမ်ညာမှု ကင်းခဲ့သည်။ ယောဘ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အခြားဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား ဤအပြန်အလှန်ပြောဆိုမှုတွင် ပြထားပေသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော ညှဉ်းဆဲမှုကို မြင်တွေ့ရလျက်၊ သူ၏ဇနီးက ယောဘအား သူ၏ ညှဉ်းဆဲမှုထဲမှ လွတ်မြောက်ရန် ကူညီဖို့ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း သူမ၏ “စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ပေ။ ယင်းအစား သူမသည် ယေဟောဝါဘုရားသခင်ကို သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့အား ငြင်းပယ်ခဲ့ပြီး၊ ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကိုလည်း ငြင်းပယ်ခဲ့သည့်အတွက်၊ ထိုအကြံပြုချက်များက သူ၏ဒေါသကို နှိုးဆွခဲ့လေသည်။ သူသည် အခြားသူများကို ထည့်မတွက်နှင့်ဦးတော့၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာ တစ်ခုတစ်လေ သို့မဟုတ် ထိခိုက်နာကျင်စေသော အရာ တစ်ခုတစ်လေကို ပြုရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘအဖို့ သည်းမခံနိုင်စရာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပြစ်မှားပြီး စော်ကားသည့် စကားများကို ပြောဆိုသော အခြားသူများကို သူမြင်သည့်အခါ၊ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူ၏ဇနီးအပေါ် ယောဘ၏ သဘောထားမှာ ဒေါသနှင့် အမုန်းပါသည့်အပြင် အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ ယောဘ၏ သဘာထားနှင့်သက်ဆိုင်သည့် အလိုအလျောက် ဖြစ်သော ဖော်ပြချက်- ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားမှု- ဖြစ်ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝ၏ စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိစိတ်တစ်ခု- ဆိုးယုတ်မှု လေများနှင့် လှိုင်းများကို မုန်းတီးပြီး၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာစေသည့်၊ ပြစ်တင်ရှုတ်ချစေပြီး ငြင်းပယ်စေကာ သူသည် လူစုလူဝေးများ၏ ငြင်းပယ်ခံခဲ့ရပြီး သူနှင့် ရင်းနှီးခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရချိန်၊ မိမိကိုယ်ကိုယ်၊ မှန်ကန်သော အခြေခံသဘောတရားများနှင့် ရပ်တည်ချက်တို့ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။ နောက်တစ်ခုသို့- ယောဘအား စာတန်ထံသို့ ဘုရားသခင် လွှဲအပ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု ယခုတွင် လူအများစုက ယောဘသည် စုံလင်ကာ ဖြောင့်မတ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှု ရှောင်ကြဉ်သည်ကို အသိအမှတ်ပြုကြသော်လည်း၊...
https://my.kingdomsalvation.org/gospel/about-job-ii.html
Sharing My Daily Quest at Splinterlands (Earth Quest) - Splintertalk Sharing My Daily Quest at Splinterlands (Earth Quest) I play Splinterlands every day. Loot chests can be opened daily. Play Earth Quest today. Here are the cards I chose to play Earth Quest OBSIDIAN Earth Summoner. Her +1 magic attack ability is very good for battle. It will increase the attacking ability of the team. My Line Up is as follows. Possion (1) MYCELIC SLIPSPAWN Possion (2) MYCELIC MORPHOID Possion (3) DJINN BILJKA Possion (4) GOBLIN PSYCHIC I played a total of 17 games today. Playing today is not easy. i have won 5 times and lost 12 times. The prize I received today was 1 LEGENDARY POTION. Splinterlands (Earth Quest) တွင်ကျွန်ုပ်၏နေ့စဉ် Quest ကိုမျှဝေခြင်း ကျွန်တော် နေ့တိုင်း Splinterlands ကစားတယ်။ လုယက်သေတ္တာများကို နေ့စဉ်ဖွင့်နိုင်သည်။ ကျွန်တော် လက်ရှိ Bronze III လိဂ်မှာ ကစားနေပါတယ်။ ယနေ့ Earth Quest ကိုကစားပါ။ ဤသည်မှာ Earth Quest ကစားရန် ငါရွေးချယ်ခဲ့သော ကတ်များဖြစ်သည်။ OBSIDIAN Earth Summoner သူမ၏ +1 မှော်တိုက်ခိုက်မှုစွမ်းရည်သည် တိုက်ပွဲအတွက် အလွန်ကောင်းမွန်သည်။ အသင်းရဲ့ တိုက်စစ်စွမ်းရည်ကို မြှင့်တင်ပေးပါလိမ့်မယ်။ My Line Up မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ရာထူး (၁) MYCELIC SLIPSPAWN ရာထူး (၂) MYCELIC MORPHOID ရာထူး (၃) DJINN BILJKA ရာထူး (၄) GOBLIN PSYCHIC ဒီနေ့ စုစုပေါင်း 17 ပွဲ ကစားခဲ့ပါတယ်။ ဒီနေ့ကစားရတာ မလွယ်ဘူး။ 5 ကြိမ်အနိုင်ရခဲ့ပြီး 12 ကြိမ်ရှုံးခဲ့သည်။ ဒီနေ့ရခဲ့တဲ့ ဆုကတော့ 1 LEGENDARY POTION ပါ။ hive-131619 splinterlands nfts oneup spt ctp neoxian archon leofinance play2earn
https://www.splintertalk.io/@mahar26/sharing-my-daily-quest-at-a69a099f0f319
နွေရာသီမှာ ရွေးချယ်သင့်တဲ့ ဖက်ရှင်ဒီဇိုင်းများ | Duwun ရာသီဥတု ပူပေမဲ့ လန်းလို့ရပါသေးတယ်နော်။ ပူအိုက်တဲ့နွေရာသီ ရောက်ပြီဆိုတာနဲ့ မဒီတို့အတွက် အဝတ်အစားရွေးချယ်ရတာကလည်း လွယ်မယောင်နဲ့ ခက်ခဲတဲ့ကိစ္စတစ်ခုပါ။ အထူးသဖြင့် ကိုယ်က ကာလာအရင့်တွေ ဒါမှမဟုတ် အနက်ရောင်ကို သဘောကျနှစ်ခြိုက်တဲ့သူဆို ပိုလို့ရွေးချယ်ရခက်သေးတာနော်။ ဒီတော့ ဒီနှစ်နွေရာသီအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အထာကျကျလေးလည်း ဖြစ်မယ်၊ ကိုယ့်ဗီရိုထဲမှာလည်း မရှိမဖြစ် လိုအပ်မယ့်အပြင် ရာသီဥတုနဲ့ ကွက်တိဖြစ်စေမယ့် ဒီဇိုင်းလေးတွေ ပြောပြပေးချင်ပါတယ်။ (၁) အဖြူရောင်နဲ့ပတ်သက်တဲ့အကျီ၊ အဝတ်အစားများ အပြင်ထွက်တဲ့အခါ ကိုယ်ရွေးချယ်ဝတ်ထားတဲ့ အဝတ်အစားကတစ်ဆင့် အပူစုပ်ပြီး ကျန်းမာရေးအတွက်ပါ ထိခိုက်မှုတွေ မဖြစ်စေဖို့အတွက် အဖြူရောင်ကတော့ နွေရာသီမှာ အရွေးချယ်သင့်ဆုံးအရောင်ပါပဲ။ ကိုယ်က ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါးလေးတွေ ဝတ်နေကျဆိုရင် အဖြူရောင်တီရှပ်၊ ရှပ်အကျီလေးတွေနဲ့ အောက်က ဂျင်းဘောင်းဘီအတို ဒါမှမဟုတ် အရှည်စတာလေးတွေနဲ့ တွဲဝတ်ပါ။ ဒီတွဲစပ်မှုက ဘယ်တော့မှရိုးမသွားတဲ့ တွဲစပ်မှုဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ။ ဒါ့အပြင် အဖြူရောင်ချည်ထည် dress လေးတွေ၊ အပေါ်အောက် အကျီနဲ့ဘောင်းဘီ ဝမ်းဆက်စတာလေးတွေကလည်း နွေရာသီဖက်ရှင်တစ်ခုပါပဲ။ သူက ကမ်းခြေသွားတဲ့အခါ မှာလည်း ယူသွားနိုင်တာမို့ ဘာပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်။ (၂) Floral အပွင့်အခက် ဒီဇိုင်းများ နွေရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်နောက်တစ်မျိုးကတော့ အရောင်လွင်လွင်လေးတွေနဲ့ အားလုံးရဲ့အကြည့်ကို ဖမ်းစားပစ်နိုင်တဲ့ အပွင့်အခက်ဒီဇိုင်းတွေပါပဲ။ ကိုယ်က မိန်းကလေးဆန်ဆန် သဘောကျတယ်ဆိုရင်တော့ ခုနောက်ဆုံးခေတ်စားနေတဲ့ Mixed Floral Dress ဒီဇိုင်းလေးတွေေ ရွးချယ်စေချင်ပါတယ်။ မဟုတ်ပဲ ကိုယ်က ရှပ်အကျီဘာညာပဲ ဝတ်တယ်ဆိုရင်လည်း အရင်နှစ်က နေကြာပန်းရှပ်တွေ ခေတ်စားခဲ့သလို ဒီနှစ်မှာလည်း တခြား အနွယ်အခက် print ဒီဇိုင်းလေးတွေ၊ ပန်းပွင့်ဒီဇိုင်းစတာလေးတွေနဲ့ ဘောင်းဘီ၊ စကတ် စတာတွေနဲ့ တွဲဝတ်နိုင်ပါတယ်နော်။ (၃) ချည်သားနဲ့ချုပ်လုပ်ထားတဲ့ အဝတ်အစားများ ဒီရာသီအတွက် အရွေးချယ်သင့်ဆုံးအရာကတော့ ချည်ထည်လေးတွေပါ။ ခုနောက်ပိုင်း ချည်ထည်လေးတွေကို ဒီဇိုင်းမျိုးစုံနဲ့ ဈေးကွက်ထဲမှာ တွေ့မြင်လာရသလို အားလုံးကလည်း သူ့ထက်ကိုယ် ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်း တွေနဲ့ ဖန်တီးထားကြတာမို့ ကိုယ်သဘောကျတဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်လိုက်ရုံပါပဲ။ ကိုယ်က ရိုးရာစင်ဒီဇိုင်းလေးတွေ သဘောကျလား၊ ချည်ပေါင်းသားဗြောင်လေးတွေ ဝတ်ချင်တာလား၊ ဒါမှမဟုတ် ကာလာလေးတွေစပ်ပြီး ချုပ်ထားတဲ့ အကျီ၊ dress စတာတွေ ရွေးဝတ်ချင်တာလား အားလုံးအဆင်ပြေပြေေ ရွေးချယ်နိုင်တယ်လေ။ (၄) စပန့်သား အကျီ၊ ဘောင်းဘီများ စပန့်သားလို့ ပြောလိုက်ရင် စပန့်သားတွေက ပွဲမှမတိုးတာလို့ ဆိုကြပါလိမ့်မယ်။ တကယ်တော့ စပန့်သားေ ဘာင်းဘီအပွလေးတွေနဲ့ အပေါ်က tee ဒါမှမဟုတ် ကြိုးတစ်လုံးအကျီလေးတွေ တွဲဝတ်ပြီး boho ဖက်ရှင် ပုံစံတောင် ဆင်မြန်းပစ်နိုင်ပါသေးတယ်။ တွဲတတ်ဖို့ပဲ လိုတာပါ။ (၅) အဆင်တန်ဆာများ နွေရာသီဖြစ်တာကြောင့် အပြင်ထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စတာတွေကတော့ ပါကိုပါမှရပါလိမ့်မယ်။ ဒီလိုအရာတွေထဲမှာ ကိုယ့်အနေနဲ့ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ ဦးထုပ် ဒီဇိုင်းလေးတွေထဲက ကိုယ်နဲ့လိုက်မယ့် ဒီဇိုင်းကို ရှာဆောင်းဖို့ပါ။ ခုနောက်ပိုင်း Newsboy ဦးထုပ်လေးတွေ၊ Gatsbay ပုံစံလေးတွေအပြင် Panama လိုဦ းထုပ်အဝိုင်းတွေလည်း ပြန်ဆောင်းလာကြပါတယ်။ ကမ်းခြေမှာဆိုရင်တော့ Floppy ဦးထုပ်လေးတွေကိုမှ ကိုယ့်နာမည်ထိုးပြီး ဆောင်းတာမျိုးတွေလည်း ခုတော်တော်လေး ဟော့နေတယ်နော်။ မျက်မှန်ကိုတော့ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းမျိုးတွေ သေချာတပ်ကြည့်ပြီး ရွေးချယ်ဖို့ တိုက်တွန်းပါရစေ။
https://www.duwun.com.mm/article/eaimwa-eyte-kwdiziuma-id12101-p-id12101
Geldene (ဂျယ်လ်ဒင်း) : ဘာအတွက်အသုံးပြုရတာလဲ။ ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ။ ကိုယ်ဝန်ဆောင်တွေရောသောက်လို့ရလား။ Hello Sayarwon Geldene (ဂျယ်လ်ဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ Geldene ဟာ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးဖြစ်ပြီး အရိုးအဆစ်များ နာကျင်ကိုက်ခဲရောင်ရမ်းခြင်း၊ခါးနာခြင်း၊နောက်ကျောနာခြင်း၊ခြေထောက်ခေါက်ခြင်း၊ဒါဏ်ဖြစ်ခြင်း စသည်တို့ကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ Geldene (ဂျယ်လ်ဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ ဂျဲလ်အနည်းငယ်ကိုယူပြီး အသုံးပြုလိုတဲ့ နေရာပေါ်ကို လိမ်းပါ။ ပြီးရင် အသာအယာ နှိပ်နယ်ပေးပါ။ ဆေးလိမ်းပြီးတဲ့အခါ လက်ကို အသေအချာ ဆေးပါ။ ဆေးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အများအားဖြင့် တနေ့ကို ၃ကြိမ်မှ ၄ကြိမ် လိမ်းရလေ့ရှိပါတယ်။ ဆေးသုံးစွဲနည်းလမ်းညွှန်ဟာ ဆေးဗူးနဲ့အတူတကွ ပါဝင်လာမှာဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်အတိုင်း ဆေးလိမ်းဖို့ မေ့သွားတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ သင်သတိရတဲ့အချိန်မှာ ဆေးကိုလိမ်းလိုက်ပါ။ ပြီးရင် ယခင်အတိုင်း ဆက်လိမ်းသွားပေးပါ။ Geldene (ဂျယ်လ်ဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ Geldene ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ geldene ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ geldene ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။ Geldene ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။ Geldene ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။ Geldene (ဂျယ်လ်ဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ ဂျဲလ်ကို မျက်စိနဲ့မထိမိအောင် သတိထားရမှာဖြစ်ပြီး ပေါက်ပြဲနေတဲ့အရေပြားနေရာ သို့မဟုတ် နီရဲပြီးတင်းနေတဲ့ အရေပြားနေရာတွေကို ဆေးမလိမ်းရပါဘူး။ မတော်တဆမှားယွင်းပြီး အဆိုပါ နေရာတွေကို ဆေးလိမ်းလိုက်မိတယ် ဒါမှမဟုတ် ဆေးနဲ့ထိမိတယ်ဆိုရင် ရေနွေးနဲ့ အမြန်ဆုံး ဆေးပစ်ရပါမယ်။ ဂျဲလ်လိမ်းထားတဲ့နေရာတွေကို ပတ်တီးစည်းတာမျိုး ဒါမှမဟုတ် ပလာစတာကပ်တာမျိုးတွေ မလုပ်ရပါဘူး။ ဒီလို လုပ်မယ်ဆိုရင် သင့်အရေပြားက စုပ်ယူမယ့် piroxicam ပမာဏဟာ လိုတာထက် ပိုများသွားမှာဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေကို ပိုဖြစ်လာစေနိုင်ပါတယ်။piroxicam ကြောင့် သင့်အသားအရေဟာ ခါတိုင်းလောက် နေရောင်မခံနိုင်တာမျိုးတွေကို ခံစားရပါမယ်။ ဒါကြောင့် နေဆာလှုံတာမျိုးကို ရှောင်ရှားရမှာဖြစ်တဲ့အပြင် (သင့်အသားအရေက ဆေးကို ဘယ်လိုတုံ့ပြန်သလဲဆိုတာ မသိသေးခင်အထိ) ဆေးလိမ်းထားတဲ့ နေရာတွေကို ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ မထိတွေ့ရလေအောင်လည်း ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Geldene (ဂျယ်လ်ဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား Geldene (ဂျယ်လ်ဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အရေပြားနီရဲရောင်ရမ်းခြင်း၊ယားယံခြင်း။ အနီစက်များ ပြင်းထန်စွာ ထွက်ခြင်း။ ဘယ်ဆေးတွေက Geldene (ဂျယ်လ်ဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ Geldene ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့် စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ aspirin, ibuprofen, diclofenac, နဲ့indometacin တို့ကိုပါ သုံးစွဲနေရင်ပေါ့။ အစားအသောက်တွေနဲ့ အရက်က Geldene (ဂျယ်လ်ဒင်း) နဲ့ ဓါတ်ပြုနိုင်သလား Geldene က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ ဘယ်ရောဂါအခြေအနေတွေက Geldene (ဂျယ်လ်ဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ Geldene ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အဆိုပါ ကျန်းမာရေးအခြေအနေတွေက ပန်းနာရင်ကျပ်ရောဂါ။ ဓါတ်မတည့်ခြင်းများ။ အရေပြားပြဿနာ – နှင်းခူ။ အရွယ်ရောက်ပြီးသူတွေအတွက် Geldene (ဂျယ်လ်ဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ ဂျဲလ်အနည်းငယ်ကိုယူပြီး အသုံးပြုလိုတဲ့ နေရာပေါ်ကို လိမ်းပါ။ ပြီးရင် အသာအယာ နှိပ်နယ်ပေးပါ။ ဆေးလိမ်းပြီးတဲ့အခါ လက်ကို အသေအချာ ဆေးပါ။ အများအားဖြင့် ဆေးကိုတနေ့ ၃ကြိမ်မှ ၄ကြိမ် လိမ်းရလေ့ရှိပါတယ်။ ကလေးတွေအတွက် Geldene (ဂျယ်လ်ဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ Geldene (ဂျယ်လ်ဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ geldene ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။ လိမ်းဆေး ဂျဲလ် Piroxicam 0.5% Geldene ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။ GELDENE. http://www.geldene e.com/?c=drug&s=geldene&ingredient=piroxicam. Feldene. http://patient.info/medicine/piroxicam-gel- for-pain- relief-feldene.
https://hellosayarwon.com/drugs-az/geldene-%E1%80%82%E1%80%BA%E1%80%9A%E1%80%B9%E1%80%9C%E1%80%B9%E1%80%92%E1%80%84%E1%80%B9%E1%80%B8/
အမျိုးသား အင်္ဂါ ရောင်ယမ်းတဲ့အခါ၊သွေးထွက်တဲ့အခါ၊ သရေကွင်းစီးတဲ့အခါ။ - Myanmar Sex Story HomeUncategorizedအမျိုးသား အင်္ဂါ ရောင်ယမ်းတဲ့အခါ၊သွေးထွက်တဲ့အခါ၊ သရေကွင်းစီးတဲ့အခါ။ ကျောင်းသူပူစီဖောင်းဖောင်းအလန်းလေး သေသေချာချာထည့်လို့ရအောင်ဖြဲပေးထားတယ် စောက်ရမ်းဖုတ်လို့ကောင်းမဲ့ဖုတ်ဖုတ်၂ ပူစီသန့်သန့်အကိတ်မမဖောင်းဖောင်းကြီး ပါးကွပ်လေးနဲ့
https://myanmarsexstory.com/man-penis-problem/
Wearable နည်းပညာကို နောက်တစ်နည်း wearable gadgets လို့လည်း ခေါ်ဝေါ်ပါသေးတယ်။ Wearable နည်းပညာထုတ်ကုန်ဆိုတာ ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်ရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်ဖော်ပြပေးပြီး ဝတ်ဆင်နိုင်တဲ့ နည်းပညာဆိုင်ရာ ထုတ်ကုန်တွေအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ပထမဆုံးသော wearable ကွန်ပျူတာကို ၁၉၆၀ ပြည့်နှစ်မှာ အက်ဒဝပ်သော့ရ်ဆိုတဲ့ (Edward Thorp) သင်္ချာပါမောက္ခတစ်ဦးက တီထွင်ခဲ့တာဖြစ်ပါတယ်။ Wearable နည်းပညာထောက်ပံ့ပါဝင်တဲ့ gedgets တွေမှာ သေးငယ်တဲ့ motion sensor တွေပါဝင်ပြီး ဓာတ်ပုံရိုက်တာ၊ အချက်အလက်တွေကို ဖုန်းနဲ့အလွယ်တကူ sync လုပ်ကာ ဖတ်ရှုနိုင်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ Wearable နည်းပညာက GPS စနစ်နဲ့ချိတ်ဆက်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ကိုယ်ကာယလှုပ်ရှားမှုဆိုင်ရာ အဆင့်ဆင့်ကို ထောက်လှမ်းမှတ်သားပေးထားနိုင်ပါတယ်။ မှတ်သားထားတဲ့ အချက်အလက်ဆိုင်ရာကို ချက်ချင်းဖတ်ရှုနိုင်သလို နောက်မှအချိန်ယူကာ ဖတ်ရှုနိုင်အောင်ဖို့ ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်ပေးပါတယ်။ ဒီနည်းပညာရဲ့ အားသာချက်က ပေါ့ပါးပြီး အလုပ်မရှုပ်သလို သွားလေရာသယ်ဆောင်သွားဖို့အတွက်လည်း အရွယ်အစားအားဖြင့် သေးငယ်ကြပါတယ်။ ကျန်းမာရေးလိုက်စားသူတွေ များစွာ အသုံးဝင်လှသလို လုပ်ငန်းခွင်ကလူတွေအတွက်လည်း လုပ်ငန်းပိုမိုမြန်ဆန်စေမှာ ဖြစ်ပြီး မတူညီတဲ့လုပ်ငန်းခွင်အလိုက် လုပ်ဆောင်နိုင်မှု စွမ်းရည်ကိုလည်း မြင့်မားစေမှာဖြစ်တဲ့အပြင် မိမိကိုယ်ကို လုံခြုံမှုစိတ်ချမှု ပိုရှိစေတယ်ဆိုတဲ့ ခံစားချက်ကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် Wearable နည်းပညာသုံးထုတ်ကုန်တွေက တစ်နှစ်ထက် တစ်နှစ် ဈေးနှုန်းပိုမို လျော့နည်းလာပေမယ့် မိမိတို့လုပ်ငန်းခွင်အတွက် အကိုက်ညီဆုံးဖြစ်စေတဲ့ လုပ်ဆောင်ချက်နည်းပညာတွေ ပါဝင်တဲ့ ထုတ်ကုန်မျိုးကတော့ ဈေးကြီးနေတတ်ကြပြန်ပါတယ်။ Wearable နည်းပညာ အသုံးပြုထုတ်ကုန်တွေက နေ့စဉ် လူမှုမီဒီယာအသုံးပြုကာ ဝန်ထမ်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့အတွက် အဆင်ပြေလှတဲ့ ထုတ်ကုန်ဖြစ်သလို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ မှတ်သားသိမ်းဆည်းနိုင်တဲ့ ထုတ်ကုန်တွေဖြစ်ပေမယ့်လည်း သူ့ရဲ့ အချက်အလက် လုံခြုံမှုအပိုင်းကတော့ အပြည့်အဝ လုံခြုံမှုမရှိနိုင်တာက ဒီထုတ်ကုန်ရဲ့ အားနည်းချက်လို့ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဟက်ကာတွေအနေနဲ့ မိမိရဲ့ တစ်ကိုယ်ရေဆိုင်ရာ အချက်အလက်တွေကို ရည်ရွယ်ချက်တစ်ခုအတွက် ရယူကာ အသုံးပြုနိုင်တာကြောင့် ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ဒီနည်းပညာသုံး ထုတ်ကုန်တွေကို တွင်ကျယ်စွာ အသုံးပြုလာနိုင်သလို လုံခြုံရေးပိုင်းလည်း ပိုမိုမြင့်မားကောင်းမွန်လာနိုင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်လောက်မှာဆိုရင်တော့ Wearable နည်းပညာ အသုံးပြုသူတွေထဲက ၁၀ ရာခိုင်နှုန်းရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
https://internetjournal.media/wearable-%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%8A%E1%80%AC/
ကြိုဆိုရေးအပိုဆု - SBOBET Information Center သင်ကနဦးသွင်းငွေကိုပြုလုပ်လိုက်ပါ ပြီးလျှင် ကျွန်ုပ်တို့ သင့်ကိုအခမဲ့လည့်ကစားခွင့် ပေးအပ်ပါမည်! ဘယ်လိုအလုပ်လုပ်သလဲ? ဤပရိုမိုးရှင်းသည် ဖိတ်ခေါ်ခြင်းခံရသူများအတွက်သာ ရရှိနိုင်သည်။ အသုံးပြုသူ အဖွဲ့ဝင်များ အားလုံးအတွက် ရနိုင်မည်မဟုတ်ပါ။ ... ထပ်မံဖတ်ရှုပါ။ သင်ကနဦးသွင်းငွေကိုပြုလုပ်လိုက်ပါ ပြီးလျှင် ကျွန်ုပ်တို့ သင့်ကိုအားကစားဘောက်ချာ ပေးအပ်ပါမည်! ဘယ်လိုအလုပ်လုပ်သလဲ? 1. ဤပရိုမိုးရှင်းသည် ဖိတ်ခေါ်ခြင်းခံရသူများအတွက်သာရရှိနိုင်သည်။ အသုံးပြုသူအဖွဲ့ဝင်များအားလုံးအတွက် ရနိုင်မည်မဟုတ်ပါ။ 2. ပရိုမိုး... ထပ်မံဖတ်ရှုပါ။
