text
stringlengths
6
9.41k
၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၂၅၅၊ စုစုပေါင်း ၁၂၄၄ ဦးနေထိုင်သည်
ဆင်ခိုးမကလေးသည် မြန်မာသဘင်လောကတွင် အဆိုအက နှစ်ဌာန၌ နာမည်ကျော်ကြားခဲ့သူ သဘင်ပညာရှင်တစ်ဦးဖြစ်သည်
သူ၏ငယ်မည်မှာ မရွှေမျှင် ဖြစ်၍၊ သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် တောင်တွင်းကြီးမြို့၌ ဖွားမြင်၏
ဆင်ခိုးမကလေးသည် ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် အသားအရေ ညိုစိမ့်စိမ့်ရှိ၍၊ ချောမောလှပ ယဉ်ကျေးသည်
ငယ်စဉ်ကပင် အကတတ်မြောက်၍၊ မြေဝိုင်းမင်း သမီးဖြစ်ခဲ့၏
ပထမဦးစွာ တွင် တောင်တွင်းကြီးမြို့ လယ်တော်အုပ်နှင့် အကြောင်းပါ၍၊ 'ညာဘွား'နှင့် 'သက် ထား'အမည်ရှိသော သားနှစ်ယောက်ကို ရသည်
ထို့နောက် ၁၂၃၆ ခုနှစ်ခန့်တွင် မန္တလေးသို့ တက်ရောက်ရာ၊ ရနောင်မင်းသားမြင်၍ သိမ်းပိုက်မည်ပြုလေသည်
ထိုအခါ ဆင်ခိုးမကလေးက 'ကျွန်မမှာ ငယ်လင် ယောက်ျား လက်ရှိဖြစ်သည်
သူနှင့်ကွာရှင်းပြီးမှ အသိမ်းအပိုက်တော်ခံဝံ့ပါမည်'ဟုလျှောက်၍၊ ရနောင်မင်းသားသည် သားအကြီး ညာ ဘွားကို မန္တလေးတွင်ထားခဲ့စေပြီးလျှင် တောင်တွင်းကြီးသို့ လယ်တော်အုပ်နှင့် ကွာရှင်းရန် ဆင်ခိုးမကလေးကို ပြန်လွှတ် သည်
တောင်တွင်းကြီး၌ လယ်တော်အုပ်နှင့် ကွာရှင်းပြီးနောက် ဆင်ခိုးမကလေးသည် မိန်းမတစ်ဦးအား ငွေ ၅ဝဝိ ပေး၍၊ မိမိခင်ပွန်းဟောင်းကို မိမိကိုယ်စား ပြုစုရန်မှာကြားပြောဆိုရလေသည်
ဤသို့စီစဉ်နေခိုက်တွင်ပင် ရနောင်မင်းသားက ကြာသည်ဟု ခြေမြန်တော်များလွှတ်၍ တောင်တွင်းကြီးမှ ဆင်နှင့်တင်၍ ခေါ်စေသည်
ယင်းကိုအကြောင်းပြု၍ ဆင်ခိုးမ ကလေးဟု တွင်သည်
လယ်တော်အုပ်မှာကား ဆင်ခိုးမကလေးကို တမ်းတ၍ ရူးမတတ်ဖြစ်လျက် ကျန်ရစ်ရှာလေသည်
ရနောင်မင်းသားသည် ဆင်ခိုးမကလေးအား လွန်စွာမြတ်နိုးတော်မူသဖြင့် ဇနီး ၆ ယောက်တွင် အထူးပြု၍ အိမ်တော်သော့ကိုအပ်သည်
ရနောင်မင်းသားနှင့် သင့်မြတ်၍ ဖွားမြင်သော သားတော်တစ်ပါးမှာ အခါလည်အရွယ်တွင် သေဆုံးသွားသည်
ရနောင်မင်းသားသည် မှုပြစ်မကင်း၍ ရာဇဝတ်တော် သင့်သောအခါတွင် ဆင်ခိုးမကလေးသည်လည်း ရိုက်ဒဏ် ၁၃ ချက်ခံရ၏
ထို့နောက် ရွှေလှံဗိုလ်အိမ်တွင် ခြေချင်းခတ်၍ အချုပ်ချထားရာမှ သီပေါမင်း၏ မိဘုရားခေါင်ကြီးအမိန့်နှင့် လွှတ်လိုက်လေသည်
