text
stringlengths 6
9.41k
|
---|
မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တဦးကောဝိဒါဘိဝံသ သက်တော် (၈၁) နှစ်၊ သိက္ခာတော် (၆၂) ဝါသည် ယမန်နေ့ နေ့လယ် ဒေသစံတော်ချိန် (၁) နာရီ (၇) မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ ဆေးရုံတခု၌ နှလုံးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ဂင့်ဂဲကျေးရွာအုပ်စုတွင် ကျား ၅၁၆ ဦး၊ မ ၆၃၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၅၀ ဦးနေထိုင်သည် |
ပင်လယ်သက်ရွာ (အင်္ဂလိပ်: Pinlelthet)သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ပင်လယ်သက်ကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ပင်လယ်သက်ကျေးရွာအုပ်စုတွင် ကျား ၆၇၆ ဦး၊ မ ၇၇၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၄၅၀ ဦးနေထိုင်သည် |
ဦးလောက်ရွာ(အင်္ဂလိပ်: Ulauk)သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ခေါင်ဖူးရွာသစ်ကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ခေါင်ဖူးရွာသစ်ကျေးရွာအုပ်စုတွင် ကျား ၉၀၆ ဦး၊ မ ၈၈၇ ဦး၊ လူဦးရေစုစုပေါင်း ၁၇၉၃ ဦး နေထိုင်သည် |
ယန်းမိုင်ရွာ (အင်္ဂလိပ်: Yangmai)သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းပေါက်-ဝအထူးဒေသ (၂)၊ မိုင်းဖျန်မြို့နယ်၊ မိုင်းတွီးကျေးရွာအုပ်စု၌ တည်ရှိသည် |
ဟတဘူတာ (波田駅 ဟတ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ နဂါနိုခရိုင်၊ မဆွတ်မိုတိုမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည် |
ဥတ္တရအလင်းတန်း (northern lights) ဆိုသည်မှာ ညဉ့်ကောင်းကင်ယံတွင် လှပစွာ ဖြာထွက်သော ရောင်စုံ အလင်းတန်းများကို ခေါ်ဆိုခြင်း ဖြစ်သည် |
၎င်းအလင်းတန်းများကို Aurora အလင်းတန်းများဟုလည်း ခေါ်ဆိုကြသေးသည် |
ဥတ္တရအလင်းတန်းများသည် လွန်စွာ ထူခြားဆန်းပြားသည်သာမက မှော်ပညာဖြင့် ဖန်တီးထားသည်ဟုပင် ထင်မှတ်မှားလောက်အောင် လှပပေသည် |
သို့သော် မြန်မာနိုင်ငံအတွင်း၌ အပြင်ဘက်တွင် မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ |
အဘယ်ကြောင့်ဆိုသော် ဥတ္တရအလင်းတန်းများကို ကမ္ဘာမြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်း ဒေသများတွင်သာ မြင်တွေ့ရလေ့ရှိသောကြောင့် ဖြစ်သည် |