https://help.sbobet.com/category/%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%A5%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%9E%E1%80%90%E1%80%BA%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/promotions/%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%86%E1%80%AD%E1%80%AF%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%86%E1%80%AF/1769/
တစ်ကြိမ်တစ်ခါလောက်တော့ မြင်ဖူးသွားသင့်တဲ့ ကမ္ဘာပေါ်က မယုံနိုင်စရာအရာများ - ONE DAILY MEDIA မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အခုဖော်ပြပေးသွားမှာကတော့ တစ်ကြိမ်မြင်ဖူးရုံနဲ့ သင့်အာရုံမှာစွဲကပ်သွားစေနိုင်မယ့် ကျေနပ်စရာကမ္ဘာကြီးပေါ်က အရာအချို့ကိုပဲဖြစ်ပါတယ်။ ကြံ့ပုံစံကျောက်တုံး၊ အိုက်စလန် ကနေဒါ၊ တိုရွန်တိုမြို့ ရေခဲမုန်တိုင်းပြီးနောက် သစ်ပင်များ အန္တာတိကမှ ရေခဲဆောင်များ ဖူဂျီတောင်၏ 24ကီလိုမီတာရှိတဲ့ အရိပ် ဘာဟားမားမှ ရေအောက် mini- submarine ကမ္ဘာ့အကြီးဆုံး ပင့်ကူ Yellowstone အမျိုးသားဥယာဉ်မှ ရေပူစမ်း ဖလော်ရီဒါမှ တံတားလမ်း စပိန်မှ လူတာဝါ ရေစက် Bristolမှ မိုးပျံပူဖောင်းများ အဖြူရောင်ဒေါင်း Ran Ortnerရေးဆွဲထားတဲ့ “Open Water” အမေ့ကိုချစ်တယ်
https://thutadaily.xyz/archives/51731
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသောအတည်ပြုပြီးဖြစ်သည့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာများကို ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄၁ (ဂ) အရလည်းကောင်း၊ အတည်ပြုပြီးဖြစ်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များကို ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၈၀ (ဂ) အရလည်းကောင်း အများပြည်သူသိရှိရန် ထုတ်ပြန်ကြေငြာရမည်ဖြစ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် အောက်ပါ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာများ၏ အတည်ပြု ကြောင်းစာများ ကို အများပြည်သူသိရှိနိုင်ရန်အတွက် ကြောညာအပ်ပါသည်။
http://ecd.gov.mm/?q=%E1%80%A1%E1%80%90%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%95%E1%80%BC%E1%80%AE%E1%80%B8-%E1%80%95%E1%80%90%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%91%E1%80%AD%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%86%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%85%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%BA%E1%80%81%E1%80%B6%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%8F-%E1%80%A1%E1%80%90%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AC-%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-0
မြန်မာများ သိသင့်သော ကုလသမဂ္ဂဆိုင်ရာ အခြေခံအချက်လေးချက် | Ministry Of Information ဒေါက်တာရင်ရင်နွယ် ဤဆောင်းပါးကို ရေးရခြင်းမှာ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂအကြောင်းကို ယခုထက်ပိုမို သိစေလိုသောကြောင့်ဖြစ်သည်။ မြန်မာအများစုသည် ဤအဖွဲ့အစည်းကြီးကို အဖြစ်မှန်ထက် အထင်ကြီးနေသည်။ ယင်းအဖွဲ့အစည်းတွင် စွမ်းဆောင်နိုင်မှုမရှိသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် မြန်မာအချို့က အားကိုးနေကြသည်။ စင်စစ်မှာကား ကျွန်မလေးစားသော ဝန်ကြီးတစ်ပါးပြောသလို “ကုလသမဂ္ဂသည် ကမ္ဘာကိုအုပ်ချုပ်နေသော ကမ္ဘာ့အစိုးရမဟုတ်။ အစိုးရအသီးသီးတို့၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောအဖွဲ့သာဖြစ်သည်။” (The United Nations is not a world government. It is an organization composed of government representatives.) ထို့ကြောင့်လည်း ကုလသမဂ္ဂကို တစ်သားတည်းရှိနေသော “monolithic” အဖွဲ့အစည်းဟု ထင်လျှင်မှားမည်။ ကုလသမဂ္ဂပဋိညာဉ်၏ ပုဒ်မ(၂)အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာ စက်အတွင်း၌ရှိသော အရေးကိစ္စများကို ကုလသမဂ္ဂသည် ဝင်ရောက်စွက်ဖက်ခွင့်မရှိချေ[၁]။ (၁) ကုလသမဂ္ဂကို တွန်းအားပေးသော အနောက်အုပ်စုသည် မြန်မာပြည်ကို တစ်မူထူး ဖိနှိပ်ဆက်ဆံသည် ၁၉၈၈ နောက်ပိုင်း မြန်မာပြည်အပေါ် ကျင့်သုံးသောမူဝါဒ။ ကုလသမဂ္ဂနှင့် အနောက်အုပ်စုသည် ၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်အပေါ် ကျင့်သုံးနေသော မူဝါဒမှာ “Myanmar Exceptionalism”ဟူ၍ သမ္မတကြီး ဦးသိန်းစိန်ခေတ်၊ ကုလသမဂ္ဂ - အာဆီယံ အစည်းအဝေးတစ်ခု၌ ကျွန်မစတင်ပြောခဲ့သည်။ ဥပမာများဖြင့်ပြပါက ပိုရှင်းလင်းမည်ဟု ထင်ပါသည်။ (က) အခြားနိုင်ငံများတွင် စစ်တပ်အာဏာသိမ်းမှုများ ရှိသော်လည်း မြန်မာပြည်၏ စစ်အစိုးရနှင့် တပ်မတော်ကိုသာ ပြစ်တင်ရှုတ်ချသည်။ ရုရှားနှင့် တရုတ်က ကာကွယ်ပေးသောကြောင့် ကုလသမဂ္ဂပိတ်ဆို့မှုများ (sanctions) အပြည့်မလုပ်နိုင်ခဲ့သော်လည်း အနောက်နိုင်ငံများက ပိတ်ဆို့မှုများ (sanctions) လုပ်ခဲ့သည်။ အကျိုးဆက်မှာ စစ်အစိုးရမပြောင်း၊ ပြည်သူများသာ ပိုမိုဆင်းရဲသွားသည်။ ဤသင်ခန်းစာကိုမမှတ်ဘဲ ယခုလည်း ပိတ်ဆို့မှုများ ဆက်လုပ်သည်။ (ခ) အခြားနိုင်ငံများ (ဥပမာ- တရုတ်၊ ဗီယက်နမ်၊ လာအို)တွင် တစ်ပါတီစနစ်များ ရှိနေပါလျက်နှင့် မြန်မာပြည်နိုင်ငံရေးကိုသာ ဖိအားပေါင်းစုံပေး ဝင်စွက်ခဲ့သည်။ (ဂ) မြောက်မြားစွာသော နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင်စနစ်များ ရှိကြသော်လည်း မြန်မာပြည်ကိုသာ မီးမောင်းထိုး၊ ပြစ်တင်ရှုတ်ချပြီး “မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်”သာ ခန့်သည်။ အိမ်နီးချင်းနိုင်ငံများအတွက်ကား “ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်” ခန့်သည်ဟု မကြားဖူးပါ။ Myanmar Exceptionalism ဟူသည်မှာ။ နိုင်ငံရေးသိပ္ပံလေ့လာသူများသုံးသည်မှာ “American Exceptionalism” ဟူသော စကားဖြစ်သည်။ ဆိုလိုသည်မှာ အမေရိကန်သည် အခြားနိုင်ငံများ လိုက်နာသော နိုင်ငံတကာစာချုပ်၊ စည်းကမ်းများကို မလိုက်နာဘဲ မိမိအကျိုးစီးပွားအတွက် လိုအပ်သလို ချိုးဖောက်သည်။ ဥပမာ - အခြားတိုင်းပြည်များကို အမေရိကန်က စစ်ဝင်တိုက်သည်။ Myanmar Exceptionalism ဟူသော စကားရပ်တွင်ကား အနောက်အုပ်စု၊ အချို့အာဆီယံနိုင်ငံများနှင့် ကုလသမဂ္ဂတို့သည် မြန်မာနိုင်ငံကို အခြားတိုင်းပြည်များထက် ပိုမိုဖိနှိပ်၍ အငြိုးများဖြင့် တစ်မူထူး ဆက်ဆံနေသည်ကို ဆိုလိုသည်။ (၂) ကုလသမဂ္ဂသည် တရားမျှတမှုမရှိသော အဖွဲ့အစည်းဖြစ်သည် ကုလသမဂ္ဂသည် အင်အားကြီး၍ ပိုက်ဆံပေးနိုင်သောနိုင်ငံများ ကျက်စားရာ အဖွဲ့အစည်း ဖြစ်သည်။ ကုလသမဂ္ဂနှင့်ပတ်သက်နေသော သမိုင်းဖြစ်စဉ်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ တရုတ်ပြည်၏ ကုလသမဂ္ဂသမိုင်း။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင်းစစ်ကို မော်စီတုံး ဦးဆောင်သော ကွန်မြူနစ်များ နိုင်ခဲ့သည်။ ချန်ကေရှိတ် ဦးဆောင်သော ကိုမင်တန်အဖွဲ့သည် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၁ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမျှမရှိဘဲ ကုလသမဂ္ဂ၌ ထိုင်ဝမ်ကျွန်းရှိ ကိုမင်တန်အစိုးရကသာ တရုတ်ပြည်ကို ကိုယ်စားပြုသည်ဟု ချမှတ်ခဲ့သည်။ ဆိုလိုသည်မှာ မြေဧရိယာ စတုရန်းကီလိုမီတာ ၉ ဒသမ ၄ သန်း၊ ထိုစဉ်က လူဦးရေ ၅၆၇ သန်းကို အုပ်ချုပ်နေသော တရုတ်ပြည်မကြီးအစိုးရကို အသိအမှတ်မပြုဘဲ စတုရန်းကီလိုမီတာ သုံးသောင်းခွဲရှိသော ကျွန်းလေး၊ လူဦးရေ ၇ ဒသမ ၉ သန်းကိုသာ အုပ်ချုပ်သော ထိုင်ဝမ်အစိုးရသည် “တရုတ်ပြည်”ကို ကိုယ်စားပြုသည်ဟု ကုလသမဂ္ဂက မဲပေးဆုံးဖြတ်ခဲ့သည်။ အနှစ် ၂၀ အတွင်း ကုလသမဂ္ဂသည် အမေရိကန်ဖိအားကြောင့် ထိုင်ဝမ်အစိုးရကိုသာ အသိအမှတ်ပြုသည့်မဲ အကြိမ်ကြိမ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ်၌သာလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကုလသမဂ္ဂတွင် နေရာရလာသည်။ ထိုစဉ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆန့်ကျင်မဲပေးခဲ့သော အာရှနိုင်ငံများမှာ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ ဂျပန်တို့ဖြစ်၍ မည်သည့်ဘက်မှ မဲမပေးခဲ့သော အာရှနိုင်ငံများမှာ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့ဖြစ်ခဲ့သည်[၂]။ မြန်မာပြည်ကား ၁၉၅၀ ပြည့်နှစ်ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို အသိအမှတ်ပြုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ကုလသမဂ္ဂသမိုင်း။ ခမာနီ (Khmer Rouge)တို့သည် ကမ္ဘောဒီးယားနိုင်ငံ ကို ၁၉၇၅ ခုနှစ်မှ စတင်သိမ်းပိုက်အုပ်ချုပ်ရာ သုံးနှစ်အတွင်း လူဦးရေ ၇ ဒသမ ၅ သန်းအနက် ၁ ဒသမ ၇ သန်းကျော်ကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် မစ္စတာဟွန်ဆန် ဦးဆောင်သောအုပ်စုသည် ဗီယက်နမ်အကူအညီဖြင့် ကမ္ဘောဒီးယားရှိ ခမာနီတို့ကို စစ်နိုင်ခဲ့၍ အာဏာယူခဲ့သည်။ အနောက်အုပ်စုများသည် ၁၉၇၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ခမာနီကိုသာ အသိအမှတ်ပြု၍ စင်စစ်ကမ္ဘောဒီးယား၏ နယ်မြေကို ထိန်းချုပ်အုပ်စိုးနေသော မစ္စတာဟွန်ဆန်၏ အစိုးရကို လက်မခံခဲ့ချေ။ တရုတ်နှင့် ထိုစဉ်က အာဆီယံနိုင်ငံများ (အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ၁၉၈၄ ခုနှစ်နောက်ပိုင်း ဘရူနိုင်း)တို့သည် အနောက်အုပ်စုများဘက်လိုက်၍ ခမာနီတို့ကိုသာ မဲပေးခဲ့သည်[၃]။ (တရုတ်မှာ ထိုစဉ်က ဗီယက်နမ်-ဆိုဗီယက်နှင့် မတည့်ချေ။) ထို့ကြောင့် ကုလသမဂ္ဂသည် နယ်မြေထိန်းချုပ်မှုမရှိတော့သည့် ခမာနီတစ်ဖွဲ့တည်းကိုသာ တောက်လျှောက် ၁၉၇၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ကိုယ်စားလှယ်အဖြစ် ထိုင်ခုံပေးခဲ့သည်။ ၁၉၉၃ ခုနှစ်ရောက်မှသာလျှင် ခမာနီအဖွဲ့ ကုလသမဂ္ဂမှ အပြီးအပိုင် ထုတ်ပယ်ခြင်းခံရသည်။ ကမ္ဘာ့ဇာတ်ခုံပေါ် အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်များ။ အမေရိကန်ပြည်ထောင်စုသည် ၁၉၄၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အနည်းဆုံး ၅၇ ကြိမ် အခြားနိုင်ငံများတွင် မိမိမနှစ်သက်သော အစိုးရများပြုတ်ကျရန် ဝင်ရောက်စွက်ဖက်ခဲ့သည်[၄]။ ဝင်စွက်မှု အသွင်သဏ္ဌာန်များမှာလည်း (က)မိမိဘက်တွင် စစ်တပ်က ရပ်တည်နေပါက တပ်ကိုအာဏာသိမ်းစေခြင်း၊ (ခ) မိမိကိုယ်တိုင် တိုင်းတစ်ပါးကို အတိအလင်း စစ်ကြေညာ၍ စစ်ဝင်တိုက်ခြင်း၊ (ဂ) အကြမ်းဖက်အုပ်စုများကို ငွေကြေးလက်နက်များ၊ အကြံပေးပုဂ္ဂိုလ်များဖြင့် ထောက်ပံ့ခြင်း၊ (ဃ) စစ်မကြေညာဘဲ ခိုးဝင်၍ စစ်တိုက်ခြင်း သို့မဟုတ် လူသတ်ခြင်းတို့ ဖြစ်သည်။ အမေရိကန်သည် မိမိကိုယ်တိုင် “ဒီမိုကရေစီနိုင်ငံ”ဟု ကြွေးကြော်နေသော်လည်း အခြားနိုင်ငံများအပေါ် မတရားမှုများ လုပ်ရုံသာမက ထိုနိုင်ငံများရှိ လူအမြောက်အမြားကို သေကျေပျက်စီးစေခဲ့သည်။ နဂိုက မိမိနှင့် မဆိုင်ခဲ့သော်လည်း အမေရိကန်တပ်များ မတရားတိုက်ခဲ့သည့် အီရတ်စစ်၊ ဗီယက်နမ်စစ်၊ လျှို့ဝှက် လာအိုစစ် (Secret war in Laos) အစရှိသော ဥပမာများ မှတ်တမ်းတင်ပြီးသားရှိပါသည်။ ကုလသမဂ္ဂသည်လည်း ထိုကဲ့သို့ အင်အားကြီးနိုင်ငံများ ဩဇာလွှမ်းမိုးနေသည့်အတွက် တရားမျှတသော အဖွဲ့အစည်းမဖြစ်နိုင်။ ရရှိသောငွေပမာဏ။ ကုလသမဂ္ဂအဖွဲ့အစည်းများသည် ယင်းတို့ဖော်ပြနေသလောက် ဘဏ္ဍာငွေ မရှိသည့်အပြင် ရှိသည့်ငွေကိုသုံးစွဲရာ၌လည်း ထိန်းချုပ်မှုများရှိသည်။ ဥပမာ - တစ်ချိန်က ကျွန်မ ၂၁ နှစ် တာဝန်ထမ်းဆောင်ခဲ့သော ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ကို ကြည့်ပါ။ UNICEF သည် မိမိ၏ဘုတ်အဖွဲ့ (Executive Board) ထံ တင်ပြသော မြန်မာနိုင်ငံအတွက် ဘတ်ဂျက်သည် ၂၀၁၈-၂၀၂၂ ငါးနှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၅ သန်းဟု ပြထားသည်[၅]။ သို့သော် စင်စစ်တွင် UNICEF-ရန်ကုန်ရုံးက ကြိုက်သလိုသုံးစွဲနိုင်သော ဘတ်ဂျက်သည် ငါးနှစ်တာအတွက် အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၇ သန်း (တစ်နှစ်လျှင် ၁၅ ဒသမ ၃ သန်း) သာရှိ၍ ကျန် ၁၃၀ ဒသမ ၈ သန်းကို အလှူခံရမည့် သဘောရှိသည်။ ရရှိလာသော ငွေကြေးများကိုလည်း အလှူရှင်နိုင်ငံလိုချင်သလို (အိမ်ရှင် မြန်မာအစိုးရက သဘောတူခွင့်ပြုမှ) သုံးစွဲခွင့်ရှိသည်။ ထို့ကြောင့်လည်း ကျွန်မသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဌာနေကိုယ်စားလှယ် ဖြစ်ခဲ့စဉ်က တရုတ်-မြောက်ကိုရီးယား နယ်စပ်ဒေသများအတွက် အမေရိကန်အစိုးရက လှူလိုသည့် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ကို ငြင်းခဲ့ပါသည်။ “မြန်မာပြည်အတွက်” ဘတ်ဂျက်များကို သုံးစွဲပုံ။ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက “မြန်မာ ပြည်အတွက်”ဟု ပြထားသော ငွေပမာဏတွင် ထိုအဖွဲ့အစည်း၏ ရုံးနှင့်ဝန်ထမ်းစရိတ် အမြောက်အမြား ပါဝင်သည်။ ဥပမာ- ပရောဂျက်ဝန်ထမ်းများ၏ လစာနှင့် (နိုင်ငံခြားသားဆိုလျှင်) ယင်းတို့၏ အိမ်လခ တစ်စိတ်တစ်ပိုင်းနှင့် ကလေးကျောင်းစရိတ်များ၊ ပရောဂျက်ရုံးကားများ၊ ပြည်တွင်းနှင့် နိုင်ငံခြားခရီးစရိတ်များ အစရှိသဖြင့် ပါဝင်သည်။ (ရုံးငှားခနှင့် ဌာနေကိုယ်စားလှယ်၏ရုံးခန်းမှ ဝန်ထမ်းများလခကိုမူ အိမ်ရှင်အစိုးရကို ချမပြသော သီးခြား Support ဘတ်ဂျက်ရှိသည်။) ရုံးသုံးစရိတ်များနှင့် ဝန်ထမ်းစရိတ်များကို နုတ်ပြီးပါက ကျန်ဘတ်ဂျက်ကို ကုလသမဂ္ဂ အဖွဲ့အစည်းများသည် အောက်ပါအတိုင်းသုံးစွဲသည် - (၁) ယင်းတို့၏ ပရောဂျက်များအတွက် အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၊ သင်တန်းများ အစရှိသည်တို့နှင့် ထောက်ပံ့ပစ္စည်းများ၊ (၂) နှစ်သက်ရာINGO/NGO အဖွဲ့များထံသို့ ဆင့်ကဲဆင့်ကဲ ပရောဂျက်များအတွက် ငွေကြေးများ၊ NGO ဝန်ထမ်းအချို့၏ လစာများ၊ ကားများ၊ တစ်ဆင့်စီတွင် NGO အသီးသီး၏ စီမံခန့်ခွဲ (overhead) စရိတ်များ၊ (၃) “နည်းပညာအထောက်အပံ့” (technical assistance) ဟုခေါ်သော “ကျွမ်းကျင်ပညာရှင်”/ အကြံပေးများအတွက် စရိတ်များ အစရှိသည်တို့ဖြစ်သည်။ ကုန်ကျငွေနှင့်ရရှိသောရလဒ်။ မြန်မာပြည်သူလူထုအတွက် ထိုက်တန်ထိရောက်သော အကူအညီမျိုး ဖြစ်၊ မဖြစ်ကို ဆုံးဖြတ်နိုင်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများ အသုံးပြုခဲ့သော ငွေပမာဏနှင့် ၎င်းတို့ရရှိခဲ့သော ရလဒ်များကို နှိုင်းယှဉ်သင့်သည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ရုံး/ ဝန်ထမ်း စရိတ်များနှင့် သီးခြားဘတ်ဂျက် အမျိုးမျိုးတို့ကြောင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြထားသော “ဘတ်ဂျက်” များကို နားလည်ရန်ခက်ခဲသည်။ အသုံးပြုခဲ့သော ငွေပမာဏကို သိလိုလျှင် ကုလသမဂ္ဂအဖွဲ့အစည်းများ “ကိုယ်တိုင်ပရိုမိုးရှင်း” (self-promotion)လုပ်ရန် အင်တာနက်ပေါ်တွင် တင်ထားသော “နှစ်စဉ်ရလဒ် အစီရင်ခံစာ” ကို ကြည့်ပါက ပိုနားလည်လွယ်သည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်အတွက် မြန်မာပြည်ရှိ ကုလသမဂ္ဂအဖွဲ့အားလုံး၏ ကုန်ကျငွေ (Programmable expenditure) သည် အမေရိကန်ဒေါ်လာ ၅၀၈ သန်းဟု သိရသည်[၆]။ အဓိကရလဒ်များကို ထိုအစီရင်ခံစာ၌ပင် ပြထားသည်။ ဥပမာ(၁) တောင်သူလယ်သမား ၂ ဒသမ ၈ သန်း အတွက်ချေးငွေများ၊ (၂) ကိုဗစ်ထိန်းချုပ်ရန် နှာခေါင်းစည်း ၄၀ ဒသမ ၅ သန်း၊ လက်အိတ် ၂ ဒသမ ၄ သန်း၊ ပီပီအီးဝတ်စုံ ၅၄၄၀၆ စုံ အစရှိသော အထောက်အကူပစ္စည်းများ၊ (၃) လူဦးရေ ၁ ဒသမ ၇၇ သန်းအတွက် ကျန်းမာရေးအထောက်အကူ၊ (၄) လူဦးရေ ၃၉၀၀၀၀ အတွက် သန့်ရှင်းသော သောက်သုံးရေ၊ (၅) ဆင်းရဲသော အိမ်ထောင်စု ပေါင်း ၄၃၆၄၁၂ စုနှင့် မိခင်နှင့်ကလေး ၂၂၂၅၂၇ ယောက်အတွက် ငွေကြေးထောက်ပံ့မှုများ (cash transfers)၊ (၆) လူဦးရေ ၉၃၀၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုများ အစရှိသည်တို့ပါ၍ ကျန်ရလဒ်များကိုလည်း အစီရင်ခံစာတွင် ကြည့်နိုင်ပါသည်။ ယေဘုယျအားဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများသည် ဆင်းရဲသောနိုင်ငံများတွင် လိုအပ်နေသော အခြေခံအဆောက်အအုံ (infrastructure) အကြီးစားများကိုဆောက်ပေးရန် ငွေပမာဏ မလုံလောက်၍ အသေးစားအဆောက်အအုံများ (ဥပမာ- အဝီစိရေတွင်းများ၊ အိမ်သာများ)သာ ဆောက်ပေးနိုင်သည်။ အထက်ဖော်ပြပါ အထောက်အကူများသည် မြန်မာများအတွက် အကျိုးရှိကြောင်း ငြင်းမရပါ။ သို့သော်လည်း တစ်နှစ်အတွင်း ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၅၀၈ သန်းနှင့် နှိုင်းယှဉ်၍ ပြောရမည်ဖြစ်သည်။ အကျိုးခံစားရသော မြန်မာပြည်၏ လူဦးရေ။ ပထမအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀၈ သန်း ကုန်ကျခဲ့သည်ဟူသော အကူအညီကိုရရှိခဲ့သော လူဦးရေသည် မည်သူမဆို မေးစရာဖြစ်နေသည်။ နှိုင်းယှဉ်ပြောမည်ဆိုလျှင် ၂၀၁၅ ခုနှစ် မြို့နယ်ပေါင်း (၄၀) ရေကြီးရေလျှံသဘာဝဘေးဒုက္ခကြီးအတွက် အချိန်၊ လုပ်အား၊ စားနပ်ရိက္ခာများ၊ ငွေများကို မြန်မာအစိုးရ၊ မြန်မာလူထု၊ ပြည်တွင်း လုပ်ငန်းရှင်များ၊ သံဃာတော်များနှင့် တပ်မတော်သားများက လပိုင်းအတွင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်း မြောက်မြားစွာကို တစ်တပ်တစ်အား အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က မြန်မာအစိုးရသည် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ငွေကျပ် ၄၂ ဒသမ ၂ ဘီလီယံ၊ နိုင်ငံတော် အစိုးရထံမှ ငွေကျပ် ၆ ဒသမ ၅ ဘီလီယံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ငွေကျပ်၂ ဒသမ ၃ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၇၁ ဘီလီယံ ချပေးခဲ့သည်[၇]။ ၂၀၁၅ အောက်တိုဘာလ ၅ ရက်နေ့ ဒေါ်လာနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၂ သန်းခန့်သာရှိသည်။ ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ငွေသား၊ စားနပ်ရိက္ခာ၊ ထောက်ပံ့ပို့ဆောင်ရေး အစရှိသော ထောက်ပံ့မှုများလည်း ရရှိခဲ့သည်။ ထိုထောက်ပံ့မှုများသည် အစိုးရထံမှ သုံးစွဲခဲ့သော ငွေတန်ဖိုး ၂၀ ရာခိုင်နှုန်းထက်မပိုဟု ခန့်မှန်းရသည် [၈]။ သို့ဖြစ်လျှင် ပြည်တွင်းမှ အစိုးရနှင့်ပြည်သူအားလုံးထံမှရရှိသော ထောက်ပံ့မှုများမှာ ထိုစဉ်က အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၂ သန်းသာဖြစ်ပြီး မြို့နယ်ပေါင်း ၄၀ အတွင်းရှိ လူဦးရေ စုစုပေါင်း ၅ သန်းကျော်ကို ကူညီထောက်ပံ့ခဲ့သည်။ ယင်းထောက်ပံ့မှုများအနက် ဟားခါးမြို့တွင် မြေပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော မိသားစုများအတွက် သစ်သားအိမ်ခြေ ၄၂၀ ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်၍ တည်ဆောက်ပေးခဲ့သည်။ ထို့အပြင် လုံးဝပျက်စီးသွားသော တံတား ၃၅၈ စင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသော တံတား ၄၄၉ စင်း၊ ပျက်စီးသွားသောလမ်းများ (အနည်းဆုံး ၁၉၈ မိုင်)တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည်[၉]။ ပြည်တွင်းအားများနှင့် လုပ်ခဲ့ရသည့်အတွက် ဘတ်ဂျက်များကို