ဆင်ခိုးမကလေးသည် မိဘုရားခေါင် ကြီး၏ ချစ်မြတ်နိုးခြင်းကို ခံယူရ၏
'ဆင်ခိုး၊ ယိုးဒယားသင်စေ'ဟု မိန့်တော်မူ၍၊ ယိုးဒယားရာမ ဆရာဦးဖိုးမြထံတွင် ၃နှစ် ပညာသင်ယူရလေသည်
မိဘုရားခေါင်ကြီးက 'နိုင်ငံတော်တွင် ဆင်ခိုးအပြင် မင်းသမီးမရှိစေနှင့်'ဟုပင်မိန့်၍ မြှောက်စား တော်မူသည်
အကျဉ်းခံနေရသော ရနောင်မင်းသားသည် မိမိကိုယ်ကို ကတ်ကျေးနှင့်ထိုး၍ အဆုံးစီရင်လိုက်ပြီးသည့်နောက်၌ မိဘုရားခေါင်ကြီးက ဆင်ခိုးမကလေးကို အိမ်ထောင်သစ်ချထားပေးမည်အပြုတွင် ဆင်ခိုးမကလေးက မိမိ၏ ခင်ပွန်းဟောင်း ရှိသေးကြောင်းနှင့် လျှောက်တင်သဖြင့် တောင်တွင်းကြီးရှိ လယ်တော်အုပ်ကို အမြန်ခေါ်စေ၍ ပြန်လည်လက်ဆက် ပေးလေသည်
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်စိုးသောအခါ ဆင်ခိုးမကလေးသည် နာမည်ကြီး ဇာတ်တော်ကြီးထွက် မင်းသမီးဖြစ်သည့်အားလျော်စွာ မိမိပညာကို မတိမ်ကောစေအောင် ဇာတ်ထောင်၍ ကပြရင်း ရှာဖွေစားသောက်ခဲ့ရရှာလေသည်
မန္တလေး အပျက်တွင် အရှင်နှစ်ပါး ပါတော်မူကြောင်းကို ဖွဲ့နွဲ့သီဆိုခဲ့ရာ ဆုလာဘ်များစွာရခဲ့၏
ထို့ပြင်လည်း ရတနာဂီရိစံ သီပေါမင်း တရားကြီး၏ သမီးတော်များနားထွင်းမင်္ဂလာ ကျင်းပခဲ့စဉ်က ရတနာဂီရိသို့ သွားရောက်အသုံးတော်ခံခဲ့ရသည်
ထို့နောက် ကြည့်မြင်တိုင်ငါးကျော်ဖိုမှ အရပ်လူကြီး မောင်မောင်ဘနှင့် အကြောင်းပါ၍ သားတစ်ယောက်ရ၏
သားအကြီး မောင်ညာဘွားသည် လူရွှင်တော်ဘဝမှ ဆိုင်း ဆရာဖြစ်လာပြီးနောက် ကုန်သည်လုပ်သည်
သားအငယ် မောင်သက်ထားမှာမူ မိခင်ပညာကိုဆက်ခံ၍ ဇာတ်မင်းသား ဖြစ်လာသည်
နတ်မောက်၊ ကျောက်ပန်းတောင်းနှင့် တောင် တွင်းကြီးနယ်တွင် ဆင်ခိုးမကလေး၏အမည်ကို အထူးလူသိ များသည်
ဆင်ခိုးမကလေးသည် အဆိုအကပညာတွင် ပိုင်ပိုင် နိုင်နိုင်ရှိ၍၊ လက်ညှိုးထိုးကရာ၌ အလွန်ယဉ်ကျေး၏
အထူး သဖြင့် 'ခရာသံ'ဒိုးပတ်အက အလွန်ကောင်းသည်ဟု ဆိုလေ သည်၊ အရွယ်ကြီးသည့်အချိန်တွင် စီးပွားရေးချို့တဲ့၍၊ မိမိပညာ ၏ တန်ဖိုးကို အကျိုးမခံရဘဲ၊ ဆင်းရဲငြိုငြင်စွာ အသက် ၇ဝ ကျော်အရွယ်၌ ကွယ်လွန်သွားလေသည်