အကြမ်းဖျင်းအားဖြင့် aurora (သို့) northern lights ဖြစ်ပေါ်လာရခြင်းမှာ နေမှ ထုတ်လွှတ်လိုက်သည့် လျှပ်စစ်ဓာတ်ဆောင် အမှုန်ကလေးများ ကမ္ဘာလေထုထဲသို့ရောက်ရှိလာပြီး လေထုထဲမှ မော်လီကျူးများနှင့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည် |
ဥတ္တရအလင်းတန်းများနှင့် နေပြောက်ဖြစ်စဉ် (sunspot activity) ဆက်နွယ်မှုကို ၁၈၈၀ ခုနှစ်တွင် စတင်လေ့လာတွေ့ရှိခဲ့သည် |
၁၉၅၀ ပြည့်နှစ်များတွင် ပြုလုပ်သော သုတေသနလုပ်ငန်းများ၏ အကျိုးကျေးဇူးကြောင့် နေမှ အီလက်ထရွန်နှင့် ပရိုတွန်အမှုန်လေးများသည် solar wind ဟုသော ဖြစ်စဉ်ဖြင့် ကမ္ဘာလေထုထဲသို့ ဝင်ရောက်ကြောင်း သိရှိလာခဲ့ကြသည် |
နေ၏ မျက်နှာပြင် အပူချိန်သည် ၅၈၀၀ ကယ်ဗင်ထိ ပူပြင်းပြီး ၎င်းအပူချိန်သည် ဓာတ်ငွေ့မော်လီကျူးများ အချင်းချင်း ပွတ်တိုက်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်၍ ပြင်းထန်စွာ ပေါက်ကွဲကြသည် |
နေသည် မိမိဝင်ရိုးပေါ်တွင် လှည့်ပါတ်နေသည်ဖြစ်ရာ ပေါက်ကွဲမှုဖြစ်ချိန်တွင် အီလက်ထရွန်နှင့် ပရိုတွန်အမှုန်များသည် နေမှ လွတ်ကာ အာကာသသို့ လွင့်စဉ်သွားကြသည် |
ထိုဖြစ်စဉ်ကို solar wind ဟုခေါ်ပြီး အဆိုပါနည်းလမ်းဖြင့် ကမ္ဘာလေထုထဲသို့ လျှပ်စစ်ဆောင် အမှုန်များ ရောက်ရှိလာကြသည် |
သို့သော် အားပြင်းသော ကမ္ဘာသံလိုက်စက်ကွင်းကြောင့် ၎င်းလျှပ်စစ်ဆောင် အမှုန်များသည် ကမ္ဘာမြေပေါ်သို့တိုက်ရိုက် မကျရောက်နိုင်ပဲ သံလိုက်စက်ကွင်းအားအပျော့ဆုံးဖြစ်သည့် ဝင်ရိုးစွန်းဒေသများသို့ လမ်းကြောင်းသွေဖည်သွားကြသည် |
ဝင်ရိုးစွန်းဒေသများသို့ ရောက်ရှိသောအခါ ကမ္ဘာပေါ်မှ ဓာတ်ငွေ့အမှုန်များနှင့် နေမှ လွင့်စဉ်လာသော လျှပ်စစ်ဆောင် အမှုန်များ ပွတ်တိုက်မှုဖြစ်ပြီး northern lights ဟုခေါ်သော ဥတ္တရအလင်းတန်းများ ထွက်ပေါ်လာကြသည် |
Northern Lights ကို ကမ္ဘာတောင်ဘက်စွန်း နှင့် မြောက်ဘက်စွန်းတွင် တွေ့နိုင်ပြီး မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်နေသော northern lights များကို 'aurora borealis' ဟုခေါ်ပြီး တောင်ပိုင်းတွင် 'aurora australis' ဟုခေါ်ဝေါ်ကြသည် |
aurora အလင်းတန်းများကို အရောင်မျိုးစုံဖြင့် တွေ့မြင်နိုင်ပြီး အစိမ်းနုရောင်နှင့် ပန်းရောင်များမှာ အတွေ့ရအများဆုံးဖြစ်သည် |
ထို့ပြင် အနီ၊ အဝါ၊ အစိမ်း၊ အပြာ နှင့် မရမ်းရောင် များကိုလည်း တွေ့ရတက်သည် |