ခြစ်ခြစ်ခြုတ်ခြုတ် သုံးခဲ့ရသည်။ ရလဒ်များနှင့် ငွေပမာဏကို နှိုင်းယှဉ်ပါက ကုလသမဂ္ဂအဖွဲ့အားလုံးမှ တစ်နှစ်အတွင်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၅၀၈ သန်းသည် ထိုအဖွဲ့များ၏ ရုံးသုံးစရိတ်များ၊ ဝန်ထမ်းစရိတ်များအပြင် INGO/ NGO များထံသို့လည်း အများအပြား ရောက်လိမ့်မည်ဟု ခန့်မှန်းနိုင်သည်။ အစားထိုးနိုင်သောအကူအညီ။ ဒုတိယအနေဖြင့် ကုလသမဂ္ဂထံမှ ကူညီထောက်ပံ့မှု မရခဲ့ပါက မြန်မာနိုင်ငံအတွက် မည်သို့ထူးခြားမည်နည်း၊ အစားထိုး၍ ရ၊ မရဟူ၍ မေးစရာပေါ်လာသည်။ ထိုမေးခွန်းများကိုဖြေရန် ကိုဗစ်ကာကွယ်ဆေးကိစ္စကို ပြည်သူသိသင့်သည်။ ကိုဗစ်ကာကွယ်ဆေးကိစ္စတွင် COVAX အစီအစဉ်ကို တာဝန်ယူထားသောအဖွဲ့များအားလုံး (အထူးသဖြင့် UNICEF နှင့် WHO) သည် မြန်မာပြည်ကိုဆက်ဆံခဲ့ပုံမှာ အထူးအကျည်းတန်သည်။ ထိုကုလသမဂ္ဂ အဖွဲ့အစည်းများသည် မိမိတို့ကိုယ်တိုင်ချမှတ်ခဲ့သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများ (Humanitarian Principles) မှ “ဆိုးကျိုးမဖြစ်စေရ” (Do no harm) ဟူသော စည်းမျဉ်းအား ချိုးဖောက်ခဲ့သည်။ COVAX ၏ ရည်ရွယ်ချက်သည် “ကာကွယ်ဆေးဖော်ထုတ်ခြင်းကို အရှိန်အဟုန်တိုးမြှင့်ဖို့ ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သာတူညီမျှ ထိုးနှံနိုင်ဖို့ ကူညီပေးရန်” ဖြစ်ကြောင်း ကြေညာထားသည်။ COVAX အစီအစဉ်ကို GAVI အဖွဲ့၊ CEPI အဖွဲ့ နှင့် WHO တို့က ထိန်းချုပ်ကွပ်ကဲ၍ UNICEF က ကာကွယ်ဆေးများကိုပို့ရန် အဓိကတာဝန်ယူထားသည်[၁၀]။ ၂၀၂၁ ခုနှစ် မြန်မာပြည်သူများ ကာကွယ်ဆေးအလိုအပ်ဆုံးအချိန်တွင် WHO ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း COVAX သည် မြန်မာပြည်အား ကိုဗစ်ကာကွယ်ဆေးကို လုံးဝမပေးခဲ့ပါ။ ထိုစဉ်က ကမ္ဘာ့နိုင်ငံအများအပြားသို့ ရောဂါကာကွယ်ဆေးကို တစ်ကြိမ်မက လေးကြိမ်အထိ ပေးပို့ပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် COVAX ထံမှ ကာကွယ်ဆေး ဒို့စ်ပေါင်း ၂ ဒသမ ၂၄ သန်း ရရှိခဲ့သည်။ မြန်မာနိုင်ငံသည်ကား ကာကွယ်ဆေး အလိုအပ်ဆုံးအချိန်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်နေသည်။ မြန်မာနိုင်ငံသည် မိမိကိုယ်တိုင်ဝယ်သော ကာကွယ်ဆေး ဒို့စ်ပေါင်း ၄၅ သန်းသာမက မိတ်ဆွေနိုင်ငံများနှင့် ပုဂ္ဂလိကကဏ္ဍအလှူရှင်များ (အဓိက တရုတ်ကုန်သည်ကြီးအသင်း)က လှူဒါန်းခဲ့သော ကာကွယ်ဆေးများကိုသာ အားကိုးရင်း အဆိုးဆုံးကာလကို ကျော်ဖြတ်ခဲ့ရသည်။ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့တွင် မြန်မာအစိုးရသည် ဒို့စ်ပေါင်း ၆၇ သန်းကျော် (၆၇၁၉၄၄၀၀) စုဆောင်းရရှိပြီးဖြစ်သည်။ ထိုရက်တွင် အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီးသူ ၂၄ ဒသမ ၃၃ သန်းရှိ၍ ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိနေသည်။ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးသူများသည် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၉၂ ရာခိုင်နှုန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ခြုံငုံပြောလျှင် မြန်မာပြည်ရှိ ကုလသမဂ္ဂအဖွဲ့များမှ အကူအညီများသည် တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့် မရှိတော့ပါက အစားမထိုးနိုင်သော အကူအညီမျိုးမဟုတ်ဟု ဆိုနိုင်သည်။ (၄) ကုလသမဂ္ဂက မြန်မာပြည်၏ တည်ဆဲအစိုးရကို အသိအမှတ်မပြုပါက ကုလသမဂ္ဂအတွက် ဆိုးကျိုးပိုများမည် ကုလသမဂ္ဂအထွေထွေညီလာခံ။ အထွေထွေ ညီလာခံအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရက အသိအမှတ်မပြုသော ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံအတွက် ထားသောထိုင်ခုံတွင် ထိုင်နေသည်။ သို့သော် ဦးကျော်မိုးထွန်းအနေဖြင့် အလေးထားခြင်းခံရမည် မဟုတ်။ မိမိတို့၏ နိုင်ငံအသီးသီးကို အမှန်တကယ် ကိုယ်စားပြုနေသော ကိုယ်စားလှယ်များအကြား၌ ဦးကျော်မိုးထွန်း၏ မဲနှင့် မှတ်ချက်များသည် မည်သို့မျှ အရေးမပါနိုင်။ ဥပမာ- ဦးကျော်မိုးထွန်းပေးသော မဲကိုကြည့်ပြီး မြန်မာပြည်၏ ရပ်တည်ချက်ကို သုံးသပ်မရနိုင်ဟူသည်မှာ ထင်ရှားသည်။ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရုရှားကို ရှုတ်ချခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အပေါ် မဲခွဲသည့်ကိစ္စတွင် အမေရိကန် သံတမန်ရေးရာ ဂျာနယ်တစ်စောင်ကပင် ဦးကျော်မိုးထွန်း၏မဲသည် မြန်မာအစိုးရကို ကိုယ်စားမပြုသည့်အတွက် ထည့်စဉ်းစားလို့မရဟု ဆိုထား၏[၁၁]။ ထို့အပြင် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များကို နိုင်ငံများက လျစ်လျူရှုတတ်ကြသည်။ ဥပမာ - နှစ်စဉ်နှစ်တိုင်း အစ္စရေးနိုင်ငံနှင့် ပတ်သက်နေသော အထွေထွေညီလာခံသည် ဆုံးဖြတ်ချက်များ အကြိမ်ကြိမ်ချမှတ်ခဲ့သော်လည်း[၁၂] အစ္စရေးနိုင်ငံက မိမိ၏အကျိုးစီးပွားနှင့် ဆန့်ကျင်နေသော ဆုံးဖြတ်ချက်များကို လျစ်လျူရှုနေသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အစည်းအဝေးများ။ ထိုအစည်းအဝေးများတွင်ကား ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုစီနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးသည်။ ဥပမာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် နိုင်ငံများ၏ ကိုဗစ်ရောဂါအခြေအနေ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)သည် နိုင်ငံများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs)၊ UNICEF သည် ကလေးသူငယ်များ၏ အခြေအနေ၊ အစရှိသဖြင့် အဖွဲ့ဝင်နိုင်ငံများမှလာသော အစီရင်ခံစာများကို အခြေခံ၍ ဆွေးနွေးသည်။ တည်ဆဲအစိုးရကိုလက်မခံပါက မြန်မာပြည်မှ အချက်အလက်များကို မည်သို့မျှ ဦးကျော်မိုးထွန်းတို့အဖွဲ့ထံမှ မရနိုင်။ ဥပမာအားဖြင့် ကိုဗစ်ရောဂါ ပြန့်ပွားမှုများ ကာကွယ်ဆေးထိုးအခြေအနေများကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသာလျှင် တင်ပြနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရအဖွဲ့နှင့် မဆက်ဆံလိုသော ကုလသမဂ္ဂအဖွဲ့အစည်းများသည် အချက်များ database များ ပြည့်စုံမည်မဟုတ်။ ယခုအခါ မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)သာလျှင် မြန်မာအစိုးရနှင့် စားနပ်ရိက္ခာကိစ္စအတွက် ပူးပေါင်းဆောင်ရွက်ခြင်းရှိသည်။ ရှေ့ဆက်ရန်လမ်း။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသောစာချုပ်များ သက်တမ်း ကုန်ဆုံးသောအခါ မြန်မာနိုင်ငံ၏တည်ဆဲအစိုးရကို အသိအမှတ်မပြုလျှင် စာချုပ်အသစ် ထိုးနိုင်မည်မဟုတ်။ အပိုင်း(၃)တွင် ဆွေးနွေးပြီးသည့်အတိုင်း ကုလသမဂ္ဂအဖွဲ့အစည်းများမှ ထောက်ပံ့မှုသည် အစားထိုးမရသော အရာမဟုတ်။ ကုလသမဂ္ဂပရိုဂရမ်များ ရပ်စဲသွားပါက မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးများတွင်လုပ်နေသော နိုင်ငံခြားသားအချို့၊ မြန်မာဝန်ထမ်းများနှင့် ကုလသမဂ္ဂထောက်ပံ့မှုရနေသော NGO ဝန်ထမ်းများသာ အဓိကနစ်နာမည် ဖြစ်သည်။ ယနေ့ယခု ကုလသမဂ္ဂသည် ကျွန်မအလုပ်စဝင်ခဲ့သော ကုလသမဂ္ဂမဟုတ်တော့ပါ။ ထိုခေတ် က UNICEF ဝန်ထမ်းများသည် နိုင်ငံရေးမလုပ်၊ ဘက်လည်းမလိုက်။ နာမည်အကြီးဆုံး အအောင် မြင်ဆုံး UNICEF Executive Director Mr James P Grant ၏လက်ထက်တွင် UNICEF ဝန်ထမ်းများသည် ကလေးသူငယ်များ၏ ကျန်းမာရေး၊ အာဟာရနှင့် ပညာရေးတို့ကိုသာ ပဓာနထား၍ အစိုးရမျိုးစုံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ UNICEF ဝန်ထမ်းများသည်လည်း ကုလသမဂ္ဂဝန်ထမ်းများ စောင့်ထိန်းရမည့် စည်းကမ်း (International Civil Service Code of Conduct [၁၃]) ပုဒ်မ (၃၃) နှင့်အညီ မည်သည့်အစိုးရကိုမျှ ဝေဖန်ခြင်း၊ ဝင်စွက်ခြင်းမပြုခဲ့ပါ။ ထိုစဉ်က UNICEF ဝန်ထမ်းတစ်ယောက် ဖြစ်ရသည်ကို ကျွန်မဂုဏ်ယူနိုင်အားရှိခဲ့ပါသည်။ ယနေ့ခေတ် ကုလသမဂ္ဂဝန်ထမ်းများမှာ Code of Conduct မှ ပုဒ်မ (၃၃)သာမက ပုဒ်မ (၄၄) (၄၈)တို့ကိုပါ ချိုးဖောက်နေသည်။ မြန်မာနိုင်ငံ ဥပဒေအရ အကြမ်းဖက်ဟု သတ်မှတ်ထား၍ သံဃာများ၊ ဝန်ထမ်းများ၊ ဘက်မလိုက် ပြည်သူများကို သတ်နေသော NUG/PDF တို့အတွက် နယူးယောက် မြို့တွင် ရန်ပုံငွေရှာခြင်း အစရှိသည်တို့ကို ဆောင်ရွက်ကြသည်။ နောက်ဆုံးပြောလိုသည်မှာ မြန်မာနိုင်ငံအစိုးရ၏ ကုလသမဂ္ဂနှင့် ဆက်ဆံရာတွင် မကြာသေးမီက ဖြစ်ခဲ့သည့် COVAX မှ ကိုဗစ်ကာကွယ်ဆေးများကို ကိုင်တွယ်ခဲ့ပုံမှာ ကောင်းမွန်သော မဟာဗျူဟာ ဖြစ်သည်။ ဆိုလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ အစည်းများကို အားမကိုးဘဲ မိမိပြည်သူများအတွက် လိုအပ်သည်များကို ဖြစ်သည့်နည်းဖြင့် ဆက်လုပ်၍ ကုလသမဂ္ဂက ကူညီမည်ဆိုပါက ထိုအကူအညီကို အလျဉ်းသင့်သလို လက်ခံနိုင်သည်။ ကုလသမဂ္ဂဟူသည်မှာလည်း အဖွဲ့အစည်းတစ်ခုတည်း မဟုတ်ဘဲ မတူကွဲပြားနေသည့်အတွက် ခွဲခြားဆက်ဆံ၍ ရပါသည်။ ပြည်သူများ၏အကျိုးကို ရှေးရှု၍ စားနပ်ရိက္ခာထောက်ပံ့မှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသော WFP ကဲ့သို့ အဖွဲ့များလည်းရှိသည်။ အထောက်အထားများဖြင့် တင်ပြခဲ့သော ကုလသမဂ္ဂနှင့် စပ်လျဉ်းသည့် အချက်လေးချက်ကို သိရှိပြီးနောက် ကုလသမဂ္ဂအကြောင်း ပိုမိုသဘောပေါက်လာမည်ဟု မျှော်လင့်ပါသည်။ [၈] ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်ခဲ့သော အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးအဖွဲ့မှ ဒေါက်တာဇော်ဦး (အတွင်းရေးမှူး)နှင့် ဒေါက်တာရင်ရင်နွယ် (ဥက္ကဋ္ဌ)၏ ခန့်မှန်းချက်။ [၉] အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို တင်ပြသော အစီရင်ခံစာများ
https://www.moi.gov.mm/article/25406
ဂိုးသမားဒီဂီယာ လက်စွမ်းပြပြီး အယ်ခမာအသင်းထံမှ သရေတစ်မှတ်ခွဲယူခဲ့တဲ့ မန်ယူ by popolay.com မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ မန်ယူအသင်းဟာ နယ်သာလန်ကလပ် အယ်ခမာ အသင်းကို အဝေးကွင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အိမ်ရှင် အယ်ခမာအသင်းဟာ မန်ယူအသင်းကို ဘောအသာစီး ၊ ခြေအသားစီဖြင့် ကစားထားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ ခက်ခက်ခဲခဲရုံးကန်ခဲ့ရပြီး အယ်ခမာ အသင်းကို ဂိုးပေါက်တည့်အကြိမ် တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ဒါကြောင့် သရေရလဒ်ထွက်ပေါ်တာတောင် ကျေနပ်ရမှာပါ။ မန်ယူအသင်းဟာ ဒိရာသီမှာ ပြိုင်ပွဲစုံ အဝေးကွင်း (၁၀) ပွဲဆက်နိင်ပွဲပျောက်ဆုံးခဲ့ပြီး ခြေစွမ်းပိုင်းက သိသိသာသာ ဆိုးရွာလာတာကို တွေ့မြင်ရပါတယ်။ အဆိုပါပွဲမှာ မန်ယူအသင်းဟာ မာတာ၊ မာတစ်၊ လင်ဒီလော့ဖ်၊ ဒီဂီယာနဲ့ လူငယ်အများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင် အယ်ခမာအသင်းဟာ မာမာထန်ထန်တုံ့ပြန်ကစားခဲ့ကြပြီး ဂိုးပေါက်ကို အကြိမ်ကြိမ်ကန်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် မန်ယူအသင်းနောက်တန်းကစားသမား ခက်ခက်ခဲခဲ ဖျက်ထုတ်ထိန်းချုပ်ခဲ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင် အယ်ခမာအသင်း အနိုင်ရဖို့အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာက လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ယူရိုပါလိဂ်အုပ်စု (L) မှာ ရမှတ် (၄) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ မန်ယူအသင်းဟာ အဝေးကွင်းမှာ အဝေးကွင်းမှာ နယူးကာဆယ်အသင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်..။
http://www.popolay.com/program-detail.php?pml=19836
Suprise တိုက်ပီး Iceiceice ကို offlaner အဖြစ်ခေါ်ယူခဲ့တဲ့ Evil Geniuses - Myanmarload Suprise တိုက်ပီး Iceiceice ကို offlaner အဖြစ်ခေါ်ယူခဲ့တဲ့ Evil Geniuses Photo credit - Evil Geniuses twitter Evil Geniuses dota 2 team ကတော့ လုံးဝ suprise ဖြစ်သွားစေခဲ့တဲ့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။ Evil Geniuses ကြေညာခဲ့တာကတော့ သူတို့ဟာ Ramzes ထွက်သွားတာကြောင့် လစ်လပ်နေတဲ့ offlaner နေရာမှာ စင်ကာပူနိုင်ငံသား Iceiceice ကိုခေါ်ယူအစားထိုးခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။ Iceiceice ဟာ SEA region က အကောင်းဆုံး offlaner တွေထဲကတစ်ယောက်ဖြစ်ပီး Fnatic ကထွက်ပီးထဲက free agents တစ်ယောက်​ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ Ti အတွေ့အကြုံတွေလည်းအများကြီးရှိတဲ့ Iceiceice ဟာ EG ရဲ့ကစားကွက်နဲ့ အလွယ်တကူ အသားကြဖို့အတွက် မျှော်လင့်ရတာပါပဲ။ လက်ရှိ Evil Geniuses ရဲ့ dota 2 roster အပြည့်အစုံကတော့ Po 1- Arteezy Po 2- Abed Po 3- Iceiceice Po 4- Cr1t Po 5- fly Coach - Bulba Iceiceice ဟာ Abed နဲ့လည်း Fnatic မှာ အချိန်တစ်ခုလောက် အတူတွဲဆော့လာတာဆိုတော့ ယခုလို တစ်သင်းထဲ ပြန်ဆော့ရတဲ့ အချိန်မှာ အဆင်ပြေမယ်လို့ထင်ပါတယ်။ real offlaner "iceiceice" ကိုခေါ်ယူပြီး အသင်းရဲ့ roster ကိုအားဖြည့်ခဲ့တဲ့ Evil Geniuses ရဲ့ performance တွေ ဘယ်လောက်ကောင်းလာမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ...... Source - Evil Geniuses twitter
https://www.mmload.com/news/81089
Youth International University မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ကျောင်းဖွင့်ချိန် Foundation တန်းတက်ရောက်မယ့် သူတွေအနေနဲ့ အထူးအစီအစဉ်အဖြစ် SNE (System & Network Essentials) အတန်းကို အခမဲ့ တက်ရောက် ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ SNE အတန်းမှာ Networking ပိုင်းကို စပြီး လေ့လာမယ့်သူများ/ ကွန်ပျူတာ ပညာရပ်ကို စိတ်ဝင်စားသူများ၊ အိုင်တီနည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ Computer Service ပိုင်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်လိုသူများ၊ လုပ်ငန်းခွင်တွင် ကွန်ပျူတာကိုင်တွယ်နေရသူများ၊ ကွန်ပျူတာနည်းပညာ လေ့လာနေကြသော ကျောင်းသား/သူများနဲ့ နည်းပညာကို စိတ်ဝင်စားသူများအားလုံး တက်ရောက်သင့်သော အတန်းဖြစ်တယ်လို့ သိရပါတယ်။ ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဘွဲ့ နဲ့ စီးပွါးရေးစီမံခန့်ခွဲမှုပညာဘွဲ့တွေကို လေ့လာသင်ကြားလိုသူတွေ အတွက် YIU တွင် B.Sc (Hons) Business Computing & Information Systems (UK) နဲ့ B.A (Hons) Business Management (UK) အစရှိတဲ့ Program နှစ်ခုကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေအနေနဲ့ Level 3- National Diploma in IT, Level 3 – National Diploma in Business, Level 4-5- Higher National Diploma in Computing (UK), Level 4-5 Higher National Diploma in Business (UK), B.Sc (Hons) Business Computing and Information Systems (UK) Awarded by University of Central Lancashire, B.A (Hons) Business Management (UK), Awarded by Bucks New University, Master of Business Administration (UK), Awarded by Bucks New University တွေဖြစ်ကြောင်း သိရပါတယ်။ တက္ကသိုလ်ဝင်တန်း သို့ iGCSE အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Level 4- HND မှ စတက်နိုင်ပြီး တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးဘဲ အခြေခံပညာ (၉) တန်းအောင်မြင်ပြီးသူတွေ အနေနဲ့ Level 3 မှ စတင် တက်ရောက်နိုင်မှာဖြစ်ကြောင်း၊ တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း – ၀၉၉၆၅၀၀၃၅၉၆ နဲ့ ၀၉၇၈၅၀၀၃၅၉၆ ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။
https://myanmarinternetjournal.com/yiu-%E1%80%99%E1%80%BE-foundation-%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-sne/
ကူမင်းမြို့ - ဝီကီပီးဒီးယား ကူမင်းမြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ တရုတ်ဘာသာအားဖြင့် 昆明 ဟုရေးသားပြီး အသံထွက်မှာ ခွန်းမင် ဟုဖြစ်သည်။ တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့ သမမျှတသောကြောင့် "Spring City" သို့မဟုတ် "City of Eternal Spring" (春城 ချွန်းချင်) ဟု တင်စားခေါ်ဆိုကြသည်။ ကူမင်းမြို့သည် ယူနန်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်လည်း ဖြစ်သည်။ ယူနန်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများအားလုံး၏ ရုံးချုပ်များ တည်ရာလည်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက တရုတ်စစ်တပ်၏ ဗဟိုချက်၊ အမေရိကန် လေတပ်၏ အခြေစိုက်စခန်းတည်ရာနှင့် မြန်မာပြည်သို့ အဓိက ဆက်သွယ်ရေး လမ်းကြောင်း၏ဗဟို ဖြစ်ခဲ့သည်။ ယူနန်-ကွမ်ကျိုး ကုန်းပြင်မြင့်ဒေသတွင် တည်ရှိပြီး အမြင့် ၁၉၀၀ မီတာတွင် တည်ရှိသည်။ နယ်ပယ်အကျယ်အဝန်းမှာ ၂၁,၅၀၁ စတုရန်းကီလိုမီတာ ရှိပြီး မြို့မဧရိယာမှာ ၆၂၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည်။ ပျမ်းမျှလူဦးရေ ၅,၇၄၀,၀၀၀ ခန့်ရှိပြီး မြို့ပြလူဦးရေမှာ ၃,၀၅၅,၀၀၀ ခန့် ရှိသည်။ ရှေးမြို့တော်ဟောင်းဖြစ်၍ အုတ်မြို့ရိုးရှိပြီး ၁၉၂၀ခုနှစ်မတိုင်မီအထိ Yunnanfu (云南府) ယွန်းနန်ဖူ ဟုခေါ်ဆိုခဲ့သည်။ အဓိပ္ပါယ်မှာ ယူနန်ပြည်နယ်၏ မြို့တော်ဟူ၍ပင် ဖြစ်သည်။ တရုတ်ပြည် အနောက်တောင်ပိုင်း၏ ကုန်းလမ်း၊ရေလမ်း၊လေလမ်းကြောင်းဗဟိုလည်း ဖြစ်သည်။ ဗီယက်နမ်၊ မြန်မာနှင့် လာအိုတို့သို့ မီးရထားလမ်းဆက်သွယ်ထားသည်။ တရုတ်ပြည်၏ စတုတ္ထ အကြီးဆုံး လေဆိပ်ကြီးကိုလည်း တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည်။ အရှေ့မြောက်ဘက် ကီလိုမီတာ ၆၄၀ခန့်အကွာတွင် ချုံချင့်မြို့ ရှိပြီး တရုတ်ပြည်၏အကြီးမားဆုံးသော ကြေးသတ္တုမိုင်းသည် ကူမင်းတွင် တည်ရှိသည်။ ကျောက်မီးသွေး ထွက်သည်။ သံသတ္တုအနည်းငယ်ထွက်ပြီး ဓာတုပစ္စည်းများ၊ စက်ကိရိယာများ၊ ချည်မျှင်နှင့် အထည်များ၊ စက္ကူနှင့် ဘိလပ်မြေတို့ အဓိကထုတ်လုပ်သည်။ ဗီယက်နမ်သို့ မီးရထားလမ်းကို ၁၉၁၀ခုနှစ်ကတည်းကပင် ဖောက်လုပ်ခဲ့သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသော မြို့တစ်မြို့ဖြစ်ပြီး ခေတ်မီ အဆင့်မြင့်ဟော်တယ်ကြီးများ အမြောက်အမြားရှိသည်။ ၂၀၁၀ခုနှစ်တွင် လူဦးရေ ၈သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားပြီး အရှေ့တောင်အာရှဒေသ၏ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဗဟိုချက်ဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်။ ကူမင်းမြို့သည် အမြင့်ပေ ၅၀၀၀ခန့်တွင်တည်ရှိသဖြင့် ရာသီဥတုမျှတသည်။ အနောက်ဖက်တွင်တျန်းချီရေကန်တည်ရှိသည်။ အနီးပတ်ဝန်းကျင်တွင် တောင်များရှိသည်။ ကူမင်းမြို့အနီးတွင် ၁၉၉၉ ကမ္ဘာ့ပန်းပြပွဲပြုလုပ်ခဲ့ရာနေရာတွင် ပန်းခြံပြုလုပ်ထားပြီးနိုင်ငံတကာမှပြခန်းများ၊ အရောင်းဆိုင်များဆက်လက်ထားရှိသည်။ မြို့အပြင်ဖက် ကီလိုမီတာ ၄၀ ခန့်အကွာတွင် ကျောက်ဆောင်တော(Stone forest)ရှိပြီးခရီးသွားလုပ်ငန်းထွန်းကားသည်။ ကျောက်တုံးဥယာဉ်အဝင်ဝ တျန်းချီရေကန် ကူမင်းမှ နိုင်ငံအလယ်ပိုင်းကွေ့ယန်-ချန်ဆားမြို့များသို့လည်းကောင်း၊ ယင်းမှတဆင့် မြောက်ပိုင်းပေကျင်းမြို့များသို့လည်းကောင်း၊ ၊ နန်နင်း၊ ကွမ်ကျိုးမြို့များသို့လည်းကောင်းမီးရထားလမ်းရှိသည်။ ယခုအခါအဆိုပါလမ်းများကို ကျည်ဆံရထားလမ်းများအဖြစ်ပြောင်းလဲရန်ကြိုးပမ်းလျက်ရှိသည်။ ကူမင်းမြို့ပတ်မြေအောက်ရထားလမ်းကိုလည်းအကောင်အထည်ဖော်လျက်ရှိသည်။ လေကြောင်းလမ်းအနေဖြင့် ကူမင်းမြို့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိပြီး နိုင်ငံအများအပြားသို့လေကြောင်းဆက်သွယ်ရေးရှိသည်။ "https://my.wikipedia.org/w/index.php?title=ကူမင်းမြို့&oldid=468960" မှ ရယူရန်