ပုဂံတွင် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်းနန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကိုအခွင့်ကောင်းယူပြီး အောက်အရပ်မှ မွန်တို့ကို စုစည်းပုန်ကန်သည့် ငရမန်ကန်းမှာ မွန်လူမျိုးဖြစ်သည်
စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည်ဟုလည်းဆိုသည်
မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်သည်
မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်
တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်
ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက “ငရမန်ကန်း..သင်ယောက်ျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ” ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်
(စောလူးမင်းနှင့်ကြွေအံကစားစဉ် တစ်ချီတွင်ငရမန်ကန်းနိုင်သွားလေရာ ငရမန်ကန်းက လက်ပမ်းပေါက်ထ၍ခတ်သည် (လက်ခမောင်းခတ်သည်) ဟုဆိုသည်
ထိုအခါ ဘုရင်ဖြစ်သူစောလူးက ကြွေအံတစ်ပွဲနိုင်ကာမျှဖြင့် ဤမျှဝင့်ဝါမောက်ကြွားရမည်လောဟုအမျက်ဝင်ကာ သင်တစ်ကယ်အစွမ်းအစရှိပါကငါ့ကိုပုန်စားချေဟု ဆိုကြောင်းမှတ်သားရဖူးပါသည်
နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်
ငရမန်က သစ်တပ်တည်၍တပ်စွဲထားသည်ဆို၏
(စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကိုမင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကိုရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်
သို့ရာတွင် စောလူးမင်းကတွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန်လာရောက်ခိုးယူခြင်းဖြစ်ရာသည်
ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ငါ့အားမသတ်ရာ ဟူ၏
ထို့ကြောင့် ကျန်စစ်သားငါ့ကိုခိုးယူလေပြီဟုအော်ဟစ်အသိပေးလေရာ ကျန်စစ်သားက "ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေဝက်သေ သေရစ်ပေရော့" ဟုဆိုကာပစ်ချထားလျက်ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်
နောက် ငရမန်ကန်းသည် စောလူးမင်းကိုကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်းရေကြောင်းမှစုန်ဆင်းပြေးရလေသည်
သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီးစူးစမ်းသောငရမန်လည်း မြှားထိမှန်ကာ သေရလေသည်