လျှပ်စစ်ဓာတ်ဆောင် အမှုန်များနှင့် ပွတ်တိုက်သော ဓာတ်ငွေ့အမျိုးအစားပေါ်မူတည်၍ ဥတ္တရအလင်းတန်းများ၏ အရောင်သည် ပြောင်းလဲလေ့ရှိသည် |
တွေ့ရအများဆုံးဖြစ်သော ဥတ္တရအလင်းတန်းအရောင်ဖြစ်သည့် စိမ်းဝါရောင်နုနုသည် ကမ္ဘာမြေပြင်အထက် မိုင် ၆၀ တွင်ရှိသော အောက်ဆီဂျင် မော်လီကျူးများ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည် |
အလွန်တွေ့ရခဲသော အနီရောင် သီးသန့် Aurora အလင်းတန်းများသည် အမြင့်ပေ မိုင် ၂၀၀ ဝန်းကျင်တွင်ရှိသော အောက်ဆီဂျင် ဓာတ်ငွေ့မှုန်များ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်သည် |
နိုက်ထရိုဂျင်ဓာတ်ငွေ့များသည် အပြာနှင့် ကြက်သွေးအလင်းတန်းများ ဖြစ်ပေါ်စေသည် |
အလင်းတန်းများသည် ပုံစံမျိုးစုံဖြင့် တည်ရှိနိုင်ပြီး အချို့မှာ အကွက်ပုံစံ (သို့မဟုတ်) ပြန့်ကျဲနေသော တိမ်တိုက်ပုံစံ၊ အချို့မှာ တံခွန်ပုံစံ၊ စက်ဝန်းပြတ်ပုံစံ၊ လှိုင်းထလှုပ်ရှားနေသော ပြတင်းပေါက်ခန်းဆီး ပုံစံ အစရှိသဖြင့် ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ကောင်းကင်ယံတွင် ခပ်မှိန်မှိန် အရောင်များဖြာထွက်လေ့ရှိသည် |
ဥတ္တရအလင်းတန်းဖြာထွက်မှုသည် အမြင့်ပေ မိုင် ၅၀ မှ မိုင် ၄၀၀ အတွင်းတွင် ဖြစ်ပေါ်လေ့ရှိသည် |
အထက်တွင် ဖော်ပြထားသည့်အတိုင်း ဥတ္တရအလင်းတန်းများကို တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းဒေသများတွင် အတွေ့ရများသည် |
ကမ္ဘာအနောက်ဘက်ခြမ်း တောင်ဘက်စွန်းတွင်ရှိသော ဒေသတစ်ခုဖြစ်သည့် နယူးအော့လန်း(New Orleans) ဒေသများတွင် တွေ့ရသော်လည်း ကမ္ဘာအရှေ့ခြမ်း တောင်ဘက်စွန်းဒေသများတွင်မှာ ဥတ္တရအလင်းတန်းများကို တွေ့မြင်နိုင်ခြင်းမရှိပေ |
ဥတ္တရအလင်းတန်းများကို ကြည့်ရှုခံစားရန် အကောင်းဆုံးနေရာများမှာ မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ(Yukon၊ Nunavut အစရှိသော ဒေသများ) နှင့် အလက်စကာပြည်နယ်(Alaska) အနောက်မြောက်ဘက်တို့ဖြစ်ကြသည် |
ထို့ပြင် ဥတ္တရအလင်းတန်းများကို ဂရင်းလန်ကျွန်း(Greenland) နှင့် အိုက်စလန်နိုင်ငံ(Iceland) တောင်ဘက်စွန်းဒေသများ၊ နော်ဝေးနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းနှင့် ဆိုက်ဘေးရီးယား(Siberia)၏ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့မြင်နိုင်ပေသည် |