https://my.m.wikipedia.org/wiki/%E1%80%80%E1%80%B0%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
ကျွန်ုပ်၏ စိတ်နှလုံးအတွင်းထဲ၌ နာကျင်မှုတစ်ခု ရှိသည် | နိုင်ငံတော်သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော် ကျွန်ုပ်၏ စိတ်နှလုံးအတွင်းထဲ၌ နာကျင်မှုတစ်ခုရှိသည်။ အတိတ်ကို တွေးမိသည့်အခါတိုင်း ကျွန်ုပ်၏ နှလုံးသားထဲ ဓါးတစ်စင်း ထိုးမွှေသကဲ့သို့ပင်။ ခရစ်တော်ကို ကျွန်ုပ် တစ်ချိန်က အာခံခဲ့ပြီး ပြစ်မှားစော်ကားခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သော်လည်း သူ့ကိုမသိခဲ့သလို၊ သူ့ကိုလည်း အာခံခဲ့မိသည်။ သမ္မာတရားကို ဖော်ပြနေသည့် ခရစ်တော်ကို ကျွန်ုပ် သက်သေခံခဲ့သော်လည်း သူ့ကို ကျွန်ုပ် ငြင်းပယ်ခဲ့မိဆဲ။၊ ကျွန်ုပ်သည် ဖာရိရှဲများနှင့် ဘာမျှမခြားပေ။ သွေးဖြင့်ရေးထားသည့် ဤသင်ခန်းစာကို ကျွန်ုပ် ဘယ်သောအခါမျှ မေ့လိမ့်မည်မဟုတ်။ မဆုံးနိုင်သော ဝမ်းနည်းမှုနှင့် နောင်တတို့ဖြင့် ကျွန်ုပ်ကျန်ရစ်ခဲ့ရသည်။ နှစ်များစွာ သခင့်ကို ကျွန်ုပ်ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို မလိုက်စားခဲ့ပေ။ ကျွန်ုပ် မိမိကိုယ်ကိုယ် ကြွားဝါဖို့သာ သမ္မာကျမ်းဆိုင်ရာ အသိပညာဖြင့် မိမိကိုယ်ကို ပြင်ဆင်ခဲ့သည်။ အခြားသူများ ကျွန်ုပ်ကို ကိုးကွယ်စေဖို့နှင့် ကျွန်ုပ်ကို ကြည်ညိုစေဖို့ရန် ဓမ္မပညာဆိုင်ရာ သီအိုရီများအကြောင်း ကျွန်ုပ် ပြောဟောခဲ့သည်။ ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များအတွက် ကျွန်ုပ် ကြိုးစားလုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဘယ်သောအခါမျှ အရေးမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေဖို့အကြောင်း မိုးလားကဲလား ပြောဆိုခဲ့သော်လည်း သမ္မာတရားကို လက်တွေ့ကျင့်သုံးခဲ့ပါ။ ဘုရားသခင်ကို သစ္စာရှိဖို့ ကျွန်ုပ် စကားလုံးများဖြင့် ကတိပြုခဲ့သော်လည်း ကျွန်ုပ်၏တာဝန်ကို မဆောင်ရွက်ခဲ့ပေ။ ကျွန်ုပ်သည် အပြင်ပန်းအားဖြင့် ဘာသာတရားကိုင်းရှိုင်းသော်လည်း ဘုရားသခင်ကို မနာခံခဲ့။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်ကို မြေပေါ် ပျပ်ဝပ်စေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်မြင်ရသည့်အခါ ကြောက်ရွံ့မှုဖြင့် ကျွန်ုပ်တုန်လှုပ်ရသည်။ ကျွန်ုပ်၏ ကြီးလေးသော ဖောက်ပြန်ပျက်စီးခြင်းနှင့် လူမဆန်ခြင်းတို့ကို ကျွန်ုပ်မုန်းတီးသည်။ အလွန်များလှသော အပြစ်များကို ကျွန်ုပ်ပြုမိပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျွန်ုပ် ကြေကွဲစေပြီ။ ကျွန်ုပ်လုပ်ဆောင်ခဲ့သမျှ အားလုံးအတွက် အချိန်ကြာကြီးကတည်းက ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရပြီးသင့်ပေသည်။ သို့တိုင် ဘုရားသခင်သည် ကျွန်ုပ်ကို နောင်တရဖို့ အခွင့်အရေးပေးလျက် ကျွန်ုပ်အပေါ် သည်းခံပြီး စိတ်ရှည်ခဲ့သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်တွေ့ရခြင်းက ကျွန်ုပ်၏ စိတ်နှလုံးကို နောင်တနှင့် ပြည့်စေသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး လူသားပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ်သန္နိဋ္ဌာန်ချထားသည်။ ကျွန်ုပ်၏ အသက်တာကို ဘုရားသခင်အဘို့ အသုံးခံရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ကျွန်ုပ် အလိုရှိသည်။ ဘုရားသခင်ကို ကျွန်ုပ်နာခံပြီး ထာဝရကိုးကွယ်မည်။ ယခင်က:ခရစ်တော်သည် ထာဝရ သမ္မာတရားဖြစ်သည်ကို သတိပြုပါ နောက်တစ်ခုသို့:ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ
https://my.kingdomsalvation.org/pain-deep-in-heart-song.html
Blogger To Wordpress — MYSTERY ZILLION Blogger မှာ Post တင်တိုင်း Wordpress မှာ Post တင်ပြီးသားဖြစ်ချင်ပါတယ်....ဒါမှမဟုတ် Wordpress မှာ Post တင်တိုင်း Blogger မှာ Post တင်ပြီးသားဖြစ်လိုပါတယ်..Blogger နဲ့ Wordprss ဘယ်လို ချိတ်ဆက်ရမလဲဆိုတာ သိလိုပါတယ်ခင်ဗျာ....။ Google Search မှာရှာကြည့်ပေမယ့် အဆင်မပြေပဲ ဖြစ်နေပါတယ်...။ လွယ်တာကတော့ Blogger ကို Email နဲ့ Post လုပ်ဖို့အတွက် Configure လုပ်လိုက်ပါ အဲဒါဆိုရင် Post တင်ဖို့အတွက် Random Generate လုပ်ပေးလိုက်တဲ့ Email တစ်ခုရမယ်မဟုတ်လား အဲဒီ့အီးမေးကို Wordpress Blog ရဲ့ Email Subscription အဖြစ်လုပ်ထားလိုက်ရင် Wordpress မှာ Post တစ်ခုတင်တိုင်းအဲဒီ့ Email တစ်ခုပို့မှာပဲ အဲဒါဆိုရင် Blogger Post တစ်ခုလည်း တင်ပြီးသားဖြစ်နေမှာပါပဲ။ အခုလို ပြန်လည်ဖြေကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ....။
https://archive.mysteryzillion.org/discussion/11009/blogger-to-wordpress
LT30 ဆောင်းပါးတွဲကိုဖိအားစည်းမျဉ်းများ - တရုတ်ဟန်ကျိုး Ainuo နည်းပညာ ဆန္ဒရှိမှရွေးပါအများဆုံးနှင့် / သို့မဟုတ် MINIMUM PRESSURE SLAM-SHUT VALVE WIDE ထွက်ပေါက်-ဖိအား REGULATION RANGE တိကမြှနျဖိအား REGULATION LT30 Serial ထိန်းညှိ regulator.Widely ကယ်ဆယ်ရေးအဆို့ရှင်နှင့်အတူအလတ်စားစီးပွားဖြစ်အဆောက်အဦများနှင့် regional.Built-in ကိုအသုံးပြုတဲ့မြှေးများနှင့်နွေဦးထိန်းချုပ်ထားတိုက်ရိုက်သရုပ်ဆောင်ဖြစ်ပြီးအစွန်းရောက်နိမ့်ဖိအားဘေးကင်းလုံခြုံမှု devices.The ထိန်းညှိရိုးရှင်းဖွဲ့စည်းပုံ, အဆင်ပြေစစ်ဆင်ရေးလွယ်ကူသော၏ဝိသေသလက္ခဏာများရှိပြီး အွန်လိုင်းပြုပြင်ထိန်းသိမ်းမှု, etc ။ ဝင်ပေါက်ဖိအား Pemax.≤6ဘား Shut-off တဲ့အခါမှာ Over-ဖိအား သူကားအဘယ်သူ: 22.5-450 mbar ဝင်ပေါက်ဖိအားအကွာအဝေး Bpe: 0.5-5 ဘား Shut-off တဲ့အခါမှာအနိမ့်ဖိအား Whu: 12.8-250 mbar ထွက်ပေါက်ဖိအား set ကိုအကွာအဝေး စံ Wh: 15-70 mbar HP က Wh: 70-300 mbar စီးဆင်းမှုနှုန်း (သဘာဝဓာတ်ငွေ့) Qmax ။ ≤900Nm³ / h connection အရွယ်အစား DN50 PN16 အပူချိန် -30 ℃ -60 ℃ အလေးချိန် အနိမျ့ဖိအားအမျိုးအစား: 19kg အမြင့်ဖိအားအမျိုးအစား: 21kg စွမ်းရည် CHART ထွက်ပေါက်ဖိအား(mbar ) ဝင်ပေါက်ဖိအား (ဘား) 0.05 0,07 0.1 0,15 0.2 0.3 0.4 0.5 0.75 1 1.5 2 3 4 စံ 15 80 100 120 150 170 220 250 280 340 400 500 600 650 750 အေပီသတင်းဌာန စွမ်းရည် (cu.m./hr) 0.702 တစ်ဦးသတ်သတ်မှတ်မှတ်ဆွဲငင်အားနှင့်အတူသဘာဝဓာတ်ငွေ့မှသက်ဆိုင်ဖြစ်ကြသည်။ အခြားဓာတ်ငွေ့များအတွက်အောက်ပါဇယားမှာပြထားတဲ့တန်ဖိုးများကိုနိုက်ထရိုဂျင်နှင့်လေကြောင်းများအတွက် 0,744 ဘို့ပရိုပိန်းများအတွက် 0,595, butane များအတွက် 0,518, 0,755 အားဖြင့်များပြားစေရမည်ဖြစ်သည်။ အကြမ်းဖျင်း Dimension (မီလီမီတာ) နောက်တစ်ခု: LT25 / 50/80 / 100SERIES ဖိအားစည်းမျဉ်းများ 1 လက်မဖိအား Regulator 299h ဖိအားဓါတ်ငွေ့ Regulator Regulator လျှော့ချ 627-573 ဖိအား Adjustments ဓါတ်ငွေ့ဖိအား Regulator လူမီနီယမ်ဖိအား Regulator လူမီနီယမ်ဖိအားကဥပဒေစည်းကမ်းဘက်တော်သားများ Back ကိုဖိအား Regulator CNG အမြင့်ဖိအား Regulator CNG အနိမျ့ဖိအား Regulator အနားကွပ်ဖိအား Regulator ဓါတ်ငွေ့အုပ်ချုပ်ရေးမှူးဖိအား Regulator ဓါတ်ငွေ့ဖိအား Regulator ဓါတ်ငွေ့နှစ်ဦးအဆင့်ဖိအား Regulator အုပ်ချုပ်ရေးမှူးဖိအား Regulator အမြင့်ဖိအားအောက်ဆီဂျင် Regulator အမြင့်ဖိအား Regulator အမြင့် Presure ဓါတ်ငွေ့ဖိအား Regulator အနိမျ့ဖိအား Regulator သဘာဝဓါတ်ငွေ့ဖိအား Regulator ဥပဒေစည်းကမ်းဘက်တော်သားများလျှော့ချ Y600a-256 ဖိအား
http://www.ainuogas.com/my/lt30-series-pressure-regulators.html
ကိုယ့်ကို တကယ်ချစ်တဲ့ ယောကျ်ားဆိုတာ ယောကျ်ားတွေနဲ့ မိန်းမတွေဟာ သူတို့ရဲ့အချစ်ကို ဖော်ပြပုံ၊ ဖော်ပြနည်းချင်း မတူညီကြပါဘူး။ ယောကျ်ားတွေနဲ့ မိန်းမတွေဟာ သူတို့ရဲ့အချစ်ကို ဖော်ပြပုံ၊ ဖော်ပြနည်းချင်း မတူညီကြပါဘူး။ ဒါပေမယ့် တချို့ထူးထူးခြားခြား ယောကျ်ားတချို့ကလွဲရင် ယောကျ်ားအများစုကတော့ သူတို့အချစ်ကို ဖော်ပြပုံချင်း တူညီကြပါတယ်။ ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေဟာ တွေးပုံတွေးနည်းချင်းမတူညီကြတဲ့အတွက် ယောကျ်ားတစ်ယောက် တကယ်ချစ်တတ်ရင် လုပ်တတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ သင့်စကားကို သေချာနားထောင်မယ် ယောကျ်ားလေးအများစုက မိန်းကလေးတွေ စေတနာနဲ့ပြောတဲ့စကားတွေကို ဆရာလုပ်တယ်။ အပိုတွေ လာပြောနေတယ်လို့ ထင်တတ်ကြပြီး ဟိုဘက်နားကဝင်၊ ဒီဘက်နားက ပြန်ထုတ်တတ်ကြပါတယ်။ တကယ်ချစ်တဲ့ ယောကျ်ားလေးတွေကတော့ မိမိပြောနေတဲ့စကားကို သေချာအာရုံစိုက်နားထောင်ပြီး လိုက်လုပ်ပေးတတ်ကြပါတယ်။ ယောကျ်ားလေးတွေက သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေဆိုရင် သေချာအာရုံစိုက်လုပ်တတ်ကြပါတယ်။ ဥပမာ... ဂိမ်းဆော့တာတို့၊ ဘာတို့ပေါ့။ ကွန်ပျူတာမော်နီတာကို အာရုံစိုက်သလိုမျိုး ကိုယ့််အပေါ် အာရုံစိုက်လာပြီ ဆိုရင်တော့ သူကိုယ့်ကို တကယ်ချစ်နေတာလို့ သိနိုင်ပါတယ်။ ၂။ အနစ်နာခံဖို့ ဝန်မလေးဘူး တခြားလူတစ်ယောက်အတွက် အနစ်နာခံရတယ်ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ကိုယ်ချစ်တဲ့သူအတွက်ပဲ အနစ်နာခံမိကြမှာပါ။ ကိုယ့်ကိုတကယ်ချစ်နေတဲ့ ယောကျ်ားတစ်ယောက်ဟာ ကိုယ်မပျော်ရွှင်မှာကို အထူးစိုးရိမ်တတ်ကြပြီး အနစ်နာခံတတ်ကြပါတယ်။ တကယ်ချစ်ပြီဆိုရင် သာတယ်၊ နာတယ် မတွေးတတ်ကြ တော့တာဟာလည်း သဘာဝပါပဲ။ ၃။ သူ့ရဲ့ပျော့ကွက်ကို ထုတ်ဖော်ပြသတယ် ယောကျ်ားအများစုက မိန်းကလေးတွေရှေ့မှာ သတ္တိရှိတယ်၊ စိတ်ကောင်းရှိတယ် စတဲ့ ကောင်းကွက်တွေကိုသာ ထုတ်ပြချင်ကြပြီး သူတို့ရဲ့မကောင်းတဲ့အချက်တွေ၊ ပျော့ကွက်တွေကိုတော့ ထုတ်ဖော်ပြသခြင်း မပြုလိုကြပါဘူး။ ကိုယ့်ကို သူတို့ရဲ့အားနည်းချက်ကို ထုတ်ပြလာတဲ့ အမျိုးကောင်းသားတစ်ဦးရှိပြီဆိုရင်တော့ စိတ်ချလက်ချသာ ချစ်လိုက်ပါ။ ၄။ ဘာပဲဖြစ်ဖြစ်ချစ်တယ် ပေတိပေစုတ် ခေါင်းစုုတ်ဖွားနဲ့ video call ခေါ်ရင်တောင် ချစ်ဖို့ကောင်းလိုက်တာလို့ ပြောတတ်တဲ့ ရည်းစားမျိုးရှိလား။ ကိုယ့်ကို တကယ်ချစ်တဲ့ ယောကျ်ားဆိုတာ Bruno Mars သီချင်းထဲကလို "Just the way you are" ဆိုပြီး သဘောထားနိုင်ပြီး ဘာပုံပဲပေါက်နေ ပေါက်နေ ချစ်တတ်ကြပါတယ်။ အလှတွေပြင်ထားတဲ့အခါ လှကြောင်းချီးကျူးတတ်သလို ချွေးတွေသံတွေနဲ့ ပေစုတ်နေတဲ့အခါမှာလည်း ယုံကြည်မှုလျော့နည်းမသွားအောင် အားပေးတတ်တဲ့သူတွေက ကိုယ့်ကို တကယ်ချစ်တဲ့သူတွေပါ။ ၅။ ကိုယ့်ကို ကာကွယ်ပေးတယ် တကယ်ချစ်တဲ့ ယောကျ်ားတစ်ယောက်ဆိုတာ ကိုယ့်ကို ထိပါးလာတဲ့သူမှန်သမျှကို ရန်တွေ့ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ လူသားတွေမှာမပြောနဲ့။ အတိတိရစ္ဆာန်တွေမှာတောင်မှ ထင်ရှားတဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ချစ်သူကို နာကျင်အောင်လုပ်တဲ့သူကို ပြန်လည်တုံ့ပြန်လိုက်ရမှ ကျေနပ်တတ်ကြတာပါ။ ၆။ လေးစားသမှုနဲ့ ဆက်ဆံတယ် Mutual Respect (အပြန်အလှန်လေးစားမှု) ဆိုတာဟာ သမီးရည်းစားဆက်ဆံရေးမှာ အလွန်အရေးကြီးတဲ့ အရာတစ်မျိုးပါ။ ငါယောကျ်ားဆိုတဲ့ အတ္တနဲ့သာ ဆက်ဆံတတ်ပြီး ကိုယ့်ကို လေးစားသမှု မရှိဘူးဆိုရင် ပြဿနာတွေရှိလာနိုင်ပါတယ်။ တကယ်ချစ်တတ်တဲ့ ယောကျ်ားဆိုတာ ကိုယ့်အပေါ် အပြန်အလှန်လေးစားမှု ထားရှိတတ်ကြပြီး ကိုယ့်ရဲ့အမြင်ကိုလည်း အလေးထား ဆက်ဆံတတ်ကြပါတယ်။
https://www.duwun.com.mm/women/relationships/7353624
By ခင်မမမျိုး (MIGS) 25 April 2018 စစ်အေးတိုက်ပွဲ အပြီးကာလတွေမှာ ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ သဘောတရားက ကမ္ဘာ့အဆင့်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံလာခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကျင်းပတဲ့ လူသားများရဲ့ စိတ်သဏ္ဍာန်အတွင်းမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဂရက်မှာ Côte d’Ivoire မှ Yamoussoukro ဆိုသူက ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ စကားလုံးကို စတင်သုံးစွဲခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ရောက်တော့ ယူနက်စကိုအဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်သူ Federico Mayorက ငြိမ်းချမ်းရေး အခွင့်အရေးကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ပြီး၊ “ငြိမ်းချမ်းရေးယဉ်ကျေးမှုဆီသို့” ဆိုတဲ့ အစီအစဉ်တရပ်ကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှာ ၂၀၀၀ ခုနှစ်ကို ငြိမ်းချမ်းရေး ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာနှစ် အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ မှ သတ်မှတ်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ်ကာလကို ငြိမ်းချမ်းရေး ယဉ်ကျေးမှုနှင့် ကမ္ဘာ့ကလေး သူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ဆယ်စုနှစ်ကာလအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ရောက်တော့ ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေညီလာခံက ငြိမ်းချမ်းရေးယဉ်ကျေးမှု ကြေငြာစာတမ်းကြီး ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒီကနေ တဆင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုရဲ့ သဘောတရားတွေ စတင်ကျယ်ပြန့်လာခဲ့ပြီး ဆယ်စုနှစ်ကာလ ပြီးဆုံးသွားချိန် နောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးဆိုင်ရာ သုတေသန နယ်ပယ်နဲ့ လက်တွေ့နယ်ပယ်မှာ ဆက်လက်ပြီး နေရာယူစိုးမိုးလာခဲ့ပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှု ဆိုတဲ့ စကားလုံးဟာ ၁၉၈၉ ခုနှစ်ရောက်မှ ပေါ်ထွက်လာခဲ့တာ ဖြစ်ပေမယ့် သဘောတရားကတော့ ၁၉၄၅ ခုနှစ်ကတည်းက ပေါ်ထွက်ပြီးသား ဖြစ်တယ်လို့ အချို့ပညာရှင်များက ဆိုကြပြီး၊ ဥပမာအနေနဲ့ ယူနက်စကိုအဖွဲ့ကြီးကို ညွန်းဆိုထားကြပါတယ်။ ယူနက်စကိုအဖွဲ့မှာ ရည်မှန်းချက်များစွာရှိပေမယ့် မစ်ရှင်ကတော့ တခုတည်းဖြစ်ကြောင်းနဲ့ ဒီမစ်ရှင်ကလည်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြစ်ကြောင်း ဆိုကြပါတယ်။ ၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ထုတ်ပြန်ကြေငြာခဲ့တဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှု ကြေငြာစာတမ်းကြီးမှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အဓိပ္ပာယ်ကို (၁) ဘဝအား လေးစား တန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအား အဆုံးသတ်ခြင်းနှင့် ပညာရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ဖြင့် အကြမ်းမဖက်ရေးနည်းလမ်းများကို ကျင့်သုံးခြင်း၊ (၂) အချုပ်အခြာ အာဏာ၊ နယ်မြေပိုင်နက်၊ တိုင်းပြည်များ၏ နိုင်ငံရေးလွတ်လပ်ခွင့်၊ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းရေး စသည်တို့ကို ကမ္ဘာ့ကုလသမဂ္ဂပဋိဉာဉ်နှင့် နိုင်ငံတကာ ဥပဒေများ နှင့်အညီ အပြည့်အ၀ လေးစားခြင်း၊ (၃) လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အ၀ လေးစား၍ လက်ခံကျင့်သုံးခြင်း၊ (၄) ပဋိပက္ခများဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို လက်ခံကျင့်သုံးခြင်း၊ (၅) လက်ရှိမျိုးဆက်များနှင့် အနာဂတ်မျိုးဆက်များ၏ ဖွံ့ဖြိုးရေးနှင့် သဘာ၀ ပတ်ဝန်းကျင် လိုအပ်ချက်များကို ပြည့်မှီစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ (၆) ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းအား လေးစားလိုက်နာခြင်း (၇) ကျားမ တန်းတူညီမျှအခွင့်အရေးနှင့် အခွင့်အလမ်းများအား လေးစားလိုက်နာခြင်း၊ (၈) အတွေးအမြင်များကို လွတ်လပ်စွာ ဖော်ပြခွင့်၊ သတင်းအချက်အလက်များကို လွတ်လပ်စွာ တင်ပြခွင့် စသည်တို့အား လေးစားလိုက်နာခြင်း၊ (၉) လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီ၊ သည်းခံမှု၊ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများဆန္ဒကို လိုက်နာမှု၊ ယဉ်ကျေးမှုရေးရာ ကွဲပြားမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် လူ့အဖွဲ့အစည်းနှင့် တိုင်းပြည်များအကြား အပြန်အလှန် နားလည်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများကို လိုက်နာကျင့်သုံးခြင်း၊ ယင်းသို့လိုက်နာကျင့်သုံးခြင်းကို အားပေးသည့် ငြိမ်းချမ်းသော နိုင်ငံတော်နှင့် နိုင်ငံတကာ ပတ်ဝန်းကျင်ရှိခြင်း စတဲ့ အချက်ကိုးချက် အပေါ်မှာ အခြေခံသော သဘောထား၊ ဓလေ့ထုံးစံ၊ တန်ဖိုး၊ အပြုအမူနှင့် ဘဝနေထိုင်မှုများရှိသော ယဉ်ကျေးမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ ဖွင့်ဆိုချက်များအရ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲမရှိခြင်းတဲ့ ပိုမိုကျယ်ပြန့်တဲ့ သဘောတရားတခုဆိုတာကို လူအများကို သိမြင်လာစေခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို လူအများက စစ်ပွဲများ အဆုံးသတ်ခြင်းလို့ သိနားလည်ထားကြပေမယ့်၊ ငြိမ်းချမ်းရေးဆိုတာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဖြစ်ပြီး၊ ဘဝရှင်သန်နေထိုင်နည်း တခုဖြစ်ကြောင်းကို ငြိမ်းချမ်းရေးယဉ်ကျေးမှု သဘော တရားက မီးမောင်းထိုးပြခဲ့ပါတယ်။ ငြိမ်းချမ်းရေး ယဉ်ကျေးမှုသဘောတရားမှာ အပြန်အလှန် နားလည်မှုဆိုတဲ့ အချက်ကို အရေးပါတဲ့ အချက်တခုအနေနဲ့ ဖော်ပြထားလေ့ရှိပါတယ်။ အပြန်အလှန် နားလည်မှုရှိရေးအတွက် ကျားမ၊ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဓလေ့ထုံးစံ ကွဲပြားမှုတွေကို ကနဦး အသိအမှတ်ပြုမှု လိုအပ်ပါတယ်။ ဒီလို အသိအမှတ်ပြုမှုရှိမှသာ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် အပြန်အလှန် နားလည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ ကွဲပြားမှုတွေကို အသိအမှတ်ပြုစိတ် နဲ့ အပြန်အလှန်နားလည်မှုတွေ ထွန်းကားလာတဲ့အခါ ပဋိပက္ခဖြစ်မှုများ လျော့ကျလာစေနိုင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ပဋိပက္ခများ လျော့နည်းမှုက ဆက်နွယ် နေပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှုဟာ အဓိကတန်ဖိုးတွေကတော့ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ မျှဝေခံစားမှုနဲ့ လူ့အခွင့်အရေးများအား လေးစားတန်ဖိုးထားမှု စတာတွေပဲ ဖြစ်ပါတယ်။ ဒီတန်ဖိုးတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ပြဿနာများဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု၊ ခွဲခြားသတ်မှတ်မှု ၊ လူမှုတရားမျှတခြင်းမရှိမှု၊ လူသားစိတ် ကင်းမဲ့မှု စတာတွေကို