ငရမန်ကာန်းသည် အနော်ရထာမင်းက မွန်၊ မြန်မာနှင့် ပျူအင်အားစုများကို ပေါင်းစည်း၍ တည်ထောင်ထားခဲ့သော ပုဂံနိုင်ငံတော်ကို ပြိုကွဲအောင်ကြံစည်ခဲ့သူ ဖြစ်သည်
ငရမန် ကာန်းသည် စောလူးမင်း၏ အထိန်းတော်သား ဖြစ်သည်
အနော်ရထာမင်း နတ်ရွာစံ၍ စောလူးမင်းနန်းတက်သောအခါ နို့စို့ဖက်ဖြစ်ဘူးသူ ငရမန်ကာန်းအား ယုံကြည် ချစ်ခင်သည့် အလျောက် ပဲခူးမြို့ကို စားစေသည်
ပဲခူးမြို့သည် ထိုစဉ်က ဆိပ်ကမ်းမြို့ကြီးဖြစ်၍ အလွန်စည်ပင် ဝပြော ချမ်းသာသော မြို့ကြီးဖြစ်လေသည်
မွန်နှင့် မြန်မာတို့ ရောနှောနေထိုင် စီးပွားရှာသောမြို့လည်း ဖြစ်သည်
ထိုကဲ့သို့ပင် နိုင်ငံ၏ မြို့တော်ဖြစ်သော ပုဂံ၌လည်း မွန်များ၊ ပျူများ၊ မြန်မာများ ရောပြွန်း၍ နေထိုင်ကြကြောင်းကို မွန်၊ မြန်မာ၊ ပျူစာများဖြင့် ကျောက်စာထိုးထားခဲ့သည်တို့ကို ထောက်၍ သိနိုင်သည်
ငရမန်ကာန်းသည် ချမ်းသာကြွယ်ဝ၍ စည်ပင်သာယာသော ပဲခူးမြို့ကို အုပ်ချုပ်ရသည်မှစ၍ လောဘရမ္မက် တက်လာကာ ပိုင်နိုင်စွာ မင်းလုပ်လိုဟန်တူ၏
လူအင်အား၊ ပစ္စည်းအင်အား တောင့်တင်းလှသော ပဲခူးမြို့ကို အားကိုးပြု၍ ပုန်ကန်ရန် အကြံရှိ၏
တစ်ခါသော်စောလူးမင်းနှင့် ငရမန်ကာန်းတို့ အန် ကစားကြရာတွင် ငရမန်ကာန်းနိုင်၍ မလန်းပေါက် (လက်ပမ်း ပေါက်) ထ၍ ခတ်၏
စောလူးမင်းက အန်တစ်ပွဲမျှနိုင်သည် ကို မလန်းပေါက်ထ၍ ခတ်သည်
ယောက်ျားဟုတ်နိုးသော် ပဲခူးနှင့် ပုန်စားလေဟု ငရမန်ကာန်းအား မိန့်တော်မူသည်
ငရမန်ကာန်းလည်း မူလကပင် အကြံရှိသူဖြစ်၍ ပဲခူးသို့ သွားပြီးသော် ရဲမက်ဗိုလ်ပါစုရုံးလျက် ရေအားကြည်းအားဖြင့် ပုဂံသို့ ချီလာလေ၏
ငရမန်ကာန်းတပ်သည် ပြည်တော်သာကျွန်း(မိကျောင်းရဲ အောက်ရှိ ကျွန်းတောကျွန်း)သို့ ရောက်သော် ခေတ္တစခန်းချ၏
ထိုသတင်းကိုကြားလျှင် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်း အများ နှင့် ကျန်စစ်သားကို တပ်ဦးချီစေပြီး စောလူးမင်းသည် နောက် တပ်ပြုလျက် လိုက်၏
ကျန်စစ်သား၏ စစ်အရာ၌ လိမ္မာ သည်ကို သိသဖြင့် ငရမန်ကာန်းသည် အကြံပြု၍ ဤသို့ စီရင်သည်
ရွှံ့ညွန့်ထူပြော၍ ဆင်ခင်း မြင်းခင်း မသာသော အရပ်တွင် ဆင်စီး၍ စစ်ဆင်ဟန် အရုပ်ပြုလုပ်ထား၏
စောလူးမင်း စစ်တပ်သည်တို့ မိုးချုပ်မှ ရောက်လာရာ၊ ငရမန် ကာန်းသည် လရောင်ဝိုးဝါးတွင် တိုက်စစ်ဆင်လေသည်