ကမ္ဘာတောင်ဘက်ခြမ်းတွင် ဖြစ်ပေါ်လေ့ရှိသော Aurora အလင်းတန်းများသည် အန္တာတိကတိုက် နှင့် အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ ဖြစ်ပေါ်လေ့ရှိသောကြောင့် မြင်တွေ့ခဲလှသည် |
ယေဘုယျအားဖြင့် ဥတ္တရအလင်းတန်းများကို အလင်းရောင်နည်းပါးသော နေရာများတွင်လည်း ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည် |
လူနေနည်းသော မြောက်ဘက်ပိုင်းဒေသများသည် ဥတ္တရအလင်းတန်းများ ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည် |
Aurora ရောင်စဉ်ဖြာထွက်မှုဖြစ်စဉ်သည် ရာသီစက်ဝန်းကဲ့သို့ ထပ်ကာတလဲလဲဖြစ်နေသည်ကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြပြီး အချိန် ၁၁ နှစ်ကြာတိုင်း တစ်ကြိမ် ရောင်စဉ်ဖြာထွက်မှု အထွဋ်အထိပ်သို့ ရောက်လေ့ရှိသည် |
နောက်ဆုံးရောင်စဉ်ဖြာထွက်မှု အမြင့်ဆုံးအချိန်မှာ ၂၀၁၃ ခုနှစ် ဖြစ်သည် |
မြောက်ဘက်ပိုင်း ဒေသများတွင် ဆောင်းရာသီသည် ရောင်စဉ်တန်းများကို ကြည့်ရှုရန် အလွန်ကောင်းသော ရာသီဖြစ်သည် |
ညတာရှည်ပြီး တိမ်ကင်းစင်သောညများသည် ဥတ္တရအလင်းတန်းများကို ကြည့်ရှုရန် အခွင့်ကောင်းဖြစ်သည် |
ဥတ္တရအလင်းတန်း ကြည့်ရှုရန် အကောင်းဆုံးအချိန်မှာ ဒေသစံတော်ချိန် ညသန်းခေါင် အချိန်ဖြစ်ပေသည် |
ကမ္ဘာမြောက်ဘက်ခြမ်းတွင် တွေ့ရသော အလင်းတန်း 'Aurora borealis' သည် 'မြောက်ဘက်ဒေသ၏ အရုဏ်ဦး' ဟု အဓိပ္ပာယ်ရလေသည် |
ရောမတို့၏ ဒဏ္ဍာရီလာ Aurora သည် အရုဏ်ဦးနတ်သမီးတစ်ပါး ဖြစ်လေသည် |
လူမျိုးစုအသီးသီးတွင် ရောင်စဉ်တန်းများနှင့် ပတ်သက်၍ ဒဏ္ဍာရီများရှိကြသည် |
အေဒီ ၁၁၀၀ မှ ၁၄၀၀ ခန့်က ရောင်စဉ်တန်းများဖြစ်ပေါ်ခြင်းသည် စစ် သို့မဟုတ် အငတ်ဘေး၏ ရှေ့ပြေးနိမိတ်ဟု မှတ်ယူကြသည် |
နယူးဇီလန်ကျွန်းမှ Maori ဟုခေါ်သော ဒေသခံတိုင်းရင်းသားများနှင့် မြောက်အမေရိကတိုက် အပါအဝင် အချို့ ဥရောပတိုက်သားများသည် ဥတ္တရအလင်းတန်းများသည် မီးရှူးမီးတိုင် သို့မဟုတ် မီးပုံပွဲမှ ရောင်ပြန်ဟပ်သော အလင်းများဟုပင် ထင်မြင်ယူဆခဲ့ကြသည် |
Winconsin ဒေသရှိ Menominee အင်ဒီးယန်းမျိုးနွယ်စုတို့ကမူ အလင်းတန်းများသည် manbai'wok ဟုခေါ်သော မုဆိုးနှင့် တံငါသည်များ၏ ဝိဉာဉ်များ တည်နေရာကို ညွှန်ပြသည်ဟု ယုံကြည်ကြသည် |
အလာစကာဒေသရှိ Inuit လူမျိုးတို့ကလည်း အလင်းတန်းများသည် ၎င်းတို့ အမဲလိုက်ရာမှ ရရှိလာသော သားကောင်များ၏ ဝိဉာဉ်များဟု ယုံကြည်ကြသည် |