ဖြေရှင်းနိုင်ပါတယ်။ ဒီလိုဖြေရှင်းရာမှာလည်း တွေ့ဆုံဆွေးနွေးခြင်း (Dialogue)၊ စေ့စပ်ညှိနှိုင်းခြင်း (Negotiation) နှင့် ကြားဝင်ဖြန်ဖြေခြင်း (Mediation) စတဲ့ နည်းလမ်းများကို အသုံးပြုပြီး၊ စစ်ပွဲနဲ့ အကြမ်းဖက်မှု နည်းလမ်းများ အသုံးပြုခြင်းကို ရှောင်ရှား နိုင်ရေးဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှု ပေါ်ထွန်းရှင်သန်ရေးအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များက The Manifesto 2000 for a Culture of Peace and Non-Violence ကို ရေးသား ပြုစုခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းရေး ယဉ်ကျေးမှု ပေါ်ထွန်းရေးအတွက် လူသားတိုင်းမှာ ကိုယ်စီတာဝန်ရှိကြောင်းနဲ့ ဒီတာဝန်ကို ကိုယ့်ဘာသာကိုယ် စတင်ထမ်းဆောင်ရမှာဖြစ်ကြောင်း ဆိုထားကြပါတယ်။ Manifesto 2000 ဟာ သူတပါးကို တောင်းဆိုခြင်း၊ အထက်အရာရှိများအား လုပ်ဆောင်ပေးပါရန် စုပေါင်းလက်မှတ် ရေးထိုးတင်ပြခြင်း စတာတွေနဲ့ မသက်ဆိုင်ပဲ လူတဦးချင်းစီက ကျင့်သုံးတဲ့ တန်ဖိုး၊ သဘောထား အမြင်တွေနဲ့ ပြုမူလုပ်ဆောင်ချက်များနဲ့သာ သက်ဆိုင်ပါတယ်။ သက်ဆိုင်ရာ မိသားစု၊ မြို့နယ်၊ ဒေသ၊ တိုင်းပြည်တွေမှာ လူတဦးချင်းက အကြမ်းမဖက်မှု၊ တွေ့ဆုံဆွေးနွေးမှု၊ သည်းခံခွင့်လွှတ်မှု၊ ပြန်လည် သင့်မြတ်ရေး၊ တရားမျှတမှု စတဲ့ သဘောတရားများကို နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာများအဖြစ် ကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားလာအောင် လုပ်ဆောင်လို့ရကြောင်း နိုဘယ် ငြိမ်းချမ်းရေးဆုရှင်များက ဖော်ပြထားကြပါတယ်။ Manifesto 2000 အရ လူတဦးချင်းစီမှ မိမိတို့ ဘာသာ လိုက်နာကျင့်သုံးရန် ကတိသစ္စာခံယူရမယ့် ကတိသစ္စာပြုလွှာမှာ အောက်ပါအချက်များကို ထည့်သွင်းထားပါတယ်။ ” လူသားတို့၏ အနာဂတ်၊ အထူးသဖြင့် ယနေ့ကာလ ကလေးသူငယ်များနဲ့ အနာဂတ် မျိုးဆက်များအတွက် ကျွနု်ုပ်မှာ တာဝန်ရှိသည်ဟု ယူဆသည့်အတွက် ကျွန်ုပ်၏ နေ့စဉ်ဘဝ၊ မိသားစု၊ အလုပ်အကိုင်၊ လူ့အဖွဲ့အစည်း၊ တိုင်းပြည်နှင့် ကိုးကွယ်ရာဘာသာ တို့နှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို လုပ်ဆောင်ရန် ကတိသစ္စာပြုပါသည်။ (၁) လူသားတို့အား လေးစားမည်။ လူသားတို့၏ ဘဝနဲ့ လူ့ဂုဏ်သိက္ခာတို့အား ခွဲခြားဆက်ဆံခြင်း၊ ကြိုတင်ဝေဖန်သုံးသပ်ခြင်းများ မပြုပဲ လေးစားတန်ဖိုးထားမည်။ (၂) အကြမ်းဖက်မှုများအား ဆန့်ကျင်မည်။ ကိုယ်ကာယအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးရာ အကြမ်းဖက်မှုနှင့် လူမှုရေးရာ အကြမ်းဖက်မှုများ၊ အထူးသဖြင့် ကလေးသူငယ်များနှင့် မိဘမဲ့များအား အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်အားလုံးကို ဆန့်ကျင်၍ အကြမ်းမဖက်ရေး နည်းလမ်းများကိုသာ ကျင့်သုံးမည်။ (၃) သူတပါးနှင့် မျှဝေခံစားမည်။ အချိန်နှင့် ရုပ်အရင်းအနှီးများအား ဖယ်ရှားမှု၊ မတရားမှုနှင့် နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးဖိနှိပ်မှုများ အဆုံးသတ်ရန် မျှဝေခံစား သုံးစွဲမည်။ (၄) နားလည်ရန် နားထောင်မည်။ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်၊ ယဉ်ကျေးမှုရေးရာ ကွဲပြား ခြားနားမှုတို့ကို ကာကွယ်စောင့်ရှောက်မည်။ သူတပါးအား ပြစ်တင်ခြင်း၊ ဝေဖန်ရှုံ့ချခြင်း၊ ငြင်းဆိုခြင်းများ မပြုလုပ်ပဲ တွေ့ဆုံဆွေးနွေးခြင်းနှင့် နားထောင်ခြင်းတို့ကိုသာ ပြုလုပ်ကျင့်သုံးမည်။ (၅) သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်မည်။ သဘာဝတရား ချိန်ခွင်လျှာကို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ ဘဝဖြစ်တည်မှုအားလုံးကို လေးစားတန်ဖိုးထားသော ဖွံ့ဖြိုးရေးကျင့်စဉ်များ နှင့် တာဝန်ယူသော စားသုံးသူ ပြုမူဆောင်ရွက်မှုများ ထွန်းကားလာစေရန် ဆောင်ရွက်မည်။ (၆) သွေးစည်းညီညွတ်မှုကို ပြန်လည်ရှာဖွေမည်။ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်မည်။ အထူးသဖြင့် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခွင့် အပြည့်အဝရှိပြီး၊ ဒီမိုကရေစီ အခြေခံ သဘောတရားများကို တန်ဖိုးထားသော သွေးစည်းညီညွတ်ရေး သဏ္ဍာန်တရပ် ပေါ်ထွန်း လာစေရန် ဆောင်ရွက်မည်။” ဒီအချက်ခြောက်ချက်ကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုဟာ အတွင်းမှ အပြင်သို့ သွားသော သဏ္ဍာန်ကို အခြေခံထားတာကို သိနိုင်ကြောင်း ပညာရှင်များက ဆိုထားကြပါတယ်။ ငြိမ်းချမ်းရေး ယဉ်ကျေးမှုဟာ မိမိကိုယ်မှာ စတင်ပြီး၊ မိမိအိမ်၊ မိမိပတ်ဝန်းကျင်၊ မိမိမြို့၊ မိမိနိုင်ငံအထိ ကျယ်ပြန့်သွားစေနိုင်တဲ့ အရာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှု တည်ထောင်ရေးဟာ အပင်များ စိုက်ပျိုးသလို အမြစ်တွယ်ရှင်သန်ရေး၊ ကြီးထွားရေးအတွက် အာရုံစိုက်ရမယ့် အရာဖြစ်ကြောင်း ဥပမာပေး ဖော်ပြထားကြပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှု အကောင်အထည်ဖော်ဆောင်ရန် လိုအပ်သော ကဏ္ဍရှစ်ခုကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပညာရှင်များက ဖော်ထုတ်ထားခဲ့ကြပါတယ်။ ဒီကဏ္ဍရှစ်ခုကတော့ (၁) ပညာရေး (အထူးသဖြင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆိုင်ရာ ငြိမ်းချမ်းရေး ပညာရေး) (၂) ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေး (ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တန်းတူညီမျှမှု မရှိခြင်းများ လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး) (၃) လူ့အခွင့်အရေး (၄) ကျားမ တန်းတူညီမျှမှု (၅) ဒီမိုကရေစီ နည်းလမ်းကျ ပါဝင်ပတ်သက်မှု (၆) သည်းခံခွင့်လွှတ်မှုနှင့် သွေးစည်းညီညွတ်မှုကို နားလည်ရေး (လူအများအကြား၊ ကွဲပြားခြားနားသော အုပ်စုများအကြား၊ ပြည်ပမှ အခြေချနေထိုင်လာသူများနှင့် ဒေသခံများအကြားနှင့် နိုင်ငံများအကြားတွင် နားလည်မှု ရှိလာရေး) (၇) လူအများပါဝင်ခွင့်ရှိသော ဆက်ဆံရေးနှင့် သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းခွင့် (၈) နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး (လက်နက်ကိုင်မှုကို စွန့်လွှတ်ရေးနှင့် အခြား လုပ်ငန်းစဉ်များ) စတာတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ ပညာရှင် de Rivera ဆိုသူက ကုလသမဂ္ဂစာတမ်း များနဲ့ ယူနက်စကို စာတမ်းများကို လေ့လာမှုပြုလုပ်ပြီး၊ အခြားသုတေသန ရလဒ်များနဲ့ ထပ်မံပေါင်းစပ်ကာ လူမှုနိုင်ငံရေးသီအိုရီ သဘောတရားများပါဝင်သော ငြိမ်းချမ်းရေးယဉ်ကျေးမှု မော်ဒယ်တရပ်ကို ရေးဆွဲခဲ့ပါတယ်။ သူ့မော်ဒယ်မှာ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးတမ်းစဉ်လာများ ပြောင်းလဲကျင့်သုံးခြင်း၊ လူမှုနိုင်ငံရေး တည်ဆောက်မှု သဏ္ဍာန်များအား ပြောင်းလဲခြင်းနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှု ထွန်းကားနိုင်သော ပတ်ဝန်းကျင် ပေါ်ထွက်နိုင်ရေးကို အထောက်အကူပြုသည့် အုပ်ချုပ်ရေး မူဝါဒများ ချမှတ်ရေး ဆိုပြီး ကဏ္ဍသုံးမျိုး ပါဝင်ပါတယ်။ သူ့အမြင်အရ ပဋိပက္ခများကို လက်နက်နဲ့ မဖြေရှင်းပဲ တွေ့ဆုံဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့နဲ့ ဖြေရှင်းရန် ကြိုးပမ်းခြင်း၊ အမျိုးသမီးများရဲ့ အသံများအား အမျိုးသားများရဲ့ အသံများကဲ့သို့ တန်းတူရည်တူအလေးထားခြင်း၊ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများ အား တန်ဖိုးထားခြင်း၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ အပြန်အလှန် တာဝန်ယူမှု တို့အပေါ်တွင် အခြေခံသော လူမှုရေးရာ စည်းလုံးမှုရှိခြင်း စတဲ့ လူမှုရေးရာ ဓလေ့ထုံးစံများကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားနိုင်ကြောင်း တွေ့ရှိရပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်း (Civil Society) ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး၊ ဒီမိုကရေစီနည်းလမ်းကျ ပါဝင်ဆောင်ရွက်ခွင့်တွေကို အားပေးခြင်းအားဖြင့် လူသားတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ဖြင့် ပွင့်လင်းသော ဆက်ဆံရေး တည်ဆောက်ခြင်း၊ လူ့အခွင့်အရေးကို စောင့်ထိန်းခြင်းနှင့် အများပါဝင်ခွင့်တို့အား ဖော်ဆောင်ခြင်း စတာတွေ ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှု ရရှိပြီး၊ ငြိမ်းချမ်းသောယဉ်ကျေးမှု ထွန်းကားနိုင်ကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဒါတင်မကပဲ နိုင်ငံတကာ လုံခြုံရေးနဲ့ ရေရှည်ခံတန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကလည်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ရှင်သန်ထွန်းကားစေပါတယ်။ ပညာရှင် de Rivera ဖော်ပြထားတဲ့ မော်ဒယ်ပါ အချက်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ အကောင် အထည်ဖော်ဆောင်ရေး ကဏ္ဍရှစ်ခုနဲ့ ထပ်တူညီမျှဖြစ်စေ၊ သဘောတရားရေးအရ ဆက်နွယ်မှုနဲ့ဖြစ်စေ ဆက်စပ်နေပါတယ်။ ဆက်စပ်မှုတွေကတော့ အကြမ်းမဖက်သော ဓလေ့ထုံးတမ်း စဉ်လာများ ပေါ်ထွန်းရေး (ငြိမ်းချမ်းရေးပညာရေး)၊ အမျိုးသမီးများအား တန်ဖိုးထားရေး (ကျားမ တန်းတူညီမျှရေး)၊ လူ့အဖွဲ့အစည်း ညီညွတ်ရေး (သည်းခံ ခွင့်လွှတ်မှုနှင့် သွေးစည်း ညီညွတ်မှုကို နားလည်စေရေး)၊ ဒီမိုကရေစီနည်းကျ ပါဝင်ဆောင်ရွက်ခွင့်၊ ပွင့်လင်းသော ဆက်ဆံရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ လုံခြုံရေးနဲ့ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်ရေး တို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍက အလွန်ပဲ အရေးပါခဲ့ပါတယ်။ Manifesto 2000 အတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေ လုပ်ခဲ့စဉ်က လက်မှတ် ၇၅ သန်း ရရှိတဲ့အနက် အများစုကို အရပ်ဘက်လူ့အဖွဲ့အစည်းများက ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုနဲ့ ဆက်နွယ်နေတဲ့ အခြားလူထုလှုပ်ရှားမှုများမှာလည်း ကြီးမားစွာ အရေးပါခဲ့ပါတယ်။ (၁) လက်နက်ဖျက်သိမ်းရေး လှုပ်ရှားမှု (Disarmament movement) လက်နက်ဖျက်သိမ်းရေးလှုပ်ရှားမှုဟာ ၁၈၉၉ ခုနှစ်မှာ နယ်သာလန်နိုင်ငံ၊ The Hague မှာ ကျင်းပတဲ့ ညီလာခံမှာ သန္ဓေစတည်လာခဲ့တာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ စစ်ပွဲများမှာ အသုံးပြုတဲ့ ဖျက်ဆီးရေး လက်နက်များကို အသုံးပြုမှု ကန့်သတ်နိုင်ရေးအတွက် ကြိုးပမ်းမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ညီလာခံ ကနေ လေထဲမှ ဗုံးကြဲခြင်း၊ ဓာတုစစ်ပွဲများ ဆင်နွှဲခြင်းနဲ့ hollow point bullets များ အသုံးပြုမှုတွေကို တားမြစ်ရေးအတွက် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဒီညီလာခံဟာ နောက်ပိုင်းမှာ International Court of Justice လို့ အမည်တွင်လာတဲ့ တရားရုံးတခုကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။ ဒီကွန်ဖရင့် ကျင်းပရေးမှာ အခရာကျခဲ့တဲ့ International Peace Bureau ဟာ ယနေ့အချိန်ကာလအထိ လက်နက် ဖျက်သိမ်းရေး လှုပ်ရှားမှုတွေကို ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ (၁၉၉၇) ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရတဲ့ international treaty to ban anti-personnel mines ပေါ်ထွက်ရေးမှာလဲ အရပ်ဘက်လူ့အဖွဲ့အစည်းက ရှေ့ဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ (၂) ဂေဟဗေဒ လှုပ်ရှားမှု (Ecology movement) ဂေဟဗေဒလှုပ်ရှားမှုတွေဟာ ၁၉၉၂ ခုနှစ်မှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညီလာခံမှာ စတင်ပေါ်ထွက်လာခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဒီညီလာခံကို နောက်ပိုင်းမှာ Earth Summit အဖြစ် လူအများက ခေါ်တွင်ခဲ့ကြပါတယ်။ ဒီညီလာခံဟာ နိုင်ငံတော်အကြီးအကဲများကို သာမက တကမ္ဘာလုံးက အစိုးရမဟုတ်သောအဖွဲ့အစည်း (အန်ဂျီအို) များစွာကို ဂေဟဗေဒ လှုပ်ရှားမှုတွေအတွက် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါတယ်။ အန်ဂျီအိုအဖွဲ့တွေက Earth Charter ကို ရေးဆွဲအတည်ပြုခဲ့ကြပါတယ်။ ဂေဟဗေဒရေးရာတွေဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အခြားရှုထောင့် များဖြစ်တဲ့ အကြမ်းမဖက်ရေး၊ လက်နက်ဖျက်သိမ်းရေး၊ ကျားမတန်းတူညီမျှရေး၊ ဒီမိုကရေစီ နည်းလမ်းကျ ပါဝင်ခွင့်၊ သတင်းအချက်အလက် လွတ်လပ်ခွင့်တွေနဲ့လည်း ဆက်နွယ်မှုရှိပါတယ်။ ဂေဟဗေဒရေးရာ လှုပ်ရှားမှုတွေကို မီဒီယာများက စိတ်ဝင်တစားရှိကြပါတယ်။ (၃) လူ့အခွင့်အရေးလှုပ်ရှားမှု (Movement for human rights) လူ့အခွင့်အရေးလှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုထွန်းကားရေးအတွက် အထူးကောင်းမွန်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားမှုတွေရဲ့ အခြေခံက (၁၉၄၈) ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ပြဌာန်းခဲ့တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကြီး ဖြစ်တာကြောင့်ပါ။ Amnesty International စတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှု များကြောင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ ကျူးလွန်ဖောက်ဖျက်မှုများအား ဆန့်ကျင်ရေး စတဲ့ လုပ်ငန်းစဉ်တွေမှာ ကမ္ဘာ့လူသားများက တက်ကြွစွာ ပါဝင်လာခဲ့ကြပါတယ်။ (၄) အလုပ်သမားသမဂ္ဂလှုပ်ရှားမှု (trade union movement) အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေမှာ လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ကျန်းမာရေး အခွင့်အလမ်း၊ သင့်လျော်သော လူနေမှု အဆင့်အတန်း၊ အလုပ်လုပ်ပိုင်ခွင့်၊ အနားယူအပန်းဖြေခွင့်၊ လစာပြည့် ခွင့်ရက် စတာတွေ ရရှိရေးအတွက် ဆောင်ရွက်ကြတာ ဖြစ်တဲ့အတွက် အလုပ်သမား လှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေးကို ဦးတည်စေပါတယ်။ ဒါတင်မကပဲ အလုပ်သမားလှုပ်ရှားမှုတွေဟာ အခြားလူမှုလှုပ်ရှားမှုတွေအတွက်လဲ အထောက်အကူပြုခဲ့ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု civil rights movement မှာ ချီတက်ပွဲတွေကို စီစဉ်ခဲ့သူ တွေဟာ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေ ဖြစ်ပါတယ်။ အလုပ်သမားလှုပ်ရှားမှုနဲ့ လူမှု လှုပ်ရှားမှုတွေအကြားက ဆက်နွယ်မှုကလည်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ရှင်သန်ထွန်းကားစေခဲ့ပါတယ်။ (၅) ဒီမိုကရေစီ လှုပ်ရှားမှု (Democracy movement) ဒီမိုကရေစီ လှုပ်ရှားမှုတွေကလည်း ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားလာစေရေးကို အထောက်အကူပြု ခဲ့ပါတယ်။ တောင်အာဖရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ ဖိလစ်ပိုင်ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေမှာ အကြမ်းမဖက်လှုပ်ရှားမှုများက အောင်ပွဲခံခဲ့တာကြောင့်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ အကြမ်းမဖက်လမ်းစဉ်ချမှတ်ဆောင်ရွက်ရေး ဆိုတဲ့ မဟာဗျူဟာက ကမ္ဘာတဝှမ်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ နိုင်ငံတော်အာဏာအပေါ် အခြေမတည်ပဲ၊ ငြိမ်းချမ်းရေးယဉ်ကျေးမှုကို အခြေတည်တဲ့ ဒီမိုကရေစီလှုပ်ရှားမှု လှိုင်းလုံးသစ်တခုကလဲ ထပ်မံ ပေါ်ထွက်လာပါတယ်။ ဒီလှိုင်းလုံးသစ်ထဲမှာ ပါဝင်တဲ့ နည်းလမ်းတခုကတော့ ဘတ်ဂျက်ချမှတ်ရေးဆွဲမှု လုပ်ထုံး (participatory budgeting) ဖြစ်ပါတယ်။ ဒါကို စပိန်ဘာသာနဲ့ presupuesto participativo လို့ ခေါ်ဆိုပြီး၊ ပေါ်တူဂီဘာသာနဲ့ orçamento participativo လို့ ခေါ်ဆိုပါတယ်။ ဒီနည်းလမ်းကို တောင်အမေရိကနိုင်ငံတွေမှာ စတင်ကျင့်သုံးခဲ့ပြီး၊ အခုဆိုရင် ကမ္ဘာတဝှမ်းလုံးကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ (၆) အမျိုးသမီးလှုပ်ရှားမှု (Women movement) အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှုထွန်းကားလာအောင် လုပ်ဆောင်ခဲ့တာတွေထဲမှာ အရေးပါတဲ့ နောက်ထပ်လှုပ်ရှားမှုကတော့ အမျိုးသမီးလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခံပိုင်ခွင့်နဲ့ အစိုးရအဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်တွေ ရရှိလာမှုဟာ အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အလမ်းများ ဆိုင်ရာ လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အခြားရှုထောင့်များနဲ့ ဆက်နွယ်နေပါတယ်။ ကမ္ဘာတဝှမ်းက ငြိမ်းချမ်းရေး ယဉ်ကျေးမှု စီမံချက်တွေ အကောင်အထည်ဖော်ဆောင်မှုများအရ ဆင်းရဲနွမ်းပါးသော အလုပ်သမားလူတန်းစား အမျိုးသမီးများအကြားမှာ ကွန်ရက်များ ပေါ်ထွက် လာခြင်းဟာ လူမှုဘ၀ ပြောင်းလဲရေးအတွက် အင်အားကြီးသော တွန်းအားတွေ ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးလှုပ်ရှားမှုများနဲ့ ကွန်ရက်များဟာ အမျိုးသမီးများရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပါဝင်ဆောင်ရွက်ခွင့်ကို မြှင့်တင်ပေးနိုင်ပြီး၊ တိုင်းပြည်အတွက် အင်အားကိုလည်း ဖြစ်စေပါတယ်။ (၇) နိုင်ငံတကာ နားလည်မှု၊ သည်းခံခွင့်လွှတ်မှုနှင့် သွေးစည်းညီညွတ်မှု (International understanding, tolerance and solidarity) ကမ္ဘာတဝှမ်းက လူငယ်အဖွဲ့အစည်း ၄၇၅ ဖွဲ့အကြောင်းကို လေ့လာပြီး၊ ရေးသားမှတ်တမ်းတင်ထားတဲ့ ” ငြိမ်းချမ်းရေးယဉ်ကျေးမှု အတွက် လူငယ်များ (၂၀၀၆)” ဆိုတဲ့ အစီရင်ခံစာမှာ နိုင်ငံတကာ သွေးစည်းညီညွတ်ရေးအတွက် လူငယ်များ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုအမျိုးအစားများကို ဖော်ပြ ထားပါတယ်။ ဒီလှုပ်ရှားမှုတွေကတော့ နိုင်ငံတကာ ကွန်ဂရက်များ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ ကွန်ဖရင့်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ နိုင်ငံခြားဆရာများနှင့် ကျောင်းသားများ ပါဝင်သော တက္ကသိုလ်သင်တန်းများနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာ နားလည်မှုကို မြှင့်တင်ပေးနိုင်သော သင်ရိုးညွှန်းတန်းများ ပြဌာန်းခြင်း၊ စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေခြင်း၊ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်များ၊ အနုပညာပွဲတော်များနှင့် ရုပ်ရှင်ပွဲတော်များ ကျင်းပခြင်း၊ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာ ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဘာသာရေး အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာ ဘာသာရေး ကွန်ဖရင့်များ ကျင်းပခြင်း၊ ပဋိပက္ခဖြစ်ပွားရာ နေရာဒေသများတွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေး မစ်ရှင်များ တည်ထောင်လှုပ်ရှားခြင်း၊ ငြိမ်းချမ်းရေးခရီးစဉ်များ ဖော်ဆောင်ခြင်း၊ နိုင်ငံတကာ လူငယ်လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာ လူငယ်များအကြား နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ အတွေးအမြင်များအား ဖလှယ်ရန် အင်တာနက်စာမျက်နှာများ ဖန်တီးခြင်း စတာတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေးအတွက် အမျိုးသမီးများက အခရာကျပါတယ်။ ကမ္ဘာတဝှမ်းက ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးများက တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ အမျိုးသမီးရေးရာ လှုပ်ရှားမှု (women movement) များမှာတင်မကပဲ အခြားသော ငြိမ်းချမ်းရေးရာ လှုပ်ရှားမှုများမှာပါ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ လက်နက်ဖျက်သိမ်းရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်း စာနာမှုရေးရာ၊ လူမှုတရားမျှတမှုနှင့် ပေါင်းစည်းမှု အရေး၊ ငြိမ်းချမ်းရေး စာပေနဲ့ အနုပညာရေးရာ စတဲ့ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ ထောင်ပေါင်းများစွာသော အမျိုးသမီး တက်ကြွလှုပ်ရှားသူများကို တွေ့မြင်နေကြရပါတယ်။ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူသားရဲ့ စိတ်နှလုံးက အစပြုပြီး၊ အပြောအဆို၊ အနေအထိုင်နဲ့ အပြုအမူတွေများမှာ သက်ရောက်မှုရှိသွားတာ ဖြစ်ပါတယ်။ လူသားရဲ့ ဘ၀ ဖြစ်တည်မှုအစက အမျိုးသမီးများ ဖြစ်ပါတယ်။ ကလေးများရဲ့ အနီးကပ်ဆုံး အဖော်က မိခင်များ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ပုံဖော်နိုင်စွမ်းရှိသူများမှာ အမျိုးသမီးများကအရေးကြီးပါတယ်။ ဒါကြောင့် မိခင်များရဲ့ လက်နဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှု တည်ဆောက်ရင်း စစ်ပွဲယဉ်ကျေးမှုများကို ဖြိုဖျက်ကြပါရန် ရေးသား တင်ပြအပ်ပါတယ်။ Topics: ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှု၊ အမျိုးသမီး