စောလူးမင်းသည် အရုပ်ကို အကယ်ထင်မှတ်၍ တိုက်လေသော် စီးတော်ဆင် ရွှံ့သို့ကျ၍ ကျွံချေ၏
စောလူးမင်းလည်း ဆင် ထက်မှ ဆင်းသက်ပြေးရကာ စစ်တပ်ပျက်လေသည်
ကျန်စစ် သားလည်း ပုဂံသို့ ဆုတ်ရ၏
ငရမန်ကာန်းလည်း စောလူးမင်း နှင့် ကျန်စစ်သားကို မရလျှင် မမေ့မလျော့ မနေကောင်းဟု စစ်သည်ဗိုလ်ပါတို့နှင့် အလုံအခြုံတပ်မြို့ပြုကာ နေလေသည်
ငရမန်ကာန်းသည် စောလူးမင်းအား ပုန်းအောင်းရာနေရာကို သိရှိဖမ်းမိလျှင် အကျဉ်းချထားလျက် ရေအား ကြည်းအားဖြင့် ဆန်တက်လေသည်
ပုဂံတောင် မြင်းကပါးအရပ်တွင် တပ်ကြီး တည်၍ စခန်းချစဉ် ကျန်စစ်သားသည် ငရမန်ကာန်း တပ်တွင်း သို့ ဝင်၍ စောလူးမင်းအား ခိုးယူရာ မအောင်မြင်ချေ
ငရမန် ကာန်းကား စောလူးမင်းကို ပျူမင်းထီး ငှက်ကြီး ခေါင်းမြှုပ်ရာ အနုရာဓမည်သော အရပ်တွင် ကွပ်မျက်လိုက်၏
ယင်းသို့ ကွပ်မျက်ပြီးနောက် ပုဂံတွင် မင်းပြုရန် ရေအား ကြည်းအားဖြင့် မြို့သို့ ချဉ်းကပ်လေသည်
ထိုအခါ မှူးမတ်တို့က ကျန်စစ်သား သည် လယ်တွင်းတစ်ဆဲ့တစ်ရွာကို ချုပ်၍ မင်းပြုနေသဖြင့် ကျန်စစ်သားကို စစ်ထိုး၍အောင်မှ မင်းပြုပါဆိုလျက် မြို့ တံခါးကို မဖွင့်ဘဲ အခိုင်အလုံ နေကြ၏
ငရမန်ကာန်း သည် ကျန်စစ်သားကို လုပ်ကြံဦးမည်ဟု ရေအားကြည်းအားဖြင့် ဆန်တက်၍ အင်းဝတည်ရာအရပ်၌ တပ်တည် နေလေသည်
ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ချီ၍ ငရမန်ကာန်း ကို တိုက်၏
အင်းဝစစ်ပွဲ၌ ငရမန်ကာန်း အရေးနိမ့်သဖြင့် မြင်းကပါသို့ ဆုတ်ရလေသည်
ကျန်စစ်သားလည်း ရွှေစည်းခုံ တောင်တွင် တပ်တည်၍ နေ၏
တစ်ဖန် မြင်းကပါ၌ တိုက်ပွဲ ဖြစ်ပြန်ရာ ငရမန်ကာန်း တပ်ဆုတ်ရပြန်လေသည်
ငရမန်ကာန်း စုန်ပြေးကြောင်းကို ကျန်စစ်သားသိလျှင် မုဆိုးငစဉ့်ကို လိုက်၍ လုပ်ကြံစေ၏
မုဆိုးငစဉ့်လည်း ငရမန်ကာန်းကို ရွာသာ အောက်တွင်မီ၍ ရေသဖန်းပင်ထက်မှ သာယာလှသောငှက်၏ အသံကဲ့သို့မြည်၏
ငရမန်ကာန်းလည်း ရွှေဖောင်တံခါးကို ဖွင့်၍ သာယာသောအသံရှင် ငှက်ကို ကြည့်စဉ် ချောင်းနေ သော ငစဉ့်ကလေးနှင့်ပစ်ရာ မျက်စိကိုမှန်၍ အသက်ဆုံးရ လေသည်
ထိုငစဉ့်ကူးအရပ်တွင် ငရမန်ကာန်းဆုံးလျှင် သူ၏ တပ်ပျက်လေသည်