Aurora ရောင်စဉ်တန်းများသည် ၎င်းတို့လူမျိုးစု၏ စိတ်ဓာတ်ကို ဖော်ကြူးနေသည်ဟု ယုံကြည်သော မျိုးနွယ်များလည်းရှိကြပေသည် |
နဂရရာဇသီမာမြို့ (Nakhon Ratchasima) သည် ထိုင်းနိုင်ငံ၊ အီဆန်ဒေသ၏ အဓိက မြို့ကြီးလေးမြို့မှ တစ်မြို့ဖြစ်သည် |
big four of Isanဟု လူသိများကြသည် |
ကိုရတ် korat ဟုလည်း အများကခေါ်ကြသည် |
နဂရရာဇသီမာပြည်နယ်နှင့် မောင်နဂရရာဇသီမာခရိုင်တို့၏ ရုံးစိုက်ရာမြို့ဖြစ်သည် |
နဂရရာဇသီမာ မက်ထရိုပိုလစ်တန်၏ အဓိကနေရာလည်းဖြစ်သည် |
ကိုရတ် ကုန်းပြင်မြင့်၏ အနောက်ဘက်အစွန်းတွင် တည်ရှိသည် |
သမိုင်းတွင် ယခင်က လာအိုတိုင်းပြည်နှင့် ဆိုင်ယမ်တိုင်းပြည်တို့၏ နယ်နိမိတ် ခွဲခြားသတ်မှတ်ရာ လည်းဖြစ်သည် |
လာအိုစကားပြောကြသည့် အီဆန်တို့၏ နေရာလည်းဖြစ်သည် |
လက်ရှိအချိန်တွင် မြို့၏ တည်နေရာမှာ 14°58.5′N 102°6′Eတွင် တည်ရှိသည် |
၂၀၁၀ ခုနှစ်တွင် မြို့၏ မြူနီစီပယ် ဧရိယာတွင် လူဦးရေ ၁၄၂၆၄၅ ဦး ရှိသည် |
ရှေးဟောင်းသုတေသန ပညာရှင်များက ယနေ့ခေတ် နဂရရာဇသီမာ၏ အနောက်ဘက် ၃၂ ကီလိုမီတာ အကွာရှိ ဆန်နိုအမ် ခရိုင်တွင် သီမာ (သိမ်) နှင့် ကိုရတ်ခပူရ ဆိုသော မြို့၂မြို့ တည်ရှိခဲ့ကြောင်း ဆိုသည် |
ထိုအမည်များမှ နာမည်ယူထားကြခြင်းများလည်း ဖြစ်သည် |
မြို့ကို ခိုရတ် (Thai: โคราช) အဖြစ် လူသိများကြပြီး ရှေးခမာတို့၏ အတိုကောက် နာမည် တစ်မျိုးဖြစ်သည် |
၁၄ ရာစုနှစ်များ မတိုင်မီက နဂရရာဇသီမာဒေသများသည် ခမာလူမျိုးတို့၏ လက်အောက်တွင် တည်ရှိသည် |
ခမာဘာသာစကားအရ Nokor Reach Seyma သို့မဟုတ် Nokor Reach Boreiနှင့် Koreach.ဟု သိကြသည် |
၁၇ ရာစုနှစ်တွင် အယုဒ္ဓယဘုရင် နရီလက်ထက်၌ ထိုဒေသအနီးတွင် မြို့သစ်တည်စေပြီး အယုဒ္ဓယ၏ အရှေ့မြောက် မျက်နှာစာအတွက် ခံတပ်တစ်ခုဖြစ်စေခဲ့သည် |
ထို့နောက်တွင် ထိုင်းနိုင်ငံ သမိုင်းများ၌ နခွန် ရတ်ချာစီမာကို အယုဒ္ဓယ၏ ဒုတိယ အဆင့်ရှိ မြို့အဖြစ် ဖော်ပြကြသည် |
၁၇၆၇ ခုနှစ်တွင် မြန်မာတို့၏ တိုက်ခိုက်မှုဖြင့် အယုဒ္ဓယ ပြိုကွဲခဲ့ပြီး ဘိုရိုမကော့ဘုရင်၏ သားတော်တစ်ပါးမှ ခိုရတ်နှင့် အခြား အရှေ့ဘက်ဒေသများကို စိုးစံရန် ကြိုးပမ်းခဲ့သည် |
သို့သော် သွန်ဘူရီ နိုင်ငံ၏ ဘုရင်ဖြစ်သူ ဘုရင်သက်ဆင်မှ သူ၏ ဗိုလ် ၂ ဦးဖြစ်သူ ညီအစ်ကို နှစ်ယောက်ဖြစ်သော သွန်ဒေါင်း နှင့် ဘွန်မတို့ကို သွားရောက် သိမ်းပိုက်ခိုင်းလေသည် |