https://burma.irrawaddy.com/women-in-media/2018/04/25/156973.html
About | ဒစ်ဂျစ်တယ်ကမ္ဘာ ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးညွှန်းတမ်းကို ကလေးတွေ၊ မိသားစုတွေ နဲ့ ကျောင်းတွေအတွက် တယ်လီနောလုပ်ငန်းစုနဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုနဲ့ပတ်သက်ပြီး ကလေးတွေကို အုပ်ထိန်းရာမှာ ကျွမ်းကျင်တဲ့ Parent Zone တို့က ပူးပေါင်းလက်တွဲပြီး ဖန်တီးထားတာဖြစ်ပါတယ်။Plan International Myanmar ၏ပံ့ပိုးမှုဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးညွှန်းတမ်းကို မြန်မာနိုင်ငံရှိ ကလေးငယ်များ၊ မိဘများနှင့် ဆရာ၊ဆရာမများအတွက် မြန်မာဘာသာဖြင့် ဘာသာပြန်ဆိုထားပါသည်။ တယ်လီနောလုပ်ငန်းစုဟာ စကင်ဒီနေးဗီးယားနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေတလွှား ဦးဆောင်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ကျွနိုပ်တို့ဟာ တာဝန်သိ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုဖို့နဲ့ လူမှုပတ်ဝန်းကျင် တိုးတက်မြှင့်မားအောင် ဆောင်ရွက်ဖို့ ရည်မှန်းချက်ထား ထားပါတယ်။ အဲဒီရည်မှန်းချက် အောင်မြင်အောင် ကြိုးစားအားထုတ်ရာမှာ ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် အမှတ် ၁၀ (UN Sustainable Development Goal #10) ဖြစ်တဲ့ မညီမျှမှုလျှော့ချခြင်း ဆိုတဲ့ပန်းတိုင်နဲ့ ကိုက်ညီအောင် ကြိုးပမ်း လျက်ရှိပါတယ်။ ဆက်သွယ်ရေးဟာ တယ်လီနောရဲ့အဓိကနယ်ပယ် အဖြစ် နှစ်ပေါင်း ၁၆၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ ကျွနု်ပ်တို့ရဲ့ ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေကို သူတို့အလေးထားဆုံးအရာတွေနဲ့ ချိတ်ဆက် ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ အုပ်စုတွေကိုကာကွယ်ဖို့ နဲ့ သူတို့အနေနဲ့ ချိတ်ဆက်နိုင်ခြင်းရဲ့ အကျိူးကျေးဇူးတွေကို အကောင်းဆုံး ရရှိအောင် ကူညီပေးဖို့ ကျွနု်ပ်တို့က ရည်သန်နှစ်မြုပ် ထားပါတယ်။ ကလေးတွေနဲ့ လူငယ်တွေကြား သာမက သူတို့ရဲ့ ဆရာတွေ၊ မိဘတွေနဲ့ အုပ်ထိန်းသူတွေအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်အောင် အားပေးတဲ့လုပ်ငန်းတွေမှာ အတွေ့အကြုံရှိတဲ့ မိတ်ဖက်တွေနဲ့အတူ ကျွန်ုပ်တို့ပူးပေါင်းပြီး တက်တက်ကြွကြွ ပါဝင်ပါတယ်။ အဓိက ဦးစားပေးလုပ်ဆောင်မှုတွေက အွန်လိုင်းပေါ်မှာအနိုင်ကျင့်စော်ကားတာတွေကို ကာကွယ်ဖို့ နဲ့ လူငယ်တွေ စူးစမ်းလေ့လာနိုင်ဖို့ ဘေးကင်းလုံခြုံတဲ့ အွန်လိုင်းပတ်ဝန်းကျင်ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ တယ်လီနောဟာ စတော့ ticker TEL အောက်ရှိ အော်စလိုစတော့ရှယ်ယာ အရောင်းအဝယ် စာရင်း (Oslo Stock Exchange) ဝင်ဖြစ်ပါတယ်။ ပိုမိုသိလိုရင် www.telenor.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Parent Zone အကြောင်း Parent Zone ဟာ ကလေးတွေနဲ့ မိသားစုဝင်တွေ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုအတွက် လမ်းညွှန်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိဘတွေ၊ ကလေးတွေ နဲ့ ကျောင်းတွေမှာ အင်တာနက်ကို ဘေးကင်းလုံခြုံပြီး စိတ်ချယုံကြည်မှု အပြည့်နဲ့ သုံးစွဲနိုင်ဖို့ ကူညီပံ့ပိုးမှုတွေ နဲ့ သတင်းအချက်အလက်တွေကို Parent Zone ကပေးနေ ပါတယ်။ မိသားစုတွေနဲ့ ကလေးတွေအပေါ် နည်းပညာဖွံ့ဖြိုးတိုးတက်လာခြင်းရဲ့ သက်ရောက်မှုတွေကို လေ့လာတာ၊ နားလည်သဘောပေါက်အောင်လုပ်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာတွေ လုပ်ဆောင်နိုင်ဖို့ Parent Zone က မိဘတွေ၊ ကျောင်းတွေ၊ အစိုးရအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်များတွေနဲ့ အတူ ပုံမှန် ပူးပေါင်းလုပ်ဆောင်ပါတယ်။ ကလေးတွေအတွက် သင်ကြားရေး အထောက်အကူပြု အရင်းအမြစ်တွေ ဖန်တီးတဲ့အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီးတော့ Parent Zone က ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးညွှန်းတမ်းကို တယ်လီနော အတွက်သီးသန့် ပြုလုပ်ထားပါတယ်။ ဒေါင်းလုပ်ရယူနိုင်တဲ့ သင်ကြားရေး အရင်းအမြစ်တွေနဲ့ အပြန်အလှန်တုံ့ပြန် ကစားနိုင်တဲ့ဂိမ်းတွေ အပါအဝင် ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ငန်းနဲ့ သင်ကြားရေး အရင်းအမြစ်တွေအကြောင်း ပိုသိချင်တယ် ဆိုရင်တော့ www.parentzone.org.uk မှာဝင်ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် info@parentzone.org.uk ကိုအီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
https://digiworld-mm.parentzone.org.uk/about/
ဟိုပန်မြို့ - ဝီကီပီးဒီးယား ဟိုပန်မြို့သည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တရုတ်နိုင်ငံနယ်စပ် အနီးတွင် တည်ရှိသည်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မြို့တော်ဖြစ်သည်။ [၁] ↑ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်းကောင်း ပြည်ထောင်စုနယ်မြေ၏ ခရိုင်နှင့်မြို့နယ်များကိုလည်းကောင်း သတ်မှတ်။ Eleven Media Group။ 2010-08-20 တွင် ပြန်စစ်ပြီး။ "https://my.wikipedia.org/w/index.php?title=ဟိုပန်မြို့&oldid=362872" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%AF%E1%80%95%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
 ရှေးခေတ်ကြက်သားနှင့်ဖက်ထုပ် - ချက်ပြုတ်နည်းများ ငါမုန်လာဥဘယ်လောက်ကြာကြာရေနွေးငွေ့ပေးပါလိမ့်မယ် မြေပြင်အမဲသားနှင့်အတူအိမ်လုပ် taco သို့ကျဆင်းလာ အညိုရောင်သကြားနှင့်ကြက်သွန်နီ caramelize ဖို့ဘယ်လို ရှေးခေတ်ကြက်သားနှင့်ဖက်ထုပ် နှစ်သိမ့်ခြင်းနှင့်အရသာနှစ်ခုလုံးသောမိသားစုအကြိုက်ဆုံးအစားအစာပါ! လွယ်ကူသောအိမ်လုပ်ဟင်းရည်ထဲ၌နူးညံ့သောဖက်ထုပ်များနှင့်အရည်ရွှမ်းသောကြက်သားများအပါအ ၀ င်ဤလွယ်ကူသောစာရွက်ကိုခြစ်ရာများဖြင့်ဖန်တီးထားသည်။ မှိုနှင့်အတူနှေးနှေး cooker Salisbury ကင် ဤစာရွက်သည်ဟင်းသီးဟင်းရွက်များနှင့်ရာသီဥတုများနှင့်ပြည့်စုံစွာနူးညံ့သိမ်မွေ့သောကြက်တစ်ကောင်လုံးနှင့်စတင်သည်။ စားစရာများပါဝင်သောရိုးရှင်းသောဖက်ထုပ်များသည်နူးညံ့။ နူးညံ့သည့်တိုင်အောင်ဟင်းရည်တွင်တန့်နေသည်။ ၎င်းသည်မိသားစုအကြိုက်ဆုံးဖြစ်ပြီးအကြိမ်ကြိမ်တောင်းဆိုလိမ့်မည်။ အိမ်လုပ်ကြက်နှင့် dumplings သည်အကောင်းဆုံးအစားအစာဖြစ်သည်။ ငါမြန်ဆန်လွယ်ကူသောကိုချစ်နေစဉ် Crock Pot ကြက်သားနှင့်ဖက်ထုပ် , လုံးဝအိမ်လုပ်သောအစာနှင့်တူအတော်လေးမရှိ။ ခြစ်ရာကနေဟောင်းခေတ်ကြက်သားနှင့်ဖက်ထုပ်လုပ်ခြင်းသင်ထင်ချင်ပါတယ်ထက်အများကြီးပိုမိုလွယ်ကူသည်။ အချိန်ကာလအများစုသည်အရသာမပြည့်မှီတိုင်အောင်ကြက်သားများကိုမျှတစွာ ထား၍ ပြီးပြည့်စုံသောနူးညံ့သည့်ကြက်သားကိုချက်ပြုတ်သည်။ ဒီချက်ပြုတ်နည်းဟာမီးဖိုပေါ်ကကြက်သား၊ ကြက်သွန်နီနဲ့မုန်လာဥနီတို့နဲ့စတင်ပါတယ်။ ထိုဟင်းရည်အောင်သောအခါငါကြီးမားသောကြက်သွန်ကိုရွေးချယ်ပါနှင့်အရွက်မှအပိုအရောင်နှင့်အရသာထည့်သွင်းဖို့အရေပြားပေါ်မှာထားခဲ့ပါ။ သင်၏အကြိုက်ဆုံးဟင်းသီးဟင်းရွက်များဖြစ်သောပင်လယ်အော်အရွက်၊ ကြက်ဥရာသီအလိုက်အပေါက်များနှင့်လတ်ဆတ်သော parsley စသည့်သင်ကြိုက်နှစ်သက်သောဟင်းသီးဟင်းရွက်များတွင်ထည့်သွင်းရန်အခမဲ့ဖြစ်သည်။ ကြက်သားကိုချက်ပြုတ်ပြီးတဲ့နောက်ဟင်းသီးဟင်းရွက်တွေနဲ့ဟင်းရည်ကနေဖယ်ထုတ်လိုက်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်တွေကိုဘေးထွက်ဟင်းအဖြစ်စားချင်ပေမယ့်မုန်လာဥနီနဲ့ဟင်းသီးဟင်းရွက်တွေကိုသင့်ရဲ့ဟင်းရည်ထဲပြန်ထည့်လိုက်တယ်။ သငျသညျခြစ်ရာကနေဖက်ထုပ်လုပ်ဖို့ဘယ်လိုစဉ်းစားဖူးပါလျှင်, သူတို့သည်မည်မျှလွယ်ကူသောကိုချစ်ပါလိမ့်မယ်! အချို့လူများကသူတို့ကို Bisquick နှင့်ပြုလုပ်လိုသော်လည်း၊ သူတို့သည်သင်၏စားစရာခန်း၌သင်ရှိနှင့်ပြီးသားပါဝင်ပစ္စည်းများနှင့်အတူပါအောင်ပြုလုပ်ရန်လွယ်ကူပါသည်။ အရမ်းသင့်ရဲ့ဖက်ထုပ်စုံလင်အောင်အတွက်ချီဆောင်ခြင်းကိုခံရသောအားမရကြဘူး, ဒါကြောင့်သူတို့ကဖြတ်ပုံကိုအရေးမထားဘူး။ သင်သေချာစေချင်သောတစ်ခုတည်းသောအရာမှာသင်၏မုန့်စိမ်းသည် ၁/၈ လက်မအထူရှိသည်။ ဤသည် dumplings ပြီးပြည့်စုံသောကိုက်ညီမှုပေးသည်။ ချက်ပြုတ်ပြီးတဲ့နောက်ကြက်ဥတွေကိုချက်ပြီးတဲ့နောက်ပြောင်းဖူးနဲ့ရေနည်းနည်းလေးနဲ့ဟင်းရည်ကိုပိုထူအောင်ကြိုက်တယ်။ အတူတူပမာဏအတူတူရောနှောရုံနှင့်ဟင်းရည်လိုချင်သောကိုက်ညီမှုရောက်ရှိသည်အထိတစ်ကြိမ်အနည်းငယ်ထည့်ပါ။ အကယ်၍ သင်သည် creamier ဟင်းရည်ကိုပိုနှစ်သက်ပါကဖက်ထုပ်များချက်ပြုတ်သည်နှင့်တစ်ပြိုင်နက်နို့အနည်းငယ်သို့မဟုတ်လေးလံသောမုန့်အနည်းငယ်ကိုထည့်ပါ။ ပြင်ဆင်ချိန်၃၀ မိနစ်များ ချက်ပြုတ်ချိန်၁ နာရီ ဆယ့်ငါး မိနစ်များ စုစုပေါင်းအချိန်၁ နာရီ လေး မိနစ်များ ဝန်ဆောင်မှု၈ စားသုံးခြင်း စာရေးသူHolly Nilsson ရှေးခေတ်ကြက်သားနှင့်ဖက်ထုပ်များသည်နှစ်သိမ့်မှုနှင့်အရသာရှိသောမိသားစုအကြိုက်ဆုံးအစားအစာဖြစ်သည်။ ပုံနှိပ်ပါ ပင် ဟင်းရည် ▢၁ ကြက်သားကိုအပိုင်းပိုင်းဖြတ် ▢၃ မုန်လာဥနီ သုံးပုံနှစ်ပုံဖြတ် ▢၃ ဟင်းသီးဟင်းရွက်ရိုးတံ သုံးပုံနှစ်ပုံဖြတ် ▢၈ ခွက် အနိမ့်ဆိုဒီယမ်ကြက်သားဟင်းရည် ▢ပင်လယ်အော်အရွက်သို့မဟုတ်ကြက်ဘဲရာသီ၏အဖြစ်တော့ မလုပ်မနေရ ▢1 ¾ ခွက် ဂျုံမှုန့် ဖုန်မှုန့်အဘို့အပိုဆောင်း ▢⅓ ခွက် အတိုကောက် ▢½ လက်ဖက်ရည်ဇွန်း မုန့်ဖုတ်ဆော်ဒါမှုန့် ▢¾ ခွက် နို့ ▢အပါအများအတွက် parsley ကြက်သား၊ ကြက်သွန်၊ မုန်လာဥနှင့်ဟင်းသီးဟင်းရွက်တို့ကိုအိုးကြီးထဲ၌ပေါင်းစပ်ပါ။ အရသာအတွက်ရာသီ။ ကြက်သားဟင်းရည်ထည့်ပါ။ ဆူပွက်စေခြင်းငှါအပူကိုလျှော့ချနှင့် 45-60 မိနစ်မျှကြက်သားကြက်သားနူးညံ့သည်အထိ။ ဟင်းရည်မီးဖိုချောင်နေစဉ်, အောက်တွင်ဖော်ပြထားသောဖက်ထုပ်ပြင်ဆင်ပါ။ ကြက်သားနှင့်ဟင်းသီးဟင်းရွက်များကိုဟင်းရည်မှဖယ်ပါ။ အသားအရေနှင့်အရိုးများကိုဖယ်ရှား။ ကျန်ကြက်သားများကိုခွဲထားပါ။ ညင်ညင်သာသာဟင်းရည်ဖို့ dumplings ထည့်ပါ။ 15-20 မိနစ်မျှအောင်လုပ်ပါသို့မဟုတ်တင်ဒါသည်အထိ။ ကြက်သား (နှင့်ဆန္ဒရှိလျှင်ဟင်းသီးဟင်းရွက်များ) ကိုဟင်းရည်ထဲသို့မွှေပြီး ၂-၃ မိနစ်ခန့်သို့မဟုတ်အပူမကုန်မချင်းချက်ပြုတ်ပါ။ Dumpleings မုန့်ညက်၊ မုန့်ဖုတ်အမှုန့်၊ ဆားနှင့်အတိုကိုရော။ မရောမှီတိုင်းဖြင့်ပေါင်းစပ်ပါ။ တစ်ချိန်တည်းတွင်နို့ကိုအနည်းငယ်ထည့်ပြီးပေါင်းစပ်သည်အထိရောမွှေပါ (သင်အားလုံးလိုအပ်မည်မဟုတ်ပါ၊ နူးညံ့သော်လည်းစေးကပ်သောမုန့်စိမ်းကိုလိုချင်သည်) ။ မုန့်စိမ်းချောမွေ့သည်အထိတစ် ဦး အရသာခံမျက်နှာပြင်ပေါ်မှာအကြိမ်အနည်းငယ်ဒူးထောက်ပါ။ သင့်မျက်နှာပြင်ကိုရက်ရက်ရောရောထွေးပြီးမုန့်စိမ်းကို″″ ထူထဲသို့လှိမ့်ချလိုက်ပါ။ မုန့်စိမ်း 1″ x 2 ips strips တွေထဲသို့ဖြတ်ယူပါ။ ကပ်ကပ်ရှောင်ရှားရန်ရက်ရက်ရောရောအမှုန့်။ အထက်ညွှန်ကြားထားသကဲ့သို့ဟင်းရည်အတွက်ချက်ပြုတ်။ Thicken မွေးဖွားခြင်း (စိတ်ကြိုက်) သေးငယ်တဲ့ပန်းကန်လုံးတွင် 4 ဇွန်းပြောင်းနှင့်အတူ 4 ဇွန်းရေနှင့်အတူပြောင်းဇွန်း။ လိုချင်သောကိုက်ညီမှုရောက်ရှိရန်နှိုးဆော်တစ်ကြိမ်အနည်းငယ်ဆူပွက်ဟင်းရည်ထဲသို့ထည့်ပါ။ မုန်လာဥနှင့်ဟင်းသီးဟင်းရွက်များကိုဘေးထွက်တွင်ဖြစ်စေ၊ ကုန်တယ်ဖြစ်စေ၊ ကြက်နှင့်အတူဟင်းရည်ထဲသို့ထည့်နိုင်သည်။ ပေးထားသည့်အာဟာရဆိုင်ရာသတင်းအချက်အလက်သည်ခန့်မှန်းချက်တစ်ခုဖြစ်ပြီးချက်ပြုတ်နည်းများနှင့်အသုံးပြုသောကုန်ပစ္စည်းအမှတ်တံဆိပ်များပေါ် မူတည်၍ ကွဲပြားနိုင်သည်။ ကယ်လိုရီ464,Carbohydrates:၃၂ဆ,ပရိုတိန်း:၂၆ဆ,အဆီ:၂၅ဆ,ပြည့်နှက်နေသောအဆီ၇ဆ,ကိုလက်စထရော:၇၃မီလီဂရမ်,ဆိုဒီယမ်:322မီလီဂရမ်,ပိုတက်စီယမ်599မီလီဂရမ်,ဖိုင်ဘာ:၁ဆ,သကြား:၃ဆ,ဗီတာမင်အေ:4060IU,ဗီတာမင်စီ:၄.၄မီလီဂရမ်,ကယ်လစီယမ်၇၇မီလီဂရမ်,သံ:၂.၈မီလီဂရမ် သော့ချက်စာလုံးခြစ်ရာကနေအိမ်လုပ်, ဟောင်းခေတ်ကြက်သားနှင့်ဖက်ထုပ်ထံမှကြက်နှင့်ဖက်ထုပ် သင်တန်းအဓိကသင်တန်း ချက်ပြုတ်ခဲ့သည်အမေရိကန်© SpendWithPennies.com ပါဝင်သည့်အကြောင်းအရာများနှင့်ဓာတ်ပုံများသည်မူပိုင်ခွင့်နှင့်ကာကွယ်ထားသည်။ ဤစာရွက်ကိုမျှဝေခြင်းကိုအားပေးပြီးတန်ဖိုးထားသည်။ မည်သည့်ဆိုရှယ်မီဒီယာကိုမဆိုကော်ပီကူးယူခြင်းနှင့် / သို့မဟုတ်ကူးယူခြင်းများကိုလုံးဝပိတ်ပင်ထားသည်။ ကျွန်ုပ်၏ဓာတ်ပုံအသုံးပြုမှုမူဝါဒကိုဒီမှာကြည့်ပါ ။ Creamy ကြက်သားခေါက်ဆွဲ Casserole (ခြစ်ရာမှ)
https://my.pmc2019.pt/old-fashioned-chicken
အီကြာကွေး - ဝီကီပီးဒီးယား (အီကြာ‌ကွေး မှ ပြန်ညွှန်းထားသည်) အီကြာကွေး (တရုတ်: 油炸粿) သည် ဆီဖြင့် ကြွပ်ရွအောင် ကျော်ထားသည့် ခပ်ရှည်ရှည် ဂျုံချောင်းဖြစ်ပြီး တရုတ်နိုင်ငံ၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် နံနက်စာအဖြစ် စားသုံးလေ့ရှိသည့် အစားအစာ တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် အီကြာကွေးကို လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ဟင်းခါး၊ ဆန်ပြုတ်တို့ဖြင့် တွဲဖက် စားသုံးလေ့ရှိသည်။ "https://my.wikipedia.org/w/index.php?title=အီကြာကွေး&oldid=498281" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AE%E1%80%80%E1%80%BC%E1%80%AC%E2%80%8C%E1%80%80%E1%80%BD%E1%80%B1%E1%80%B8
ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးမယ့် ထောပတ်သီးနှင့် သရက်သီး Smoothie | MyFood Myanmar ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးမယ့် ထောပတ်သီးနှင့် သရက်သီး Smoothie သဘာဝသစ်သီးဖျော်ရည်များကို သောက်သုံးခြင်းက ဂတ်စ်ပါဝင်သော ဆိုဒါအချိုရည်များကို သောက်သုံးခြင်းထက် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။ ဆိုဒါအချိုရည်များမှာ ဓာတုဆိုးဆေးများ ပါဝင်နေတဲ့အပြင် ကိုယ်အလေးချိန်တက်စေတဲ့ ကယ်လိုရီပမာဏလည်း အများအပြားပါဝင်ပါတယ်။ စာဖတ်သူတို့အနေနဲ့ အချိုရည်သောက်ရတာလည်း ကြိုက်တယ် တစ်ချိန်တည်းမှာပဲ ဝိတ်ချချင်တယ်ဆိုရင်တော့ သဘာဝသစ်သီးဖျော်ရည်များကိုသာ မှန်မှန်သောက်သုံးသင့်ပါတယ်။ ဘယ်လိုဖျော်ရည်မျိုးလဲဆိုတော့ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးမယ့် ထောပတ်သီးနှင့် သရက်သီး Smoothie ဖျော်ရည်ပဲဖြစ်ပါတယ်။ သရက်သီးမှည့် ၂ လုံး (အတုံးငယ်များ တုံးထားပြီးနောက် ခဲနေအောင် အအေးခံထားပါ) လိမ္မော်ရည် ဖန်ခွက် တစ်ခွက်စာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း) (လိမ္မော်ရည် မရှိပါက ရိုးရိုးရေ အစားထိုးအသုံးပြုနိုင်ပါတယ်) ၁။ သရက်သီးကို အခွံခွာပြီးနောက် အတုံးငယ်များ တုံးထားပါ။ ထို့နောက် အေးခဲနေအောင် ရေခဲသေတ္တာထဲတွင် ထည့်ပြီး အအေးခံထားလိုက်ပါ။ ၂။ သရက်သီးက အေးခဲသွားပြီဆိုရင်တော့ ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီးနောက် ထောပတ်သီးအစေ့ကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ထောပတ်သားများကို ဇွန်းဖြင့် အသာအယာခပ်ထုတ်လိုက်ပါ။ ၃။ ပါဝင်ပစ္စည်းများ ဖြစ်ကြသော သရက်သီး၊ ထောပတ်သီးနှင့် လိမ္မော်ရည်တို့ကို သစ်သီးဖျော်စက်ထဲ ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။ ၄။ ရရှိလာတဲ့ သစ်သီးဖျော်ရည်အနှစ်များကို အသင့်ပြင်ဆင်ထားသော ဖန်ခွက်ထဲ ထည့်ပြီးသွားတဲ့အခါမှာတော့ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်တဲ့ ထောပတ်သီးနှင် သရက်သီး Smoothie ဖျော်ရည်လေး ရရှိသွားပါပြီ။
https://myfoodmyanmar.com/avocado-mango-smoothie/
တမ်းပလိတ်:Japan-geo-stub - ဝီကီပီးဒီးယား ဤတမ်းပလိတ်သည် ဂျပန်နိုင်ငံနှင့် ဆိုင်သော တည်နေရာ ကို ဆောင်းပါးတိုအဖြစ် မှတ်သားရာတွင် အသုံးပြုသည်။ ဤတမ်းပလိတ်သည် ဆောင်းပါးတို တမ်းပလိတ်များကို ဖန်တီးခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် လွယ်ကူစေရန် ပြုလုပ်ထားသည့် {{asbox}} မေတာတမ်းပလိတ်ကို အသုံးပြုထားသည်။ အောက်ပါကုဒ် {{Japan-geo-stub}} ကို ရိုက်ထည့်ခြင်းဖြင့် အပေါ်ရှိ စာသားကို ပြသပေးမည်ဖြစ်ပြီး ဆောင်းပါးအား အောက်ပါ ကဏ္ဍ အတွင်းသို့ ထည့်သွင်းပေးမည် ဖြစ်သည်။ Category:ဂျပန်နိုင်ငံ ပထဝီဝင် ဆောင်းပါးတိုများ (စာမျက်နှာအရေအတွက်: 24) "https://my.wikipedia.org/w/index.php?title=တမ်းပလိတ်:Japan-geo-stub&oldid=440019" မှ ရယူရန်
https://my.wikipedia.org/wiki/%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%9C%E1%80%AD%E1%80%90%E1%80%BA:Japan-geo-stub