မွန်၊ မြန်မာ၊ ပျူတို့၏ ပုဂံနိုင်ငံတော်ကြီး လည်း ပြိုကွဲခြင်းအန္တရာယ်မှ လွတ်ခဲ့လေသည်
ဦးတက်စိန်ကို ကောဇာသက္ကရာဇ် ၁၂၇၇ တွင် ညောင်လေးပင်နယ်၊ ကျောက်တံခါးမြို့၌ မွေးဖွားပြီး၊ ငယ်မည် မောင်စံတင် ဖြစ်သည်
အလုပ်အကိုင် လူရွှင်တော် ဖြစ်သည်
လူရွှင်တော် မဖြစ်မီက ပုလိပ် ဖြစ်ဖူးသည်
လူရွှင်တော် ဦးချစ်စရာ၏ ဖခင် ဖြစ်သည်
လူရွှင်တော်ဦးတက်စိန်၏ ငယ်ဘဝသည် ဘိုခေတ်ဟု ခေါ်သော ကိုလိုနီခေတ်တွင် မွေးသည် ဖြစ်၍ အလွန် ဆင်းရဲခဲ့သည်
မိခင်ဖြစ်သူနှင့် အတူနေ၍ လယ်လုပ်၊ နွားကျောင်း၊ ထင်းခွေ၊ ရေခပ်ရင်းဖြင့် ဘုန်းကြီးကျောင်းပညာရေးကို သင်ပြီး ကြီးပြင်းခဲ့သည်
နွားပျောက်မှု ဖြစ်ရာမှ ဂါတ်တဲ၌ ပုလိပ်၏ အမျိုးစုံ နှိပ်စက်ခြင်းကို ခံရရာ၊ ပုလိပ် ဖြစ်ချင်သွားခဲ့သည်
သို့နှင့် လူဆိုးထိန်းကို ငွေတမူးနှင့် စွပ်ကျယ်အင်္ကျီ တထည် ကန်တော့လိုက်ရာ ဥုံဖွ ပုလိပ် ဖြစ်သွားသည်
ညောင်လေးပင် ဒီအက်စ်ပီ ဆရာဘကြင်က "မြန်မာ့ကျက်သရေဆောင်" ဟူသော အမည်ဖြင့် ဇာတ်ထောင်ရာ၊ သဘင်ဝါသနာ ပါသော နှုတ်သွက်လျှာသွက် ကိုစံတင်သည် သံစေ့ အမည်နှင့် လူရွှင်တော် စတင် ကခွင့် ရခဲ့သည်
ရွှေမန်းတင်မောင်၊ ဦးအောင်မောင်းတို့နှင့် အပြိုင် ဖြစ်သည်
ပညာသင်ကာစ ဖြစ်၍ လေမမှန်၊ မျက်နှာ မမှန်သေး၍ သူ့ကို "သံစေ့မဖြစ်သေးဘူး၊ ခဲမူးစေ့"ဟု ခေါ်ကြသည်
နှစ်ပါးခွင်ထဲ၌ ပြက်လုံးများ မှားသွားလျှင် လူကြီးများက "မင်းကိုတော့ အပြစ်မတင်ပါဘူး၊ မင်းဆရာကိုသာ ရိုက်ချင်တော့တာပဲ"ဟု ပြောသည့်အပြင် "ဒီကလေး ဆရာနဲ့ သမားနဲ့ ကြီးလာတာတော့ ဟုတ်ပါတယ်နော်"ဟုလည်း ကော်ကြသည်
ပရိသတ်ရှေ့တွင် ဖြစ်၍ မျက်ရည်ကျသည် အထိ ကြုံခဲ့ရသည်
လူရွှင်တော် ဘဝဖြင့် လူကြိုက်များ ထင်ရှားလာသောအခါကျမှ သူ့ဆရာက "ဒီလို နာအောင် ရှက်အောင် ပြောမှ မခံချင်စိတ်နဲ့ ကြိုးစားတော့မှာပေါ့၊ ပို့ပေးနေရင် မင်းနာမည် မကြီးဘူး၊ ငါ လက်ဖက်ရည် အဝသောက်ရမယ်"ဟု ဖွင့်ပြောပြသည်
ဦးတက်စိန်၏ တွဲဖက် လူရွှင်တော်မှာ သံလုံး ဖြစ်ပြီး၊ သံလုံးညီမှာ ဥပန်း ဖြစ်သည်
၎င်းညီသည် လူပြက်ဘဝကနေ၍ ရမည်းသင်းမြို့၌ ပြဇာတ်ထိပ်တင်စိန်အောင်လွင် ဟူ၍ မင်းသား ဖြစ်သွားသည်
ဂျပန်ခေတ်တွင် ကိုယ်ပိုင် ဇာတ်ထောင်သည်
လေကြောင်းအန္တရာယ် ရှိသည့်အတွက် ညပွဲမှ နေ့ပွဲ ပြောင်းကခဲ့ကြသည်