မင်းသားကို ဖမ်းဆီးရမိပြီး ၁၇၆၈ တွင် ကွပ်မျက်လိုက်လေသည် |
နောက်ပိုင်းတွင် သွန်ဒေါင်းမှာ ယနေ့ခေတ် ထိုင်းနိုင်ငံဘုရင်မင်းဆက်ဖြစ်သော ရာမမင်းဆက်၏ ပထမမြောက် ရာမဘုရင်ဖြစ်လာသည် |
ခိုရတ်မြို့မှာ ၎င်း၏ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မဟာဗျူဟာမြောက် တည်ရှိမှုကြောင့် လာအိုနှင့် ခမာတို့၏ နယ်မြေများကို စောင့်ကြည့်ရန် တည်ရှိသည် |
၁၈၂၆ ခုနှစ်တွင် ဗီယင်ကျန်းဘုရင် အန်နိုဗောင်က ဆိုင်ယမ်တို့ အင်အားနည်းနေသည်ကို အခွင့်ကောင်းယူကာ ခိုရတ်မြို့ကို ရာမ ၃ ဘုရင် လက်အတွင်းမှ သိမ်းပိုက်ခဲ့သည် |
ထိုစဉ်က လက်ထောက် အုပ်ချုပ်ရေးမှူး၏ အမျိုးသမီးဖြစ်သူ လေဒီမို၏ စွမ်းဆောင်ချက်များကြောင့် မြို့လယ်ခေါင်တွင် ရုပ်တုထား၍ ဂုဏ်ပြုခံခဲ့ရသည် |
မြို့၏ အရှေ့ဘက်မြို့ရိုးဟောင်းကို ပြင်သစ်အင်ဂျင်နီယာ တစ်ဦးမှ ပုံစံရေးဆွဲ တည်ဆောက်ခဲ့သည် |
ထိုသူမှာ နရီဘုရင်၏ နရီမဟာရာဇာနန်းတော်ကို တည်ဆောက်ခဲ့သူလည်းဖြစ်သည် |
၁၉ ရာစုနှောင်းပိုင်း မွန်သွန်အုပ်ချုပ်မှု ပြန်လည်ပြုပြင်ရေးတွင်လည်း နဂရရာဇသီမာမြို့မှာ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍတွင် အရေးပါခဲ့သည် |
၁၉၀၀ပြည့်နှစ် နိုဝင်ဘာလတွင် ဆိုင်ယမ် တော်ဝင်နိုင်ငံ ရထားလမ်းစီမံကိန်းများအရ နဂရရာဇသီမာနှင့် ဘန်ကောက်ဆက်သွယ်သော ရထားလိုင်းအတွက် နဂရရာဇသီမာမြို့မှာ လမ်းဆုံးဘူတာ ဖြစ်လာသည် |
၁၉၃၂ ထိုင်းတော်လှန်ရေးအရ ထိုင်းနိုင်ငံ၏ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်းခဲ့ရသည် |
၁၉၃၃ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ အာဏာသိမ်းမှုအတွက် နဂရရာဇသီမာမြို့မှာ ဌာနချုပ်ဖြစ်လာသည် |
၁၉၆၂ မှ ၁၉၇၆ အထိ ဗီယက်နမ်စစ်အတွင်း ကိုရတ်တော်ဝင်လေကြောင်းလိုင်းဌာနချုပ်မှာ ထိုင်းတော်ဝင်လေတပ်၊ အမေရိကန်လေတပ်၊ နယူးဇီလန် တော်ဝင်လေတပ်များ ဆင်းသက်ရာ နေရာဖြစ်လာသည် |
၁၉၈၀ နှင့် ၁၉၉၀ အစောပိုင်းကာလများအတွင်း လေဆိပ်မှာ အရပ်ဘက်လေဆိပ် ဖြစ်လာခဲ့ပြီး ၁၉၉၀ အစောပိုင်းတွင် နဂရရာဇသီမာလေဆိပ် ဖြစ်လာသည် |
၁၉၉၃ ခုနှစ် ဩဂုတ်လ ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အဆိုးရွားဆုံး ဟိုတယ်မတော်တဆမှုဖြစ်သည့် တော်ဝင် ပလာဇာ ဟိုတယ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ၁၃၇ ယောက် သေဆုံးခဲ့သည် |