မကြာခင် ပြသမယ့် “Joker” ရုပ်ရှင် အမေရိကန်စစ်တပ်ဟာ မကြာမီ ရုံတင်တော့မယ့် “Joker” ရုပ်ရှင်ပြသနေချိန်အတွင်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ် ကွပ်ကဲရေးမှူးတွေဆီကို သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ Fort Sill Oklahoma မှာ အခြေစိုက်တဲ့ အမေရိကန်စစ်တပ် အခြေစိုက်စခန်းရဲ့ အမှာစာထဲမှာ လူအစုံလိုက်အပြုံကို ပစ်မှတ်ထားတဲ့ ပစ်ခတ်မှုဖြစ်ပေါ်လာတာနဲ့ ပတ်သက်လို့ အနှောင့်အယှက်ပေးမယ့် အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိထားတဲ့အကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်လေတပ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်းစကားမှာဆိုရင် “စစ်တပ် ကွပ်ကဲရေးမှူးတွေအနေနဲ့ စစ်သားတွေနဲ့ မိသားစုတွေရဲ့ လုံခြုံရေးကို အထူးဂရုပြုပြီး သူတို့တွေ အနေနဲ့ ရုပ်ရှင် သွားကြည့်မယ်ဆိုရင် ပတ်ဝန်းကျင် အခြေအနေကို သတိထားစောင့်ကြည့်ကြဖို့” တိုက်တွန်းနှိုး ဆော်ထားပါတယ်။ ဒါပေမယ့် အဲ့ဒီပို့စ်ကို မကြာမီမှာပဲ ပြန်လည် ဖျက်ချခဲ့ပါတယ်။ အမှာစာထဲမှာတော့ ၂၀၁၂ ခုနှစ်က ကော်လိုရာဒိုပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ရုပ်ရှင်ရုံတွင်း ပစ်ခတ်မှုကို နမူနာယူပြီးူ “Joker” ရုပ်ရှင်ပြသချိန်မှာ အစွန်းရောက်သမားတွေက တုပလုပ်ဆောင်မှုတွေ ရှိလာနိုင်တဲ့အကြောင်း၊ အောက်တိုဘာလ ၄ ရက်နေ့ ရုပ်ရှင်စတင်ပြသချိန်အတွက် သီးခြားခြိမ်းခြောက်မှု မရရှိထားသေးပေမယ့် စစ်တပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ ဖြစ်လာနိုင်ချေကို ထည့်တွက်စဉ်းစားဖို့ လိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ အစွန်းရောက်တိုက်ခိုက်သူတွေဟာ ရုပ်ရှင်ထဲက လင်းနို့လူသားရဲ့ ဗီလိန်ဖြစ်တဲ့ ဂျိုကာ ဇာတ်ကောင်ကို အတုယူပြီး ရုံတွင်း ပစ်ခတ်မှုတွေ လုပ်ဆောင်လာနိုင်တဲ့အကြောင်းလည်း ရေးသားထားပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဂျိုကာ ဇာတ်ကောင်က သူ့အပေါ် အနိုင်ကျင့်ခဲ့တဲ့သူတွေကို ပြန်လည် တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။ အမှာစာထဲမှာ အဲ့ဒီရုပ်ရှင်ကို ကြည့်မယ့် စစ်တပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ရုပ်ရှင်ရုံထဲ ဝင်ချိန်မှာ ထွက်ပေါက် လမ်းကြောင်းတွေကို ကြည့်ရှုထားပြီး ဘေးဘီပတ်ဝန်းကျင်ကို သတိထားသင့်တဲ့အကြောင်း ပြေး၊ ပုန်း၊ တိုက်ခိုက် ဆိုတဲ့စကားရပ်ကို အမှတ်ရပြီး ပြေးနိုင်ကပြေး၊ မပြေးနိုင်ပါက ပုန်းအောင်းဖို့နဲ့ အသံတိတ်နေဖို့ လိုတဲ့အကြောင်း၊ တကယ်လို့ ပစ်ခတ်သူက ကိုယ့်ကို ရှာတွေ့သွားမယ်ဆိုရင်တော့ တတ်နိုင်သမျှ ပြန်လည်တိုက်ခိုက်ဖို့လည်း ညွှန်ကြားထားပါသေးတယ်။ ဒါရိုက်တာ Todd Phillips ရဲ့ ဂျိုကာရုပ်ရှင်ကို မကြာခင်ရက်အနည်းငယ်ဆိုရင် ရုံတင်တော့မှာ ဖြစ်ပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကို ခံခဲ့ရပေမယ့် အခုလိုမျိုး အငြင်းပွားမှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာပါ။ အောက်တိုဘာလ ၄ ရက်နေ့မှာတော့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ Topics: Joker ရုပ်ရှင်
https://burma.irrawaddy.com/lifestyle/entertainment/2019/09/27/205060.html
ခွငျကောငျ Nits | သင်သိပါရန်လိုအပ်အားလုံး ခွငျကောငျ Nits သင်သိပါရန်လိုအပ်အားလုံး Scarves, ဦးထုပ်, clothes, pillows, and bed sheets should be washed in hot water, or as an alternative, placed in an air tight bag and frozen for a day to kill the lice. Furniture and carpets can be cleaned for lice, but these areas aren’t particularly ideal for the survival of lice and their nits, so they will die pretty quickly if they are left on them. ဆံပင်စောင့်ရှောက်မှု ခွငျကောငျ သင်ယခုသုံးပါနိုင်သလားဆံပင်စောင့်ရှောက်ခုနှစ်တွင်ဂရိတ်သိကောင်းစရာများ အဲဒီအကြောင်းသိကောင်းစရာများနှင့်အတူသင့်ရဲ့ဆံပင်အနက် သာ. ကောင်း၏ပြုစုစောင့်ရှောက်မှုကိုယူ သငျသညျခွငျကောငျရှိသညျဖွစျစေခွဲခြားသတ်မှတ်ရန်ကူညီပါရန်ခွငျကောငျ Nits ရုပ်ပုံများ ဆံပင်အလှပြုပြင်ခြင်းအကြောင်းရှုပ်ထွေး ? Use These Tips! သင်၏နောက်ဆုံးမှာဘယ်လိုဇိမ်ခံသော့ခတ် Be နိုင်သလား
http://licenits.com/?lang=my
ဟွတ်ခ် ရေးသားခဲ့သော စာအုပ်အကြောင်းပြင်ဆင်
https://my.m.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%AC%E1%80%97%E1%80%90%E1%80%BA_%E1%80%9F%E1%80%BD%E1%80%90%E1%80%BA
ပါကစ္စတန် လွှတ်တော်တွင် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ မိန့်ခွန်းပြောကြားနေစဉ်။ မေ ၉၊ ၂၀၁၁။ အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ပါကစ္စတန် နိုင်ငံထဲမှာ ပုန်းခိုနေခဲ့တာနဲ့ ပတ်သက်လို့ ပါကစ္စတန်က လျှို့ဝှက်ပေးထားတယ်၊ ဒါမှမဟုတ် ဖော်ထုတ်ဖို့ အရည်အချင်း မရှိဘူးဆိုတဲ့ ပြောဆိုမှုတွေကို ပါကစ္စတန် ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။ ဒီလို စွပ်စွဲ ပြောဆိုမှုတွေဟာ အဓိပ္ပာယ် မရှိဘူးလို့ ပါလီမန်မှာ ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က တနင်္လာနေ့က မိန့်ခွန်းထဲမှာ ပြောသွားတာ ဖြစ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ အပါအဝင် ပါကစ္စတန် အာဏာပိုင်တွေနဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ တပေါင်းတည်း ဖြစ်နေတယ်လို့ ပြောသူမှန်သမျှဟာ မရိုးသားဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့ အပေါ် ထောက်ခံကြောင်းလည်း ပြသခဲ့ပြီး ဘင်လာဒင် သေဆုံးမှုဟာ တရားမျှတတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံထဲမှာ ဘယ်သူမှ မဖော်ထုတ်နိုင်လောက်အောင် ဘင်လာဒင် ဘယ်လို နေထိုင်ခဲ့သလဲ ဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ အတွက်လည်း အမိန့်ပေးလိုက်ပါတယ်။ ဦးဆောင် စုံစမ်းဖို့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တယောက်ကိုလည်း တာဝန်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့ထဲက ခြံဝန်း တခုထဲကို အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး ဘင်လာဒင်ကို သုတ်သင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်တို့ရဲ့ ဝင်ရောက် စီးနင်းမှုနဲ့ ပတ်သက်လို့လည်း အခုလို ပါကစ္စတန် မြေပေါ်မှာ တဖက်သတ် လုပ်တဲ့အတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အင်မတန် အလေးထားပါတယ်လို့လည်း ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီက ပြောကြားသွားပါတယ်။ အခုလို မစ္စတာ ဂီလာနီ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်မှာ ပါကစ္စတန်ရေးရာ လေ့လာနေသူတွေက ဝေဖန်ကြပါတယ်။ ဒီလိုပြောကြားလိုက်လို့ အခြေအနေတွေကို ပိုပြီးတော့ ငြိမ်သွားစေမှာလား ဆိုပြီးတော့ သူတို့က မေးခွန်းထုတ်နေကြပါတယ်။ http://www.voanews.com/MediaAssets2/burmese/2011_05/05-09-11_Pakistan_Final_for_Web_TS.Mp3
https://burmese.voanews.com/a/pakistan-binladen-121539614/1242714.html
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (မေ ၂၀၂၀)
https://my.wikipedia.org/wiki/%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%9C%E1%80%AD%E1%80%90%E1%80%BA:Empty_section
ဆန္ဒကိုဘယ်လိုအစားထိုးရမှာလဲ - Pink Myanmar
https://pinkmyanmar.com/2023/02/19/%E1%80%86%E1%80%94%E1%80%B9%E1%80%92%E1%80%80%E1%80%AD%E1%80%AF%E1%80%98%E1%80%9A%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B/
အနာဂါတ်တွင် မြန်မာစာစနစ်ကို ဦးဆောင်လာမည့် နိုင်ငံတစ်ကာ အသိမှတ်ပြု မြန်မာစာစနစ် တစ်ခုဖြစ်သော မြန်မာယူနီကုဒ်ဖောင့်ကို Mac OS X တွင် လွယ်ကူစွာ သွင်းယူနည်းဖြစ်ပါသည်။ Keyboard, Unicode Fonts နှင့် Safari တွင် ယူနီကုဒ်နှင့် ဇော်ဂျီ နှစ်မျိုးလုံးကိုပါ ဖတ်ရှုနိုင်မည့် Safari Extension နှင့်တစ်ကွ Offline Converter တို့ကိုပါ စုံစုံလင်လင် ထည့်သွင်းပေးထားပြီး မည်သို့ မည်ပုံ အသုံးချရမည်ကို အလွယ်ကူဆုံးဖြစ်အောင် ဖော်ပြပေးထားပါတယ်… အကယ်၍ Mac OS X တွင် ဇော်ဂျီဖောင့် သွင်းယူထားမိပြီးသူ ဖြစ်ပါက ယူနီကုဒ်သို့ ကူးပြောင်းရန် အဆင့်(၁) မှ စတင်၍ လုပ်ဆောင်ပါ။ မည်သည့် မြန်မာဖောင့်မှ သွင်းယူထားခြင်းမရှိသေးသော Mac OS X အတွက်တော့ “ယူနီကုဒ်ဖောင့် သွင်းယူခြင်း” အဆင့်မှ စတင်ကာ လိုက်ပါဆောင်ရွက်နိုင်ပါသည်။ လိုအပ်သော Myanmar Unicode Bundle for Mac zip file ကို Download အရင်ရယူပြီး Desktop တွင် zip ဖြည်ပေးထားပါ။ ₪ Myanmar Unicode Bundle for Mac (Download) ₪ KeyMagic 1.5 (New Version) ဇော်ဂျီဖောင့်ကို ဖယ်ရှားရန် (Remove Zawgyi Font) ၁။ Mac ၏ Spotlight search မွ “Font Book” ကို ရှာပြီးဖွင့်ပါ။ “Zawgyi-One” ကို ‘Disable/Off’ သို့မဟုတ် right click ခေါက်၍ ‘Remove “Zawgyi-One” Family’ လုပ်ပါ။ ၂။ ‘Update Fallback’ folder ထဲမှ “MMFontFallBack” ကိုဖွင့်ပြီး “Back To Original” ကို နှိပ်ပါ။ ဇော်ဂျီလက်ကွက်ကို ဖယ်ရှားရန် (Remove Zawgyi Keyboard) System Preferences > Keyboard > Input Sources တွင် “Zawgyi KB” ကို ရွေးချယ်ပြီး “-“ နှိပ်ပြီး ဖြုတ်ချပါ။ (Keep file လုပ်နိုင်ပါသည်) Mac OS X ထဲတွင် ဇော်ဂျီ လုံးဝရှင်းလင်းသွားပါပြီ။ Mac OS X ထဲတွင် မြန်မာဖောင့်လုံးဝ မရှိသေးသော သူများလည်း အောက်ပါအဆင့်မှ စတင် လုပ်ဆောင်နိုင်ကြပါပြီ။ Mac ၏ ယူနီကုဒ်ဖောင့်ကို Disable လုပ်ရန် (Disable Mac Build-in Myanmar Unicode Font) Mac တွင်မူရင်းပါရှိလာသည့် မြန်မာစာစနစ်ဖောင့်များသည် အပြည့်အဝ မမှန်ကန်သေးသည့်အတွက် အဆိုပါ ဖောင့်နှစ်ခုဖြစ်သည့် “Myanmar MN” နှင့် “Myanmar Sangam MN” ဖောင့်တို့ကို “Off” လုပ်ပေးပါ။ ယူနီကုဒ်ဖောင့် သွင်းယူခြင်း (Install Myanmar Unicode Font) “Unicode Fonts” folder ထဲတွင် တွေ့ရသော .ttf ဖောင့်များအားလုံးသည် မြန်မာယူနီကုဒ် ဖောင့်များ ဖြစ်လို့ နှစ်သက်ရာကို ရွေးချယ်သွင်းယူနိုင်ပါတယ်။ နမူနာအနေနဲ့ ‘သာလွန်ဖောင့်’ ကို အသုံးပြုသွားပါမည်။ “Tharlon-Regaular.ttf” ကို Double click နှိပ်ပြီး “Install Font” နှိပ်ပါ။ (Font Book ထဲတွင် သာလွန် ရောက်ရှိသွားပါပြီ) ယူနီကုဒ်ဖောင့် ရသွားပါပြီ.. ယူနီကုဒ်ကီးဘုတ် သွင်းယူခြင်း (Install Myanmar Unicode Keyboard) “Keyboards” folder ထဲတွင် ကီးဘုတ် လေးမျိုး ထည့်သွင်းပေးထားပါသည်။ နှစ်သက်ရာ ကီးဘုတ်ကို ရွေးချယ် Install လုပ်ပါ။ မှတ်ချက်။ ။ ‘KeyMagic’ ကီးဘုတ်ကို သွင်းယူမည်ဆိုပါက Double Click နှင့် ‘Continue’ နှိပ်ပြီး Install လုပ်ရုံသာ။ (KeyMagic က ရိုက်ရလွယ်ကူလို့ သွင်းဖို့ ထောက်ခံပါတယ်) KeyMagic တွင် Myanmar3 keyboard Layout ထည့်သွင်းနည်း ကို ဖတ်ရှုပြီး KeyMagic modify လုပ်နိုင်ပါမည်။ အခြားကီးဘုတ် တစ်ခုခုကို Install လုပ်မည် ဆိုပါက… ၁။ Download ရယူထားသော “Keyboards” folder ထဲမှ “MUA-my.bundle” ကို COPY ကူးယူပါ။ ထို့နောက် “Finder” ကိုဖွင့်ပြီး menu bar ရှိ Go > Go to folder တွင် ‘ /Library/Keyboard Layouts ’ ဟု ရိုက်ရှာပါ။ Keyboard Layouts Folder ပွင့်လာသည့်အခါ PASTE လုပ်ချလိုက်ပါ။ ၂။ Preferences > Keyboard > Input Sources > Burmese > MUA-My ကို Add လုပ်ပါ။ ယူနီကုဒ်ကီးဘုတ် ရသွားပါပြီ.. အင်္ဂလိပ်ကီးဘုတ်နှင့် မြန်မာကီးဘုတ်ကို (Command + Space bar) နှိပ်ပြီး တစ်လှည့်စီ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။ “KeyMagic” ကို အသုံးပြုပါက မြန်မာကီးဘုတ် ပြောင်းလဲထားခဲ့စဥ် Screen Lock ဖြစ်ခဲ့ပါက Password ရိုက်ရန် အဆင်မပြေ ဖြစ်တတ်သည့်အတွက် “Guest Account” (သို့) အခြား User account တစ်ခုခုကို “System Preferences -> Users & Groups” ထဲတွင် “ON” ထားဖို့ အကြံပြုပါတယ်။ သို့မှသာ Screen Lock ဖြစ်သွားသည့်အခါ Switch User လုပ်ပြီးမှ ပြန်လည် Log In ဝင်နိုင်ပါလိမ့်မယ်။ အချို့ကီးလက်ကွက်များသည် ဇော်ဂျီလက်ကွက် အတိုင်းဖြစ်ပါသည် (ယူနီကုဒ်လက်ကွက် စစ်စစ်ကြီး မဟုတ်ပါ) “MUA-my.bundle နှင့် Myanmar3” သည် ယူနီကုဒ် လက်ကွက် အစစ်ဖြစ်ပြီး “သဝေထိုး” ကို နောက်မှ ရိုက်ထည့်ရသည့် ကီးဘုတ်ဖြစ်ပါတယ်။ “Zawgyi L Unicode.bundle” ကတော့ ဇော်ဂျီလက်ကွက် အတိုင်းပြုလုပ်ထားသည့် ယူနီကုဒ်ကီးဘုတ်ဖြစ်ပါတယ်၊ သို့သော် ယူနီကုဒ် သာရိုက်စနစ် မြန်မာစာရေးထုံးအတိုင်း လိုက်နာရန်တော့ လိုအပ်ပါသေးသည်။ Lock Screen ပြဿနာလေး ရှိနေသည်မှ လွဲ၍ “KeyMagic” သည် Browser extension များနှင့်လည်း အဆင်ပြေသည့် (လတ်တစ်လော)အတွက်တော့ အကောင်းဆုံး ကီးဘုတ်တစ်ခု ဖြစ်ပါသည်။ Safari Extension ထည့်သွင်းနည်း ယူနီကုဒ်စနစ် ထည့်သွင်းလိုက်ပြီ ဖြစ်တဲ့အတွက် Mac ရဲ့ Safari Browser မှာ ဇော်ဂျီနဲ့ ရေးသားထားတဲ့ website တွေ၊ Facebook တွေကို ဖတ်ရှုနိုင်ရန် ယူနီကုဒ်ရော ဇော်ဂျီပါ ဖတ်လို့ရနိုင်တဲ့ Extension ကို ထည့်သွင်းဖို့ လိုအပ်ပါလိမ့်မည်။ “Safari extension” folder ထဲမွ ‘MUA Web Unicode…erter 1.5.safariextz’ ကို double click ခေါက်ပြီး “Install” လုပ်ပေးလိုက်ပါ။ (Install လုပ်ပြီးပါက ထိုဖိုင် folder ထဲမှ ပျောက်ကွယ်သွားပါမည်) ယခုဆိုရင် Safari Browser တွင် ယူနီရော ဇော်ဂျီ နှစ်မျိုးစလုံးကို ဖတ်ရှုနိုင်ပါပြီ..။ ZUZ Converter Safari Browser တွင် စာရေးသားခြင်းအတွက် ေဇာ်ဂျီ မှ ယူနီ၊ ယူနီ မှ ေဇာ်ဂျီ သို့ အပြန်လှန်ပြောင်းလဲပေးမည့် converter ဖြစ်ပါတယ်။ “Safari extension” folder ထဲမွ ‘ZUZ Converter.safariextz’ ကို double click ခေါက်ပြီး “Install” လုပ်ပေးလိုက်ပါ။ (Install လုပ်ပြီးပါက ထိုဖိုင် folder ထဲမှ ပျောက်ကွယ်သွားပါမည်) ယူနီနဲ့ ရေးပြီး ဇော်ဂျီကို convert လုပ်နိုင်ပါပြီ..။ Offline Uni <-> Zawgyi Converter သွင်းယူနည်း “Myanmar Font Offline Converter” folder ကို ဖွင့်၍ ‘MM Font Converter’ ကို Copy ကူးယူပြီး Application ထဲတွင် Paste item လုပ်ချလိုက်ပါ။ ယခုဆိုလျှင် Mac OS X ပေါ်တွင် မြန်မာယူနီကုဒ်စနစ်ကို မှန်ကန်စွာ ဖတ်ရှုရေးသား အသုံးပြုနိုင်ကြပါပြီ…။
http://nayzaraung.com/post/unicodeOnMac/
https://www.myanball.com/spanish-la-liga/83551/
မန်စီးတီး အသင်းကို အကြီးအကျယ် ဝေဖန်ခဲ့တဲ့ အီဗရာကို လှလှပပ ပြန်လည် တုန့်ပြန်လိုက်တဲ့ ပက် ဂွာဒီယိုလာ - xyznews.co မန်စီးတီး အသင်းကို အကြီးအကျယ် ဝေဖန်ခဲ့တဲ့ အီဗရာကို လှလှပပ ပြန်လည် တုန့်ပြန်လိုက်တဲ့ ပက် ဂွာဒီယိုလာ မန်စီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ပက်ဂွာဒီယိုလာက သူဟာ personality ကောင်းသူ ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေကို အသင်းမှာ အလို မရှိဘူးလို့ ပြောဆို ဝေဖန်ခဲ့တဲ့ ယူနိုက်တက် ခံစစ်မှူးဟောင်း ပတ်ထရစ် အီဗရာ ကို လှလှပပ ပြန်လည် တုန့်ပြန်ခဲ့လိုက်ပါတယ် ။ ယူနိုက်တက် ဘယ်နောက်ခံလူဟောင်း ပတ်ထရစ် အီဗရာဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးယဲ မက်ဒရစ် အသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ မန်စီးတီး အသင်းကို အတော်လေး ဝေဖန် ထိုးနှက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အီဗရာ က မန်စီးတီး နည်းပြ ဂွာဒီယိုလာဟာ အသင်းမှာ personality ကောင်းတဲ့ ကစားသမား ၊ ခေါင်းဆောင်နိုင်မှု စွမ်းရည်ရှိတဲ့ ကစားသမားတွေကို အလို မရှိကြောင်း ၊ ဂွာဒီယိုလာကသာ သူ့အသင်းမှာ အရာရာကို ဦးဆောင်သူ ဖြစ်ကြောင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် မန်စီးတီး အသင်းကို ကြည့်ရတာက PSG အသင််းကို မြင်ယောင်စေကြောင်း ၊ ကစားသမားတွေဟာ မန်စီးတီး အသင်းဆီ ပြောင်းရွှေ့ချင်တာထက် မန်စီးတီး အသင်းရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကို သဘောကျပြီး ဒီအသင်းဆီ ပြောင်းကြတာ ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ် ။ အခုတော့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က အီဗရာ ရဲ့ စကားကို သဘောမတူကြောင်း ၊ အီဗရာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာချင်လို့ အခုလိုမျိုး ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၊ အီဗရာကသာ သူ့အနားမှာရှိရင် personality ကောင်းတဲ့ သူ့ရဲ့ ကစားသမားတွေကို တန်းစီ ပြသလိုက်မှာ ဖြစ်ကြောင်း တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။ ” ကျွန်တော် personality ကောင်းတဲ့ ကစားသမား မလိုချင််ဘူးတဲ့လား ? ဒါကိုတော့ သဘောမတူပါဘူး ။ ပတ်ထရစ် ၊ ငါ ကစားစေမှာ မဟုတ်ပါဘူး ။ ကွင်းထဲမှာ ကစားစေဖို့ ကျွန်တော်ဟာ personalityကောင်းတဲ့ ကစားသမားကောင်းတွေကို လိုအပ်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် ငါတို့တွေ… ” ” သူ ဘာပြောခဲ့လဲဆိုတာ ကျွန်တော် မသိသလို ဖတ်လည််းမဖတ်ဖြစ်ခဲ့ပါဘူး ။ ကျွန်တော့် အတိတ်ကို ကြည့်လိုက််ရင် ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ် နဲ့ ဒီ အသင်းတွေမှာ ကောင်းမွန်တဲ့ ၊ အံ့ဖွယ် ကစားသမားတွေကို ပိုင်ဆိုင်ထားခဲဲ့ပါတယ် ။ personality ၊ character အကြောင်း ပြောရရင် စာရင်းတောင် ထုတ်ပေးလို့ ရပါတယ် ” ” သူတို့ထဲက အများစုဟာ ကမ္ဘာ့ ဖလား ၊ ယူရို ဖလား ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးခဲ့သူတွေချည်းပါပဲ ။ ဒါဟာ အီဗရာ မှန်ကောင်း မှန်နိုင်သလို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာပြီး အလုပ်လုပ်ဖို့ စကားလမ််းကြောင်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ” ” ဒီအချိန်က အခွင့်ကောင်းပဲလေ ။ ကောင်းတယ် ၊ ပတ်ထရစ်ရေ ၊ အကယ်လို့ မင်းသာ ငါနဲ့ အတူ ရှိနေမယ် ဆိုရင်် အသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ personality နဲ့ character တွေကို အခုချက်ခြင်းပဲ ပြသလိုက်မှာပါ ။ တကယ််ပြောတာပါကွာ ” လို့ ဂွာဒီယိုလာ က ပြန်လည် တုန့်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ Previous Article အာဆင်နယ် ကို ပြောင်းရွှေ့ ကစားဖို့ ဆွေးနွေးနေကြောင်း ဂျေဇု ရဲ့ အေးဂျင့် အတည်ပြု Next Article ရီးယဲ မက်ဒရစ် အသင်းမှ ရော်နယ်ဒို ထွက်တာက ဘန်ဇီးမား အပေါ် ဘယ်လို အကျိုးသက်ရောက်စေသလဲဆိုတာ ရှင်းပြလိုက်တဲ့ အန်ဆယ်လော့တီ
https://xyznews.co/2022/05/%E1%80%99%E1%80%94%E1%80%BA%E1%80%85%E1%80%AE%E1%80%B8%E1%80%90%E1%80%AE%E1%80%B8-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/
https://sportsa2z2a.com/archives/12804
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ လူနာနှင့် ဆရာဝန်ကြား ဆေးကုသမှု ရရှိအောင် မြန်ကဲမှ တဆင့် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ အချိန်မရွေး ၊ ဒေသမရွေး ကျန်းမာရေး ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
https://myancare.org/my/virtual-clinic/
ကျန်းမာရေးစောင့်ရှောက်မှု Archives | YOYARLAY ကလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ အရေပြားကျန်းမာရေး မိခင်ကောင်းတစ်ယောက်အနေနဲ့ ကလေးငယ်တွေကို ကြွယ်ဝတဲ့အာဟာရရော ကျန်းမာရေး စောင့်ရှောက်မှုကိုပါ အပြည့်အဝပေးနိုင်ဖို့ အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ အရေပြား ကျန်းမာရေး ကိုလည်း မေ့မထားသင့်ပါဘူး။ မွေးကင်းစကလေးတွေက ပထမ ၂၈ရက်မှာ ရောဂါပိုး ဝင်ရောက်လွယ်တာကြောင့် သူတို့လေးတွေရဲ့ တစ်ကိုယ်ရည် ကျန်းမာရေးအတွက်…
https://yoyarlay.com/tag/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%85%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%9B%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA/
စက်မှု - ။ AGG ပါဝါနည်းပညာ (ဗြိတိန်), LTD ။ စက်မှုတပ်ဆင်သူတို့ရဲ့အခြေခံအဆောက်အဦများနှင့်ထုတ်လုပ်မှုလုပ်ငန်းစဉ်များပါဝါမှစွမ်းအင်ကိုလိုအပ်ပါတယ်။ ဒါဟာအချို့အထူးသဖြင့်ရှုပ်ထွေးသောဖြစ်စဉ်များကိုကာကွယ်ရန်အလို့ငှာတစ်ဦးဇယားကွက်ချို့ယွင်းမှုဖြစ်ပေါ်၏ဖြစ်ရပ်အတွက် back-up လျှပ်စစ်မီးပေးဝေရေးများကိုတခါတရံတွင်လိုအပ်သောဖြစ်ပါသည်, သို့မဟုတ်မည်သည့်ပြတ်တောက်လုံခြုံရေးသို့မဟုတ်ကုန်ကျစရိတ်၏စည်းကမ်းချက်များ၌အထူးသဖြင့်ထိခိုက်ပါလိမ့်မယ်အခါ။ AGG ပါဝါထုတ်လုပ်အစုံဝန်ဆောင်မှုတစ်ခုမယှဉ်နိုင်တဲ့အဆင့်အထိလိုက်ပါထုတ်လုပ်မှုနှင့် back-up, mode ကိုနှစ်ဦးစလုံး၌သင်တို့၏စက်မှုဇုန် applications များ, များအတွက်ယုံကြည်စိတ်ချရသောနှင့်ကြံ့ခိုင်ဖြေရှင်းချက်ပေးပါတယ်။ တိုင်းစီမံကိန်းကို၎င်း၏ကိုယ်ပိုင်အထူးသဖြင့်အခက်အခဲနှင့်အတူထူးခြားတဲ့ကြောင်းအပြည့်အဝကိုသတိထားမိ, AGG ပါဝါသင့်ရဲ့သတ်မှတ်ချက်များနှင့်ကိုက်ညီသောတန်ခိုးတော်ဖြေရှင်းချက်ဒီဇိုင်းရန်သင့်အား၎င်း၏အင်ဂျင်နီယာကျွမ်းကျင်မှုပေးထားပါတယ်။ သူကတောင်သင့်ရဲ့သတ်မှတ်ချက်များတည်ထောင်ရန်နှင့်အကောင်းဆုံးကိုသင်၏လိုအပ်ချက်များကိုဖြည့်ဆည်းသော Generating အစုံအကြံပြုဖို့ကူညီနိုင်သည်။ ထက်ပိုမို 120 ကုန်သည်တွေဟာ Generating set ကိုစျေးကွက်သည်ကမ္ဘာ့ aounrd နှင့်ရှုပ်ထွေးပြီး bespoke စီမံကိန်းများကိုရာပေါင်းများစွာစီမံခန့်ခွဲတော်မူပြီးမှ, AGG ပါဝါ, သင်ကယုံကြည်စိတ်ချရသောပါဝါထုတ်လုပ်မှုစက်ရုံ၏စိတ်ကငြိမ်းချမ်းရေးကမ်းလှမ်းအမြန်ဆုံးဝန်ဆောင်မှု, သင့်စက်မှုအဆောက်အဦလည်ပတ်နိုင်ကြသည်သေချာနှင့်အတူ ယုံကြည်စိတ်ချရသောနှင့်လုံခြုံစိတ်ချစွာ။
https://www.aggpower.com/my/solutions/industry/
အူလှိုက်သည်းလှိုက် တွယ်တာခြင်း တေးသီချင်း | နိုင်ငံတော်သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော် သူ့နှလုံးနှင့်သူ့အချစ်ကကျွန်ုပ်ကို လွှမ်းမိုးခဲ့သည်။ ယခုသူ့နောက်သို့လိုက်ပြီအခြားမရှာတော့ပါ။ သူ့ကိုချစ်ခြင်းအားဖြင့်ဆင်းရဲဒုက္ခကိုတောင့်ခံနိုင်၍သာယာမှုကိုခံစားရပြီ။ သူ့ကိုအဆုံးရှုံးမခံနိုင်တော့ပြီကျွန်ုပ်ချစ်သူ။ ကျွန်ုပ်နှလုံးသားကို ယခုသူသာပိုင်ပြီး ကျေနပ်တင်းတိမ်မှုရပြီ။ ရှိရှိသမျှပေးရန်သူ့အတွက်အသက်ရှင်ရန်ကျွန်ုပ်ဘ၀ပါ။ သူ့အားချစ်နေနိုင်ခြင်း အမှုတော်ဆောင်နိုင်ခြင်းသည် ဂုဏ်အသရေအခွင့်ထူးပါ။ ကျွန်ုပ်၏နှလုံးသားသည်ဘယ်အရာမျှမတမ်းတတော့ပါကျွန်ုပ်ကျေနပ်ပြီ။ သူ့အတွေးအတိုင်းကျွန်ုပ်တွေးပြီ၊ သူ၏​ပူပင်စရာများအားကျွန်ုပ်ပူပင်ပြီ၊ သူ၏အလိုတော်ကိုထောက်ထားပြီ။ သူ၏ပျော်ရွှင်မှု၊ သူ၏ကျေနပ်မှုသည်သာ ကျွန်ုပ်၏တစ်ခုတည်းသောဆန္ဒ။ သူ၏အိမ်တော်၌ကျွန်ုပ်သည်အစေခံဖြစ်မည်တာ၀န်ကျေပွန်စွာထမ်းဆောင်မည်။ ဤချီးကျူး၍ဂုဏ်ပြုခြင်းအားဖြင့်သူ့အားစောင့်လျှက်အပြုံး ဖြင့်ဆီးကြိုမည်။ သူ့နှလုံးသားနှင့်သူ့အချစ်ကကျွန်ုပ်အားသိမ်းပိုက်ခဲ့ပြီ။ သူ့နောက်သို့လိုက်ပြီ၊ ရှာစရာအခြားမရှိတော့ပြီ။ သူ့ကိုချစ်ခြင်းအားဖြင့်ဆင်းရဲဒုက္ခကိုခံစားရသော်လည်းချိုမြိန်မှုကိုခံစားရပြီ။ သူ့အားရရှိမည်၊ သူ့အတွက်သာအသက်ရှင်မည် ထာ၀ရချစ်ပါမည်။ အရှေ့သို့- လေနှင့် မိုးကို ဖြတ် အတူတကွရှိလျက် သေသည်အထိ သစ္စာတည် နောက်တစ်ခုသို့- ချစ်စွာသောဘုရား သခင်၏ခေတ်အစပြုခြင်း
https://my.kingdomsalvation.org/song-of-heartfelt-attachment-song.html
Undid edits by 210.14.107.141 (talk) to last version by Neriah: reverting vandalism Undid edits by 210.14.107.141 (talk) to last version by Ninjastrikers: reverting vandalism အကြောင်းအရာ "{{retaining title}} == ကိုးကား == {{reflist}} Category:အစ္စလာမ်ဘ..." ဖြင့် အစားထိုးခဲ့သည် အစ္စလာမ်မိုက်ဇေးရှင် မှ Islamization သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထားဘဲ Ninjastrikers က ရွှေ့ခဲ့သည် lead rewrite by translating from enwiki အစ္စမ်မိုက်ဇေးရှင် စာမျက်နှာကို အစ္စလာမ်မိုက်ဇေးရှင် သို့ Htoo Ra Aungက ရွှေ့ခဲ့သည် ကျော်ကျော် (သပြေကန်) "အစ္စလာမ်မိုက်ဇ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် "https://my.wikipedia.org/wiki/အထူး:History/Islamization" မှ ရယူရန်
https://my.m.wikipedia.org/wiki/%E1%80%A1%E1%80%91%E1%80%B0%E1%80%B8:History/Islamization
New Jersey man | Mizzima Myanmar News and Insight အမေရိကန်ရှိ ပြည်နယ်နှစ်ခု၌ ဗုံးထောင်ခဲ့သူကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်
http://www.mizzimaburmese.com/tags/new-jersey-man
YC162-JR-07360RL | Yageo | arrays/networks resistors များ | Chimicron YC162-JR-07360RL အသိပေးစာ Chimicron သည် အီလက်ထရွန်နစ် အစိတ်အပိုင်းများကို လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချသူဖြစ်သည်။ ကျွန်ုပ်တို့တွင် ယုံကြည်စိတ်ချရသော အီလက်ထရွန်နစ်အစိတ်အပိုင်းများ၏ အရင်းအမြစ်များရှိပြီး အသစ်နှင့် မူရင်းထုတ်ကုန်များကိုသာ ရောင်းချကာ ကျွန်ုပ်တို့၏ထုတ်ကုန်များအတွက် 1 နှစ်အာမခံကို ပေးဆောင်ပါသည်။ chimicron.com တွင် YC162-JR-07360RL Yageo ကိုဝယ်ပါ။ ကျွန်ုပ်တို့တွင် YC162-JR-07360RL ၏ 0 အပိုင်းများကို ယခုရရှိနိုင်ပါပြီ။ YC162-JR-07360RL အတွက် စုံစမ်းမေးမြန်းမှုကို တင်သွင်းပါ သို့မဟုတ် [email protected] သို့ အီးမေးလ်တစ်စောင် ပေးပို့ပါ၊ ကျွန်ုပ်တို့သည် သင့်အား 24 နာရီအတွင်း ဆက်သွယ်ပေးပါမည်။
https://www.chimicron-mm.com/product/00036926-YC162-JR-07360RL.html
ဗစ်တိုးရီးယားဘက်ခမ်းက ဘာလို့အိတ်ကို ပခုံးမှာ မလွယ်တာလဲ | Duwun သူမရဲ့ထူးခြားချက်တစ်ခုပါပဲ။ အသက် ၄၂ နှစ်အရွယ် ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ပုံတွေကို အခုနောက်ပိုင်းစတိုင်တွေကို ကြည့်လိုက်ရင် တစ်ခုကတော့ အမြဲတူညီနေတာ တွေ့ရပါတယ်။ အဲဒါကတော့ သူမဟာ ဘယ်တော့မှ အိတ်ကို ပခုံးကနေ မလွယ်တာပါပဲ။ "ခန္ဓာကိုယ်နဲ့ သယ်တဲ့ပစ္စည်းက ပိုနီးကပ်လေ အရိုးအစစ်တွေနဲ့ ပျော့ပျောင်းတဲ့တစ်ရှူးတွေကို တင်းမာမှု လျော့နည်းစေလေပါပဲ။ အဓိပ္ပာယ်ကတော့ အိတ်ကို ခန္ဓာကိုယ်မှာ ကပ်ထားလိုက်ခြင်းအားဖြင့် သူမရဲ့သွင်ပြင်ကို ပိုပြီး ပေါ့ပါးသွက်လက်စေတယ်" ရုပ်ခန္ဓာဗေဒပညာရှင် ပေါလ်ဘရောင်းက ပြောပါတယ်။ ဒါမှမဟုတ် ဒီလို လုပ်တာဟာ သူမရဲ့စတိုင်အဖြစ် သတ်မှတ်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။ "ဗစ်တိုးရီးယားက အမြဲရိုးရှင်း ကျော့မော့နေတယ်။ အိတ်ကို လက်က ကိုင်ထားခြင်းအားဖြင့် သူမရဲ့အဝတ်အစားကို ပုံပျက်သွားတာမျိုး မဖြစ်စေနိုင်ဘူး" လို့ Sun Fashion အယ်ဒီတာ ဂျိုလီချီကော့တ်က သုံးသပ်ပါတယ်။ ဒါ့အပြင် အိတ်ကို တင်ပါးတဝိုက်မှာ ကိုင်ထားခြင်းအားဖြင့် ကြည့်သူရဲ့ မျက်လုံးကို အနှောင့်အယှက်ပေးပေပြီး လူက ပိုမိုသွယ်လျသယောင် ထင်ရပါတယ်။ တော်ရုံလူမသိနိုင်တဲ့ ဒီလိုအချက်အလက်မျိုးကို သေချာနားလည်ဂရုစိုက်နိုင်တဲ့အတွက် ဗစ်တိုးရီးယားဟာ ဘာကြောင့် နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်နေရတယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။
https://www.duwun.com.mm/article/5881764
Linux မှာ swap size ဘယ်လောက်သုံးသင့်လဲ။ – Ubuntu MM Linux မှာ swap partition ကိုဘယ်လောက်ထားသင့်သလဲ? Swap partition ရဲ့ size က ဘယ်လောက်ရှိသင့်သလဲ။ RAM ရဲ့ နှစ်ဆထားရမယ်ဆိုတာရော ဖြစ်နိုင်ပါ့မလား။ RAM အများကြီးရှိတဲ့စက်တွေမှာဆိုရင်ရော swap ကလိုသေးလား။ အပေါ်ကမေးခွန်းတွေကတော့ linux os တစ်ခုကို install လုပ်ရာမှာ မေးလေ့မေးထရှိတဲ့ common questions တွေဆိုလည်းမမှားပါဘူး။ အရင်တုန်းကဆိုရင်တော့ swap size ကို RAM ရဲ့ နှစ်ဆထားရမယ်ဆိုပြီးရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ rule ကအခုခတ် computer တွေနဲ့ဆိုရင် လုံးဝကိုမအပ်စပ်တော့သလိုဖြစ်သွားပါပြီ။ အခုဆို computer တွေမှာ RAM က 128 GB ထိရှိလာပါပြီ။ အဲ့လိုမျိုး နှစ်ဆထားရမယ်သာဆိုရင် RAM 32 GB အတွက်ပဲစဉ်းစားကြည့်ကြပါစို့။ သင်သာဆိုရင်ရော 32GB အတွက် swap ကို 64GB ထားမလား။ ဒါတော်တော်တော့စဉ်းစားရမှာပါပဲ။ အဲ့တော့အခု swap size ဘယ်လောက်ထားရမလဲမပြောခင်မှာ swap ကိုဘာကြောင့်သုံးရတာလဲဆိုတာကို အကြမ်းဖျင်းနားလည်သင့်ပါတယ်။ System တစ်ခု(ဥပမာ linux OS တစ်ခုမှာပဲဆိုကြပါစို့)မှာ Application တစ်ခုခုကို run တဲ့အခါမှာ RAM ကိုအသုံးပြုပါတယ်။ Run နေတဲ့ application တွေက RAM အသုံးပြုတာနည်းတယ်၊ Run ထားတဲ့ application အရေအတွက်ကလည်းနည်းတယ်ဆိုရင် ရှိနေတဲ့ RAM နဲ့တင်အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ run ထားတဲ့ application တွေများလာတဲ့အခါ၊ RAM အသုံးပြုမှုများတဲ့ application တွေကို နှစ်ခုသုံးခု run ထားတဲ့အခါ system ကစပြီးဒုက္ခများလာပါတယ်။ အဲ့လိုရှိသမျှ RAM အကုန် ပြည့်လုနီးပါဖြစ်နေတဲ့အချိန်မှာနောက်ထပ် application တစ်ခုထပ် run မယ်ဆိုရင်ရော အဲ့ application က ပုံမှန်အလုပ်မလုပ်တော့ဘဲ crash ဖြစ်သွားပါလိမ့်မယ်။ Swap ကတော့ RAM ကအလုပ်တွေပြည့်ပြီးမောနေတဲ့အချိန်မှာ အလုပ်လာကူလုပ်ပေးတဲ့ကောင်ပါ။ RAM ကပြည့်ပြီးအလုပ်မလုပ်နိုင်တော့တဲ့အခါမှာ swap( အပေါ်မှာပြောဖို့တစ်ခုကျန်ခဲ့ပါတယ်၊ swap က hard disk ရဲ့ free space ထဲကမှ ကိုယ်ပိုင်းထားသလောက်ကိုယူသုံးတာပါ၊ RAM ရဲ့ space နဲ့ဘာမှမဆိုင်ပါဘူး။ )က run နေတဲ့ application ကိုသူ့ဆီက free space ကိုယူသုံးပါဆိုပြီးအနည်းငယ်ကူညီပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ swap size ကိုအများကြီးထားရင် application တွေအများကြီးကိုတစ်ချိန်ထဲမှာ run လို့ရမယ်မထင်ပါနဲ့။ RAM လုပ်သလိုတော့ swap ကလိုက်မလုပ်ပေးနိုင်ပါဘူး။ RAM က data တွေကို access လုပ်တဲ့အချိန်က nanosecond လောက်ပဲကြာပါတယ်။ မြန်ပါတယ်ဆိုတဲ့ SSD တောင် microsecond နဲ့ data တွေကို access လုပ်ပါတယ်။ ပုံမှန် hard disk ဆိုရင်တော့ millisecond နဲ့ access လုပ်ပါတယ်။ RAM က SSD ထက်တောင်အဆတစ်ထောင် မြန်ပါတယ်။ ပုံမှန် hard disk နဲ့ဆိုရင်တော့ အဆတစ်သိန်းလောက်ကွာပါတယ်။အဲ့တော့ task တစ်ခုကို RAM ပြည့်လို့ swap ပေါ်မှ run ပြီဆိုရင် ပုံမှန်ထက်တော့ပိုကြာပါလိမ့်မယ်။ Swap ကိုဘာလို့ လိုအပ်တာလဲ? swap ကိုလိုအပ်တဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ မိမိစက်ရဲ့ RAM က 1GB ထက်နည်းနေတဲ့အချိန်၊ Video editors လို app မျိုးတွေနဲ့အလုပ်လုပ်ရတဲ့စက်မျိုးဆိုရင်လည်း Resources အများကြီးအသုံးပြုတဲ့အတွက် swap ကိုထားသင့်ပါတယ်။ RAM အများကြီးရှိတဲ့စက်တွေမှာရော swap ကိုလိုသေးလား? တော်တော်လေးကောင်းတဲ့မေးခွန်းပါ။ သင့်ရဲ့ RAM က 32GB or 64GB ရှိမယ်ဆိုရင် Applicaion ကို RAM ကထိန်းနိုင်တဲ့အတွက် Swap ကိုဘယ်တော့မှအသုံးပြုမှာမဟုတ်ပါဘူး။ တကယ်လို့ hard disk size လည်းအများကြီးရှိတယ်ဆိုရင်တော့ Swap လေးထားထားတာက ဘာအန္တရာယ်မှမဖြစ်ပါဘူး ။ Linux ကို swap မထားဘဲရောအသုံးပြုလိုရလား? ကိုယ်သုံးမဲ့ app တွေအတွက် RAM ကထိန်းနိုင်တယ်ဆိုရင်တော့ Swap မပါဘဲနဲ့လည်း အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့နည်းနည်းလေးထားဖို့တော့အကြံပေးချင်ပါတယ်။ swap size ကိုဘယ်လောက်ထားသင့်လဲ? အဓိကအကျဆုံးမေးခွန်းလာပါပြီ။ Swap size ကဘယ်လောက်ရှိသင့်တယ်ဆိုပြီး အတိအကျသတ်မှတ်ချက်တွေလည်းမရှိတဲ့အတွက်ဖြေရတော့အတော်ခက်ပါတယ်။ ကိုယ်အသုံးပြုမဲ့အပေါ်မူတည်ပြီး အဆင်ပြေသလိုထားနိုင်ပါတယ်။ Major linux distributions တွေမှာတောင် Swap အတွက် guide က တစ်ခုနဲ့တစ်ခုမတူကြပါဘူး။ Red Hat’s Suggestion အရဆိုရင် RAM 4GB or higher computer တွေမှာ RAM ရဲ့ 20% ကို swap အဖြစ်ထားဖို့ recommend လုပ်ထားပါတယ် CentOS ကျတော့တစ်မျိုးပြောင်းသွားပါတယ်။ RAM က 2GB ထက်နည်းရင်တော့ swap ကို RAM ရဲ့နှစ်ဆ၊ RAM က 2GB ထက်များရင်တော့ swap ကို RAM+2GB၊ Ubuntu မှာဆိုရင် RAM က less than 1GB ဆိုရင် swap ကို အနည်းဆုံး RAM အတိုင်း(1GB) သို့မဟုတ် အများဆုံး RAM ရဲ့ ၂ဆ၊ RAM က more than 1GB ဆိုရင် swap ကို အနည်းဆုံး RAM ရဲ့ square root(1GB ဆိုရင် 1GB , 4GB ဆိုရင် 2GB) အများဆုံး RAM ရဲ့ ၂ဆ၊ စသည်ဖြင့်အသီးသီးရှိပါတယ်။ တော်တော်ရှုပ်သွားပြီထင်ပါတယ်။ Ubuntu ရဲ့ Recommended swap အပေါ်အခြေခံပြီး မရှုပ်ရအောင် table လေးတစ်ခုလုပ်ထားပေးပါတယ်။ Swap Size (Least) Swap size (MOST) *************Thanks*************** Tagged guide, Linux, ubuntu
https://ubuntu-mm.net/guide/linux-%E1%80%99%E1%80%BD%E1%80%AC-swap-size-%E1%80%98%E1%80%9A%E1%80%B9%E1%80%B1%E1%80%9C%E1%80%AC%E1%80%80%E1%80%B9%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%9E%E1%80%84%E1%80%B9%E1%80%B7%E1%80%9C/
မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း | အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အရှေ့သို့- သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏ နောက်တစ်ခုသို့- ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏
https://my.godfootsteps.org/receive-revelations-of-God-selections.html
ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းသည် သူ့ကို ချစ်သောလမ်းကြောင်းပေတည်း | နိုင်ငံတော်သက်ဆင်းကြွရောက်ခြင်း၏ ဧဝံဂေလိတရားတော် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းသည် သူ့ကို ချစ်သောလမ်းကြောင်းပေတည်း။ အကယ်၍ ဘုရားသခင်ကို သင် ယုံကြည်လျှင်၊ သင်၌ သူ့အပေါ် ချစ်ခြင်းမေတ္တာရှိရမည်။ ဘုရားသခင်ကို ချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရုံမျှသာ၊ အသိစိတ်ဖြင့် သူ့ကို ချစ်ရုံမျှသာ မဟုတ်ပေ၊ သို့သော် ဘုရားသခင်အပေါ် ဖြူစင်သောချစ်ခြင်းမေတ္တာ ရှိခြင်း ဖြစ်၏။ အသိစိတ်သည် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာကို လှုံ့ဆော်မည် မဟုတ်ပေ။ သူ၏နှစ်သက်ဖွယ်ကောင်းခြင်းကို သင် ခံစားရသောအခါ၊ သင်၏ဝိညာဉ်သည် ဘုရားသခင်၏တို့ထိခြင်းကို ခံရ်၏၊ သင်၏အသိစိတ်သည် ၎င်း၏အခန်းကဏ္ဍကို လုပ်ဆောင်လေမည်။ လူသား၏ဝိညာဉ်သည် ဘုရားသခင်၏ တိုက်တွန်းခြင်းကို ခံရသောအခါ၊ ၎င်းတို့၏စိတ်နှလုံးများထဲ၌ အသိ ရသည့်အခါ၊ ၎င်းတို့သည် အတွေ့အကြုံ ရပြီးနောက် ဘုရားသခင်ကို အသိစိတ်ဖြင့် ချစ်နိုင်ကြ၏။ လူတစ်ဦး၏အသိစိတ်ဖြင့် ဘုရားသခင်ကို ချစ်ခြင်းမှာ မမှားယွင်းသော်လည်း ၎င်းမှာ နိမ့်ကျသောချစ်ခြင်းမေတ္တာ ဖြစ်၏၊ ၎င်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးသင့်အကြောင်းသင့် ဖြစ်စေသော်လည်း လူသား၏ ဝင်ရောက်ခြင်းကို လှုံ့ဆော်နိုင်ခြင်း မရှိပေ။ နက်ရှိုင်းသောစိတ်နှလုံးအတွင်းမှ ထွက်ပေါ််၏။ လူတို့သည် ဝိညာဉ်တော်၏အလုပ်ကို ရသောအခါ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ၎င်းတို့ မြင်၍ မြည်းစမ်းရသောအခါ၊ ဘုရားသခင်အကြောင်း ၎င်းတို့ အသိ ရသည့်အခါ၊ ကိုယ်တော်သည် စစ်မှန်စွာ ချစ်ခြင်းကို ခံနိုင်၏။ ဘုရားသခင်သည် ထိုက်တန်ကြောင်း ၎င်းတို့ မြင်သောအခါ၊ လူသားမျိုးနွယ်၏ချစ်ခြင်းမေတ္တာကို လွန်စွာ ထိုက်တန်ကြောင်း မြင်၍၊ ကိုယ်တော်သည် အဘယ်မျှ နှစ်သက်ဖွယ်ကောင်းကြောင်း မြင်သောအခါ၊ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ချစ်နိုင်ကြ၏။ ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း မရှိသောသူများမှာ၊ ဘုရားသခင်ကို ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့ နှစ်သက်သည့်အရာအပေါ် အခြေခံ၍သာ ချစ်နိုင်၏။ ယင်းချစ်ခြင်းမေတ္တာမှာ အစစ်အမှန် မဟုတ်၊ စိတ်နှလုံးကို အခြေခံခြင်း ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နားလည်သည့်အခါ၊ ၎င်းတို့၏စိတ်နှလုံးများသည် ဘုရားသခင်ထံ လှည့်ကြောင်းကို ပြသနေ၏။ ၎င်းတို့၏စိတ်နှလုံးထဲမှ ချစ်ခြင်းမေတ္တာသည်၊ စစ်မှန်၏၊ အလိုအလျောက် ဖြစ်၏။ ယင်းကဲ့သို့ လူမျိုးသာ ၎င်းတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသောသူ ဖြစ်၏။ ယခင်က:နာကျင်သော စမ်းသပ်မှုများအားဖြင့်သာ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်းကို သင် သိနိုင်၏ နောက်တစ်ခုသို့:စစ်ဆေးခြင်းခံရစဉ် ဘုရားကို ချစ်နည်းကျူး
https://my.kingdomsalvation.org/path-of-loving-God-song.html
ယနေ့ထောက်ရူ့ရမည့် ကျမ်းစာတော်မြတ်၌ သခင်ယေဇူးသည် ရှင်ပြန်ထမြောက်ခြင်းရှိကြောင်း ရှင်းပြတော်မူပြီးနောက် ရှင်ပြန်ထမြောက်ပြီးသောသူတို့၏ ဘ၀အသက်တာ အခြေအနေကိုရှင်းပြတော်မူသည်။ သင်တို့သည် ကျမ်းစာတော်မြတ်ကို နားမလည် ဘုရားသခင်၏ အစွမ်းတန်ခိုးတော်ကိုလည်း မသိကြသောကြောင့် အယူအဆ လွှဲမှားနေကြသည်။ (မာကု ၁၂:၂၄ ) သခင်ယေဇူးသည် ရှင်ပြန်ထမြောက်ခြင်း ရှိကြောင်း ရှင်းပြရာတွင် ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင်၏ အစွမ်းတန်ခိုးပေါ်မူတည်ကြောင်း ရှေးဦးစွာ ရှင်းပြပြီးနောက် ဇာဒူခေဦးတို့လက်ခံနိုင်သော ကျမ်းစာတော်မြတ်မှ အထောက်အထားဖြင့် ရှင်းပြတော်မူခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ မျှော်လင့်ချက်သည် လူ၏သဘော သဘာဝနှင့်လူ၏ကြိုးပမ်းမှုပေါ်တွင်မမှုတည်ဘဲ အားလုံးစုံကိုတတ်နိုင်တော်မူသော အသက်ကို ဖန်ဆင်းသောသခင် သေပြီးသူကို အသက်ပြန်လည်ပေးအပ်နိုင်သောသခင်ဘုရားသခင်၏ အစွမ်းတန်ခိုးတော်ပေါ်တွင်သာမူတည်လျှက်ရှိသည်။ မိုးဇက်သည် ဘုရားသခင်ကို အာဗြာဟံ၏ဘုရား၊အီဇတ်၏ ဘုရား၊ ယာကုတ်၏ ဘုရားဟူ ၍ ခေါ်ဆိုကြောင်း ဖော်ပြထားသည်။ (ထွက်မြောက်ရာကျမ်း ၃:၆) ထို့ကြောင့် ဘုရားသခင်သည် သေသူတို့၏ ဘုရားမဟုတ် အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မှု၏။ လူတို့သည် လောကတွင် အသက်ရှင်နေထိုင်စဉ် လက်ထပ်ထိမ်းမြားခြင်းကိုပြုကြသည် ရှင်ပြန်ထမြောက် သူတို့ပိုင်ဆိုင်မည့် အသက်တာ အခြေအနေသည် လောကတွင် အသက်ရှင်နေထိုင်စဉ်ကပိုင်ဆိုင်ခဲ့သော အသက်တာ အခြေအနေနှင့် ကွာခြားပြီး ပုံစံသစ်ဖြင့် ဘုရားသခင်၏ရှေ့တော်၌အသက်ရှင်နေထိုင်လိမ့်မည်။(၁ကော် ၁၅: ၃၅-၅၀) ရှင်ပြန်ထမြောက်သူတို့သည် လက်ထပ်ထိမ်းမြားခြင်းမပြုကြပေ သူတို့သည် ကောင်းကင်တမန်များနှင့့်တူလာပြီးထာဝစဉ်အသက်ရှင်လျှက် နေထိုင်ကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ရှင်ပြန်တော်မှု သော ထာဝရဘုရား၏ သားသမီးများဖြစ်ကြပြီး ကောင်းကင်တမန်တော်များနှင့် ဘုရားသခင်ကို ချီးမွမ်းထောပနာပြုနိုင်ရန် အစဉ်တိုးတက်ပြောင်းလဲသော ဘုရားရှင်၏ သားကောင်းသမီးကောင်းများ ဖြစ်နိုင်ရန်နေ့စဉ်ဘ၀တွင် ကြိုးစားနေထိုင်ကြပါစို့။ #စစ္စတာရ်ဖလော်ရီ (SPS)
http://www.crcm-myanmar.com/dailyreflectionview.php?id=22