နဂရရာဇသီမာဒေသတွင် ယေဘုယျအားဖြင့် ရာသီ ၃ ခုရှိသည် |
နွေရာသီမှာ ဖေဖော်ဝါရီလမှ မေလအထိ၊ မိုးရာသီမှာ မေလမှ အောက်တိုဘာလအထိ၊ ဆောင်းရာသီမှာ အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်သည် |
ဆောင်းရာသီတွင် ကိုရတ်ဒေသ၏ အနိမ့်ဆုံး အပူချိန်မှာ ၁၈ ဒီဂရီ စင်တီဂရိတ် (၆၄ ဒီဂရီ ဖာရင်ဟိုက်)နှင့် ကျေးလက်ဒေသတွင် ၁၂ ဒီဂရီ စင်တီဂရိတ် (၅၄ ဒီဂရီ ဖာရင်ဟိုက်)အထိ ကျဆင်းတတ်သည် |
နဂရရာဇသီမာဒေသ၏ စီးပွားရေးမှာ အစဉ်အလာအရ စိုက်ပျိုးရေးပေါ်တွင် မှီခိုနေသည် |
အီဆန်ဒေသ၏ စပါး၊အုံး (tapioca)နှင့် သကြားထုတ်လုပ်ရာ အဓိကနေရာဖြစ်သည် |
အီဆန်ဒေသသည် ၎င်းကုန်စည်များအတွက် ထိုင်းနိုင်ငံ၏ ထုတ်ကုန်အပိုင်းတွင် တစ်ဝက်မျှအထိ ထုတ်လုပ်ရာဒေသဖြစ်သည် |
ထိုထုတ်ကုန် ၃ မျိုးသည် အီဆန်ဒေသတွင်း ၇၀၀၀၀၀ မိသားစုကို အလုပ်အကိုင် အခင့်အလမ်းများ ဖန်တီးပေးနိုင်သည် |
ထို့အပြင် နခွန် ရတ်ချာစီမာမှာ Seagate Technology၏ disk drives ထုတ်လုပ်ရာ ၂ မြို့မှ တစ်မြို့ဖြစ်သည် |
ထိုလုပ်ငန်းသည် နခွန် ရတ်ချာစီမာ၌ အလုပ်သမားပေါင်း ၁၂၁၀၀ကို အလုပ်အကိုင်ပေးနိုင်သည် |
နခွန် ရတ်ချာစီမာမှာ အီဆန်ဒေသ အတွက်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အတွက်ပါ စီးပွားရေး အချက်အချာ နေရာ ဖြစ်လာသည် |
ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်တိုက် ၃ ခုလုံးမှာ မြို့၏ ဈေးအကြီးဆုံး ဆိုင်များတွင် ရင်းနှီးမြှပ်နှံထားသည် |
၂၀၁၇ နောက်ပိုင်းတွင် စတုရန်းမီတာ ၁ သန်းရှိသော လက်လီအရောင်းနေရာကို ဖွင့်လှစ်ထားသည် |
နဂရရာဇသီမာလေဆိပ်သည် မြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာ အကွာတွင် တည်ရှိသည် |
လက်ရှိ အချိန်တွင် ဘန်ကောက်-ဒွန်မောင်းနှင့် ချင်းမိုင်သို့ လေကြောင်းခရီးစဉ်များ ရှိသည် |
၂၀၁၈ ခုနှစ်တွင် ခရာဘီနှင့် ဟတ်ယိုင်သို့ ပြည်တွင်း ခရီးစဉ်၊ ဆိုးလ်-အင်ချွန်းနှင့် တရုတ်နိုင်ငံမှ မြို့ တစ်ခုခုသို့ နိုင်ငံတကာ ခရီးစဉ်အဖြစ် တိုးချဲ့ရန် ရည်ရွယ်ထားသည် |
နခွန် ရတ်ချာစီမာမြို့သည် အရှေ့မြောက်ပိုင်း ရထားလမ်းပိုင်းဖြစ်သော ဘန်ကောက်နှင့် အုဘွန် ရတ်ချသနီမြို့နှင့် နွိုင်ခိုင်မြို့ တို့ကို ဆက်သွယ်ထားသော ရထားလမ်းပိုင်းပေါ်တွင် တည်ရှိသည် |
မြို့တွင် အဓိက ဘူတာရုံ နှစ်ရုံရှိသည် |